Monthly Archives: March 2016

ထောက်တည်ရာရသွားပြီ

ထောက်တည်ရာရသွားပြီ    ရုပ်နာမ်ရှိထားတဲ့ လူသား အနိစ္စတစ်လုံးကြောင့် ထောက်တည်ရာ ရသွားတယ်။ ရုပ်နာမ်ဆိုကတည်းက ထောက်တည်ရာက အတော်ခက်တယ်။ ဒုက္ခတုံးကြီး မဟုတ်လား ??? သမုဒယ၊ တဏှာ သကြားကွပ်ထားလို့သာ ဒုက္ခကို ဒုက္ခမှန်း မသိကြတာ။ နောက်ဆုံးတော့ သူ့ရဲ့ အဖြစ်မှန်က ဒုက္ခပဲ။ ဒီဒုက္ခက လွတ်ဖို့ဆိုတာက သူ့ကို အနိစ္စတင်ဖို့ပဲ – မမြဲဘူးဆိုပြီး ထွက်ရတာ — အပျက်နဲ့ ထွက်ရတာပဲ။ အပျက်နဲ့ထွက်တဲ့အခါကျ ဒုက္ခအဆုံး ရောက်သွားရင်တော့ လွတ်မြောက်သွားတာပဲ။ ဒုက္ခအဆုံးရောက်အောင်တော့ အပျက်ကို ဇွဲနဲ့ရှုရမယ် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

စိတ်ဝင်စားစရာလောကုတ္တရာ

စိတ်ဝင်စားစရာလောကုတ္တရာ လောကုတ္တရာဆိုတာ လောက နဲ့ ဥတ္တရာ ပေါင်းထားတဲ့ သဘောပါပဲ။ လောကဆိုတာ ပျက်စီးတတ်တဲ့ အခြေအနေပေါ့။ ဥတ္တရာဆိုတာ လွန်မြောက်သွားတာ။ ဒီတော့ လောကုတ္တရာဆိုတာ ပျက်စီးတတ်တဲ့ အခြေအနေက လွန်မြောက်သွားတာပါပဲ။ အရေးကြီးတာနဲ့ လျှို့ဝှက်ချက်က လောကုတ္တရာ အကြောင်းကို အမှန်ထိုးထွင်း သိချင်ရင် ကိုယ်ကလည်း လောကုတ္တရာဖြစ်မှ ဖြစ်လိမ့်မယ်။ တကယ်လို့ ကိုယ်ကလောကီဖြစ်ပြီး လောကုတ္တရာအကြောင်းကို Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, ဗုဒ္ဓဘာသာ, မဂ်ဉာဏ် ဖိုလ်ဉာဏ်, လောကုတ္တရာ

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ စာကိုယ်ပိုင်း အခန်း(၀၁)

နိဗ္ဗာန်ကြီးတွေ့ပြီ စာကိုယ်ပိုင်း အခန်း(၀၁) နိဗ္ဗာန်ကြီးတွေ့ပြီဆိုတော့ ဗုဒ္ဓဘာသာ သူတော်စင်များ စိတ်ဝင်စားကြမှာပဲ။ ဟုတ်ပါစေလို့လည်း ဆုတောင်းနေကြမှာပေါ့ — စာရေးသူကတော့ သိတဲ့အတိုင်း ဟုတ်တာမှန်တာ ရေးလေ့ရှိတာပါပဲ။ အသက်ကလည်း (၇၈) နှစ်ဆိုတော့ တရားကျင့် လုပ်သက်ကလည်း (၅၀) ကျော်လာပြီ။ ဒီတော့လည်း မှန်တာကန်တာတွေ ရေးမယ်ဆိုရင် ရေးနိုင်လောက်ပါတယ်။ ဆရာကောင်း သမားကောင်းလည်း ဖူးတွေ့ထားတာကိုး။ နိဗ္ဗာန်ဆိုတာတော့ ဓာတ်ပါပဲ၊ အသင်္ခတဓာတ်၊ အနုတ္တရဓာတ်ဆိုတော့ အမြတ်ဆုံးဓာတ်နဲ့ ပြုပြင်စီရင်ခြင်းကင်းတဲ့ဓာတ်ပါပဲ။ ထူးခြားတာက Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

တကယ်ကျင့်ရင်တကယ်ဖြစ်တယ်

တကယ်ကျင့်ရင်တကယ်ဖြစ်တယ် ကျွန်တော် ဘယ်လိုရေးရမှာလည်းတော့ မသိဘူး – ဒါပေမယ့် ရေးမယ်လို့တော့ ဆုံးဖြတ်လိုက်ပြီ။ ကျွန်တော်တို့ ဒီသာသနာမှာ တကယ်ကျင့်ရင် တကယ်ဖြစ်တယ်ဆိုတာ လုံးဝပါပဲ။ ကျွန်တော့ မျက်စိရှေ့မှောက်တွင်ပဲ ဆရာကြီးတစ်ပါးပေါ့နော် (ဆရာကြီးစန်း) အသက် (၈၃) နှစ် (၈၄) နှစ် အ၀င်ပေါ့နော် – ဆုံးသွားတာ တရားပဲရှုသွားတာ။ တရားပဲရှုတဲ့အခါကျ ထူးထူးခြားခြား ကျွန်တော် နားလည်လိုက်တာတွေ တော်တော်ရှိတယ်။ “ဒီသာသာနမှာ တကယ်ပဋိပတ္တိကျင့်ရင် ရတယ်” ဆိုတာ ကျွန်တော်လုံးဝကို နားလည်လိုက်တယ်၊ အပြည့်အ၀ပဲပေါ့ —- ဒါ … Continue reading

Posted in Buddhism | Tagged , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၁၀)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၁၀) နိဗ္ဗာန်ကြီးမှာ ဘာရှိလည်းဆို တစ်ချို့က ဘာမှမရှိဘူးပြောတယ်။ ဘာမှမရှိဘူး ပြောတာကတော့ မှားပါတယ်။ တစ်ချို့ကလည်း “Nothingness” “No” စသဖြင့် အင်္ဂလိပ်လို ဘာသာပြန်ကြတာမှားပါတယ်။ နိဗ္ဗာန်မှာမရှိတာက (၃၁) ဘုံမှာ ရှိတာမျိုး မရှိတာဘဲ။ ဒါပေမယ့် နိဗ္ဗာန်မှာ ရှိတာတွေ အများကြီးရှိတယ် – ဓမ္မဒိန္ဓာကဆို “သမုဒ္ဒရာရေဟာ ငန်သောအရသာရှိသလို၊ နိဗ္ဗာန်မှာ လွတ်မြောက်သောအရသာ ရှိတယ်” လို့ အတိအလင်း ဟောမိန့်ထားတာပဲ။ နိဗ္ဗာန်မှာရှိတာပေါ့ – နိဗ္ဗာန်မှာ ချမ်းသာတယ်၊ လွတ်မြောက်တယ်၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment