Monthly Archives: June 2015

ဝမ်းသာအပ်သည်ကို ၀မ်းသာရခြင်း

ဝမ်းသာအပ်သည်ကို ၀မ်းသာရခြင်း ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ဥာဏ်တက်လျှင် တက်ကြောင်း သိအပ်၏၊ ဥာဏ်မှိန်လျှင် မှိန်ကြောင်း သိအပ်၏ဟု အဆိုအဆုံးမ ရှိတော်မူခဲ့ဖူးသည်။ သစ္စာဝါဒီများ တရားတက်လျှင် တက်ကြောင်း သိရမည်။ ကိုယ်ကျင့်တာ မှန်လျှင် မှန်ကြောင်း သိရမည်၊ ရဲရင့်ရမည်။ မှန်သောအပေါ်မှာ ရဲရင့်ခြင်းသည် သတ္တိပင် ဖြစ်သည်။ မြတ်စွာဘုရားသည် ဟုတ်တိုင်းမှန်စွာ ကြွေးကြော်ခဲ့ဖူးသည်။ မြတ်စွာဘုရားသည် “အမြတ်ဆုံး၊ အအောင်မြင်ဆုံး” ဟု ကြွေးကြော်တော် မူခဲ့ဖူးသည်။ မိမိတို့လည်း မှန်သောကျင့်စဉ်ကို ကျင့်သည့်အခါ မှန်သော ကျင့်စဉ်ကို Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

သစ္စာဝါဒီများ အောက်ပါစာများကို ဖတ်ကြည့်ပါ

သစ္စာဝါဒီများ အောက်ပါစာများကို ဖတ်ကြည့်ပါ ရုပ်နာမ်ဟာဆင်းရဲပါတယ်။ ဒါကြောင့် သူတော်ကောင်းတွေက ရုပ်နာမ်ချုပ်တဲ့ နိဗ္ဗာန်ကို စံတော်မူကြတာ ဖြစ်ပါ တယ်။ နိဗ္ဗာန်ဆိုတာ ရှိပါတယ်။ သူတော်ကောင်းတွေ စံတော်မူကြပါပြီ။ နိဗ္ဗာန်ဆိုတာ ချမ်းသာတယ်။ နိဗ္ဗာနံ ပရမံ သုခံ ဆိုတဲ့ စကားရှိပါတယ်။ ချမ်းသာတယ်ဆိုလို့ လောကီချမ်းသာ စည်းစိမ်ဥစ္စာ ချမ်းသာတာမျိုး မဟုတ်ပါဘူး။ တကယ့်ကို ချမ်းသာစစ် ချမ်းသာမှန် ဖြစ်ပါတယ်၊ သန္တိသုခ ဖြစ်ပါတယ်။ ရုပ်နာမ်ကို မဖက်တွယ်ရပါဘူး ဖက်တွယ်ခြင်းကို ဖြိုရပါတယ်။ ဖြိုခြင်းဟာ Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

မြတ်သောအကျင့် အကောင်းဆုံးသောအကျင့်

မြတ်သောအကျင့် အကောင်းဆုံးသောအကျင့်   သစ္စာဝါဒီများ အခုကျင့်နေတဲ့ ၀ိပဿနာကျင့်စဉ်ဟာ မြတ်သောအကျင့် အကောင်းဆုံးအကျင့်ပါပဲ။ မကျင့်နိုင်ကြလို့သာ အများသူငါ လက်လျှော့ထားရတာ ကျင့်နိုင်ရင်တော့ အကောင်းဆုံးပဲ။ သစ္စာဝါဒီများ ကတော့ ကျင့်နိုင်သလောက်ကျင့်တော့ အကောင်းဆုံးထဲမှာပါသွားပြီ။ကျင့်သာကျင့်ပါ လုံးဝကျင့်ပါ အပြတ်ကျင့် စိတ်တိုင်း မကျရင်လဲ အဓိဌါန်ပြီးတော့ ကျင့်လိုက်တော့ ဘာဖြစ်လို့တုန်းဆိုတော့ ကျင့်စဉ်ကမှန်နေပြီလေ။ ဘုရားဟောတရား သူတော်ကောင်းတွေဟောတဲ့ အနိစ္စကို ကိုယ်ကရှုနေတာကိုး။ အနိစ္စ ရှုတဲ့အတွက် ကိုယ်က မလိုလားဘူးဆိုတဲ့ Tags: Buddhism, အနိစ္စ

Posted in Buddhism | Tagged , | Leave a comment

နိဗ္ဗာန်နှင့်နီးလျှင်

နိဗ္ဗာန်နှင့်နီးလျှင် သစ္စာဝါဒီများ နိဗ္ဗာန်နှင့်နီးလျှင် ဘယ်လိုနေသလဲ — တရားရတယ်ဆိုရင် ဘယ်လိုနေသလဲ — ဆိုတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးမယ်။ သစ္စာဝါဒီများ တရားကျင့်ရင်းနဲ့ နိဗ္ဗာန်နဲ့နီးလျှင် ငြိမ်ရမယ်။ နိဗ္ဗာန်နဲ့နီးလျှင် အေးရမယ်။ နိဗ္ဗာန်နဲ့နီးလျှင် ချမ်းသာရမယ်၊ နေလို့ကောင်းရမယ်ပေါ့နော် – အဲဒါလေးတွေ ပေါ်လာရင် ဒါဟာ နိဗ္ဗာန်ဘက်ကို အရှိန်ဟပ်ယူတဲ့ သဘောလို့ပြောရင်လည်းရတယ်။ အေးရမယ်၊ ပူနေရင်တော့ မဟုတ်သေးဘူးပေါ့။ ငြိမ်းရမယ် မငြိမ်းဘဲနဲ့ လှုပ်လှုပ်ရှားရှား ကတောက်ကဆ ဖြစ်နေရင်တော့ မဟုတ်သေးဘူးပေါ့။ ချမ်းသာရမယ် Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

အကျင့်မြတ်ဤသာသနာ

အကျင့်မြတ်ဤသာသနာ ဤသာသနာမှာ အကျင့်မြတ်က လွန်စွာအဖိုးတန်ကြောင်း စာဖတ်ပရိသတ်ကြီးလည်း သိပါတယ်။ မြတ်တဲ့အကျင့်ကျင့်ရင် အရမ်းအဖိုးတန်တာပဲ။ အကျင့်ကျင့်ရင်တောင်မှ အဖိုးတန်တာ မြတ်တဲ့အကျင့်ဆိုတော့ ပြောစရာကို မရှိပါဘူး။ ဒီခေတ်က အကျင့်ခေတ်ဖြစ်တယ်၊ လက်တွေ့ကျင့်တော့ လက်တွေ့တော်ကြတာ၊ လက်တွေ့တော်တော့ Tags: Buddhism, Myanmar Posts, မြတ်စွာဘုရား

Posted in Buddhism | Tagged , , | Leave a comment

တရားအားထုတ်သောအခါ

တရားအားထုတ်သောအခါ သစ္စာဝါဒီများ တရားအားထုတ်တယ်ဆိုတာ စိတ်ကြည်အောင် လုပ်တာပါပဲ။ စိတ်ကြည်ကြည် ဉာဏ်ကြည်ကြည် လုပ်ဆောင်ရင် ဘာမဆို ကောင်းပါတယ်။ စိတ်နောက်နောက်ဆိုရင် မကောင်းပါဘူး။ ဒါကြောင့် စိတ်ကြည်ဖို့ လိုပါတယ်။ တရားအားထုတ်တယ်ဆိုတာ စိတ်ကိုကြည်စေတာပဲ အနောက်တွေကို ရှင်းပစ်တာပဲ။ အနောက်တွေကို အနိစ္စတင်ပစ်လိုက်တာပဲ၊ အနောက်တွေကို ဆေးကြောလိုက်တာပါပဲ။ ကြည်တဲ့အခါကျတော့လည်း အနာဂတ် အကြောင်းအရာလေးတွေ Tags: Buddhism, Myanmar Posts, အနိစ္စ

Posted in Buddhism | Tagged , , | Leave a comment