ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 28

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု

အပိုင်း(၂၈)

 

နှင့်ပတ်သက်၍ထူးခြားသောဖြစ်ရပ်တစ်ခု

Ko Aye Ko3          ဆရာမြတ်ကြီးနှင့်ပတ်သက်၍ ထူးခြားသောဖြစ်ရပ် တော်တော်များများ ကြုံခဲ့ပါတယ်။ ယခုကိစ္စလေးကတော့ ဟာသဆန်ဆန်လေးလို့ ပြောရမှာဖြစ်ပါတယ်။

ဆရာမြတ်ကြီးထံမှာ တပည့်ခံနေတုန်း ကျွန်တော်တို့တစ်တွေ ကပ္ပိယတွေပေါ့နော် – ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေကြတဲ့အချိန် တစ်နေ့သောအခါမှာ —

 

ဆရာမြတ်ကြီးက ကျိန်းစက်တော် မူနေပါတယ်။ ကျွန်တော်တို့ ကပ္ပိယတွေကလည်း ပျော်နေတုန်းကို ဈေးသည်လာပါတယ်။ ကျွန်တော်တို့ကလည်း အရမ်းစားချင်တာပေါ့နော် — ဒီတော့ ဆရာ့ကို ကြည့်လိုက်တဲ့အခါမှာ ဆရာနိုးရင်တော့ ကျွန်တော်တို့က ရိုးရိုးသားသား မုန့်ဖိုးယူမှာပါ။ ဆရာက ကျိန်းစက်နေတော့ ကျွန်တော်လည်း မတတ်နိုင်တော့ဘူး ဆိုပြီးတော့ ဆရာ့ခေါင်းအုံး အောက်က ပိုက်ဆံကို နှိက်မိပါတယ် — နှိက်တဲ့အခါမှာ ဖြစ်ရပ်က ဒီလိုပါ —

ဆရာက ပိုက်ဆံကို အတွင်းဘက် ခေါင်းအုံးအောက်မှာထားပါတယ်။ ဒီတော့ ကုတင်ရဲ့ အပြင်ဘက်ကနေ ကျွန်တော်က ဆရာ့ခန္ဓာကိုယ်ကို ကျော်ပြီး နှိက်ရမှာဆိုတော့ –

 

ကျွန်တော် လက်ကလေး ကျော်ကြည့်တယ်၊ သုံးပုံတစ်ပုံလောက် ဆရာက အိပ်ဆဲပါ –

 

ဒါနဲ့ကျွန်တော် တစ်ဝက်ကျော်ကျော်လေး ကျော်ကြည့်တယ် ဆရာက အိပ်ဆဲပါ –

 

ကျွန်တော် အားလုံးကို ကျော်ကြည့်တယ်၊ နှိုက်မလို့ပြင်တဲ့အခါ ဒီလိုကျော်တော့ ကျွန်တော့်လက်ကလည်း တော်တော်လေးလွန်နေပြီ၊ ကျွန်တော့်ကိုယ်ကလည်း တော်တော်ကိုင်းနေပြီ။ အဲဒီလို အလွန်ကျမှ ဆရာက ဖြတ်ခနဲ ကျွန်တော့်လက်ကို ဖမ်းလိုက်ပါတယ်၊ ကျွန်တော့်လက် မိသွားပါတယ်။

 

ဆရာက “ဘာလုပ်တာလဲ ???” လို့ မေးပါတယ်။

 

ကျွန်တော်လည်း “ဟို မုန့်ဖိုးယူမလို့ပါ၊ ဆရာကျိန်းနေတယ်မှတ်လို့ ဖာသာယူမလို့ပါ .. .”

 

အဲဒီလို တောင်းပန်ခဲ့ရတယ်။

ဆရာက တကယ်တော့ မကျိန်းဘူး –  ဒါပေမယ့် ကျွန်တော့်လက်ကလေး ပေါ်လာစကို ဆရာက (အဟမ်း အဟမ်း !!!) လို့ ချောင်းဆိုးလိုက်ရင် ကျွန်တော်လည်း တွန့်သွားနိုင်တယ်။ ဒီတော့ ကျွန်တော်လည်း အပိုင်ဆိုပြီး လုပ်လိုက်တာပေါ့နော် — ဆရာကလည်း အပိုင်ဆိုပြီး ဖမ်းလိုက်တာ ကျွန်တော်မိသွားပါတယ်။ ဆရာကလည်း သိုင်းတတ်တယ်၊ ကျွန်တော်ကလည်း ဆရာသင်ထားလို့ သိုင်းတတ်တာပေါ့နော် – ဒီတော့ ဆရာက စိတ်စေပြီးတဲ့နောက် အကွက်ကို ချောင်းဖမ်းတတ်တဲ့ အရည်အချင်းလေးတစ်ခုကို ကျွန်တော်တို့ ပူဇော်ကြည်ညိုလိုက်ရပါတယ်။

ပျော်စရာလည်း ကောင်းပါတယ်၊ ဟာသလေးလည်း ဖြစ်ပေမယ့် တကယ်တမ်းကျ ကျွန်တော်တို့က အငိုက်မိသွားတာပါ။ နောက်ဆရာက မုန်ဖိုးကတော့ ပေးပါတယ်။ ဆရာက မုန့်ဖိုးဆိုရင် ကောင်းကောင်းမွန်မွန် တောင်းမှ ကြိုက်တဲ့သဘောလည်း ရှိပါတယ်။ ကောင်းကောင်းမွန်မွန် တောင်းရင် ပေးလေ့ရှိပါတယ်။ ကျွန်တော်လည်း လစ်ပြီထင်ပြီး လုပ်လိုက်မိတာ၊ မှားသွားပါတယ်။ ဒါကျွန်တော့် အမှားလေးကို ဝန်ခံတာပါ၊ ပျော်စရာလေးတော့ ကောင်းပါတယ်။

ဆရာက တစ်စုံတစ်ခုကို ချက်ကျကျနဲ့ အပိုင်ဖမ်းတတ်ကြောင်း သတင်းကောင်းလေးတစ်ခု ပေးလိုခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *