Monthly Archives: July 2015

အောင်ပန်းမွှေးလှိုင်ကြူ (၃)

အောင်ပန်းမွှေးလှိုင်ကြူ (၃)   ဝိပဿနာဥာဏ်ပညာ သာမာန်လူ့အသိပညာသည် ကန့်သတ်မှု ရှိသည်ဟု ခံယူထားကြသည်။ ထို့ကြောင့် (Limitation of Human Knowledge) ဟူ၍ အသုံးအနှုန်းများ သုံးနှုန်းလေ့ ရှိကြသည်။ လူသည် အကန့်အသတ်နှင့် သိရသည်။ သိသမျှသည် အကန့်အသတ်ရှိသည်။ အကန်အသတ်ကို ကျော်လွန်၍ မသိနိုင်ချေ။ အရာရာ၏ အလွှာလွှာသည် လွန်စွာ နူးညံ့သိမ်မွေ့သည်။ ဒီကိစ္စကို ဗုဒ္ဓဘာသာ သမထ ၀ိပဿနာများ ကျင့်ဖူးသော ပုဂ္ဂိုလ်များ အထူးနားလည်ကြသည်။ ၀ိပဿနာ၌ ဥာဏ်ပညာဆိုသည်မှာ Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အောင်ပန်းမွှေးလှိုင်ကြူ (၂)

အောင်ပန်းမွှေးလှိုင်ကြူ (၂) ဖြတ်သန်းခဲ့ရပါတယ် မြတ်စွာဘုရားရဲ့တရားတော်မှာ နုပဿနာလေးမျိုးမှာ စာရေးသူဟာ သုံးမျိုးကိုတော့ သေသေချာချာ ဖြတ်သန်းခဲ့ရပါတယ်။ ဝေဒနာနုပဿနာ ရှုတုန်းကလည်း တပင်တပန်းရှုခဲ့ရတယ်လို့ ၀န်ခံရမှာ ဖြစ်ပါတယ်။ တော်တော်လည်း ပင်ပန်းပါတယ်။ ဆရာမြတ်ကြီးက ပင်ပန်းတာတွေကို မြင်လို့ စိတ္တာနုပဿနာကို တက်ပေးပါတယ်။ ဒီအခါကျတော့ စာရေးသူတို့ဟာ စိတ္တာနုပဿနာကို ရှုကြပါတယ်။ တစ်ချို့ကလည်း စိတ္တာနုပဿနာ ရှုခန်းကျမှ ၀င်ရောက်လာလို့ သူတို့က ကံထူးသူအဖြစ် လက်မထောင်ကြတယ်။ ဒါတော့လည်း သာဓုခေါ်ပါတယ်။ တရားအားထုတ်တာ ဘယ်အချိန်မှာ ၀င်ဝင် ကောင်းတာချည်းပါပဲ။ စိတ္တာနုပဿကို စာရေးသူအဖို့တော့လည်း … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အောင်ပန်းမွှေးလှိုင်ကြူ

အောင်ပန်းမွှေးလှိုင်ကြူ စာရေးသူသည် ဥာဏ်ပန်းမွှေးလှိုင်ကြူ၊ မြတ်ပန်းမွှေးလှိုင်ကြူ၊ ပျံ့မွှန်းမွှေးလှိုင်ကြူ၊ အောင်ပန်းမွှေးလှိုင်ကြူ ဟူ၍ စီးရီးလိုက် ရေးသားဖို့ ကြိုးစားခဲ့ရာ အောင်ပန်းမွှေးလှိုင်ကြူမှာ ပုံနှိပ်ထုတ်ဝေခြင်း မပြုခဲ့နိုင်ချေ။ ယခုအခါ ထပ်မံ၍ အသစ် အောင်ပန်းမွှေးလှိုင်ကြူကို ရေးရန် ဆန္ဒပေါ်လာသဖြင့် အောင်ပန်းမွှေးလှိုင်ကြူကို ရေးသားလိုက်ပါသည်။ အောင်ပန်းမွှေးလှိုင်ကြူ ဆို၍ စာရေးသူသည် မည်သည့် အရာများကို အောင်မြင်ပါသနည်း။ ဥာဏ်ပန်းမွှေးလှိုင်ကြူ မှာ ဥာဏ်ဦးစီးသင့်ကြောင်း ရေးသားခဲ့၍ ပီပြင်ခဲ့သည်။ မြတ်ပန်းမွှေးလှိုင်ကြူမှာ Tags: Buddhism, Myanmar Posts, အောင်ပန်းမွှေးလှိုင်ကြူ

Posted in Buddhism | Tagged , , | Leave a comment

လိုအပ်ချက်ကလေးတစ်ခု (သို့) အားနည်းချက်ကလေးတစ်ခု

လိုအပ်ချက်ကလေးတစ်ခု (သို့) အားနည်းချက်ကလေးတစ်ခု ယောဂီများ တရားအားထုတ်နေတာ သာဓုခေါ်ပါတယ်။ အားထုတ်သလောက် အကျိုးရှိမယ်ဆိုတာ တရားတော်မြတ်ရဲ့ အာမခံချက်ပါပဲ။ စာရေးသူလည်း အားထုတ်သလောက် အကျိုးခံစားခွင့် ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် အတူတူပါပဲ ရှေ့ဆင့် နောက်ဆင့်ပဲ ဖြစ်မှာပါပဲ။ ယောဂီများကို အားနည်းချက်ကလေးဆိုတဲ့ ခေါင်းစဉ်အောက်က တစ်စုံတစ်ခု ပြောပြနိုင်ပါတယ်။ အဲဒါ ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ အကျင့်မကျင့်ကြတာ၊ အလုပ်မလုပ်ကြတာ Tags: Myanmar Posts

Posted in Articles | Tagged | Leave a comment

ခေတ်မီသူများရှေ့ဆက်သွားမည်

ခေတ်မီသူများရှေ့ဆက်သွားမည် ဤခေတ်၌ ခေတ်မီသူများ ရှေ့သို့ဆက်သွားမည် – ခေတ်မီအောင် မလိုက်နိုင်သောသူများ နောက်ကျ ကျန်ရစ်ခဲ့မည်၊ ဤသဘောရှိသည်။ ဤခေတ်သည် အလုပ်လုပ်သည်။ မိမိအလုပ်လုပ်သော အလုပ်အကြောင်း ပြောကြသည် ကြေငြာကြသည်။ အလုပ်မလုပ်ဘဲ ပြောလျှင် ခေတ်မမီချေ — အလုပ်လုပ်သဖြင့် အလုပ်အတွေ့အကြုံကို ပြောသည်ကို လုပ်ရကောင်းမလားဟု ကန့်ကွက်လျှင်လည်း ခေတ်မမီချေ။ ခေတ်မမီသော ပုဂ္ဂိုလ်များသည် နောက်ကျကျန်ခဲ့မည်၊ ပျက်ဆီးမည်။ ခေတ်မီသူများ ရှေ့ဆက်သွားမည်။ ဤခေတ်၏ အခြေအနေမှာ ဤသို့ဖြစ်သည်။ ထို့ကြောင့် ခေတ်မီအောင် အားလုံးကြိုးစားနေကြသည် Tags: Myanmar … Continue reading

Posted in Articles | Tagged | Leave a comment

သိပ္ပံပညာနှင့်ရုပ်လွန်ကမ္ဘာ

သိပ္ပံပညာနှင့်ရုပ်လွန်ကမ္ဘာ စာရေးသူကို တစ်ချို့စာဖတ်ပရိတ်သတ်က စာရေးသူ ကျင့်ကြံအားထုတ်နေတဲ့ကျင့်စဉ်ကို ရေးပြစေချင်ကြတယ်။ စာရေးသူကိုယ်တိုင်ကလည်း ကျင့်စဉ်တွေ ရေးတာထက် ကျင့်ပြီးလို့ ရတဲ့ အမြတ်အစွန်းတွေကို စိတ်ဝင်စားတဲ့ အချိန် ဖြစ်နေတယ်။ ဒါပေမယ့် စာဖတ်ပရိတ်သတ်ကြီး ကျေနပ်နှစ်သိမ့်မှုရစေရန် နုစဉ်က ကျင့်ကြံအားထုတ်ခဲ့ပုံ အလုံးစုံကို အသေးစိပ် ချယ်မှုန်းထားတဲ့ စာတမ်း ကျင့်စဉ်စာအုပ် တစ်အုပ်ကို ပုံနှိပ်ထုတ်ဝေဖို့ စီစဉ်နေပါတယ်။ အဲဒီစာအုပ်ကတော့ မြတ်ပန်းမွှေးလှိုင်ကြူ ဖြစ်ပါတယ်။ မြတ်ပန်းမွှေးလှိုင်ကြူစာအုပ်က ပျောက်သလောက် ဖြစ်သွားတော့ စာဖတ်ပရိတ်သတ်တစ်ချို့က မတွေ့လိုက်ကြ ရဘူး။ တစ်ချို့ကလည်း ကော်ပီ (Copy) … Continue reading

Posted in Buddhism & Science | Tagged , , | Leave a comment

သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့

သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့   စာရေးသူသည် ဆရာမြတ်ကြီးထံမှာ တပည့်အဖြစ်ခံယူကာ ၀ိပဿနာတရား ကျင့်ကြံ အားထုတ်ခဲ့ပါသည်။ ဇွဲနှင့် အသည်းနှင့် ကျင့်ကြံ အားထုတ်ခဲ့ပါသည်။ နှစ်အတော်များများ  ကျင့်ကြံအားထုတ်ခဲ့ပါသည်။ ဆရာလက်အောက်၌ (၁၀)နှစ် ကျင့်ကြံ ခဲ့ပါသည်။ နောက်ပိုင်း၌ ဆက်လက်၍ အားထုတ်ခဲ့သည်မှာ ယခုတိုင်ဖြစ်ပါသည်။ ယခုအခါ တရားတော်သည် စောင့်ရှောက်ကြောင်း ကိုယ်တိုင်ခံစားမိသွားပါသည်။ ယောဂီများကို အားပေးလျက်ရှိပါသည်။ အပျက်သာရှုပါ။ တနေ့ ပျက်သည်ကိုနားလည်လျှင် လွန်စွာပျော်ရသည်။ ချမ်းသာသည်။ ပျက်သည်ဆိုသော သဘောသည် အမှန်အကန်ဖြစ်ကြောင်း မြတ်စွာဘုရား Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အကြားအမြင်နှင့် စာရေးသူ၏သဘောထား

အကြားအမြင်နှင့် စာရေးသူ၏သဘောထား စာရေးသူသည် အကြားအမြင်ကို အားပေးသည်လည်း မဟုတ်၊ အားမပေးသည်လည်း မဟုတ်၊ မှန်ကန်ဖို့ လိုကြောင်း ကိုတော့ အဆိုပြုလိုသည်။ အကြားအမြင်ဆိုသည်မှာ ကိုယ့်ထင်မြင်ချက်များနှင့် မရောယှက်သင့်ချေ။ ယင်းအချက်သည် လွန်စွာ အရေးကြီးသည်။ စာရေးသူကိုယ်တိုင် အကြားအမြင်နှင့် ပတ်သက်လျှင် ကိုယ့်ထင်မြင်ချက် ပါမပါ အကြိမ်ကြိမ် အထပ်ထပ် စစ်လေ့ရှိသည်။ သို့သော် စာရေးသူ ၀န်ခံထားသည့်အတိုင်း ပတ်သက်ရာ ပတ်သက်ကြောင်းသာလျှင် ကြားတတ် မြင်တတ်ပါသည်ဟု ဖွင့်ဆိုထားသည်။ မပတ်သက်သည်များကို Tags: အကြားအမြင်

Posted in Articles | Tagged | Leave a comment

စာရေးသူနှင့်ယုတ္တိဗေဒပညာ

စာရေးသူနှင့်ယုတ္တိဗေဒပညာ စာရေးသူသည် ယုတ္တိဗေဒပညာကို လေ့လာလိုက်စားခဲ့သည်။ မြန်မာနိုင်ငံ၌ ထူးချွန်သော ယုတ္တိဗေဒကျောင်းသား ဟု သတ်မှတ်လျှင် သတ်မှတ်၍ ရသည်ဟု စာရေးသူ ခံယူသည်။ စာရေးသူသည် အထူးသဖြင့် ယုတ္တိလွဲဟန်များနှင့် အဆင့်မြင့် ယုတ္တိဗေဒ၌ မှန်ကြောင်းကို သက်သေပြရန် အမှားမဟုတ်ဘူး ဟူသော သက်သေပြချက်ကို စိတ်ဝင်စားခဲ့ဖူးသည်။ ယင်းကိစ္စမှာ ယုတ္တိဗေဒဆန်ဆန် အဓိပ္ပာယ် ရှုပ်ထွေး နက်နဲမှုတော့ ရှိသည်။ မူလအဓိပ္ပါယ်မှာ အဆိုတစ်ခုဟာ မှန်သည်ဟု တင်ပြထားသည် ဆိုပါစို့၊ ထိုအဆိုတစ်ခုဟာ မှန်နေလျှင် “ကဲ – မမှန်ဘူး … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

သိပ္ပံပညာတွေ့သည်ဆိုသည်မှာလည်းဘာမှမဟုတ်သေးပါ

သိပ္ပံပညာတွေ့သည်ဆိုသည်မှာလည်းဘာမှမဟုတ်သေးပါ       ဆရာတော်ဦးဝိစိတ္တ မိန့်တော်မူခဲ့သည့်အတိုင်း — “ငါတို့ တိပိဋကတွေဟာ တံခါးခေါက်ယုံမျှသာပဲ…” ဆိုသော စကားကဲ့သို့ပင် ဖြစ်နေသည်။ သိပ္ပံပညာသည် (T.O.E) ဟုသာ ကြွေးကြော်နေသည်။ (T.O.E) ကို မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့မသိသော အရာများ ရှိသောကြောင့်ဖြစ်သည်။ ဥပမာ — လောကုတ္တရာ ပညာရပ်များ နိဗ္ဗာန်၊ အရိယာ၏ မဂ်ဥာဏ်ဖိုလ်ဥာဏ်များ စသည်တို့ဖြစ်သည်။ ထိုကြောင့် သိပ္ပံပညာသည် (T.O.E) ကိုမရနိုင်၊ (T.O.S) သာ ရနိုင်သည်ဟု စာရေးသူ တချိန်က … Continue reading

Posted in Buddhism & Science | Tagged , , , | Leave a comment