Monthly Archives: October 2015

မြတ်ပန်းမွှေးလှိုင်ကြူ စာအုပ် အညွှန်း Video

ယနေ့ညနေ ၄ နာရီ မြ၀တီရုပ်မြင်သကြားတွင် ထုတ်လွှင့်ပြသသွားသော ဗုဒ္ဓစာပေဆုရ စာရေးဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန)ရေးသားသည့် မြတ်ပန်းမွှေးလှိုင်ကြူ စာအုပ် အညွှန်း Video လေးစားစွာဖြင့် – Admin (www.chitnge.com) No tags for this post.

Posted in Video | Leave a comment

စာအုပ်အသစ်ထွက်ရှိခြင်း

ဗုဒ္ဓစာပေဆုရ စာရေးဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန) ၏ မြတ်ပန်းမွှေးလှိုင်ကြူ  စာအုပ်ထွက်ရှိနေပြီဖြစ်ကြောင်း သတင်းပေးပါသည်။ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်များနှင့် မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေ တို့တွင် ဝယ်ယူရရှိနိုင်ပါသည်။ လေးစားစွာဖြင့် Admin/www.chitnge.com No tags for this post.

Posted in Frontpage | Leave a comment

တရားအားထုတ်ခြင်းဆိုင်ရာဂုဏ်ရည်ငါးမျိုး

တရားအားထုတ်ခြင်းဆိုင်ရာဂုဏ်ရည်ငါးမျိုး    တရားအားထုတ်ရာ၌ ယုံကြည် ကျန်းမာ – ယုံကြည်ရမည် ကျန်းမာရမည်။ စိတ်ဖြောင့်စွာ – စိတ်ကို ဖြောင့်မတ်စွာထားရမည်။ ကွေ့ကောက်၍ မထားရ။ လွန်စွာအားထုတ် – တရားရအောင် အားထုတ်ရမည်၊ အထူးကြိုးစားရမည်၊ လွန်စွာ ကြိုးစားရမည်။ နာမ်နှင့်ရုပ်ကို ဖြစ်ချုပ်ဉာဏ်မြင် – ရုပ်နာမ်တို့၏ ဖြစ်ပေါ်လာပြီးနောက် ပျက်စီးသွား ချုပ်ငြိမ်းသွားသည်ကို မြင်ရမည်။ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း – ယင်းသည် မဂ်ရခြင်းဖြစ်သည်။ မိုးကုတ်ဆရာတော်ဘုရားကြီးသည် အတိအကျ ဖော်ညွှန်းတော်မူခဲ့သည်။ ထို့ကြောင့် ရုပ်နာမ်၏ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

တရားအားထုတ်ခြင်းရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုမှားယွင်းနေခြင်းကိုပြန်လည်ပြင်ဆင်ပေးပါ

တရားအားထုတ်ခြင်းရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုမှားယွင်းနေခြင်းကိုပြန်လည်ပြင်ဆင်ပေးပါ ပါမောက္ခချုပ်ဆရာတော်သည် တရားအားထုတ်ခြင်းဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အောက်ပါအတိုင်း ဖွင့်ဆိုခဲ့သည် — (တရားအားထုတ်တယ်ဆိုတာ မကောင်းတဲ့စိတ်ကလေးကို ဖယ်ပြီးတော့ ကောင်းတဲ့စိတ် အစားထိုးတာပါပဲ၊ ဒါ တရားအားထုတ်တာပါ) ဟူ၍ ဖွင့်ဆိုခဲ့သည်။ တရားစိတ်ဝင်စားသူ ယောဂီများအတွင်း၌ အတော်ပျံ့နှံ့သွားသည်။ ထိုအခါ အမှားအယွင်းများ ပျံ့နှံ့သွားသည်ကို မလိုလားဖွယ်ရာ တွေ့ရသည်။ ထို့ကြောင့် ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြင်ဆင်ရန် တောင်းဆိုရမည်သာ ဖြစ်သည်။ မြတ်စွာဘုရား ဟောကြားသော သတိပဌာန်လေးမျိုးတွင် ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ လေးမျိုးစလုံး၌ လက္ခဏာရေးသုံးပါးတင် ဆင်ခြင်ရသည်ဟု … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

တရားအားထုတ်တယ်ဆိုတာ

တရားအားထုတ်တယ်ဆိုတာ   တရားအားထုတ်တယ်ဆိုတာကို မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း အတိအကျ မိန့်တော်မူတာပါပဲ – ခန္ဓာဥာဏ်ရောက်ဖို့ပဲ၊ နောက်ပြီး ဖြစ်ပျက်မြင်ဖို့၊ ဖြစ်ပျက်မုန်းဖို့၊ ဖြစ်ပျက်ဆုံးဖို့ပဲ။ တကယ်တော့ တရားဆိုတာ ဖြစ်ပျက်ပဲ။ ဖြစ်ပြီးပျက်တာဟာ တရားပဲ။ ဖြစ်နေတယ် မပျက်ဘူးဆိုတာ မတရားလုပ်တာပဲ။ ဒီ (၃၁) ဘုံမှာ ဖြစ်ပြီးပျက်တာပဲ။ ဖြစ်ပြီးပျက်တယ်ဆိုတဲ့ သဘောတရားကို ငါကနေခွဲထွက်ပြီးတော့ ခန္ဓာအပေါ် ဥာဏ်ရောက်ဖို့ အရေးကြီးပါတယ် – ဒါရှင်းပါတယ်။ တစ်ချို့ကလည်း စိတ်နဲ့ နိဗ္ဗာန်သွားချင်ကြတယ်။ ဒါလေးကတော့ လက်လျော့လိုက်ပါ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပါ။ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဗုဒ္ဓဘာသာတန်ဖိုးကိုမနိမ့်စေရဘူး —

ဗုဒ္ဓဘာသာတန်ဖိုးကိုမနိမ့်စေရဘူး — ဗုဒ္ဓဘာသာမှန်ရင် ဗုဒ္ဓဘာသာကို တန်ဖိုးမြှင့်ချင်ကြသူများသာ ရှိပါတယ်။ ဒါပေမယ့် တစ်ချို့က တန်ဖိုးနှိမ့်ချင်ကြတယ်၊ လောကွတ်ချော်ချင်ကြတယ်။ ဈေးပေါပေါနဲ့  ကမ္ဘာကိုရောင်းချင်ကြတယ်။ ဒါကတော့ တော်တော်မကောင်းတဲ့ ကိစ္စပဲ။ ဥပမာ – ဗုဒ္ဓဘာသာမှာ ၀ိပဿနာ အားထုတ်ရင် ဘာသာမရွေး အားထုတ်လို့ရတယ် ဆိုတဲ့ စကားကတော့ မှန်ပါတယ်။ ဘာသာမရွေး အားထုတ်ပါ။ သို့သော် ဒီနေရတင် ရပ်လို့မဖြစ်ဘူး၊ အားထုတ်လို့ အောင်မြင်သွားရင် မိမိရဲ့အခြား ဗုဒ္ဓဘာသာမှအပ အခြားဘာသာ ယူတဲ့အယူဟာ စွန့်လွှတ်ပြီးသား ဖြစ်တယ်ဆိုတာကို သတိပေးရမယ်။ အခုတော့ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မြန်မာဗုဒ္ဓဘာသာများသည်မင်းမျိုးများဖြစ်ကြသည်

မြန်မာဗုဒ္ဓဘာသာများသည်မင်းမျိုးများဖြစ်ကြသည်   အမှန်တရားကို ထိပ်တိုက်တွေ့သောအခါ  မြန်မာဗုဒ္ဓဘာသာများသည်  မင်းမျိုးဖြစ်ကြသည်။ မင်းမျိုးများဖြစ်အောင် ကြိုးစားကြသည်၊ မင်းဖြစ်အောင် ကြိုးစားကြသည်။ သာသနာတစ်ဝက် မင်းကောင်းတစ်ဆက် ဆိုသည်မှာ – အာရုံ၏ မင်းဖြစ်သည်။ အာရုံ၏မင်း ဖြစ်မှ အရာရာကို အောင်မြင်နိုင်မည်။ မြန်မာဗုဒ္ဓဘာသာများသာ အာရုံ၏မင်းဖြစ်ရန် ကြိုးစားခြင်း၌ ၀ီရိယစိုက်ကြသည်။ ကမ္ဘာသူ ကမ္ဘာသားတို့သည်  မင်းမျိုးများ မဟုတ်ကြချေ အဘယ့်ကြောင့်ဆိုသော် ထိပ်တိုက်တွေ့သောအခါ သူတို့သည် မင်းမျိုးဖြစ်အောင် မကြိုးစားကြချေ။ အာရုံ၏ ကျေးကျွန်များသာ ဖြစ်ကြသည်။ ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာများသည် မင်းမျိုးဖြစ်အောင် ကြိုးစားလျှက် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ပဋိပတ္တိအရာမှာ အမှန်မသိဘဲ ၀င်မစွာပါနဲ့

ပဋိပတ္တိအရာမှာ အမှန်မသိဘဲ ၀င်မစွာပါနဲ့ အခုတလော ပဋိပတ္တိအရာမှာ အမှန်မသိဘဲ ၀င်စွာနေကြတယ်။ သူတို့ကပဲ တရားကျင့်တယ်ဆိုတာကို အဓိပ္ပာယ် ဖွင့်ပေးနေကြတယ်။ မှန်တာလည်း မဟုတ်ဘဲနဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်ခဲ့တဲ့ ဖြစ်ပျက် မြင်အောင်ကြည့်၊ ဖြစ်ပျက် မုန်းအောင်ကြည့်၊ ဖြစ်ပျက် ဆုံးအောင်ကြည့် ဆိုတာကို သွယ်ဝိုက်ပြီး ကန့်လန့်တိုက်နေတဲ့ သဘောပဲ။ ဖြစ်ပျက်ကို ဘေးဖယ်ထားပြီးတဲ့နောက် စိတ်ကလေးတွေ ပြောင်းရမယ်၊ စိတ်ပြောင်းတာဟာ တရားကျင့်တယ် ဆိုပြီး ၀ါဒဖြန့်နေကြတယ်။ ထပ်ဆင့်ထပ်ဆင့်လည်း ၀ါဒဖြန့်လာကြတယ်။ ပထမ ပင်မဟောတာကတော့ ပါမောက္ခချုပ်ဆရာတော်ပါပဲ။ ဒါပေမယ့် ထပ်ဆင့်ထပ်ဆင့် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ကိုယ်သိတာကိုယ်ပြောခြင်းဖြင့် အမှန်တရားကို ဖြန့်ဝေနိုင်သည်

ကိုယ်သိတာကိုယ်ပြောခြင်းဖြင့် အမှန်တရားကို ဖြန့်ဝေနိုင်သည်   ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ကိုယ်သိတာ ကိုယ်ပြောခြင်းသည် လွန်စွာကောင်းသည်။ မသိသည်များကို ၀င်၍  ပြောခြင်းသည် လွန်စွာမှ အရုပ်ဆိုးသည်။ တစ်ချိန်က “ဘာသာတွေ အားလုံးဟာ အတူတူပါ” ဟု ပြောသူများ ပေါ်ခဲ့သည်။ အမှန်တော့မူ ဘာသာတွေ အားလုံးဟာ တူမှ မတူဘဲ၊ မတူတာ မတူဘူးဟု ပြောရမည်။ မတူခြင်းကြောင့် တခြားသောဘာသာအား ချိုးနှိမ်ခြင်းမျိုး မဟုတ်ချေ။ မတူသည်ကို မတူသည်ဟု ပြောခြင်းသည် အမှန်ကို ပြောခြင်းပင် ဖြစ်သည်။ မတူညီသော … Continue reading

Posted in Buddhism | Tagged , , | Leave a comment

တရားအားထုတ်ခြင်းနဲ့ပတ်သက်၍ –

တရားအားထုတ်ခြင်းနဲ့ပတ်သက်၍ ယောဂီများ အမှန်အကန် သိနားလည်ရမယ် ယောဂီများ တရားအားထုတ်တယ်ဆိုတာ အရေးကြီးပါတယ်။ ဆယ်ယောက်တစ်ယောက်၊ တစ်ရာတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် တရားအားထုတ်ဖို့ဆိုတာ မလွယ်ပါဘူး မလွယ်တဲ့ ကိစ္စတွေကို အလုပ်လုပ်ပြန်တော့လည်း တန်ဖိုးကတော့ ကြီးပါတယ်။ ယောဂီများကတော့ တရားဝင်စားနေတော့ တန်ဖိုး အင်မတန်ကြီးပါတယ်။ ဒီနေရာမှာ အမှန်အကန်သိစေချင်လို့ စာရေးသူ သိတဲ့လိုင်းကနေ ပြောပြပါမယ်။ ဥပမာ တရားအားထုတ်ခြင်းရဲ့ အဓိပ္ပာယ် ဆိုပါစို့ တရားအားထုတ်ခြင်းရဲ့ အဓိပ္ပာယ်ကို ဟိုတလောက ပါမောက္ခချုပ်ဆိုတဲ့ ပုဂ္ဂိုလ်က လွဲမှားစွာ အဓိပ္ပာယ်ဖွင့်တယ်။ အတော်လေးလည်း နစ်နာတယ်။ စာဖတ်သူတွေ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment