သိပ္ပံပညာထဲကဘ၀တစ်ခု (၁၀)

Share

သိပ္ပံပညာထဲကဘ၀တစ်ခု (၁၀)

ဟော့ကင်းသည် သိပ္ပံပညာရှင် ဆိုပေမယ့် သိပ္ပံဒဿနပညာရှင် အချို့ကိုလည်း လေးစားသမှု ပြုပါတယ်။ အထူးသဖြင့် သိပ္ပံဒဿနပညာရှင် Karl popper ကို သူ

ကိုးကားမှီငြမ်းပြုတာ ဖတ်ရဖူးတယ်။ သူ့ရဲ့ A Brief History of Time စာအုပ်ထဲမှာ Karl popper က ပြောခဲ့ဖူးတယ်လေ –

Karl popper has emphasized, a good theory is characterized by the fact that it makes a number of predictions that could in principle be disproved or falsified by observation. (Page-10/ A Brief History of Time)

လို့ Karl popper က ဒီလို ပြောခဲ့ဖူးတာကိုး .. .. သိပ္ပံ သီအိုရီတစ်ခုဟာ ကောင်းတဲ့ သီအိုရီဖြစ်ဖို့ဆိုရင် ဒီသီအိုရီဟာ တွေ အများကြီးလုပ်ရမယ်။ အဲဒီ ကြိုတင်ပြော ဟောကိန်း ထုတ်မှုတွေဟာလည်း လက်တွေ့နဲ့ စမ်းသပ်စစ်ဆေးပြီး အမှားအမှန်ကို စစ်ဆေးခံနိုင်ရမယ်။ အဲဒီလို အစစ်ဆေးခံနိုင်ရင် အဲဒီ သီအိုရီဟာ ကောင်းတဲ့ သီအိုရီတစ်ခု ဖြစ်လိမ့်မယ်။ Karl popper ဒီလို ပြောခဲ့တာကို ဟော့ကင်းကလည်း လက်ခံကျင့်သုံးတဲ့သဘောကို သူထောက်ခံချက် ပေးပြီး သူရဲ့ A Brief History of Time စာအုပ်မှာ ဖွင့်ဆိုခဲ့ဖူးတယ် –

Each time new experiments are observed to agree with the predictions the theory survives, and our confidence in it is increased; …

လက်တွေ့ စူးစမ်းလေ့လာလို့ ဒီသီအိုရီကပြောတဲ့ ကြိုတင်ပြော ဟောကိန်းထုတ်မှုတွေဟာ လက်တွေ့ဖြစ်ရပ်တွေနဲ့ ကိုက်ရင်တော့ ဒီသီအိုရီက ဆက်လက်ရှင်သန်တာပေါ့။ ကျွန်တော်တို့ကလည်း အဲဒီ သီအိုရီအပေါ်မှာ ယုံကြည်ချက် ပိုမိုလာတာပေါ့လို့ ဖော်ပြခဲ့ဖူးတယ်။

…. but if ever a new observation is found to disagree, we have to abandon or modify the theory. .. ..

ဒါပေမယ့်လို့ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်ဟာ အဲဒီသီအိုရီရဲ့ ကြိုတင်ပြော ဟောကိန်း ထုတ်မှုတွေနဲ့ ကွဲလွဲနေရင်၊ ဆန့်ကျင်ဘက်တွေ ပေါ်နေရင်တော့ ဒီသီအိုရီကို ကျွန်တော်တို့ လက်လျှော့ ဆုံးရှုံးခံရမယ်။ ဒါမှ မဟုတ်လည်း ပြန်ပြီးပြုပြင်ဖို့ လိုလိမ့်မယ်လို့ သူဖော်ပြခဲ့ပါတယ်။

At least that is what is supposed to happen, but you can always question the competence of the person who carried out the observation. .. .. (Page-10/ A Brief History of Time)

ဒီလို လက်တွေ့စမ်းသပ်ပြီးတော့ သီအိုရီတစ်ခုကို မှားကြောင်းဖော်ပြခွင့် ရှိတာကတော့ ရှိတာပါပဲ။ ဒါပေမယ့်လို့ သီအိုရီ တည်ဆောက်တဲ့ ပုဂ္ဂိုလ်ကလည်း လက်တွေ့စမ်းသပ်ပြီး မှားကြောင်းပြတဲ့ ပုဂ္ဂိုလ်ရဲ့ အရည်အချင်းကိုတော့ ပြန်လည် စိစစ်နိုင်သေးတယ်လို့ သူဖွင့်ဟခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ အခြေခံ အရည်အချင်း မရှိတဲ့ ပုဂ္ဂိုလ်တွေက သီအိုရီတစ်ခုကို မှားကြောင်း မှန်ကြောင်း လက်တွေ့ စမ်းသပ်တယ် ဆိုတာကတော့ မဖြစ်သင့်ဘူး ဆိုတဲ့သဘောကို လက်ခံပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဟောကင်းဟာ သဘောတရားရေးရာနဲ့ လက်တွေ့ကို မျှမျှတတ သုံးသပ်တတ်တဲ့ ပုဂ္ဂိုလ်လို့ ယူဆရင်လည်း ရပါတယ်။

မျှော်လင့်တာကတော့ ကျွန်တော်တို့ နေတဲ့ စကြ၀ဠာကြီးကို မှန်မှန်ကန်ကန် ကောင်းကောင်း မွန်မွန် ပြည့်ပြည့်စုံစုံ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်း ရှိဖို့ပါပဲလို့ သူတင်ပြခဲ့တယ်။ ဒီလိုတင်ပြတဲ့ အချက်တွေကတော့ သဘောတရားရေးဆိုင်ရာ သိပ္ပံပညာရှင် တစ်ယောက်အနေနဲ့ လေးစားအပ်တဲ့ ခံယူချက် အဓိပ္ပာယ် ဖွင့်ဆိုချက်များပဲ  ဖြစ်ပါတယ်။ ဒါလေးတွေကို သူဟာ သူ့ရဲ့ နာမည်ကြီးခဲ့တဲ့ A Brief History of Time စာအုပ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

Our goal is nothing less than a complete description of the universe we live in. …  (Page-13/ A Brief History of Time)

လို့ သူရေးသားခဲ့ဖူးတယ်။

ဟောကင်းကတော့ လောလောဆယ် ဆုံးဖြတ်ချက် ချထားတာကတော့ သိပ္ပံဟာ – စကြ၀ဠာ ဘယ်လို စတင်ဖြစ်ပေါ်ခဲ့တယ် ဆိုတဲ့ အမေးကိုတော့ ဖြေနိုင်တယ်။ ဒါပေမယ့် ဘာကြောင့် စကြ၀ဠာဟာ ဒီလို ဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းကိုတော့ မဖြေနိုင်သေးဘူးလို့ ဖွင့်ဟ ၀န်ခံခဲ့တယ်။

Science may solve the problem of how the universe began, it cannot answer the question: Why does the universe bother to exist? (Page-99/ Black Holes and Baby Universe)

အဲဒီလို သုံးသပ်ခဲ့ပါတယ်။ ဒါဟာ သိပ္ပံပညာရှင်များရဲ့ စကြ၀ဠာအပေါ်မှာ ထားရှိတဲ့ အသိအမြင်နဲ့ သဘောထား၊ သူတို့ကိုယ် သူတို့ ပြန်လည် သုံးသပ်ချက်များ ဖြစ်ပါတယ်။ ဒါတွေကို သူဟာ ဘလက်ဟိုလ်းစာအုပ် အခန်း (၉) မှာ နိဂုံးပိုင်း အနေနဲ့ ရေးသားဖော်ပြတာကို တွေ့ရှိရပါတယ်။

ဆက်လက်ဖော်ပြပါမည် —

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism & Science, Frontpage and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *