Monthly Archives: January 2015

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၈)

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၈) သစ္စာဝါဒီများရဲ့ ဗဟုသုတဟာ တဖြည်းဖြည်းနဲ့ မသေးတော့ပါဘူး။ ရှင်ဟာရိပုတ္တရာ မိန့်တော်မူဖူးတယ် — “ကိုယ့်ဗဟုသုတ ကြီးရင်လည်း ကြီးတယ်လို့သိရမယ်၊ သေးရင်လည်း သေးတယ်လို့သိရမယ်” အခု သစ္စာဝါဒီများရဲ့ ဗဟုသုတဟာ တော်တော့ကို များပြားနေပါပြီ။ အထူးသဖြင့်တော့ လက်တွေ့နှလုံးသွင်းဖြစ်တာက အမြတ်အစွန်းပါပဲ။ တစ်ချို့က ဗျာများပြီး ဘာကျင့်လို့ ကျင့်ရမှန်းမသိဘူး ဖြစ်နေကြတာက သစ္စာဝါဒီတို့လောက် တန်ဖိုးမရှိဘူး။ သစ္စာဝါဒီတို့ကတော့ အနိစ္စနှလုံးသွင်းရမယ်ဆိုတာကို အပီအပြတ် ခံယူထားတော့ – ဒါ မြတ်တာပဲ။ တကယ်တမ်းကျတော့ မကျင့်ဖြစ်ကြတဲ့သူတွေထက်စာရင် သစ္စာဝါဒီတို့က အရမ်းကို … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ (၃၇)

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ (၃၇) သစ္စာဝါဒီများ တဖြည်းဖြည်းနဲ့ တရားဝင်စားချိန်၊ ပွားများချိန် များလာတော့ – အဲဒီ အကျိုးအမြတ်ကို ခံစားရတာ တရားတော်မြတ်ရဲ့ ဂုဏ်ကျေးဇူးပါ။ ဒီအကျိုးအမြတ်ကို တစ်ခြားလူ မပြောနဲ့ ကိုယ့်ဖာသာကိုယ် ဟုတ်မှ ဟုတ်ပါ့မလားလို့ သံသယဖြစ်တောင် မသက်ရောက်ဘူး။ သံသယဖြစ်တာ ဖြစ်တာပဲ ဒါပေမယ့် ဒီလိုကျင့်ကြံခဲ့တဲ့၊ နှလုံးသွင်းခဲ့တဲ့၊ ဆင်ခြင်ခဲ့တဲ့ အားကတော့ မပျက်ဘူး သစ္စာဝါဒီများ။ ဒါဟာ တရားတော်မြတ်ရဲ့ ဂုဏ်ကျေးဇူးပါပဲ။ တရားတော်ရဲ့ ဂုဏ်ကျေးဇူးဟာ အင်မတန် အံ့သြစရာ ကောင်းပါတယ်။ တရားထိုင်ရင် ငါးမိနစ်ရရ၊ … Continue reading

Posted in Buddhism | Tagged , , | 2 Comments

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၆)

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၆) သစ္စာဝါဒီများကို တရားအကြောင်း ဟောရပြောရတာ – တရားဆိုတာ ပြောကောင်းတယ်၊ ဟောကောင်းတယ်၊ ကြားနာကောင်းတယ်၊ ကျင့်ကောင်းတယ်၊ ကြံကောင်းတယ်၊ ဆွေးနွေးကောင်းတယ် ပေါ့နော် — ဒီတော့လည်း ကုသိုလ်ရပါတယ်။ ကုသိုလ်ရတဲ့အလုပ်မှာ ကျင့်ကြံအားထုတ်ထားတဲ့ ပုဂ္ဂိုလ်နဲ့ ပြောရဆိုရတယ်တော့ အမြတ်ချည်းပဲပေါ့၊ အရှုံးမရှိဘူး။ ကျင့်ကြံထားခြင်းကြောင့် ရရှိတဲ့ အကျိုးတရားတွေကို မျှဝေခံစားရင်းနဲ့ ဤကဏ္ဍကို ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သစ္စာဝါဒီများ ကျင့်ကြံနေသမျှ ကုသိုလ်ရနေတယ်လို့သာ သဘောထား ယုံကြည်နိုင်ပါတယ်။ ဒီလိုယုံကြည်နိုင်လောက်အောင်လည်း စာရေးသူက ကြံဆပြီး အကျိုးရှိရာ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ (၃၅)

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ (၃၅) သစ္စာဝါဒီများ ဝိပဿနာ နည်းပညာအကြောင်းကို တစ်စေ့တစ်စောင်း သိရှိနားလည်ပြီးတော့ ကျင့်ကြံနေတာ လုံးဝသာဓုခေါ်စရာ ကောင်းပါတယ်။ ဒါကို တစ်ချို့က မသိကြဘူး၊ ဝိပဿနာ ဘယ်လိုကျင့်ရမယ်ဆိုတာ မသိကြဘူး။ လောကွတ်ချော်နေကြတယ်။ ဝိပဿနာဆိုတာ ရတနာမြတ်သုံးပါးကို ဦးထိပ်ထားပြီး ကျင့်ရတယ်။ ဦးထိပ်မထားတဲ့ ပုဂ္ဂိုလ်ဟာ ကျင့်လို့ကို မရဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ မြတ်စွာဘုရားရဲ့တရား ဖြစ်နေလို့။ မြတ်စွာဘုရားကို ဦးထိပ်မထားဘဲနဲ့ မြတ်စွာဘုရားပေးတဲ့ တရားကို ကျင့်လို့ကိုမရပါဘူး။ တကယ်တမ်းကျ အရိယာ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်အောင်ကျင့်မယ်ဆိုရင် ဘုရား၊ တရား၊ သံဃာ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ 34

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ(၃၄) ယောဂီများ တရားဝင်စားကြတယ်ဆိုလို့ သာဓုခေါ်မိပါတယ်။ ဘဝတစ်ခုဟာ တစ်နေ့ကြရင်တော့လည်း သေခြင်းတရားကို သဲကမ်းရေဝှေ့တွေ့ရမှာပါပဲ၊ ဒီတော့လည်း ကိုယ်က ဝိပဿနာ ဆင်ခြင်ထားတာ အကောင်းဆုံးပါပဲ။ စာရေးသူကတော့ သစ္စာဝါဒီများအတွက် အတိုချုပ်နည်း ပေးထားပါတယ်။ တရား အားမထုတ်တတ်ဘူးဆိုတာ မဖြစ်အောင် – အနိစ္စသာ ဆင်ခြင်ပါလို့ သင်ပေးထားပါတယ်။ ဒီအတိုင်းပဲ ဆင်ခြင်ပါ။ တစ်ချို့လည်း ဆင်ခြင်လို့ အရှိန်တွေရနေပြီ။ ကိုယ့်အရှိန်နဲ့ကိုယ်သာ Tags: Buddhism, Myanmar Posts, အရိယာ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , | Leave a comment

Seminar : The Need of Good Master for Searching the Truth

    The seminar starts in 10 minutes Please click on the following URL to attend the meeting. https://anymeeting.com/741-468-109 Venue : I.B.C Hall, Pyay Road Date / Time : 07-01-2015 , 0900 hr to 1200 hr       No … Continue reading

Posted in Buddhism | Leave a comment

ဝိပဿ နာ နှင့် အဆင့်မြင့်ကဏ္ဍများ 33

ဝိပဿနာကျင့်စဉ်နှင့် အဆင့်မြင့် ကဏ္ဍများ အပိုင်း ၃၃ ယောဂီများ ၀ိပဿနာ၏ အဆင့်မြင့်ကဏ္ဍမှာ မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ တရားတွေကို မြတ်စွာဘုရားအလိုတော်ကျ သိနားလည်ဖို့ ကြိုးစားနိုင်ခြင်းအပေါ်မှာ အများကြီးမူတည်ပါတယ်။ အပေါ်ယံရှပ် ပြီးတော့ သိသလိုလိုနဲ့ ကိုယ်လိုချင်သလို အဓိပ္ပာယ်ပြန်ပြီး သုံးနှုန်းတဲ့ ပုံစံကတော့ တရားနည်းလမ်းမကျပါဘူး။ စာရေးသူတို့ဟာ မြတ်စွာဘုရားအလိုတော်ကျ အနိစ္စဆိုရင် အနိစ္စကို သေချာကျင့်ခဲ့တယ်။ ဒါကြောင့်လည်း ယနေ့ ဒီလိုဒီလို ပြောနိုင်ဆိုနိုင်နေတာပဲ။ ၀ိပဿနာနဲ့ပတ်သက်လို့ဖြစ်စေ၊ အနိစ္စတရားနဲ့ပတ်သက်လို့ဖြစ်စေ ခိုင်ခိုင်မာမာနဲ့ သူတော်ကောင်းတွေအလိုတော်ကျ ပြောတတ်အောင် ဆည်းပူးထားပါတယ်။ ကိုယ်တိုင်လည်း လေ့ကျင့်ထားပါတယ်။ အသိပညာလိုက်တယ်ဆိုတာ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment