သိပ္ပံပညာထဲက ဘ၀တစ်ခု (သို့) စတီဖင်ဟော့ကင်း 07

Share

သိပ္ပံပညာထဲက ဘ၀တစ်ခု (သို့) စတီဖင်ဟော့ကင်း 07

ဟော့ကင်းက သူ့ရဲ့ စာအုပ် အခန်း(၈)မှာ အိုင်းစတိုင်းအကြောင်း နည်းနည်း ရေးထားပါတယ်။ ရူပဗေဒပညာရပ်ဟာ သီအိုရီကြီး နှစ်ခုနဲ့ တည်ဆောက်ခဲ့တယ် –

The two theories are the general theory of relativity and quantum mechanics. (Page-69)

ဒီသီအိုရီကြီး နှစ်ခုဟာ အထွေထွေနှိုင်းရသီအိုရီ နဲ့ ကွမ်တမ်မက္ကင်းနစ်သီအိုရီ များပဲ ဖြစ်ပါတယ်။

ဆိုတာကတာ့ ကာလ၊ ဌာနနဲ့ ပတ်သက် ဆက်နွှယ်တယ်။ ကာလနဲ့ ဌာနဟာ တကယ် ကျယ်ကျယ်ပြန့်ပြန့် ကြည့်လိုက်တော့ ကွေးကောက် ရစ်ထုတ် သွားတတ်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအထဲမှာ ဒြပ်တွေ၊ စွမ်းအင်တွေ ရှိတာကိုး .. .. ဒီလို ဟော့ကင်းက စတင်ပြီးတော့ သူ့ရဲ့ BLACK HOLE စာအုပ် အခန်း(၈)၊ စာမျက်နှာ(၆၉)မှာ စတင် ဖော်ပြ ခဲ့ပါတယ်။

Quantum mechanics, on the other hand, deals with very small scales. ကွမ်တန်မက်ကင်းနစ် ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း အသေးလေး တွေနဲ့ ပတ်သက်တယ် အဲဒီထဲမှာ –

…what is called the uncertainty principle, which states that one can never precisely measure the position and the velocity of a particle at the same time; …

လို့ ရှင်းထားပါတယ်။ တစ်ချိန်ထဲမှာပဲ position နဲ့ velocity ကို တိတိကျကျ အမှုန်တစ်ခုရဲ့ သဘာဝဟာ ဖော်ပြလို့ မရနိုင်ကြောင်း မသေချာခြင်း နိယာမမှာ ပါဝင်နေပါတယ်။ အဓိပ္ပါယ်ကတော့

… the more accurately you can measure one, the less accurately you can measure the other. (Page-70)

ဆိုတဲ့ သဘောကို သူရှင်းပါတယ်။ အမှုန်တစ်ခုရဲ့ position နဲ့ velocity ကို – တစ်ခုကို သိပ်တိတိကျကျ တိုင်းလိုက်ရင် ကျန်တဲ့တစ်ခုကို မတိမကျပဲ ဖြစ်သွားစေတယ်လို့ ဒီလို ဆိုပါတယ်။

… There is always an element of uncertainty or chance, and this affects the behavior of matter on a small scale in a fundamental way. …

လို့ ဒီလိုရှင်းပြထားပါတယ်။ ဒီတော့ အမှုန်တစ်ခုရဲ့ position နဲ့ velocity ကို တိတိကျကျ မတိုင်းနိုင်တော့ မသေချာခြင်းဆိုတာ အမြဲတမ်း ဖြစ်ပေါ်နေတဲ့ သဘောပါပဲ။ ဒီမသေခြာခြင်းဟာ အခြေခံကျတဲ့ အမှုန်လေးတွေ အပေါ်မှာ အမြဲတမ်း လွှမ်းမိုးနေတဲ့ ဥပဒေသ တစ်ခုပါပဲ။

အိုင်းစတိုင်းကိုယ်တိုင်လည်း သူ့ရဲ့ အထွေထွေနှိုင်းရ သီအိုရီမှာ တာဝန်ရှိရုံမျှမက ပညာရပ် အပေါ်မှာလည်း တိုးတက်စေဖို့အတွက် အထောက်အကူ အများကြီး အရေးပါအရာ ရောက်စွာ ကူညီ စွမ်းဆောင်ခဲ့နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သဘောထားနဲ့ ခံယူချက်ကို အနှစ်ချုပ် ပြောရရင် ( does not play dice.) ဆိုတဲ့ စကားလုံးပါပဲ။ ဒီစကားလုံးဟာ သူ့ရဲ့ ခံစားချက်နဲ့ သူ့ရဲ့ အမြင်ကို တင်ပြနေတဲ့ အနှစ်ချုပ် စာလုံးလေးတွေပါပဲ။ အဓိပ္ပါယ်ကတော့ သဘာဝတရားဟာ ဖြစ်ချင်တာဖြစ်လို့ မရပါဘူး၊ ဟာ ကြွေအံမကစားပါဘူး လို့ သူက ကောက်ချက်ချတယ်။

နောက်ပိုင်း သိပ္ပံပညာကို ရှေ့ဆက် တိုးတက်စေတဲ့ အခါကျတော့ အိုင်းစတိုင်း ပြောတာနဲ့မတူ တစ်မူထူးခြား နေတာကို တွေ့ရပါတယ်။

… all the evidence indicates that God is an inveterate gambler and that He throws the dice on every possible occasion. .. (Page-70)

လို့ ဒီလို သရုပ်ဖော်လို့ ရပါတယ်။ GOD ဟာ မွေးရာပါ ကစားသမားကြီးဖြစ်တယ်၊ GOD ဟာ ပစ်နိုင်သမျှ နေရာတွေကို အနှံ့ သူ့ရဲ့ အံဇာကို ပစ်တတ်တယ်လို့ ဒီလို သရုပ်ဖော်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကတော့ ကွမ်တမ်မက္ကင်းနစ် ရဲ့ ဘက်ကပါ။

ဒီတော့ အိုင်းစတိုင်းဟာ နှိုင်းရသီအိုရီအတွက် တာဝန်ရှိသလို ကွမ်တမ်မက္ကင်းနစ် ပညာရပ် အတွက် ကူညီ၊ ထောက်ပံ့၊ စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်း ကွမ်တမ်မက္ကင်းနစ်ရဲ့ အယူအဆ တွေကိုတော့ သူက လက်မခံခဲ့ပါဘူး၊ ငြင်းဆန်ခဲ့ပါတယ်။ သူဟာ ကွမ်တမ်မက္ကင်းနစ် ပညာရပ်ရဲ့ အခြေအနေတွေကို နားလည်နိုင်စွမ်း မရှိဘူးလို့ သုံးသပ်ရင်တော့ ရပါတယ်။

ဒါကို ဟော့ကင်းက သူ့ရဲ့ BLACK HOLE စာအုပ် အခန်း(၈)၊ စာမျက်နှာ(၇၀)မှာ ဖော်ပြခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည် –

This entry was posted in Buddhism & Science, Frontpage and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *