Monthly Archives: December 2015

ကျင့်ရင်ရတယ်၊ လုပ်ရင်ရတယ်

ကျင့်ရင်ရတယ်၊ လုပ်ရင်ရတယ် လူငယ်လူရွယ်တော်တော်များများက ကျင့်ရင်ရတယ်၊ လုပ်ရင်ရတယ်၊ ကျင့်မှရမယ်ဆိုပြီး ယုံကြည်ချက်တွေ ပြင်းထန်လာတယ်။ ပွင့်အံလာတယ်။ အင်မတန်ကောင်းတဲ့ ခေတ်သမယလိုဖြစ်ပြီးတော့ ကြိုဆိုရမှာဖြစ်ပါတယ်။ အနုပညာပဲလိုက်လိုက်၊ ကွန်ပျူတာလိုင်းပဲလိုက်လိုက်၊  အားကစားလိုင်းပဲလိုက်လိုက်၊ ပညာရေးပဲလိုက်လိုက် ကြိုးစားရင်ဖြစ်တာပဲ၊ ကျင့်ရင်ဖြစ်တာပဲ ဆိုတဲ့ယုံကြည်ချက်က တော်တော်လေး  ပီပီပြင်ပြင် တည်ဆောက်လာနိုင်ကြတယ်။ Tags: ကျင့်မှရမည်, ဒဿန, ဗုဒ္ဓဘာသာ

Posted in Buddhism | Tagged , , | Leave a comment

လုပ်ရင်ရတယ်ဆိုတဲ့ဒဿန

လုပ်ရင်ရတယ်ဆိုတဲ့ဒဿန ယခုခေတ်လူငယ် လူလတ်ပိုင်းတွေမှာ လုပ်ရင်ရတယ်၊ ကျင့်ရင်ဖြစ်တယ် ဆိုတဲ့ ဒဿနဟာ တော်တော် ပျံ့နှံ့နေတယ်။ အင်မတန်ကောင်းတဲ့ ဒဿနအမြင်ပဲ ဖြစ်ပါတယ်။ ကြိုးစားရင် ဖြစ်တာပဲ – ကိုယ်ကြိုးစားချင်ရာလိုင်းကို ကိုယ်ကြိုးစားဖို့ပဲ အရေးကြီးတယ်။ လက်တွေ့လုပ်ဖို့ အရေးကြီးတယ်။ ဟောင်ဖွာ ဟောင်ဖွာနဲ့ လေအောနေလို့တော့ ဘာမှ အရေးမကြီးဘူး။ တကယ်ကျင့်ကြံရင် တကယ်အလုပ်လုပ်ရင် တကယ်ဖြစ်တယ်ဆိုတာ အခုယုံကုန်ကြပြီ။ ဘာမဆိုရတယ် – အားကစား အာကစားမို့၊ ကွန်ပြူတာ ကွန်ပြူတာမို့ — Tags: ဒဿန

Posted in Frontpage | Tagged | Leave a comment

နိဗ္ဗာန်ကိုမျက်မှောက်ပြုသောအခါ

နိဗ္ဗာန်ကိုမျက်မှောက်ပြုသောအခါ စာရေးသူနိဗ္ဗာန်ဟုနားလည်ထားသော ဓာတ်ကြီးကို မျက်မှောက်ပြုသောအခါ ချမ်းသာကြောင်းကို ကိုယ်တိုင်သိရသည်။ ချမ်းသာသည် ဆိုသည်မှာ ရုပ်နာမ်ချမ်းသာ မဟုတ်၍ ဉာဏ်ချမ်းသာဖြစ်ကြောင်း ယောဂီများ အသိဖြစ်ပါသည်။ ရုပ်နာမ် ချုပ်ပြီးမှ နိဗ္ဗာန်စံရခြင်းဖြစ်ပါသည်။ “နိဗ္ဗာနံ ပရမံ သုခံ” ဟူသောစကားရှိသည် – ယောဂီများသိပါသည်။ နိဗ္ဗာန် မြတ်သောချမ်းသာမှု ရှိသည်ဟု အဖွင့်ရှိသည်။ အချို့က ကြောက်လန့်၍ ချမ်းသာသည် ဆိုသည်ကို မပြောရဲချေ။ နိဗ္ဗာန်ချမ်းသာသည်ကို ချမ်းသာသည်ဟု ပြောရဲရမည်။ သို့သော် လောကုတ္တရာချမ်းသာဖြစ်သည်။ လောကီချမ်းသာ မဟုတ်ချေ။ အမှန်ကတော့ အနိစ္စရှုခြင်းပင် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

သတိပဌာန်လေးပါးကျင့်သုံးခြင်းခြင့်နိဗ္ဗာန်စံခြင်း

သတိပဌာန်လေးပါးကျင့်သုံးခြင်းခြင့်နိဗ္ဗာန်စံခြင်း နိဗ္ဗာန်သွားရာ လမ်းခရီးမှာ ၀ိပဿနာ ကျင့်စဉ်ပင် ဖြစ်သည်။ ၀ိပဿနာ၌ သတိပဌာန် လေးမျိုး ကာယနုပဿနာ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာ ဟူ၍လေးမျိုးရှိရာ ကိုယ်ကြိုက်သည့်နည်းနှင့် ကိုယ်ကြိုက်သလို ကျင့်ပြီး နိဗ္ဗာန်သွားကြခြင်း ဖြစ်သည်။ အဓိကအားဖြင့်တော့ ဓမ္မာနုပဿနာသည် လွန်စွာ သိမ်မွေ့သဖြင့် Tags: Buddhism, Myanmar Posts, ဓမ္မာနုပဿနာ, နိဗ္ဗာန်

Posted in Buddhism | Tagged , , , | Leave a comment

လောကုတ္တရာလိုင်းကသစ္စာရှိရမယ်

လောကုတ္တရာလိုင်းမှာ လိုက်တဲ့အခါကျ သစ္စာရှိဖို့လိုတယ်။ သစ္စာမရှိဘဲ ဟိတ်လုံး ဟန်လုံးနဲ့ ဟောင်ဖွာ ဟောင်ဖွာ လူကြားကောင်းအောင် ပြောရုံနဲ့ သစ္စာနဲ့က တစ်ခြားစီပါ။ သစ္စာတရားကို မှန်မှန်ကန်ကန်လိုက်မှ မှန်မှန်ကန်ကန်ဖြစ်မယ်။ (Take what you want but pay for it.) ဆိုတဲ့ စကားမျိုးလိုပဲ – သာသနာနဲ့ ပတ်သက်လို့ တာဝန်သိသိ သစ္စာရှိရှိ စကား ပြောနိုင်အောင် ကြိုးစားရင် ပြောပါ – ဒါပေမယ့် ပေးဆပ်ပြီး လေ့လာရမယ်။ ကိုယ်က ပေါက်ပေါက်မြောက်မြောက် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဗုဒ္ဓဘာသာပရိသတ်ကိုလေးစားရမယ်

ဗုဒ္ဓဘာသာပရိသတ်ကိုလေးစားရမယ် ဗုဒ္ဓဘာသာကို ဟောပြောတင်ပြတဲ့အခါ ဗုဒ္ဓဘာသာ ပရိသတ်ကို လေးစားရမယ်။ အမှန်အကန်ကိုလည်း ပြောတတ်ဖို့ ကြိုးစားထားသင့်တယ်။ မတောက်တစ်ခေါက် လေ့လာပြီးတဲ့နောက် ထင်မိထင်ရာ မှန်းသမ်းပြီးတော့ ပြောတာမျိုး မဖြစ်သင့်ဘူး။ ပရိသတ်တွေ ရေလိုက်လွဲသွားမှာ စိုးရိမ်ရတယ်။ မသိရင် မသိတာကို မပြောနဲ့ပေါ့ – ကိုယ်သိတာပဲ ကိုယ်ပြောပေါ့။ မသိတာပါ မှန်းတုတ် ရမ်းတုတ်ချတဲ့ အခါကျတော့ လိုက်နာတဲ့ ပရိသတ်က အမှားတွေ ယူသွားတဲ့ အခါကျ သိပ်နစ်နာတယ်။ ဥပမာ — ဘာသာတိုင်းဟာ အတူတူ တို့၊ တရားရှာထောင်မှာတွေ့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာတွင်သတိပဌာန်လေးမျိုးသာရှိသည်

ဗုဒ္ဓဘာသာတွင်သတိပဌာန်လေးမျိုးသာရှိသည် ဗုဒ္ဓဘာသာ အဆိုအဆုံးအမ၌ တရားအားထုတ်နည်း သတိပဌာန် လေးမျိုးသာရှိသည်။ ကာယနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ဟူ၍ ဖြစ်သည်။ ကာယနုပဿနာ ရှုချင်လျှင် ကာယလှုပ်ရှားမှု အပေါ် လက္ခဏာရေး Tags: Buddhism, Myanmar Posts, ဗုဒ္ဓဘာသာ, သတိပဌာန်, မြတ်စွာဘုရား, နုပဿနာ လေးမျိုး

Posted in Buddhism | Tagged , , , , , | Leave a comment

ဗုဒ္ဓဘာသာ၏အနှစ်သာရ

ဗုဒ္ဓဘာသာ၏အနှစ်သာရ ဗုဒ္ဓဘာသာ၌ အနှစ်သာရရှိသည်။ အဆင့်အမြင့်ဆုံးသော အနှစ်သာရထဲတွင် နိဗ္ဗာန်ပါသည်။ နိဗ္ဗာန်သည် နှစ်မျိုးရှိသည်။ သဥပါဒိသေသနိဗ္ဗာန် – ခန္ဓာအကြွင်းအကျန်ရှိလျက် ၀င်စားသော နိဗ္ဗာန် နှင့် အနုပါဒိသေသနိဗ္ဗာန် – ခန္ဓာအကြွင်းအကျန်မရှိသော စံဝင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ အဓိကအားဖြင့် အနုပါဒိသေသနိဗ္ဗာန်ကို နားလည်အောင် ကြိုးစားနိုင်လျှင် ဗုဒ္ဓဘာသာ လွန်စွာအဆင့်မြင့်နိုင်သည်။ သို့သော် မှန်မှန်ကန်ကန် ကြိုးစားဖို့လိုသည်။ အမှားအယွင်း Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, ဗုဒ္ဓဘာသာ

Posted in Buddhism | Tagged , , , | Leave a comment

ရွာနာတယ်

ရွာနာတယ်   ရွာနာတယ်ဆိုတာလည်း တကယ်တော့ လူကြားကောင်းအောင် ပြောတာပါ။ တကယ်တော့ သာသနာ နာတယ်။ ဘာကြောင့်လည်းဆိုတော့ အင်မတန် မွန်မြတ်တဲ့ သာသနာကို တန်ဖိုးမထားတတ်အောင် ဆောင်ရွက်နေကြတာတွေဟာ တကယ်တော့ ကိုယ့်ဘာသာကိုယ် နိမ့်ကျအောင် လုပ်တာနဲ့ အတူတူလိုဖြစ်နေတယ်။ ကိုယ့်ဘာသာကို တန်ဖိုးရှိအောင်လုပ်ရမယ်။ တန်ဖိုးကိုရော သိရဲ့လား မသိဘူး။ ကိုယ်တိုင် နိဗ္ဗာန်ရော မြင်ဖူးပြီးပြီလား မသိဘူး။ ကိုယ်တိုင် ရဟန္တာတွေရဲ့ နှလုံးသွင်းပုံ ကြည်ညိုဖွယ်ရာ Tags: Buddhism, Myanmar Posts, ဆရာကောင်း, နိဗ္ဗာန်, ဗုဒ္ဓဘာသာ, … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဗုဒ္ဓဘာသာတရားသည်ကျင့်လျှင်တန်ခိုးရှိသည်

ဗုဒ္ဓဘာသာတရားသည်ကျင့်လျှင်တန်ခိုးရှိသည် ဗုဒ္ဓဘာသာ၌ တရားကျင့်လျှင် ကျင့်သလောက် တန်ခိုးထွက်လာသည်။ များများကျင့်လျှင် များများထွက်သည်၊ နည်းနည်းကျင့်လျှင် နည်းနည်းထွက်သည်။ တရားများများကျင့်သောအခါ တရားတန်ခိုးတော်ကြောင့် အချို့အခက်အခဲများ ပြေလည်နိုင်သည်။ စာရေးသူသည် ကိုယ်တွေ့ဖြစ်သောကြောင့် ဤသတင်းကို ပေးခြင်းဖြစ်သည်။ တရားများများကျင့်လျှင် များများအစွမ်းရှိလာ၍ ပြဿနာတော်တော်များများကို ကောင်းစွာ ပြေပြေလည်လည် ဖြေရှင်းနိုင်သည်။ ထို့ကြောင့် တရားကျင့်ခြင်းသည် လွန်စွာမှ တန်ဖိုးရှိသည်။ ယောဂီများ တရားကျင့်နေ၍ အထူးဝမ်းသာ သာဓုခေါ်ပါသည်။ တော်တော်များများ တရားကို မကျင့်ဖြစ်ကြ၊ တရားကို အားမထုတ်ဖြစ်ကြ၊ နေ့စဉ်လောကီ ကိစ္စနှင့်သာ Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

တရားမှာလက်တွေ့မကျင့်လျှင် —

တရားမှာလက်တွေ့မကျင့်လျှင် — ယောဂီများ တရားမှာ လက်တွေ့မကျင့်နိုင်ရင် စိတ်ကူးယဉ်တဲ့ဘက် ရောက်တတ်တယ်။ တရားဆိုတာလက်တွေ့ကျင့်ဖို့ပါပဲ။ အရာရာဟာ သဘောတရားနဲ့ လက်တွေ့ ယှဉ်တွဲနေကြတာ။ သဘောတရားသက်သက်ဆိုရင် ခေါင်းပွကြီးဖြစ်တတ်တယ်။ ဒါကြောင့် လက်တွေ့ကျင့်ကြံ အားထုတ်မှုဟာ လိုအပ်ကြောင်း ဖော်ပြနေရခြင်း ဖြစ်ပါတယ်။ လက်တွေ့ကျင့်မှလည်း ထိရောက်ပါတယ်။ လက်တွေ့ မကျင့်နိုင်တဲ့အခါကျ စိတ်ကူးယဉ်ပြီးတဲ့နောက် ထင်မိထင်ရာ အမှန်နဲ့ ဝေးသွားတတ်တယ်။ လက်တွေ့ကျင့်တဲ့ ပုဂ္ဂိုလ်ကသာ ကျင့်ခြင်းကြောင့် ရတဲ့အမြတ်တွေ Tags: Buddhism, Myanmar Posts, ဗုဒ္ဓဘာသာ

Posted in Buddhism | Tagged , , | Leave a comment

တရားကျင့်လျှင်သိမ့်မွေ့နိုင်သည်

တရားကျင့်လျှင်သိမ့်မွေ့နိုင်သည် တရားသည် ကျင့်ရန်ဖြစ်သည်။ ကျင့်သောအခါမှ ရသောအသိပညာကို ကျင့်သောအခါမှသာ ရသည်။ ဆရာကောင်းရှိရန်နှင့် လက်တွေ့ကျင့်ရန် လွန်စွာအရေးကြီးသည်။ လက်တွေ့ကျင့်သုံးမှု မရှိလျှင် စိတ်ကူးယဉ်ဘက်သို့ ယိုင်တတ်သည်။ လက်တွေ့ကျင့်သောအခါ သိမ်မွေ့သည်၊ နူးညံ့သည်၊ မြော်မြင်ဆင်ခြင်သည်၊ အကျိုးကိုဆောင်သည်။ လက်တွေ့မကျင့်နိုင်လျှင် လက်တွေ့ကျင့်သောအခါမှ သိသောအသိများ မသိနိုင် မာနရှိလာတတ်သည်၊ ဘ၀င်မြင့်လာတတ်သည်၊ ခြေဖျားထောက်လာတတ်သည်၊ မာန်ထန်လာတတ်သည် – ထိုအခါ အရုပ်ဆိုးသည်၊ လွန်စွာ အရုပ်ဆိုးသည်။ ငါသိ၊ ငါတတ်၊ ငါမြတ် ဖြစ်လာသည်။ ထိုအခါ တရားသဘောနှင့် ဆန့်ကျင်ဘက် ဖြစ်သွားသည်။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ကြည်ညိုဖွယ်ရာသူတော်ကောင်းများ

ကြည်ညိုဖွယ်ရာသူတော်ကောင်းများ ဗုဒ္ဓဘာသာ၌ ကြည်ညိုဖွယ်ရာ သူတော်ကောင်းများရှိသည်။ အထူးသဖြင့်အရိယာ သူတော်ကောင်းများသည် လွန်စွာကြည်ညိုဖွယ်ရာ ကောင်းသည်။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစွာ တရားဝင်စားလေ့ရှိကြသည်။”နိဗ္ဗာနံ အရဟတ္တောဂတိ”  ဆိုသော စကားလည်းရှိသည်။ နိဗ္ဗာန်သို့ ရဟန္တာများ သက်ရောက်၏၊ လား၏၊ စံမြန်း၏ ဆိုသော အဆိုအမိန့်ဖြစ်သည်။ နိဗ္ဗာန်သည် ကောင်းသောကြောင့် အရိယာ သူတော်စင်များ မကြာခဏဆိုသလို မျက်မှောက်ပြုကြ ၀င်စားကြသည်။ နိဗ္ဗာန်သည် “နိဗ္ဗာနံ ပရမံ သုခံ” ဆိုသော စကားအတိုင်း မြင့်မြတ်သော ချမ်းသာခြင်း၏ တည်ရာဖြစ်သည်။ ထိုချမ်းသာခြင်းကို စံမြန်းတော် မူကြသော … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

မြတ်စွာဘုရားတရားတော်

မြတ်စွာဘုရားတရားတော် မြတ်စွာဘုရား တရားတော်က အင်မတန်စစ်မှန်လို့ အတိမ်းအစောင်းတော့ မခံဘူး။ ဒါကြောင့် တိမ်းစောင်းသွားရင်တော့ မိမိအနေနဲ့ ပြောတတ်တာလေးတွေ၊ ပြောနိုင်တာလေးတွေ ပြောဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဥပမာ — တရားအားထုတ်တယ်ဆိုတာ လက္ခဏာရေး မပါလို့ မရဘူး – ဒါကတော့ သတ်မှတ်ချက်ပဲ။ လက္ခဏာရေးအကြောင်း မပြောဘဲနဲ့ တရားအားထုတ်တယ်ဆိုလို့ မဖြစ်ဘူး။ မကောင်းတဲ့စိတ်ဆိုတာတော့ လူမှာရှိမှာပဲ။ အဲဒီမကောင်းတဲ့စိတ်ကလေးကို ဘေးဖယ်ပြီး Tags: Buddhism, Myanmar Posts, ဗုဒ္ဓဘာသာ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , | Leave a comment

အရိယာများ၏အရည်အခြင်း

အရိယာများ၏အရည်အခြင်း အရိယာများသည် သူမတူအောင် တော်ကြသည်။ ပုထုဇဉ်များထက် သာလွန်သော အရည်အခြင်းများ အမြောက်အမြားရှိသည်။ အရိယာများသည် နားလည်တတ်သည်၊ ခွင့်လွှတ်တတ်သည်၊ အကြောင်းအကျိုး မြော်မြင်ဆင်ခြင်တတ်သည်၊ သည်းခံရောင်ရဲတတ်သည်၊ အရည်အခြင်း တော်တော်များများ ကောင်းမွန်စွာ တည်ရှိသည်။ အရိယာများသည် နှလုံးသွင်းတတ်သည်။ ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးကို တုန့်ပြန်ရာ၌ “ယောနိသော မနသိကာယ” ဆိုသကဲ့သို့ နှလုံးသွင်း မှန်ကန်စွာ သဘောထား၍ Tags: Buddhism, Myanmar Posts, ကိုယ့်အတ္တ, ဗုဒ္ဓဘာသာ, သာသနာ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , , , | Leave a comment