ဖြစ်ပျက်မြင်အောင်ကြည့် .. ..

Share

ဖြစ်ပျက်မြင်အောင်ကြည့် .. ..

သစ္စာဝါဒီများ အခါကြီး ရက်ကြီးမှာ တရားဆင်ခြင်၊ တရားအားထုတ်ရင် သာဓုခေါ်နေပါမယ်။ တရားအားထုတ်တဲ့အခါ တဖြည်းဖြည်းနဲ့ ကြည်လင်တာတွေ၊ ပေါ့ပါးတာတွေ၊ ချမ်းသာတာတွေ တွေ့ရှိခံစားရမှာ အသေအချာ ဖြစ်ပါတယ်။ ဒါ တရားတော်မြတ်ရဲ့ အာမခံချက်ပါပဲ။

သစ္စာဝါဒီများ တရားအားထုတ်နေတော့ တွေလည်း ရှုနေမယ်လို့ မျှော်လင့်မိပါတယ်။ ရှုတဲ့အခါကျတော့ ကြည်တတ်တယ်လေ၊ နောက် ဓမ္မာနုပဿနာ ရှုတဲ့အခါကျတော့ ဟာတာတာ ဖြစ်တတ်တယ်လေ၊ နောက် ဓမ္မာနုပဿနာ ရှုတဲ့အခါကျတော့ ပေါ့တော့တော့ ဖြစ်တတ်တယ်၊ (ပေါ့တယ်ဆိုတာ ကိုယ့်ရဲ့ အညစ်အကြေး အလေးအလံတွေက ပေါ့လာတာပေါ့ နော်) နောက် ဓမ္မာနုပဿနာ ရှုတဲ့အခါကျတော့ လွတ်တာလေးတွေကို တွေ့ရှိ ခံစားရတတ်တယ်၊ နောက် ဓမ္မာနုပဿနာ ရှုတဲ့အခါကျတော့ တည်တည်ငြိမ်ငြိမ် ဖြစ်လာတတ်တယ်၊ (ဒါ ဓမ္မသဘာဝ ပါပဲ) နောက် ဓမ္မနုပဿနာ ရှုတဲ့အခါကျတော့ ချမ်းချမ်းသာသာ ဖြစ်တတ်တာပေါ့နော် .. ..

ဒီတော့ ရှုပါ ဘာပဲဖြစ်ဖြစ်ရှုပါ မမြဲတာ နဲ့ပဲ ကိုင်ပြီးတော့ ရှုပါ။ တရားသဘောက တရားဆောင်ပြီး အနိစ္စရဲ့ အဆုံးမှာ နိစ္စနိဗ္ဗာန်ကို တွေ့မှာပါ။ ယောဂီများကို (သစ္စာဝါဒီများကို) ပြောရဦးမယ် တရားရှုရင်တော့ တစ်ခါတစ်ခါ ကြည်တော့ မြင်တာတွေလည်း ရှိတတ်ပါတယ်၊ ဘာမှမအောက်မေ့နဲ့ မြင်ရင်လည်း မြင်ပါစေ၊ ကိုယ်က တရားရှုရမှာ တရားသမားကိုး .. .. မြင်တတ်ပါတယ်၊ မိမိအဆင့်ကျတော့ မြင်တာကို ခွဲခြားနိုင်တယ်လေ၊ ရင့်ကျက်လာတော့ ခွဲခြားနိုင်တဲ့ အခါကျတော့ စိတ်ချရတာပေါ့နော် .. ..

လမ်းခုလပ်မှာ မြင်တာလေးတွေရှိတယ်၊ ဒါပေမယ့် ဘာမှ မအောက်မေ့နဲ့။ မမြင်လို့လည်း ဘာမှ မအောက်မေ့နဲ့၊ မြင်လို့လည်း မအောက်မေ့နဲ့ တရားသာရှုနေ .. .. မြင်ရင်လည်း တိုးတက်မှုနဲ့ ယှဉ်လာတယ်လို့ပဲ အောက်မေ့လိုက်၊ မမြင်ရင်လည်း တရားရှုနေရင်ကိုပဲ တိုးတက်မှုနဲ့ ယှဉ်တယ်လို့ ပဲအောက်မေ့လိုက် .. .. ဒါတော့ မြတ်စွာဘုရားတရား မြတ်စွာဘုရားက “ငါခိုင်းတဲ့အတိုင်းကျင့်ရင် မအောင်မြင်ရဘူးလို့ ဘယ်သူမှ ယုတ္တိနည်းကျ မပြောနိုင်ရဘူးကွ” လို့ ကြေငြာတော်မူဖူးတာပဲ။ ကိုယ်က တကယ်ရှုတော့ တကယ်တိုးတက်မှာပဲ၊ ရှုသာရှုပါ။

မြင်တာတော့ မြင်တာပေါ့။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးကို ကျေးဇူးတင်ရတာ “ဖြစ်ပျက် မြင်အောင် ကြည့်ကြကွာ” ဆိုတာ မြင်အောင်ကြည့်တာ ဟုတ်တယ်။ တွေ့တယ်ဆိုတာ နိဗ္ဗာန်ကို မြင်တာကိုး .. .. နိဗ္ဗာန်ကို မြင်တာ သိတာမဟုတ်ဘူး၊ သိရုံမကဘူးပေါ့နော် မြင်ကို မြင်တာ နိဗ္ဗာန်ကြီးက တကယ့် အနုတ္တရဓာတ်ကြီးကိုး .. .. မြင်ရတဲ့အခါကျတော့ ထီအကြိမ်ပေါင်း တစ်ထောင်လောက် ပေါက်တာထက်မက ၀မ်းမြောက်ဝမ်းသာ ဖြစ်စရာပါ။ လောကကြီးက လွတ်မြောက်ဖူးသွားတော့ ဒီ (၃၁) ဘုံကို မမှီခိုဘဲနဲ့ ခြေကန်ပြီး အောင်မြင်နိုင်တဲ့ အဆင့်ကို ရောက်သွားမှာပေါ့ .. .. ကြိုးစားပါ သာဓုခေါ်လျှက်ရှိကြောင်း ပြောပြလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism, Frontpage and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *