Monthly Archives: February 2016

သိပ္ပံပညာရှင်တွေရဲ့သိပ္ပံနည်းမကျတဲ့ခံယူချက်

သိပ္ပံပညာရှင်တွေရဲ့သိပ္ပံနည်းမကျတဲ့ခံယူချက် နိဗ္ဗာန်ကြီးဟာ ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်အဆုံးပါပဲ။ အဆုံးရောက်တော့ ဒုက္ခငြိမ်းတာပေါ့။ ဒီနေရာမှာ စကားမစပ် ပြောရဦးမယ်၊ သိပ္ပံက အဆုံးမရှိချင်ဘူး။ သိပ္ပံက ဆုံးသွားမှာကို စိုးတယ်။ သူတို့ခံယူထားက  — “—- it is better to travel hopefully than to arrive..” “—- we reached the end of the line, the human spirit would shrivel and … Continue reading

Posted in Buddhism & Science | Tagged , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉) နိဗ္ဗာန်ကြီးက ကောင်းတော့ အရိယာတွေက ၀င်စားတော်မူကြတာပေါ့။ “နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတာ ရှိတယ်လေ။ နိဗ္ဗာန်သို့ ရဟန္တာများ လားတယ်၊ သက်ရောက်တယ်၊ စံမြန်းတယ်၊ ၀င်စားတယ်၊ မျက်မှောက်ပြုတယ်ဆိုတာ ရှိတယ်။ (၃၁) ဘုံမှာတောင်မှ ပူနေလို့ရှိရင် အဲယားကွန်းနဲ့ နေကြသေးတာပဲလေ — နိဗ္ဗာန်ဆိုတာကတော့ (၃၁) ဘုံနဲ့ ပတ်သက်လို့ရှိရင် တစ်ခြားစီပဲ။ နိဗ္ဗာန်က တအားကောင်းတော့ ၀င်စားတော် မူကြတာပေါ့ – ဒါကြောင့် ” နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၈)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၈) နိဗ္ဗာန်က နီးသလား ဝေးသလားလို့ တချို့ကလည်း စိတ်ဝင်စားကြတယ်။ နိဗ္ဗာန်နဲ့ ပတ်သက်လို့ကတော့ နိဗ္ဗာန်မှာ အနီးအဝေး မရှိပါဘူး။ ကိလေသာသတ်အား ကောင်းရင် နီးမှာပဲ၊ ကိလေသာ လက်ခံနေရင်လည်း ဝေးမှာပဲ၊ ဒီသဘောပါပဲ။ (၃၁) ဘုံမှာရှိနေတဲ့ သင်္ခတဓာတ်တွေနဲ့တော့ မတူဘူး။ နိဗ္ဗာန်က အသင်္ခတဓာတ်ဆိုတော့ နီးတာဝေးတာ မရှိဘူး။ နိဗ္ဗာန်မှာ သဏ္ဍန်နိမိတ်လည်း မရှိဘဲကိုး။ နိဗ္ဗာန်က ငြိမ်းငြိမ်တဲ့သဘောရှိတယ်။ မိမိရဲ့ ငြိမ်းငြိမ်တဲ့ သဘောကနေ မရွေ့လျောဘူး။ သဏ္ဍန်နိမိတ် ကင်းဆိတ်တယ်။ ဒါဟာ … Continue reading

Posted in Buddhism | Tagged , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၇)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၇) နိဗ္ဗာန်အကြောင်းကို ဘုရားအလောင်း သူတော်ကောင်းတွေ မျက်မှန်းဆတော်မူခဲ့ကြဖူးတယ်။ “ဒီမှာဘက်မှာ ဒုက္ခရှိရင် ဟိုမှာဘက်မှာ သုခရှိပေလိမ့်မယ်” “ဒီမှာဘက်မှာ မမြဲတာရှိရင် ဟိုမှာဘက်မှာ မြဲတာရှိပေလိမ့်မယ်” “ဒီမှာဘက်မှာ မပိုင်တာရှိရင် ဟိုမှာဘက်မှာ ပိုင်တဲ့သဘောရှိပေလိမ့်မယ်” လို့ အနုမာန မျက်မှန်းဆတော် မူကြတယ်။ ဒီလိုမျက်မှန်းဆတော်မူရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟ၊          တဏှာ၊ မာန၊ ဒိဋ္ဌိတရားတွေ လျော့နည်းအောင် ကြံဆောင်တော် မူကြတာပဲ။ နိဗ္ဗာန်ကတော့ မြတ်စွာဘုရား ဟောပြီးသားဆိုတော့ Tags: Buddhism, Myanmar Posts, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၆)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၆) နိဗ္ဗာန်ကြီးတွေ့ပြီဆိုတော့ စာဖတ်သူများကလည်း အသစ်အဆန်းကိုတော့ မျှော်ချင်လည်း မျှော်မိမှာပေါ့၊ မျှော်နိုင်ပါတယ်။ အသစ်အဆန်းကတော့ ပါမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ နိဗ္ဗာန်သွားတာ ရုပ်နာမ်နဲ့မှ မဟုတ်တာ၊ စိတ်ကူးယဉ်တာလည်း မဟုတ်ဘူးဆိုတော့၊ အခွံခွာချခဲ့ရတာကိုး။ အခွံခွာချခဲ့ရတဲ့ လုပ်ငန်းကိုတော့ လက်တွေ့ကျင့်တဲ့ ပုဂ္ဂိုလ်တွေကပိုသိပါတယ်။ ရှုပစ်ခဲ့ရတာပေါ့ — လက်ရှိအခွံကို စွန့်ခဲ့ရတာပေါ့။ စွန့်တယ်ဆိုတော့ စာရေးသူအဖို့ကတော့ အနိစ္စတွေ ရှုပါများတော့ ဥပဒေသအရ သိတဲ့အတိုင်း သူ့ကိုလက်မခံ၊ အားမပေးဘူးဆိုတော့ မတိုးတက်ဘူးလေ – ဆုတ်ယုတ်ပြီး မှေးမှိန်သွားတာပေါ့။ သူ့ကိုလက်ခံ အားပေးရင် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၅)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၅) နိဗ္ဗာန်အကြောင်း သိချင်သော စာဖတ်ပရိသတ်များ သိရမှာပါ၊ ၀မ်းပန်းတသာ သိရမယ် နိဗ္ဗာန်ကတော့ လူပြောနည်းတယ်လေ။ လူပြောနည်းတာက သဘာဝကျပါတယ်။ တစ်ဖက်ကလည်း သိပ်မသိကြဘူးပေါ့။ တစ်ဖက်ကလည်း မှားမှာစိုးတယ်ပေါ့။ တစ်ဖက်ကလည်း ပညတ်ချက်တွေ ရှိနေတော့ မရဲဘူးပေါ့။ ဒါကလည်း သဘာဝကျတယ်လို့ ပြောရမှာပါ။ ဒီအခါမှာ စာဖတ်ပရိသတ်ကြီးက သိချင်တော့ အာသာဆန္ဒရှိတာပေါ့ — စာရေးသူကလည်း ရေးတတ်၊ ပြောတတ်၊ သိတတ်တော့ အဆင်ပြေပါတယ်။ နိဗ္ဗာန်ဆိုတာ အမှန်ကတော့ ၀င်စားစရာ ဓာတ်ကြီးပါပဲ။ ဓာတ်ကို ရှင်းအောင် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၄)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၄) နိဗ္ဗာန်အကြောင်းကို စာဖတ်သူများ စိတ်ဝင်စားတယ်ဆိုတော့ သာဓုခေါ်စွာ၊ပျော်ရွှင်စွာ ရေးသားပေးနေပါတယ်။ ဗုဒ္ဓဘာသာဆိုတော့ နိဗ္ဗာန်ကို စိတ်ဝင်စားရမှာပေါ့ — ဒါဟာ ချီးကျူးစရာ ဂုဏ်ရည်ပဲ။ ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ပဲလေ။ နိဗ္ဗာန်ကို အဝေးကမျှော်ကြည့် အနီးကကပ်ကြည့် ခံစားဝင်စားကြည့် အမျိုးမျိုး နိဗ္ဗာန်ကို မွမ်းကြရတာ နိဗ္ဗာန်ဆိုတာကိုက နိဝါနပဲ တဏှာလွန်ရာဆိုတော့ စကိုင်လိုက်ကတည်းက အတော့်ကို အရသာရှိတာပဲ။ လူတွေ သွားရည်တမျှားမျှားနဲ့ ကြိုက်နေတဲ့ တဏှာကို ကျော်လွန်မယ်ဟေ့ဆိုတာ အတော်ကောင်းတဲ့ အာဇာနည်တို့ရဲ့ ကြုံးဝါးသံပါပဲ။ “တဏှာနိရောဓေါ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း ၃

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၃) နိဗ္ဗာန်ကို နိ နဲ့ ၀ါန ပေါင်းစပ်ထားသည်ဟု အဆိုရှိသည်။ နိ ဆိုသည်မှာ မရှိခြင်း ဖြစ်သည်။ ၀ါဏ ဆိုသည်မှာ တဏှာ ဖြစ်သည်။ နိဗ္ဗာန်၌ တဏှာမရှိချေ။ ထို့ကြောင့် နိဗ္ဗာန်နှင့် နီးစပ်လိုလျှင် တဏှာကို အားပေး၍ မဖြစ်ချေ။ တဏှာလျှော့စေရမည်။ အနိစ္စလက္ခဏာ ရှုသတ်ခြင်းသည် တဏှာကို လျှော့ရာ၌ ကြီးစွာ အထောက်အပံ့ ဖြစ်သည်။ အနိစ္စလက္ခဏာ ရှုခြင်းသာလျှင် နိဗ္ဗာန်သွားရာ လမ်းအတွက် အဓိက ကျသည်ဟု ခံယူထားသည်။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း ၂

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၂) နိဗ္ဗာန်ကိုတွေ့ပြီဆိုတော့ နိဗ္ဗာန်ဟုတ်ရဲ့လားလို့ ၀င်စားစရာ ရှိကောင်းရှိမယ်။ အဲဒီလိုဝင်စားရင်လည်း ကိုယ်တိုင် ကျင့်ကြည့်ပေါ့။ ကိုယ်တိုင်မကျင့်ဘဲနဲ့တော့ သူများက ကိုယ်တိုင် ကျင့်ထားလို့ တွေ့တာကို ငြင်းနေတော့ ဒါကတော့ သဘာဝ မရှိဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်သိတာတွေ အများကြီးပဲ။ သဘောတရားအသိ သိရုံနဲ့ မလုံလောက်တာတွေ အများကြီးပဲ။ လက်တွေ့ ကျင့်တဲ့အခါ သဘောတရား အသိထဲမှာ မပါတာတွေ ရှိတယ်ဆိုတာ လက်တွေ့ ကျင့်သူတိုင်း သိပါတယ်။ လက်တွေ့ကျင်တော့မှ လက်တွေ့ သိတာပါ။ ဒီတော့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၁)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၁) နိဗ္ဗာန်ဆိုတာ ရှိတဲ့တရားပါ ဒါဗုဒ္ဓဘာသာတွေက လက်ခံပြီးသားပါပဲ။ နိရောဓော အတ္ထိဆိုတာ နိဗ္ဗာန်က ရှိတာပဲ။ ရှိပေမယ့် ရှိတိုင်းမသိဘူး။ ဒါလည်း စာဖတ်ပရိတ်သတ်ကြီး သိပါတယ်။ ရှိတဲ့တရားနဲ့ သိတဲ့တရားက မတူဘူး။ ရှိတိုင်းလည်း သိတာမဟုတ်ဘူး။ ကိုယ်က ရှိတယ်လို့ သိနေပေမယ့်လည်း သိတိုင်းလည်း ဟိုမှာတကယ်မရှိဘူး ပျောက်ပျက်ရင် ပျောက်ပျက်နေတာ။ ဒီတော့ နိဗ္ဗာန်ကတော့ တကယ်ရှိတဲ့တရား လူတွေက မတွေ့သေးလို့။ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရသေးလို့၊ အရိယာမဖြစ်သေးလို့ မတွေ့သေးတာပါ။ အရိယာဖြစ်ပြီဆို တွေ့ပြီပေါ့။ ဒီတော့ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

သိပ္ပံပညာရှင်စတီဖင်ဟော့ကင်းခေါင်းမာခြင်း

ဟော့ကင်းကို သူငယ်ချင်းတွေ အများအပြား သမီးငယ် အပါအ၀င် ခေါင်းမာသည်ဟု ပြောကြသည်၊ သတ်မှတ်ကြသည်။ ဟော့ကင်း ကတော့မူ ခေါင်းမာသည် မဟုတ်ကြောင်း အယူအဆ ခိုင်မာကြောင်းကို ပြန်လည်ဖြေရှင်းသည်။ အခြေအနေကြည့်ရသည်မှာ ဟော့ကင်းသည် အရာရာ၏ အရင်းအမြစ်ကို သိမြင်ပုံရသည်။ ထိုအခါ အရင်းအမြစ်ကို မပြောဘဲ အသွင်သဏ္ဍန် အပရိက အပေါ်ယံကို Tags: Myanmar Posts, ဟော့ကင်း

Posted in Frontpage | Tagged , | Leave a comment

အောင်မြင်သူ

အောင်မြင်သူ   အောင်မြင်သူဆိုတာကတော့ ကိုယ့်ကိုယ်ကို ကျေနပ်နေမှာ အမှန်ပဲ။ သူအောင်မြင်ကြောင်း သူဖာသာသိတော့ သူကျေနပ်နေမှာပဲ။ ကိုယ့်ကိုယ်ကို ကျေနပ်တဲ့ ပုဂ္ဂိုလ်ဟာ ပတ်ဝန်းကျင်ကို ရန်ရှာဖို့ကနည်းနည်းခက်တယ်။ ပတ်ဝန်းကျင်ကို သိပ်လည်း စိတ်မ၀င်စားနိုင်ဘူး။ သူကသူ့အောင်မြင်ခြင်းနဲ့သူပဲ နှလုံးပိုက်နေဖို့များတယ်။ ဒါကြောင့် အောင်မြင်သူ ဖြစ်ခြင်းဟာ အတော်လည်း အေးဆေးပြီးငြိမ်းချမ်းတဲ့ သဘောပါပဲ။ အောင်မြင်အောင်လည်း တော်တော်ဖြတ်သန်းပြီးတော့ စွမ်းဆောင်ခဲ့ရမှာပဲ။ လူဟာ အမြဲတမ်းအောင်မြင်သူ ဖြစ်နေတာမှ မဟုတ်တာ။ ဒီတော့ အောင်မြင်သူ ဖြစ်ဖို့ဆိုရင် သူလည်း ရင်းနှီးရမယ်၊ ကြိုးစားခဲ့ရမယ်၊ ရုန်းကန်ခဲ့ရမယ်၊ ဖြတ်သန်းခဲ့ရမယ် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ပါဠိစကားလုံးလေးများနှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်

ပါဠိစကားလုံးလေးများနှင့်အဓိပ္ပာယ်ဖွင့်ဆိုချက် ပါဠိစကားလုံးလေးများသည် အဓိပ္ပာယ် ဖွင့်ဆိုတတ်သောအခါ လွန်စွာ နှစ်သက်ဖွယ် ကောင်းသည်။ ယခု စာရေးသူကိုယ်တိုင် စကားလုံးအချို့ကို အဓိပ္ပာယ်ဖွင့်ဆိုပေးပါမည်။ မကြာမီက တင်ပြခဲ့သော တဏှာသည် ဒုက္ခဖြစ်သည်ဟု တင်ပြခဲ့ရာ အချို့ကလည်း လှိုက်လှိုက်လှဲလှဲ ထောက်ခံကြပါသည်။ အချို့ကလည်း အလွယ်တကူ လက်မခံလိုဘဲ စဉ်းစားနေသူများ ရှိနိုင်ပါသည်။ ထိုပုဂ္ဂိုလ်များအတွက် ပါဠိစကားလုံးလေးများနှင့် ဆက်စပ်ကာ အဓိပ္ပာယ် ဖွင့်ဆိုပေးပါမည်။ တဏှာသည် ဒုက္ခဟု ဖွင့်ဆိုရာ လက်မခံလျှင် ဥစ္ဆေဒဒိဌိ ဖြစ်သွားနိုင်သည်။ အဘယ့်ကြောင်ဆိုသော် တွဲလျှက်ရှိသော အကြောင်းအကျိုးအား ကွက်၍လက်ခံသောကြောင့် ဥစ္ဆေဒဒိဌိ … Continue reading

Posted in Buddhism | Tagged , | Leave a comment

သိခြင်းသုံးမျိုး

သိခြင်းသုံးမျိုး   ၁) ပထမအသိမှာ တဏှာသည် ဒုက္ခဖြစ်ကြောင်းပင် ဖြစ်သည်။ သင်္ချာဥပဒေသနှင့်ပြောရလျှင် ( တဏှာ = ဒုက္ခ ) ဖြစ်သည်။ ယင်းသည် ဥပဒေသဖြစ်၍ ပြုပြင်ပြောင်းလဲ၍ မရပါ။ ပြုပြင်ပြောင်းလဲ၍ မရသော သဘာဝ ဥပဒေသကြီးပင် ဖြစ်ပါတယ်။ မိမိက ဒုက္ခကို လိုချင်သလား၊ မလိုချင်ဘူးလား။ ဒုက္ခကို မလိုချင်လျှင် တဏှာကုန်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက ဥပဒေသပါ။ ၂) ဒုတိယသိခြင်းဆိုင်ရာ ဥပဒေသကတော့ “စုမိမှထုတ်သုံးနိုင်မယ်” Tags: Buddhism

Posted in Buddhism | Tagged | Leave a comment

သိပ္ပံပညာရှင်စတီဖင်ဟော့ကင်းနှင့်အင်တာဗျူး

သိပ္ပံပညာရှင်စတီဖင်ဟော့ကင်းနှင့်အင်တာဗျူး Stephen Hawking နှင့် Sue တို့သည် 1992 ခုနှစ်က အင်တာဗျူးခဲ့ဖူးသည်။ ယခု (၂၃)နှစ် အကြာ         ၄င်းတို့သည် ဒုတိယအကြိမ် အင်တာဗျူးကြသည်။ ပထမအကြိမ် အင်တာဗျူးတုန်းကလည်း အောင်မြင်သည်။ သို့သော် ယခုလောက် မညက်ညောဟု သုံးသပ်လျှင် သုံးသပ်နိုင်သည်။ ပထမအကြိမ်က ထောင့်တတောင့်တောင့်များ ရှိသည်၊ မညက်ညောချေ – ယခုတစ်ခါ ညက်ညောသည်။ ပထမအကြိမ်တုန်းက Sue: ဆရာကြီးအဖေက ပညာတတ်ကြီးပဲ သချာင်္တွေဘာတွေ ဆရာ့ကို သင်မပေးဘူးလား ဟုမေးသောအခါ။ Hawking: သင်ပေးပါတယ်။ … Continue reading

Posted in Buddhism & Science | Tagged , , | Leave a comment