Monthly Archives: May 2015

အဆင့်ငါးဆင့်ကျင့်စဉ်

အဆင့်ငါးဆင့်ကျင့်စဉ်   ဆရာမြတ်ကြီး သက်တော်ထင်ရှား ရှိစဉ်က စာရေးသူတို့ ကျင့်ခဲ့ရသော အဆင့်ငါးဆင့် ကျင့်စဉ်ကို စာဖတ်သူများအား ဖော်ပြပါမည်။ အဆင့် (၁) မှာ သမုဒယ ပယ်ရပါသည်။ ပယ်ရတာက သမုဒယဟူသော အဆိုနှင့်အညီ ပယ်ရပါသည်။ ခန္ဓာကိုယ်ကို တပ်မက်နေသော သမုဒယများကို ပယ်ရသည်။ စာရေးသူတို့ တကယ်လေ့ကျင့် ကျင့်သောအခါ သမုဒယ ပယ်ရသည်ကို ပျော်ပါသည်။ သမုဒယလေးတွေကို ပယ်ပယ်လိုက်ရသည်မှာ ဝမ်းသာစရာလည်း ကောင်းသည်၊ စိတ်ဝင်စားစရာလည်း ကောင်းသည်။ ရုပ်နာမ်နှင့် ပတ်သက်၍ သမုဒယကို ပယ်ရခြင်းသည် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ခန္ဓာဝန်

ခန္ဓာဝန် ခန္ဓာဝန်ဆိုသော စကားကို အချို့က စိတ်ဝင်စားကြသည်။ စိတ်ဝင်စားမည် ဆိုကလည်း စိတ်ဝင်စား နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာဝန်ဆိုသည်မှာ ရိုးရိုး သူလိုကိုယ်လို ပုဂ္ဂိုလ်များ ဝင်စား သုံးနှုန်းလေ့ မရှိပါ။ ခန္ဓာဝန်ဆိုသည်မှာ တရားရှင်များသာ သုံးနှုန်းလေ့ရှိသည်။ တရားရှင်များသည် ခန္ဓာဝန်ကို ဝန်ထုပ်ဝန်ပိုးသဖွယ် မြင်ကြသည်။ ရိုးရိုးပုဂ္ဂိုလ်များကတော့မူ ခန္ဓာကိုယ်ကို ထိုသို့မမြင်နိုင် ခန္ဓာကိုယ်အပေါ်မှာ စွဲငြိတပ်မက်မှု ရှိကြသည်။ တရားရှင်များကတော့မူ ခန္ဓာကြီးကို ဝန်ထုပ်ဝန်ပိုးသဖွယ် မြင်၍ Tags: Buddhism, Myanmar Posts, နိဗ္ဗာန်

Posted in Buddhism | Tagged , , | Leave a comment

နိဗ္ဗာန်ကိုဝင်စားပါများသောအခါ —

နိဗ္ဗာန်ကိုဝင်စားပါများသောအခါ — နိဗ္ဗာန်ကိုဝင်စားပါများသောအခါ သမုဒယတွေကို ကုန်စင်အောင် ပယ်ဖို့ ဖြစ်လာရတတ်ပါတယ်။ နိဗ္ဗာန်ဝင်စားခြင်းဆိုတာ ဒုက္ခချုပ်ဆုံးမှ ဖြစ်တာဆိုတော့ – ဒုက္ခကို ဖြစ်စေတဲ့ သမုဒယကို ပယ်ချင်တဲ့ သဘောက နိဗ္ဗာန်ဝင်စားလေလေ တိုးပွားလေလေပါပဲ။ အရိယာ လေးမျိုးရှိပါတယ် – သောတပန်၊ သက္ကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ။ ဘယ်အဆင့်ပဲ ဖြစ်ဖြစ် နိဗ္ဗာန် ကြာကြာဝင်စားရင်  သမုဒယကို ပယ်ချင်တော့တာပါပဲ။ သမုဒယဆိုတာလည်း ပယ်အပ်တာပဲ။ ရုပ်နာမ်ဆိုတာလည်း ဒုက္ခလို့ မြင်ပြီးသားဆိုတော့ ဒုက္ခဖြစ်တဲ့ သမုဒယကို ပယ်ချင်လာတာပါပဲ။ ဤနည်းအားဖြင့် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

နိဗ္ဗာန်မျက်မှောက်ပြုပြီးသောအခါ —

နိဗ္ဗာန်မျက်မှောက်ပြုပြီးသောအခါ — နိဗ္ဗန် မျက်မှောက်ပြုပြီးသောအခါ ထိုအရိယာ ပုဂ္ဂိုလ်သည် ရုပ်နာမ်၏ ဒုက္ခကိုပို၍ နားလည် လာတတ်သည်။ နိဗ္ဗာန်၌ ရုပ်နာမ် မရှိ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်၏ ချမ်းသာခြင်းကို စံစားရသောအခါ ရုပ်နာမ်၏ အပြစ်ကို ပို၍မြင်လာတတ်သည်။ ရုပ်နာမ်သည် ဒုက္ခသစ္စာဆိုသော မြတ်စွာဘုရား၏ တရားတော်အား ပို၍ လှိုက်လှိုက်လှဲလှဲ ခံစားနားလည် လာတတ်သည်။ နိဗ္ဗာန်ကို စံဝင်ဖို့အတွက် ရုပ်နာမ်ကို စွန့်နိုင်ရလေသည်။ ရုပ်နာမ် မစွန့်နိုင်သော ပုဂ္ဂိုလ်များသည် နိဗ္ဗာန် စံဝင်ဖို့အတွက် Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , | 1 Comment

နိဗ္ဗာန်မျက်မှောက်ပြုခြင်း

နိဗ္ဗာန်မျက်မှောက်ပြုခြင်း နိဗ္ဗာန်မျက်မှောက် ပြုခြင်းနဲ့ ပတ်သက်လို့ အခြားတင်စားမှုတစ်ခု ပြောပြပါမယ်။ ဒါက ဘာလည်းဆိုတော့ နိဗ္ဗာန်ကို ဖလသမာပါတ် ဝင်စားတဲ့အခါ တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန် ဆိုပြီးတော့ သုံးမျိုးရှိတယ်ပေါ့ – ခဏလေးရယ်၊ နည်းနည်းကြာတာရယ်၊ တော်တော်လေးကြာတာရယ်။ ဥပမာ — တော်တော်လေး ကြာကြာ ဝင်စားထားတဲ့ အရိယာ တစ်ပါးဟာ – သူသည် နိဗ္ဗာန်ဝင်စားခြင်းနဲ့ ပတ်သက်လို့ ဘာနဲ့မှ မလဲနိုင်ဘူး။ ဘာနဲ့မှကို မလဲနိုင်ဘူး။ ဘယ်လောက် လောကမှာ တန်ဖိုးရှိတာဖြစ်ဖြစ် မလဲနိုင်ဘူး။ တရားမှာလည်း … Continue reading

Posted in Buddhism | Tagged , , | Leave a comment

နိဗ္ဗာန်ဖက်ဆီကိုနည်းမျိုးစုံနဲ့ချဉ်းကပ်ကြည့်ရအောင်

နိဗ္ဗာန်ဖက်ဆီကိုနည်းမျိုးစုံနဲ့ချဉ်းကပ်ကြည့်ရအောင် အခု (Indirect Method) ခေါ်တဲ့ တဆင့်ခံနည်းနဲ့ တင်စားပြီးတော့ ရှင်းလင်းဖော်ပြ ပေးပါမယ်။ ဥပမာဆိုပါစို့ – နိဗ္ဗာန်ဟာ သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ကင်းဆိတ်တယ်၊ ချမ်းသာစစ်ရဲ့ တည်ရာဖြစ်တယ်၊ လွတ်မြောက်တယ်။ ဒီတော့ ပုဂ္ဂိုလ်တစ်ဦး သူအရိယာဖြစ်လို့ ပဲဖြစ်ဖြစ်၊ သူ့အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့အခါကျတော့ နိဗ္ဗာန်ရဲ့ ချမ်းသာမှု လွတ်မြောက်မှုတွေကို သူဝင်စားပြီးတော့ တရားကို ဖြုတ်လိုက်တယ် ဆိုပါစို့။ တရားဖြုတ်ဖြုတ်ခြင်း သူဟာ ကိုယ်အမူအရာ နုတ်အမူအရာ ကြမ်းတမ်းပြီး ဒေါသတွေဖြစ်ရင် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

နိဗ္ဗာန်သည်လွန်စွာမှအံသြဖွယ်ရာကောင်းသည်

နိဗ္ဗာန်သည်လွန်စွာမှအံသြဖွယ်ရာကောင်းသည် သစ္စာဝါဒီများ နိဗ္ဗာန်အကြောင်း ဖတ်ရှုဝင်စားသည်ကို သိရသဖြင့် အထူးဝမ်းသာမိပါသည်။ ဗုဒ္ဓဘာသာ သူတော်စင်များ ဖြစ်သောအခါ နိဗ္ဗာန်အကြောင်းကို အထူးစိတ်ဝင်စားသည်မှာ သဘာဝကျပါသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက် ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သောကြောင့် ဖြစ်ပါသည်။ နိဗ္ဗာန်သည် လွန်စွာမှ အံသြဖွယ်ရာကောင်းသော၊ ထူးခြားသော၊ အမှန်ရှိသော၊ ဓာတ်ကြီးဖြစ်ရာ ဗုဒ္ဓဘာသာတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာ သဘာဝဖြစ်ပါသည်။ ကမ္ဘာပေါ်၌ အသိပညာ အတတ်ပညာ မည်မျှပင် အဆင့်အတန်း မြင့်ပါစေ နိဗ္ဗာန်အကြောင်း ကောင်းကောင်း မသိလျှင် အဆင့်မြင့်သည်ဟု မဆိုနိုင်ပါ။ ကမ္ဘာ၌ (The … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

Einsteinအကြောင်းတစေ့တစောင်း

Einsteinအကြောင်းတစေ့တစောင်း THE SPECIAL and General Theories of Relativity စာစုကို ရေးသားခဲ့သော Albert Einstein သည် ဂျာမဏီနိုင်ငံတွင် (1879) ခုနှစ်က မွေးဖွားခဲ့သည်။ Einstein သည် (1905) ခုနှစ်တွင် စာတမ်း (၃) စောင် ပြုစုရေးသားခဲ့ရာ ကမ္ဘာ၌ ဦးဆောင်သော သိပ္ပံပညာရှင် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အထူးသဖြင့် လူတို့၏ အချိန်နှင့် ကာလ၊ ဌာန အပေါ်တွင်လည်းကောင်း၊ အမှန်တရား အပေါ်တွင်လည်းကောင်း၊ အယူအဆ တော်တော်များများအား … Continue reading

Posted in Articles | Tagged , , | Leave a comment

နိဗ္ဗာန်၏အနက်အဓိပ္ပာယ်

နိဗ္ဗာန်၏အနက်အဓိပ္ပာယ် နိဗ္ဗာန်၌ဘာမှမရှိဆိုရာ၌ ဘာဆိုသော စကားလုံးကို အဓိပ္ပာယ် ဖွင့်ရန်လိုသည်။ ဥပမာ — နိဗ္ဗာန်၌ ဘာဒုက္ခမှ မရှိ၊ မှန်သည်။ ဘာတဏှာမှ မရှိ၊ မှန်သည်။ ဘာရုပ်နာမ်မှ မရှိ၊ မှန်သည်။ ဘာလောကဓံမှ မရှိ၊ မှန်သည်။ ဤသို့ သုံးနှုန်းလျှင် ရသည်။ သို့သော် နိဗ္ဗာန်၌ ဘာသုခမှ မရှိဆိုလျှင် မှားသည်။ အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာနံ ပရမံ သုခံ ဖြစ်သည်။ စစ်မှန်သော Tags: Buddhism, Myanmar Posts, တဏှာ, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်သည်ဌာနနှင့်ကာလမှလွတ်သည်

နိဗ္ဗာန်သည်ဌာနနှင့်ကာလမှလွတ်သည် နိဗ္ဗာန်သည်ဌာနနှင့်ကာလမှလွတ်သည် ဆိုရာ၌ နိဗ္ဗာန်သည် အသင်္ခတဓာတ် ဖြစ်သောကြောင့် ဖြစ်သည်။ ဌာနနှင့် ကာလသည် သင်္ခတဓာတ်များနှင့်သာ ပတ်သက်သည်။ အကယ်၍ သင်္ခတဓာတ်ဖြစ်လျှင် ဌာနနှင့် ကာလမှ မလွတ်နိုင်ချေ။ ဌာနနှင့်ကာလ (Place & Time) တို့သည် (a-priori) ခေါ် တွေ့ကြုံရှေ့ သဘာဝများ ရှိသောကြောင့် ဖြစ်သည်။ (၃၁) ဘုံထဲ၌ တစ်နေရာရာ ရှိလျှင် တစ်ချိန်ချိန်မှာ ရှိရသည်။ တစ်ချိန်ချိန်မှာဖြစ်လျှင် တစ်နေရာရာမှာ ရှိရသည် – ဤကား သင်္ခတဓာတ်တို့၏ သဘာဝပင် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ကာလသုံးပါးမှလွတ်သည်

ကာလသုံးပါးမှလွတ်သည် ကာလသုံးပါးမှလွတ်သည် ဆိုသောစကားသည် လွန်စွာစိတ်ဝင်စားစရာ ကောင်းသည်။ အတိတ်မှ လွတ်လိုက လွတ်နိုင်အောင် ကြိုးစားနိုင်ခွင့် ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် — အတိတ်သို့ ပြန်မတွေးနှင့် – ဤကိစ္စသည်ပင်လျှင် လွန်စွာခက်ပါသည်။ သို့သော် အတိတ်ကို ပြန်မတွေးနှင့် ဖြစ်လိုက ဖြစ်နိုင်သည်။ အနာဂတ်မှ လွတ်သည်ဟုဆိုရာ၌ အတိတ်ကိုလည်း Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, ဗုဒ္ဓဘာသာ, မဂ်ဉာဏ် ဖိုလ်ဉာဏ်, အနိစ္စ

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်နီးသလား ???

နိဗ္ဗာန်နီးသလား ??? ဤမေးခွန်းမှာ နိဗ္ဗာန်အကြောင်း ဗဟုသုတ မရှိသေး၍ ပေါ်ပေါက်လာရခြင်း ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာန်သည် နီးသည် ဝေးသည်ကို မပြောအပ်ချေ — နိဗ္ဗာန်သည် အသင်္ခတဓာတ်ဖြစ်သည်။ (၃၁) ဘုံမှာ သင်္ခတဓာတ်ဖြစ်သည်။ (၃၁) ဘုံမှာ ရှိသော အရာများသည် နိဗ္ဗာန်ကိုထပ်တူထပ်မျှ နှိုင်းခိုင်းစရာ ပြစရာ မရှိချေ။ တင်စား၍ ပြောလိုက ပြောနိုင်သော်လည်း ထပ်တူထပ်မျှတော့မူ ဥပမာ မရှိချေ။ အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာန်သည် အသင်္ခတဓာတ် ဖြစ်သောကြောင့် ဖြစ်သည်။ ဓာတ်အမျိုးအစားခြင်း မတူချေ။ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment