သိပ္ပံပညာထဲက ဘ၀တစ်ခု (သို့) စတီဖင်ဟော့ကင်း 06

Share

သိပ္ပံပညာထဲက ဘ၀တစ်ခု -06

ဟော့ကင်းရဲ့ စာအုပ် အခန်းနံပါတ်(၇) မှာ –

IS THE END IN SIGHT FOR THEORETICAL PHYSICS? – ဆိုပြီး ဆွေးနွေး တင်ပြထားတာ စိတ်ဝင်စားစရာ တော်တော်ကောင်းပါတယ်။

ရူပဗေဒ ဘာသာရပ်ဟာ သဘောတရားရေးရာအားဖြင့် အဆုံးစွန် နိဂုံးကို ထိုးဖောက် နိုင်တော့မည်လော၊ အောင်မြင်နိုင်တော့ မည်လား? ဆိုတဲ့ မေးခွန်းကို ဆွေးနွေထားခြင်း ဖြစ်ပါတယ်။

သူ့အမြင်ကတော့

… The goal of theoretical physics might be achieved in the not-too-distant future: … by the end of the century….. By this I mean that we might have a complete, consistent, and unified theory of the physical interactions that would describe all possible observations. … (Page-49)  လို့ ဖော်ပြခဲ့ပါတယ်။

သဘောတရားရေးဆိုင်ရာ ရူပဗေဒနှင့် ပတ်သက်လို့ မကြာတော့မယ့် အနာဂါတ်ကာလမှာ အဆုံးစွန်အထိ ထိုးဖောက် အောင်မြင်တော့မယ်။ ဒီအခါမှာ ပြည့်စုံတဲ့၊ ရှေ့နောက် ညီညွတ်တဲ့၊ အားလုံးကို ခြုံငုံဖြေရှင်းနိုင်တဲ့ သဘောတရားရေး ဆိုင်ရာ သီအိုရီတစ်ခုကို ဖော်ထုတ် အောင်မြင်နိုင်ပြီး ရူပဗေဒဆိုင်ရာ ဆက်သွယ်မှုတွေ အားလုံးကို ဖြေရှင်းနိုင်တဲ့၊ ဖြစ်တန်ရာချေ အားလုံးကို လက်တွေ့ သုတေသနပြုဖို့အတွက် လမ်းညွန်နိုင်တဲ့ သီအိုရီ ရတော့မယ်လို့ သူက မျှော်မှန်းကြောင်း ဖော်ပြခဲ့ပါတယ်။

… We may see a complete theory within the lifetime of some of those reading these pages. … (Page-50) လို့ ကျွန်တော်တို့ သက်တမ်းမှာပဲ ပြီးပြည့်စုံတဲ့ သီအိုရီတစ်ခုကို သိပ္ပံဟာ ဖော်ညွန်း နိုင်လိမ့်မယ်လို့ သူ မျှော်ကြောင်း အဆိုပြုခဲ့ပါတယ်။

ဒီလို အဆိုပြုပြီး အားပေးတာဟာ-

“things are as they are because they were as they were.” …

ဆိုတဲ့ အတိတ်ကလည်း ဖြစ်ခဲ့ကြလို့ အနာဂါတ်မှာလည်း ဒီလိုပဲ ဖြစ်ရတာပေါ့ဗျာ – ဆိုတဲ့ ဖြေရှင်း ချက်မျိုး ခြုံငုံမှုနဲ့ မပြီးနိုင်ဘူးလို့ သူက တင်ပြခြင်းဖြစ်ပါတယ်။

“Things are as they are because we are.” ကျွန်တော်တို့က ရှိနေတာကိုး ဒီတော့ ရှိတဲ့ကျွန်တော်တို့ မြင်ရတဲ့ အရာရာကို ကျွန်တော်တို့ဟာ မြင်နေရမှာပဲ .. .. ဒါကြောင့် အရာရာ ရှိနေတာဟာ ကျွန်တော်တို့ ရှိနေလို့ပါပဲ ဆိုတဲ့ သဘောကို သူက အားမရနိုင်တဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

“Why is the universe as we observed it?” …. The answer, of course, is that if it were otherwise, there would not be anyone to ask the question… (Page-52)

ဆိုတဲ့ ဖြေရှင်းချက်ကိုလည်း သူက ဖော်ပြခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ စကြ၀ဠာ ဘာဖြစ်လို့ ဒီလို ဖြစ်နေရတာလဲ? .. .. ကျွန်တော်တို့ လေ့လာသလို ဖြစ်နေရတာလဲ? .. .. ဒါကတော့ ရှင်းပါတယ်ဗျာ .. .. ဘာကြောင့်လည်းဆိုတော့ ဒီလိုမဖြစ်လို့ တခြားလိုဖြစ်ရင်လည်း တခြားလိုကြီး ဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ ရှိတဲ့ ဒီစကြ၀ဠာရဲ့ ပုံသဏ္ဍာန်လည်း မဟုတ်တော၊့ ဒီစကြ၀ဠာ ပုံသဏ္ဍာန်မဟုတ်ရင် ကျွန်တော်တို့လည်း ဘယ်ရှိတော့မှာလည်း။ အဲဒီအခါမှာ ဒီလိုမေးခွန်း မျိုးလည်း မေးမည့်လူလည်း ရှိတော့မှာ မဟုတ်တော့ဘူး ဆိုတဲ့ သဘောမျိုးကို သူက ဝေဖန်သုံးသပ်ရင်းနဲ့ ဖော်ပြခဲ့ပါတယ်။

ဒီတော့ သူ့ရဲ့ဝေဖန်ချက်တွေဟာ ရူပဗေဒ သိပ္ပံပညာရှင်တွေ ရှေ့တိုးတက်ဖို့အတွက် များစွာ အထောက် အကူပြုကြောင်း ထင်ရှားစေပါတယ်။ သူဟာ ရူပဗေဒဆိုင်ရာ သဘောတရားရေး ပညာရှိ သူရဲကောင်းကြီး တစ်ယောက် အဖြစ်နဲ့ ရူပဗေဒ နယ်ပယ်မှာလည်း အထူးထင်ရှား ကျော်ဇောလာခဲ့ပါ တယ်။ သူ့ရဲ့ သိပ္ပံဂုဏ်ရည်တွေဟာလည်း အရမ်း မြင့်မားလာပါတယ်။ ဒါဟာ သူတကယ် ကြိုးစားလို့ အောင်မြင်ခဲ့ရတဲ့ ရလာဒ် အစိတ်အပိုင်းတွေ ဖြစ်ကြောင်းကို သုံးသပ်နိုင်ပါ တယ်။ ကွမ်တမ်သီအိုရီကိုတော့ သူ အရမ်းအားကိုးတယ်။ ဒါပေမယ့် သူက ကွမ်တမ်သီအိုရီကို လွယ်လွယ်လေး၊ ရှင်းရှင်းလေးနဲ့၊ သရော်တော်တော်လေး အဓိပ္ပာယ် ဖြေပုံက –

…. Quantum mechanics is essentially a theory of what we do not know and cannot predict. …. (Page-67)

လို့ သရုပ်ဖော်ထားပါတယ်။ အဓိပ္ပာယ်ကတော့ ဆိုတာဗျာ တခြားမဟုတ်ပါဘူး အနှစ်သာရအားဖြင့်တော့ ကျွန်တော်တို့ ဘာ မသိဘူးလို့ပြောတဲ့ သီအိုရီပါပဲ၊ တနည်းအားဖြင့် ကျွန်တော်တို့ ဘာကိုတော့ ကြိုမပြောနိုင်ဘူး လို့ပြောတဲ့ သီအိုရီပါပဲလို့ ဟာသ လုပ်ထားပါတယ်။

ဒီစကားဟာ ပေါ့ပေါ့လေး ဟာသလုပ်ပေမယ့် လေးလေးနက်နက်လေး ဖြစ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကြိုမသိတဲ့ကိစ္စကို ကြိုသိတယ်လို့ ထင်တဲ့အမှားက တော်တော်ကြီးမား နေလို့ပါပဲ။ ဒါကို တဘက်တလမ်းက နေပြီးတော့ ထောက်ပြပြီးတဲ့နောက် ဟာသ သဘောလေးနဲ့ ရောနှောပြီး ကျွန်တော်တို့ရဲ့ အားနည်းချက်ကို ဖော်ကျူး ပေးလိုက်တဲ့ ကွမ်တမ်မက္ကင်းနစ်ရဲ့ သရုပ်ဖော်ချက်ဟာလည်း တော်တော်လေးကို သတိ သံဝေဂရစေပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ မသေချာမှုနိယာမကို ငြင်းခွာလို့ မရကြောင်းကို ကွမ်တမ်မက္ကင်းနစ်က တော်တော်လေးကို အထောက်အပံ့ ဖြစ်ပါတယ်။ သူ့အနေနဲ့ ပြောရရင် တော့

… the greatest achievement in theoretical physics in this century: … the discovery of the quantum theory.

လို့ အဲဒီအခန်းရဲ့ စာမျက်နှာ(၅၅)မှာ ဖော်ပြခဲ့ကြောင်းကို ဖတ်ရှုရပါတယ်။

ဒီတော့ သူက ရူပဗေဒရဲ့ တိုးတက်နေပုံကို အားရ၊ ကျေနပ်၊ ဂုဏ်ယူပြီးတဲ့နောက် မကြာမီမှာ သဘောတရားရေးရာ ရူပဗေဒပညာရှင်တွေရဲ့ ထိုးဖောက်မှုဟာ အောင်မြင်မှုမှာ လမ်းဆုံးတော့မှာပဲလို့ သဘောရကြောင်း ဖော်ပြခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည် …

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism & Science, Frontpage and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *