သိပ္ပံပညာထဲကဘ၀တစ်ခု (၉)

Share

သိပ္ပံပညာထဲကဘ၀တစ်ခု (၉)

ဟော့ကင်းသည် ထိုအခန်းမှာပင် ခေါ် တွင်းမဲကြီးများ အကြောင်းကို အကျဉ်းချုပ် အဓိပ္ပာယ် ဖွင့်ဆိုခဲ့ရာ

What it meant was that matter could curve a region in on itself so much that it would effectively cut itself off from the rest of the universe. The region would become what is called a . Objects could fall into the , but nothing could escape. (Page-75)

ဟူ၍ ဖွင့်ဆိုခဲ့သည်။

ကာလနှင့် ဌာနတို့သည် ကွေ့ကောက်နိုင်သည် ဖြစ်ရာ တဖြည်းဖြည်းနှင့် ၄င်းတို့ကိုယ်တိုင် ၄င်းတို့ ကျန်စကြ၀ဠာအပိုဒ်မှ ပြတ်တောက်စေနိုင် ခဲ့လေသည်။ ထို ပြတ်တောက်သွားသော အ၀န်းအ၀ိုင်းကို Black Hole ဟု ခေါ်ရသည်။ အရာရာတို့သည် Black Hole ထဲသို့ကျနိုင်သည် သို့သော် မည်သူမှ ပြန်မထွက်နိုင်၊ မလွတ်မြောက်နိုင်။ ဤသို့ ရှင်းလင်းဖော်ပြခဲ့သည်။ Black Hole သည် စိတ်ဝင်စားသော အကြောင်းအရာတို့၏ အထွတ်အထိပ်ပိုင်းတွင် ပါဝင်ခဲ့သည့်အလျှောက် Black Hole နှင့် ပတ်သက်၍ ဟော့ကင်းသည် တော်တော်များများ ဖွင့်ဆိုသတင်းပေးခဲ့သည်။

ထို့နောက် A sum over histories ဟု သုံးနှုန်းနိုင်သော သမိုင်းသည် ဖြစ်တန်ရာချေ အမျိုးမျိုးရှိသည် ဟူသည့် စကားကို အမှီပြုခဲ့သည်။

အိုင်းစတိုင်းသည် ကွမ်တမ်ပညာရပ်နှင့် ပတ်သက်၍ ပြဿနာပေါ်ခဲ့သည်။ အထူးသဖြင့် မသေချာမှု နိယာမ ပေါ်ထွန်းလာသည်ကို အိုင်းစတိုင်းသည် လက်မခံလိုပါ။ ယင်းကိစ္စမှာ –

Einstein used the ordinary commonsense notion that a system has a definite history. (Page-78)

အိုင်းစတိုင်းသည် သမိုင်းနှင့် ပတ်သက်၍ အစဉ်အလာ သဘောထားကို ခံယူခဲ့ရာ ထိုခံယူချက်မှာ သမိုင်းသည် တိတိကျကျ ပြဌာန်းပြီး ဖြစ်ရမည်ဟူ၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။ ယခုအခါ သမိုင်းသည် ဖြစ်တန်ရာချေ အမျိုးမျိုးနှင့် ဖြစ်နိုင်ခွင့်ရှိသည်ဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက် ပေါ်ထွန်းလာရာ အိုင်းစတိုင်းသည် ဤအချက်အလက်ကို လက်လှမ်းမမီနိုင် ဖြစ်ခဲ့ရသည်။

အိုင်းစတိုင်း၏ နောက်ပိုင်း ရက်များတွင် သေချာသော စနစ်တစ်ခုကို ရှာဖွေရန် ကြိုးစားရင်း အချိန်ကုန် ခဲ့သည်ဟု ကောက်ချက်ချနိုင်သည်။

အိုင်းစတိုင်း၏ နှိုင်းရသီအိုရီမှ ခေါ် အမှန်ထူးကို အကျုံးဝင် ဆွဲယူရရှိနိုင်သည် ဖြစ်ရာ ထို အမှတ်ထူးတွင် အားလုံးသော ရူပဗေဒဆိုင်ရာ ဥပဒေသများ ချုပ်ဆုံးရမည်ဟု အနက်ဖွင့်သည်။ ယင်းကို ရူပဗေဒပညာရှင် တော်တော်များများက လက်မခံနိုင် ဖြစ်ခဲ့သည်။

သမိုင်း၏ ဖြစ်တန်ရာချေ အမျိုးမျိုးကို လက်ခံနိုင်သော အရည်အချင်းမှာ အချိန်ယောင်ကို နားလည်နိုင်စွမ်း ရှိရမည်ဟု အိုင်းစတိုင်းကို ဝေဖန်ရင်း ဟော့ကင်းသည် သူ၏ ဘလက်ဟိုးလ်စာအုပ် အခန်း(၈) ၌ နိဂုံးချုပ်ခဲ့သည်။

ဘလက်ဟိုလ်းစာအုပ် အခန်း (၉) တွင် စကြ၀ဠာသည် အစရှိနိုင်ပါမည်လား? ဟု မေးသော မေးခွန်းကို ဆွေးနွေးခဲ့သည်။ ဟော့ကင်းသည် ဤအကြောင်းအရာကို အထူး အလေးအနက်ထား၍ ၀င်စားခဲ့သည်။ အထူးသဖြင့် The origin of the Universe စကြ၀ဠာ၏ အရင်းအမြစ် ဆိုင်ရာ ပြဿနာများကို အထူး ဦးစားပေး၍ လေ့လာခဲ့သည်။

အထွေထွေနှိုင်းရ သီအိုရီသည် အလုံးစုံချုပ်ဆုံးမှု သုညတနိဂုံးကို ရည်ညွှန်းသည် ဖြစ်ရာ ယင်းသီအိုရီပါ ချုပ်ဆုံးရမည့် စာရင်းထဲ၌ ပါဝင်သွားသည်။ ဤအချက်ကို –

Thus, general relativity brings about its own downfall by predicting singularities. (Page-92) ဟူ၍ဖွင့်ဆိုခဲ့သည်။

ဆက်လက်ဖော်ပြပါမည် —

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism & Science, Frontpage and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *