Monthly Archives: May 2016

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 24

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၂၄) Logical Paradox (ယုတ္တိလွဲဟန်များ) ယုတ္တိလွဲဟန်များကို စာရေးသူက ရေးဖို့မထက်သန်တဲ့ အကြောင်းတစ်ခုရှိတယ် – အဲဒါဘာလည်းဆိုတော့ လွဲဟန်ဆိုတာက ရှုပ်လို့ပါပဲ၊ လွဲနေတာပဲ။ ဒါပေမယ့်လည်း ဒဿနကိုဖွင့်ခဲ့တော့ ယုတ္တိလွဲဟန်ကလည်း အနည်းနဲ့အများတော့ မိတ်ဆက်တင်ပြချင်ပါတယ်။ စာရေးသူက မဟာတန်းမှာ (Higher Logic) ယူခဲ့တော့ ဒီယုတ္တိလွဲဟန်နဲ့ တွေ့ခဲ့ရတယ်။ လွဲဟန်ဆိုတာ တစ်ခြားမဟုတ်ပါဘူး။ ဥပမာလေးနဲ့ တင်ပြကြည့်ချင်တယ်။ လူတစ်ယောက်က “ကျွန်တော်လူလိမ်” လို့ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့က ဘယ်လိုနားလည်ရမလဲ ??? သူဟာ လူလိမ်ဆိုရင် … Continue reading

Posted in Articles | Tagged , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 23

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၂၃) ဒဿနအမွေပေးရန်အခက်အခဲရှိနေခြင်း စာရေးသူသည် စာရေးသူ သိသမျှ တတ်သမျှ တပည့်လက်သားများအား အမွေပေးသည်၊ တရားအမွေ၊ ဗဟုသုတအမွေများကို ပေးသည်။ ထိုအထဲတွင် ဒဿနအမွေပေးရန် ခက်ခဲနေကြောင်းကို တွေ့ရသည်။ အကြောင်းမှာ ဒဿနစကားလုံးများကလည်း နေ့စဉ်သုံး စကားလုံးများနှင့် မတူသောကြောင့် ဖြစ်ဟန်တူသည်။ တပည့်များက များစွာစိတ်မ၀င်စားချေ — ဥပမာ — ဒဿနပညာရပ်ထဲမှ Representationalism, Falsifiability, Postdictability, Absurdity, Arbitrary, Cosmological problem, — စသည်ဖြင့် ဒီစကားလုံးများဟာ သူတို့ရဲ့ … Continue reading

Posted in Frontpage | Tagged , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 22

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၂၂) ထူးခြားချက်တစ်ချက် ထူးခြားတယ်လို့ ဆိုမယ်ဆို ဆိုလို့ရတဲ့သဘောပါပဲ။ တော်တော်များများကတော့ ကိုယ့်ဖာသာကိုယ် ချမ်းသာရင် ချမ်းသာတယ်လို့ မဖော်ကျူးကြဘူးပေါ့နော် — ကျွန်တော်ကတော့ ဖော်ကျူးတယ်။ ကျွန်တော် ချမ်းချမ်းသာသာ နေရတယ်။ စောစောက အစီရင်ခံခဲ့သလို ကျွန်တော်က ဆင်းရဲအောင် မလုပ်ဘူးပေါ့ — ဆင်းရဲခြင်းကို ဖြစ်စေတဲ့အရာတွေကို မလုပ်ဘူးလို့ သီလစောင့်တယ်။ ဒီသီလနဲ့ ဖြူစင်တဲ့အတွက် အကျိုးပေးအနေနဲ့ Tags: Buddhism, Myanmar Posts, ဆရာကောင်း, ဗုဒ္ဓဘာသာ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 21

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၂၁) သာသနာတော် မြတ်ကြီးကတော့ အင်မတန် နက်ရှိုင်းပါတယ်။ ဂေါတမ မြတ်စွာဘုရား သာသနာမှာတော့​ ဉာဏ်ပညာကြီးတဲ့ ပုဂ္ဂိုလ်က တပည့်သားသမီးကို ပညာပေးရတာ သွန်သင်ပေးရတာ အစဉ်အလာ ရှိပါတယ် – ထေရ၀ါဒလို့လည်း အမည်တပ်ကြပါတယ်။ ဉာဏ်ပညာ ကြီးတဲ့ပုဂ္ဂိုလ်က မိမိရဲ့တပည့်သားသမီးကို ဉာဏ်ပညာ ပေးတဲ့အခါကျတော့ တပည့်သားသမီး လုပ်သူက အချိန်သိပ်မကုန်ဘဲနဲ့ ပညာတွေ ရတတ်ပါတယ်။ ပညာရတော့ သူ့အတွက် ကံကောင်းတာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက ကျေးဇူးကန်းလို့ မရဘူး။ ဒီသာသနာမှာ ကျေးဇူးကန်းရင်တော့ ပေးတဲ့ပညာတွေက … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 20

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၂၀) စာရေးသူရဲ့ ဘ၀ကို ပြန်လည်ပြီးတော့ သုံးသပ်တဲ့အခါ ကောင်းတာတွေလည်းပါတယ်၊ ဆိုးတာတွေလည်းပါတယ်။ စာရေးသူ ညံ့တာတွေလည်းပါတယ် တော်တာတွေလည်း ပါတယ်ပေါ့လေ — ဒါကတော့လည်း ယေဘုယျအားဖြင့်တော့ ဒီလိုင်းမျိုးပါပဲ။ စာရေးသူ ထူးခြားတာကတော့ ဆရာကောင်း ဆရာမြတ်နဲ့တွေ့ရခြင်းပါပဲ။ တပည့်အဖြစ် ခံယူခွင့် ရခြင်းပါပဲ။ အဲဒီတစ်ခုက စာရေးသူကို အမည်းကနေ အဖြူကိုပြောင်းသွားတဲ့ သဘောပါပဲ။ အနောက်ကနေ အကြည်ကို ပြောင်းသွားတဲ့ သဘောပါပဲ။ ညစ်ထေးမှုကနေ သန့်စင်တဲ့ဘက်ကို ပြောင်းသွားတဲ့သဘောပါပဲ။ အဆိုးကနေ အကောင်းကို ပြောင်းသွားတဲ့သဘောပါပဲ။ ဘ၀တစ်ခုလုံး … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 19

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁၉) ဤအချင်းအရာမှာ စာရေးသူအတွက်ဖြစ်ပါတယ်။ စာရေးသူအတွက် ဆိုတာတောင် စာရေးသူ ယခုလောလောဆယ် အခြေအနေအရ ဖြစ်ပါတယ်။ စာရေးသူ သစ္စာလေးပါးကို ၀င်စားကြည့်တာ ဒုက္ခသစ္စာကို ၀င်စားရတာ လျောလျောလျုလျူ အဖြစ်ဆုံးပဲလို့ လောလောဆယ် ခံစားနေရပါတယ်။ ဒါ တစ်ချို့ကလည်း သစ္စာလေးပါးပဲဗျာ ဘယ်သစ္စာဖြစ်ဖြစ် အတူတူပေါ့လို့ ယူဆချင် ယူဆကြမှာပါ – ယူဆပါ ဒါကတော့ တူမှာမဟုတ်ဘူး။ စာရေးသူကိုယ်တိုင်ကို တစ်ချိန်နဲ့ တစ်ချိန်တူချင်မှ တူမှာ။ အခုတစ်လောတော့ ဒုက္ခသစ္စာကို ၀င်စားရတာ အကောင်းဆုံးလို ဖြစ်နေပါတယ် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 18

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁၈) စာရေးသူနှင့်ပတ်သက်လို့ စာရေးသူမှာ အတွေ့အကြုံ အထူးအဆန်းတွေ တော်တော်များများရှိပါတယ်။ တစ်ချို့တော့ ရေးဖြစ်တယ်၊ တစ်ချို့လည်း မရေးဖြစ်ပါဘူး။ ယုံဖို့ကတော့ ခက်နိုင်ပါတယ်။ ဒါပေမယ့် အမှန်အကန် ဖြစ်ရပ်မို့ ရေးလိုက်ပါသေးတယ် – တစ်နေ့သောအခါမှာ (နားနဲ့မနာ) ကျွန်တော် အိမ်သာတက်နေတာ အိမ်သာတက်တိုင်းတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီတစ်ခါ အိမ်သာတက်တော့ ကျွန်တော် ရုပ်နာမ်ကို “သုဒ္ဓ သင်္ခါရ ပုဉ္ဇ” ဆိုပြီးတော့ ၀င်စားကြည့်လိုက်တယ်။ သဘောကတော့ ဖြစ်ပျက်နေတဲ့ အစုအဝေးကြီးလို့ စင်စင်ကြယ်ကြယ် မြင်လိုက်တဲ့သဘော … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 17

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁၇) စာရေးသူနှင့်ပတ်သက်လို့ သန့်စင်သောသီလ စာရေးသူနဲ့ ပတ်သက်လို့ သန့်စင်သောသီလ ဆိုတာကို တော်တော်စောစောကပင် ကျင့်သုံး ဆောက်တည်ခဲ့ပါတယ်။ စာရေးသူတို့ တည်ဆောက်တယ် ဆိုတာကတော့ ဘယ်ရက်မှာသီလယူထားလို့၊ ဥပုဒ်စောင့်လို့ စောင့်စည်းတယ် ဆိုတဲ့ပုံစံမျိုးတော့ မဟုတ်ဘူး။ ဒီကိစ္စတွေဟာ မိမိရဲ့အောင်မြင်ခြင်းအတွက် အနှောက်အယှက် ဖြစ်မယ်၊ ကျဆုံးစေမယ် ဆိုတဲ့သဘောတွေကို ယူလို့ ဒီကိစ္စတွေကို မလုပ်တဲ့ သီလမျိုးပါပဲ။ ဒါကြောင့် ထာဝရ သီလလို့ ပြောရင်လည်း ရပါတယ်။ မသေမချင်းစောင့်ရတဲ့ သီလတွေပါ။ တစ်ရက်နှစ်ရက် စောင့်လို့တော့ မရဘူး။ … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 16

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁၆) အရိယာတို့၏အရည်အချင်းများ အရိယာတို့၏ အရည်အချင်းများသည် ပင်ကိုအရည်အချင်းများ ဖြစ်သည်။ လုပ်ကြံ သတ်မှတ်ထားသောကြောင့် ရရှိသော အရည်အချင်းများ မဟုတ်ချေ။ ဥပမာ – သန့်စင်သောသီလ သန့်စင်သော သီလဆိုသည်မှာ အရိယာတို့၏ သီလသည် ရာသက်ပန်ဖြစ်သည်။ မသေမချင်း စောင့်စည်းသည်။ စောင့်စည်းသည် ဆိုရာ၌ အရိယာတို့က အကျိုးမဲ့ဖြစ်လို့ မလုပ်ဘူးဟု ဆုံးဖြတ်ပြီး ဆင်ခြင်စောင့်စည်းခြင်း ဖြစ်သည်။ သီလယူထားလို့ သီလမကျိုးပေါက်အောင် ယူတဲ့နေ့အတွက် စောင့်သည်ဆိုသည့်သဘော မဟုတ်ချေ။ ထာဝရသီလဖြစ်သည်။ ယင်းကား Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 15

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁၅) ဗုဒ္ဓဘာသာကအတွင်းလိုက် ဗုဒ္ဓဘာသာက အတွင်းလိုက် ဖြစ်ပါတယ်။ အမှန်တရားရှာဖွေတဲ့ နေရာမှာ ဗုဒ္ဓဘာသာတွေက အတွင်းလိုက်ပါ။ အတွင်းလိုက်ဆိုတာ ကိုယ့်ရဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ ခေါ်တဲ့ ပပဉ္စတရားတွေကို ကုန်အောင် သတ်တာပါပဲ။ ကိုယ့်ခန္ဓာမှာ ရှိနေတဲ့ လွဲမှားတဲ့ အယူအဆတွေကို ကိုယ့်ဖာသာကိုယ် မြတ်စွာဘုရား အဆိုအဆုံးအမအတိုင်း ပယ်လိုက်တာပါပဲ။ ဒီတော့ အတွင်းလိုက်ပေါ့ — အပြင်လိုက် မဟုတ်ဘူး။ သိပ္ပံကတော့ အပြင်လိုက်ပဲ အပြင်မှာရှိနေတဲ့ စကြ၀ဋ္ဌာ Tags: Buddhism and … Continue reading

Posted in Buddhism & Science | Tagged , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 14

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁၄) မသေချာခြင်း သိပ္ပံရဲ့ ဥပဒေသတစ်ခုမှာ မသေချာခြင်းနိယာမဆိုတာ ရှိပါတယ်။ တော်တော်များများလည်း သိရှိလက်ခံထားကြတာပါ။ (Principle of Indeterminacy) လို့ သူတို့သုံးကြတယ်။ သိပ္ပံပညာရှင် ဟိုက်ဇင်ဘတ်က ဖော်ခဲ့တာပါ။ မသေချာခြင်းဆိုတာ အသေးစိပ်မသေချာခြင်းကို ပြောတာပါ။ တော်အသင့်တော့ Tags: Buddhism and Science, Myanmar Posts, ဗုဒ္ဓဘာသာ, သိပ္ပံ

Posted in Buddhism & Science | Tagged , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 13

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁၃) သိပ္ပံပညာ သိပ္ပံပညာက အားလုံးသိပါတယ် တော်တော်ကောင်းပါတယ်။ သိပ္ပံပညာက စနစ်ရှိပါတယ် – (Systematization) ပေါ့။ နောက်ပြီး သိပ္ပံပညာက သူတို့ ကြိုတင်ပြော ဟောကိန်းထုတ်နိုင်တယ် – (Predictability) ဆိုတာ ရှိပါတယ်။ သိပ္ပံပညာက ဓမ္မဓိဌာန်ကျဖို့ ကြိုးစားတယ် – အဲဒါ (Objectivity) ဆိုတာရှိပါတယ်။ နောက် သိပ္ပံက အမှားအမှန်ကို အစစ်ဆေးခံရတယ်ဆိုတဲ့ Tags: Buddhism and Science, Myanmar Posts, နိဗ္ဗာန်

Posted in Buddhism | Tagged , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 12

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁၂) စာဖတ်ပရိသတ်အံသြစေနိုင်သောအချက်တစ်ချက် စာရေးသူ၌ စာဖတ်ပရိသတ် အံသြစေနိုင်တဲ့ အချက်ပေါင်းမြောက်မြားစွာ ရှိပါတယ်။ ဒါပေမယ့် မပြောဖြစ် မရေးဖြစ်ပါဘူး။ အခု ဒီတစ်ချက်ကိုတော့ ပြောဖြစ်ရေးဖြစ်ပြီ — အရိယာတွေက စိတ်ကိုသိပ်ဂရုမစိုက်ဘူး၊ ဉာဏ်ကိုပဲ ဂရုစိုက်တယ်။ အရိယာတွေအဖို့ စိတ်ကို ခေါက်ထားတဲ့ သဘောပါပဲ။ ဉာဏ်နဲ့ပဲ Tags: Buddhism, Myanmar Posts, နိဗ္ဗာန်

Posted in Buddhism | Tagged , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 11

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁၁) အရိယာများသည် ဆင်ခြင်နိုင်သဖြင့် အခါမလပ် ထိုးထွင်း၍ မျက်မှောက်ပြုနိုင်ကြသည်။ ဆင်ခြင်ရာ၌ အခါမလပ် ဆင်ခြင်ခြင်းဆိုသည်မှာ လွန်စွာ အဖိုးတန်သည်။ ပကတိတည်ငြိမ်ခြင်း ကဲ့သို့ပင် အဖိုးတန်သည်။ တည်ငြိမ်ခြင်းထက် ပကတိတည်ငြိမ်ခြင်းက ပို၍ တန်ဖိုးရှိသည်။ အရိယာများသည် ပကတိတည်ငြိမ်ရန် ကြိုးစားကြသည်။ အခါမလပ် ဆင်ခြင်နိုင်ရန် ကြိုးစားကြသည်။ အချို့တော့ အောင်မြင်ပုံရသည်၊ အချို့တော့ အခက်အခဲ ရှိနိုင်သည်။ အရိယာများ၌ ဆင်ခြင်သည်၊ ထိုးထွင်းသည်၊ မျက်မှောက်ပြုသည်၊ Tags: Buddhism, Myanmar Posts

Posted in Buddhism | Tagged , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 10

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁၀) အရိယာတို့သိမြင်ထားသောအကြောင်းအချက်(၄)ခု အရိယာတို့သည် ရုပ်နာမ်ကို ရုပ်နာမ်ဟု ရိုးသားစင်ကြယ်စွာ သိမြင်ကြသည်။ ထို့ကြောင့် ရုပ်နာမ်သည် ငါမဟုတ်ကြောင်း ပိုင်းခြားနားလည်ကြသည်။ အရိယာတို့သည် အကြောင်းခံလျှင် အကျိုးဖြစ်လိမ့်မည်ကို ကြိုတင်သိသဖြင့် သေဆုံးလောင်တုံး အယူကို ပယ်စွန့်ကြသည်။ အကြောင်းရှိနေသေးသမျှ အကျိုးများ ဖြစ်ပေါ်နေဦးမည်ကို ကောင်းစွာနားလည် Tags: Buddhism, Myanmar Posts

Posted in Buddhism | Tagged , | Leave a comment