Monthly Archives: November 2015

ဗုဒ္ဓဘာသာသူတော်ကောင်းများသည်အရာရာစွန့်နိုင်တော်မူကြသည်

ဗုဒ္ဓဘာသာသူတော်ကောင်းများသည်အရာရာစွန့်နိုင်တော်မူကြသည်   ဗုဒ္ဓဘာသာသူတော်ကောင်းများသည် အရာရာကို စွန့်နိုင်တော်မူကြသည်။ တရားမှလွဲ၍ ပြင်ပ အရာများကို အကြောင်းမပြုချေ၊ ပယ်စွန့်နိုင်တော် မူကြသည်။ မိမိရင်တွင်းမှ လောဘ ဒေါသ မောဟကို ရှုသတ်ထားသည်ဖြစ်ရာ ထိုရင်တွင်းမှတစ်ဆင့် ခေါ်ယူသော ပြင်ပလောက အာရုံသာယာမှုများအား ပယ်စွန့်တော် မူကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ အောင်မြင်သော ရဟန်းတော်များသည် လွန်စွာ ကြည်ညိုဖွယ်ရာ ကောင်းသည် မိမိခန္ဓာကိုယ်ကိုပင်လျှင် စွန့်ပယ်နိုင်တော် မူကြသည်ဖြစ်ရာ ထိုခန္ဓာကိုယ်အား မှီခိုသော ကိလေသာများ လောဘ ဒေါသများ ပပဉ္စတရားများကို ချုပ်ငြိမ်းအောင် ရှုသတ်တော် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာသည်သန့်ရှင်းနက်ရှိုင်းသည်

ဗုဒ္ဓဘာသာသည်သန့်ရှင်းနက်ရှိုင်းသည်    ဗုဒ္ဓဘာသာသည် သန့်ရှင်းနက်ရှိုင်းသည်။ တစ်လောကလုံးတွင် ကိလေသာကို အောင်နိုင်ရန်ကြိုးစားသော အဆိုအဆုံးအမများ ဗုဒ္ဓဘာသာ၌ရှိသည်။ ကိလေသာကို အောင်နိုင်ရန်မှာ လွန်စွာနက်ရှိုင်းသည်။ အဘယ့်ကြောင့်ဆိုသော် လူသာမာန်များက သွားရည်တမျှားမျှားနှင့် နှစ်ခြိုက်နေကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာကို ကြည်ညိုရာ၌ ကိလေသာသတ်သော ကျင့်စဉ်များနှင့် မိမိကိုယ်ကို သန့်ရှင်းအောင် ကျင့်ကြံရသော ကျင့်စဉ်များကြောင့် ထင်ရှားထူးခြားသည်။ ဗုဒ္ဓဘာသာသည် မွန်မြတ်သော ကျင့်စဉ်၌တည်သည်။ အယုတ်တရားများကို အားမပေးချေ။ မွန်မြတ်သော တရားကိုသာ အားပေးသည် ထို့ကြောင့် ဗုဒ္ဓဘာသာများသည် လွန်စွာကြည်ညိုကြသည်၊ တန်ဖိုးထားကြသည်၊ မိမိအညစ်ကြေးကို … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

(မဇ္ဈိမပဋိပဒါ) အလယ်အလတ်ကျင့်စဉ်

(မဇ္ဈိမပဋိပဒါ) အလယ်အလတ်ကျင့်စဉ် မြတ်စွာဘုရား၏ တရားတော်မှာ အလယ်အလတ်ကျင့်စဉ် ဖြစ်သည်။ ရှေ့အစွန်း နောက်အစွန်း လွတ်၍ – အတ္တကိလမထာနှင့် ကာမသုခလ္လိကာ  ကြားထဲမှ ကျင့်ရသော ကျင့်စဉ်ဖြစ်သည်။ ထို့ကြောင့် (မဇ္ဈိမပဋိပဒါ) ဟုသုံးနှုန်းလေ့ ရှိကြသည်။ ဤကျင့်စဉ်မျိုးသည် ဗုဒ္ဓဘာသာ၌သာ ရှိသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် ကိုယ့်တရားကို ကျင့်သည်၊ အပိုပြောလေ့ မရှိချေ။ အခြားဘာသာများနှင့်လည်း နှိုင်းယှဉ်စရာ မလိုချေ။ ကိုယ့်တရားကိုယ် ကျင့်၍၊ ကိုယ့်ကိလေသာကို ရှုသော ကျင့်စဉ်ဖြစ်သည်။ မြတ်စွာဘုရား၏ ကျင့်စဉ်မှာ “ပဉ္စတံ ဝေဒိတဗ္ဗော … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မြန်မာ့ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှု

မြန်မာ့ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ရိုသေလေးစားရပါမယ်။ မြန်မာတွေဟာ ဗုဒ္ဓဘာသာကို အယူရှိပြီးတဲ့နောက် အင်မတန် ရိုးသားစွာ နေခဲ့ကြတာပါ။ ဗုဒ္ဓဘာသာ ဘယ်လောက် ရိုးသားသလဲဆိုရင် ကိုယ့်ရဲ့ကိလေသာ ကိုယ်ရှုရတာပဲ။  သူများကို မကြည့်ဘူး၊ ကိုယ့်ကိုယ်ကို ကြည့်တဲ့သဘောက အဓိကပဲ။ ကိုယ့်ရင်ထဲက မကောင်းတာတွေကို ဆေးကြောပစ်တဲ့ သဘောပါပဲ။ ဒါဟာ မြန်မာ ဗုဒ္ဓဘာသာတို့ရဲ့ ကျင့်စဉ်ပါ။ မြန်မာတို့ရဲ့ အင်မတန် လေးစားအပ်ဖွယ်ကောင်းတဲ့ ကျင့်စဉ်လေးတွေကို တန်ဖိုးထားရ ပါလိမ့်မယ်။ တန်ဖိုးမထားပဲပရမ်းပတာ ပြောခြင်း ဟောခြင်းကတော့ တာဝန်မဲ့လုပ်ရာကျပါတယ်။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မြတ်စွာဘုရား၏တရားတော်သည်ရှေ့နောက်ညီညွှတ်သည် —

မြတ်စွာဘုရား၏တရားတော်သည်ရှေ့နောက်ညီညွှတ်သည် — မြတ်စွာဘုရား၏ တရားတော်အကြောင်း ယောဂီများ အသိဖြစ်ပါသည်။ ရှေ့နောက် လွန်စွာ ညီညွှတ်သော တရားတော်များ ဖြစ်ပါသည်။ ဥပမာ – ရုပ်နာမ်၊ (၃၁) ဘုံ၊ ဒုက္ခဆိုလျှင် ရုပ်နာမ်၊ (၃၁) ဘုံ၊ ဒုက္ခပင်ဖြစ်သည်၊ ပျက်သည်။ နိဗ္ဗာန်၊ အနုတ္တရ၊ အသင်္ခတ၊ မပျက်ဘူး ချမ်းသာသည်ဟုဆိုလျှင် မပျက်ဘူး ချမ်းသာသည်။ နိဗ္ဗာန်မှာ ဆင်းရဲခြင်းဆိုတာ မရှိ။ ဒီတော့ နိဗ္ဗာန်က သပ်သပ်၊ အသင်္ခတ၊ အနုတ္တရ မြတ်တဲ့ဓာတ်။ ရုပ်နာမ်၊ (၃၁) … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

သစ္စာရှိသောဗုဒ္ဓဘာသာယောဂီများအတွက် —

သစ္စာရှိသောဗုဒ္ဓဘာသာယောဂီများအတွက် — ဗုဒ္ဓဘာသာဆိုတာ သစ္စာရှိရတယ်။ မြတ်စွာဘုရား ဟောတဲ့အတိုင်းပဲ ကိုယ်က ဟောရတယ်၊ ကျင့်ရတယ်၊ နာခံရတယ်။ မြတ်စွာဘုရား ဟောတဲ့အတိုင်း သိဖို့ဆိုတာ ကျင့်မှဖြစ်တယ်ဆိုတာကို ယောဂီများသိတယ်။ ယောဂီများက ကျင့်နေကြဆိုတော့ ဘာမှပူစရာ မရှိဘူး။ အနိစ္စတစ်လုံး တင်လိုက်ရင် ပြီးတာပါပဲ။ တစ်ချို့က မကျင့်ဘူး – မကျင့်တဲ့အခါကျတော့ မြတ်စွာဘုရားရဲ့ တရားတော်တန်ဖိုးကို လှိုက်လှိုက်လှဲလှဲ မသိဘူး။ အပေါ်ယံလောက်ပဲ သိကြတယ်။ ဒီအခါ ပြဿနာ ပေါ်တာပါပဲ။ အခု မြတ်စွာဘုရားရဲ့ Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , | 1 Comment

ခန္ဓာဟာဒုက္ခသစ္စာပါ

ခန္ဓာဟာဒုက္ခသစ္စာပါ ခန္ဓာဟာ ဒုက္ခသစ္စာဖြစ်ပါတယ်။ ဒါ မြတ်စွာဘုရား အမှူးပြုပြီးတော့ သူတော်ကောင်းတွေ ဟောတော်မူခဲ့ပါတယ်။ ခန္ဓာကို ဒုက္ခသစ္စာလို့ မယူရဲတဲ့ ပုဂ္ဂိုလ်ဟာ သတ္တိရှိတဲ့ ဗုဒ္ဓဘာသာ မဟုတ်ဘူး။ သူတို့ဟာ ခန္ဓာကို တွယ်နေတာ။ ဒါ ဗုဒ္ဓဘာသာရဲ့ အယူလည်း မဟုတ်ဘူး။ ခန္ဓာအပေါ်ကို တွယ်ဖို့ ဟောနေတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်တော့ ဘာသာဖျက်တွေပဲ။ ခန္ဓာဆိုတာ ဒုက္ခသစ္စာလို့ မြတ်စွာဘုရား သေချာဟောတော်မူတယ်။ ဟိုဘက် အသင်္ခတ နိဗ္ဗာန်ပဲ ချမ်းသာတာ၊ ဒီဘက်က ခန္ဓာဆိုတာ ဒုက္ခသစ္စာပဲ။ နောက် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပဋိပတ္တိသာသနာ

ပဋိပတ္တိသာသနာ   တရားကတော့ ကျင့်ဖို့လိုအပ်ကြောင်း ကျင့်တဲ့ပုဂ္ဂိုလ်တွေက သိပါတယ်။ တစ်ချို့လည်း မကျင့်ကြပါဘူး။ ဒါတော့ ကိုယ်သန်ရာ သန်ရာပါပဲ။ စာရေးသူရဲ့ ယောဂီများကတော့ ကျင့်တယ်၊ အနိစ္စရှုတယ်၊ အပျက်ရှုတယ်၊ အကျင့်ကိုပဲ အားပေးတယ်။ ကျင့်ရင် လိုရင်းရောက်နိုင်တယ်၊ အင်မတန်မှ အကျိုးထူးမြတ်တယ်။ ယောဂီတွေကလည်း သိတယ်။ ကျင့်ဖို့တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကလည်း ကျင့်ပြီးသားဖြစ်လို့ တိုက်တွန်းနေတာ ဖြစ်တဲ့အကြောင်း ယောဂီတွေကလည်း သိတယ်။ မကျင့်တဲ့ ပုဂ္ဂိုလ်တွေက ကျင့်တဲ့အကြောင်းကို အသေးစိပ်ဝင်ရောက် စွက်ဖက်ခွင့် မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က သိမှမသိတာ။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ကိုယ်လုပ်တာတွေလည်းပြန်ကြည့်ပါဦး —

ကိုယ်လုပ်တာတွေလည်းပြန်ကြည့်ပါဦး —   ကိုယ်ဘာတွေလုပ်ခဲ့လည်း – သူများ သားသမီးကို မှိုချိုး မျှစ်ချိုးနဲ့ မြောင်းထဲတွန်းပို့ခဲ့တာ – ဒါဟာ မသင့်တော်ဘူးပေါ့။ အများနဲ့ ပတ်သက်မယ်လို့ ထင်မှာစိုးလို့ မပြောခဲ့တာ — သီးခံနေတာ၊ ဘာဖြစ်လို့ ဒီလောက် စိတ်ရင်းပုပ်ရတာလည်း။ တစ်ဖက်သားကို နှိမ်လိုက်၊ ချိုးလိုက်၊ မြောင်းထဲပို့လိုက်၊ လူမကြည်ညိုအောင် လုပ်လိုက်၊ နာမည်ဖျက်လိုက် လုပ်နေတာ – တကယ်တမ်းကျတော့ ဒါဟာ အပယ်သွားဖို့အတွက် တော်တော် လုံလောက်တဲ့ အကုသိုလ်တွေပါပဲ။ ဘာဖြစ်လို့ ဒီလိုလုပ်ခဲ့တာလည်း ကိုယ့်ဘ၀ကို … Continue reading

Posted in Buddhism, Frontpage | Tagged , | Leave a comment