Monthly Archives: August 2017

ဘာသာ​ရေး သာသနာ​ရေးဆိုတာ —

ဘာသာရေး သာသနာရေးဆိုတာ အင်မတန်ကျယ်ပြော နက်ရှိုင်းတယ် အားလုံးလည်းသိပါတယ်။ မိမိဘာသာကို မိမိမဂ်ပေါက်ဖိုလ်ဝင် နားလည်ပြီးတဲ့နောက်မှ ဒီပြင်ဘာသာတွေအကြောင်း နည်းနည်းပါးပါး ပြောချင်ရင်ပြောတာ အဆင်ပြေတာပေါ့။ မိမိဘာသာကို မဂ်ပေါက်ဖိုလ်ဝင် ကောင်းကောင်းမလုပ်သေးဘဲနဲ့ ဟုတ်တိပတ်တိ အမှန်ကိုထိုးဖောက်ပြီး အသိမရသေးဘဲနဲ့ ကျန်တာတွေလျောက်ပြောနေရင် အမှားမှားအယွင်းယွင်းတွေ ဖြစ်နိုင်တယ်။ အဓိကကတော့ ကိုယ့်ဘာသာကို နံပါတ်ကုန်ပေါက်မြောက်အောင် လုပ်ဖို့က အဓိကပါပဲ။ ဒါက ပထမဦးဆုံး ဦးစားပေးရမယ့် လုပ်ငန်းပဲဖြစ်တယ်။ အမြင်ဆိုတာ တည့်မတ်ဖို့တော့လိုတယ် အစစအရာရာ ဖြောင့်ဖြောင့်တန်းတန်း တည့်တည့်မတ်ဖို့လိုတယ်။ စွေ့စောင်း ကောက်ကွေ့ တိမ်းချော်နေရင်တော့ မကောင်းဘူးပေါ့။ အမြင်ပါမကဘူး … Continue reading

Posted in Buddhism | Leave a comment