ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 22

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု

အပိုင်း(၂၂)

 

၏ထူးခြားသောဂုဏ်ရည်

 

lotus-flower-32ဆရာမြတ်ကြီးသည် တပည့်သားသမီးများအား အထူးဂရုစိုက်သည်။ စာရေးသူတို့သည် လွန်စွာကံကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာမြတ်ကြီးသည် မိမိတပည့်များအား ဂရုစိုက်သောကြောင့် ဖြစ်သည်။ ယခုအချိန်၌ စာရေးသူသည် အသက် (၇၅) နှစ်ဝန်းကျင် ဖြစ်နေရာ တပည့်များ အထိုက်အလျောက် ရှိသည်ဟု ဆိုရပေလိမ့်မည်။ သို့သော် စာရေးသူ ယခု ကိုယ်တိုင်ဝန်ခံနိုင်သည်မှာ – မိမိ၏တပည့်များအား ဂရုစိုက်ရာ၌ ဆရာမြတ်ကြီးကို မမီချေ။

ဆရာမြတ်ကြီးက ဆရာမြတ်ကြီး၏ တပည့်အား ဂရုစိုက်သလောက် မိမိသည် မိမိတပည့်များအား ဂရုမစိုက်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် အစွမ်းအစလည်း မရှိသောကြောင့် ဖြစ်ချင်ဖြစ်မည်။ အရည်အချင်း မပြည့်မီသောကြောင့် ဖြစ်ချင်ဖြစ်မည်။ ဆရာမြတ်ကြီးသည် မိမိတပည့် သားသမီးများအား လွန်စွာ့ လွန်စွာ ဂရုစိုက်သည်။ ထူးထူးကဲကဲ ဂရုစိုက်ကြောင်းကို သိရသည်။ ယင်းကဲ့သို့ ဂရုစိုက် ခံရသည့် အထဲတွင် မိမိသည် တစ်ဦးအပါအဝင် ဖြစ်သည်။ မိမိအား ဆရာမြတ်ကြီးသည် အထူးဂရုစိုက်တော် မူခဲ့သည်။ ထို့ကြောင့် မိမိဘဝသည် အခုအဆင့် ရောက်နေခြင်းဖြစ်သည်။

မိမိတို့သည် ဆရာမြတ်ကြီး၏ တပည့်ဖြစ်ရသည်မှာ လွန်စွာ ဂုဏ်ယူဖွယ် ကောင်းသည်။ ဆရာမြတ်ကြီးသည် သဘောထားလည်း အင်မတန်ကြီးသည်၊ ခွင့်လွှတ်နိုင်စွမ်းလည်း အင်မတန်ကြီးသည်။ သို့သော် စည်းကမ်းကြီးသည်၊ စိတ်မြန်သည်၊ ပြတ်သည်။ ထို့ကြောင့် တပည့် သားသမီးများသည် အထူးကြောက်ကြသည်။ စာရေးသူသည် ယင်းကဲ့သို့ ကြောက်သောတပည့်များ ထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

စာရေးသူသည် ဆရာမြတ်ကြီးအား ကြောက်သောကြောင့် ယခုလောက် တော်နေခြင်း ဖြစ်သည်ဟုဆိုက မှားမည် မဟုတ်ချေ။ ဆရာမြတ်ကြီးသည် စေတနာရှိသလောက် ပြတ်သားသောအခါ လွန်စွာ ပြတ်ပြတ်သားသား၊ ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်တတ်သည်။

ဤကား ဆရာမြတ်ကြီး၏ ထူးခြားသော ဂုဏ်ရည်တစ်ခုပင် ဖြစ်ပါကြောင်း —

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *