Monthly Archives: December 2014

ဝိပဿ နာ နှင့် အဆင့်မြင့်ကဏ္ဍများ 32

ဝိပဿနာ ကျင့်စဉ်နှင့် အဆင့်မြင့် ကဏ္ဍများ အပိုင်း ၃၂ ယောဂီများကို အားရလျက်ရှိပါတယ်။ ယောဂီများကလည်း ၀ိပဿနာကို စိတ်ဝင်စားတယ်။ ကျင့်နည်းကလည်း အလွယ်တကူရထားတော့ ကျင့်သာတာပေါ့။ ပေါ်သမျှ အနိစ္စရှုရုံပါပဲ။ ငါးမိနစ်ရရ၊ ဆယ်မိနစ်ရရပေါ့။ တစ်ချို့ကတော့ လည်း တစ်နာရီ အဓိဌာန်တယ်။  နှစ်နာရီ အဓိဌာန်တယ်။ ဒါပေမယ့် အဓိဌာန်ချင်တဲ့ ပုဂ္ဂိုလ်တွေကတော့ အဓိဌာန်ပါစေ။ ယောဂီများကတော့ အဓိဌာန်ဖို့လိုတယ်လို့ မတိုက်တွန်းပါဘူး။ ရသလောက်သာကျင့်။ နှလုံးသွင်း။ အနိစ္စသာကျင့်။ ဒါလိုရင်းနဲ့ သော့ချက်ပဲ။ အနိစ္စသာကျင့်။ ဘာမဆိုပျက်တာပဲ။ စိတ်ကပျက်တယ်။ Tags: … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဝိပဿ နာ နှင့် အဆင့်မြင့်ကဏ္ဍများ 31

ယောဂီများ တရားဘာဝနားပွားများ အားထုတ်နေလို့ အထူးတန်ဖိုးရှိကြောင်း ကောက်ချက်ပေးလိုပါတယ်။ ယောဂီများကတော့ တရားရှုလေ့ရှိတဲ့အခါကျ ရုပ်နာမ်ဟာ ဒုက္ခလို့ လက်ခံပြီးသား၊ ရုပ်နာမ်ဟာ အနိစ္စလို့ လက်ခံပြီးသားဆိုတော့ အထူးပြောဖွယ်ရာ မရှိပါဘူး။ တချို့က ရုပ်နာမ်ကို ဒုက္ခလို့ လက်မခံချင်ကြဘူး။ ဘယ့်နှယ့် လုပ်မလဲ။ ဘုရားဟောတရားကို ကန့်လန့်တိုက်ကြတယ်။ ရုပ်နာမ်ဟာ ဒုက္ခသစ္စာဆိုတော့ နာမ်ထဲမှာပါတဲ့ စိတ်တို့ဘာတို့ဆိုတာလဲ ဒုက္ခသစ္စာထဲမှာ ပါတယ်။ စိတ်ကို ဒုက္ခသစ္စာထဲမှာ ပါတယ်လို့တောင် နားမလည်တဲ့ ပုဂ္ဂိုလ်တွေကလည်း တော်တော်လေးကို ဆန့်ကျင်ဘက်တိုက်ကြတယ်။ ဘုရားဟောတရားကို ကန့်လန့်တိုက်နေကြတာရှိတယ်။ အံ့သြစရာနဲ့ စိတ်မကောင်းစရာပဲ။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ 30

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၃၀) သစ္စာဝါဒီများ တရားလိုက်စားလို့ အထူးသာဓုခေါ်မိပါတယ်၊ လိုက်စားပါ။ အမှန်အကန် ပြောပြတာကို အမှန်အကန်လို့ နားလည်ကတည်းကိုက သစ္စာဝါဒီများဟာ ပါရမီရှိတဲ့ ပုဂ္ဂိုလ်များ ဖြစ်တယ်ဆိုတာ တွက်လို့ရပါတယ်။ အပြင်မှာတော့ အမှားအယွင်းတွေလည်း ပြောကြတယ်၊ တစ်ချို့က ရုပ်နာမ်ချုပ်ပြီးရင် ဘာမှမရှိဘူးဆိုပြီးတော့ အကြိတ်အနယ် ဟောကြပြောကြ ဆွေးနွေးကြတာတွေလည်း ရှိပါတယ်။ ဥပမာ — မြတ်စွာဘုရား ဟောတော်မူခဲ့တယ်၊ နိဗ္ဗာန်ဆိုတာရှိတယ်တဲ့ — အတ္ထိဘိက္ခဝေ အဇာတံ အဘူတံ အဂတံ အသင်္ခတံ – စသည်ဖြင့်ပေါ့။ ချစ်သားတို့ နိဗ္ဗာန်ဆိုတာရှိတယ် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ 29

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၂၉)   သစ္စာဝါဒီများ တရားဝင်စားကြ၍ သာဓုအထူးခေါ်မိပါသည်။ တရားဆိုသည်မှာ ရုပ်နာမ် (၃၁) ဘုံ အပျက်ဟု ဆင်ခြင်ခြင်းသည် တရားပင် ဖြစ်ပါသည်။ ရုပ်နာမ်သည် ဒုက္ခဖြစ်ပါသည်၊ ရုပ်နာမ် ဒုက္ခဟု ဆင်ခြင်လျှင်လည်း တရားပင်ဖြစ်ပါသည်၊ ဒုက္ခသစ္စာ ဖြစ်ပါသည်။ ရုပ်နာမ် ဒုက္ခဖြစ်သည့်အားလျော်စွာ ရုပ်နာမ်ထဲမှာပါသော စိတ်ဟာလည်း ဒုက္ခသစ္စာဖြစ်ပါသည်။ စိတ်ဟာ ဒုက္ခသစ္စာဖြစ်ပါသည်။ ချမ်းသာသည်မှာ နိဗ္ဗာန်ပင် ဖြစ်ပါသည် (သို့မဟုတ်) မဂ်ချမ်းသာ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ဟု အဆိုရှိပါသည်။ ထို့ကြောင့် သစ္စာဝါဒီများ တရားဝင်စား … Continue reading

Posted in Buddhism | Tagged , , , , , | Comments Off on ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ 29

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ 28

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၂၈)    ဝိပဿနာသည် အကျင့်ထူး အကျင့်မြတ်ဖြစ်သည်။ ကာယနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တနုပဿနာ၊ ဓမ္မာနုပဿနာ ဟူ၍ နုပဿနာ လေးမျိုးရှိသည်ကို အားလုံးသိကြသည်။ စာရေးသူသည် စိတ္တနုပဿနာကို အဓိကထား၍ တင်ပြလေ့ရှိပါသည်။ ပေါ်သည့်စိတ်ကို အနိစ္စရှုရန်ဖြစ်သည်။ ထိုကိစ္စမှာ မလုပ်ဖြစ်သောကြောင့်သာ လွန်စွာအကျိုးရှိသော ကျင့်စဉ်ဖြစ်ပါသည်။ လုပ်ဖြစ်သလောက်လည်း အကျိုးရှိသည်။ စာရေးသူ ယခုကျင့်သက်များလာရာ စိတ်ကို အတော်အသင့် ထိန်းနိုင်၊ ကျောင်းနိုင်၊ လွှမ်းမိုးနိုင်သော သဘောရှိလာသည်။ ဤကား အားရှိရန် နမူနာပြ၍ ပြောပြခြင်း ဖြစ်သည်။ ကြွားဝါလို၍ … Continue reading

Posted in Buddhism | Tagged , , , , , | Comments Off on ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ 28

ဟော့ကင်းနှင့်သူ့အကြောင်း(၃)

ဟော့ကင်းနှင့်သူ့အကြောင်း(၃) ဟော့ကင်း သူကိုယ်တိုင်ရေးသော သူ၏ (My Brief History) အတ္ထုပ္ပတ္တိအကျဉ်း စာအုပ်တွင် သူ့ကိုယ်သူ အကျော်ကြားဆုံး သိပ္ပံပညာရှင်တစ်ယောက် ဖြစ်သွားခဲ့ရကြောင်းကို ဖော်ပြခဲ့သည်။ ယင်းကိစ္စမှာ အိုင်းစတိုင်းကလွဲ၍ သိပ္ပံပညာရှင်များဟာ သိပ်ပြီးလူသိ မများကြတာလည်း ပါတယ်။ နောက်ပြီး သူကိုယ်တိုင်ကလည်း ရောဂါရှင်တစ်ယောက် ဖြစ်နေတာလည်းပါတယ်။ ဒါကြောင့်မို့လည်း သူဟာ ကမ္ဘာမှာ နာမည်ကျော်ကြားလာတယ်လို့ ဖြေရှင်းခဲ့တယ်။ ဘာပဲဖြစ်စေ ဖြစ်စေ အိုင်းစတိုင်းပြီးသည်၏ နောက်၌ သူအား အိုင်းစတိုင်းကဲ့သို့ ထင်ပေါ်ကျော်စောသော ပုဂ္ဂိုလ်ဟု အသိအမှတ်ပြုကြပါတယ်။ သူကတော့ စာဖတ်ပရိသတ် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဟော့ကင်းနှင့်သူ၏အကြောင်း(၂)

ဟော့ကင်းနှင့်သူ၏အကြောင်း(၂) A Brief History of Time စာအုပ် ရေးသားခြင်းကြောင့် နာမည်လွန်စွာ ကြီးလာသော စတီဖင်ဟော့ကင်းသည် သူ၏ My Brief History ဆိုသော စာအုပ်ကို ဆက်လက်ထုတ်ဝေ ဖြန့်ချိလိုက်ပါသည်။ A Brief History of Time စာအုပ်သည် သူထင်တာထက် ပို၍အောင်မြင်သည်ဟု ဝန်ခံခဲ့ဖူးသည်။ သို့သော် သူသည် သူ့အကြောင်းကိုရေးခြင်းထက် သိပ္ပံပညာအကြောင်းရေးခြင်းကို ပို၍စိတ်ဝင်စားသည်ဟု ပြောခဲ့ဖူးသည်။ စာရေးသူတို့ကလည်း သူ့ကိုယ်ရေးကိုယ်တာထက် သူ့၏သိပ္ပံအသိပညာအကြောင်းကိုပဲ စိတ်ဝင်စားကြရပေလိမ့်မည်။ သူသည် အိုင်းစတိုင်းပြီးသည့်နောက် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

စတီဖင်ဟော့ကင်းနှင့်သူ့အကြောင်း

စတီဖင်ဟော့ကင်းနှင့်သူ့အကြောင်း စတီဖင်ဟော့ကင်း၏ စာအုပ်တစ်အုပ် ထွက်လာပါတယ်။ သူနာမည်ကြီးခဲ့တဲ့ (A Brief History of Time) ပုစံမျိုးပဲ (My Brief History) ဆိုပြီးတော့ ရေးထုတ်လိုက်ပါတယ်။ အိမ်ထောင်သက် နှစ်ခါကျခဲ့ကြောင်း (Jane) နဲ့ (Elaine) J & E ဖြစ်ပါတယ်။ ဟော့ကင်းဟာ ငယ်ငယ်တုန်းက အတန်းမှာ (Top Ten) ထဲကို မပါခဲ့ဘူး – ဒါကတော့ လက်ရေးညံ့လို့လို့ သူကပြောပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ သူရေးသလောက် စာအုပ်တွေဟာ … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 27

ပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၂၇) သစ္စာဝါဒီများ တရားကျင့်နေလို့ သာဓုခေါ်ပါတယ်။ စာရေးသူရေးတာလေးတွေ ဖတ်လိုက်၊ တရားကျင့်လိုက်နဲ့ ကိုယ့်ကိုယ်ကို အဆင့်မြင့်အောင် တိုးတက်အောင် ကြံဆောင်နေတဲ့သဘော ဆောင်ပါတယ်။ စာရေးသူကို မကြာခဏတော့ မေးကြတယ်။ အကျင့်ကျင့်တာနဲ့ စာလိုက်တာ ဘယ်ဟာက ပိုတန်ဖိုးရှိသလဲ — လို့ အမှန်ကတော့ နှစ်ခုစလုံး တန်ဖိုးရှိတာပါပဲ။ အနုစိပ်ပြောရရင်တော့ နည်းနည်းလေး စာလိုက်ပြီး များများကြီးကျင့်တဲ့ ပုဂ္ဂိုလ်နဲ့ များများကြီးစာလိုက်ပြီးတော့ နည်းနည်းလေးကျင့်တဲ့ ပုဂ္ဂိုလ် နှိုင်းယှဉ်လိုက်ရင်တော့ – နည်းနည်းလေး စာလိုက်ပြီး များများကြီးကျင့်တဲ့ ပုဂ္ဂိုလ်တွေက အတွေ့အကြုံတွေမှာ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 26

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၂၆) သစ္စာဝါဒီများ တရားအားထုတ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကောင်းကင်ပေါ်က အပ်ကလေးတစ်ချောင်း ချလိုက်၊ မြေကြီးပေါ်မှာ အပ်ကလေးတစ်ချောင်း စိုက်ထား၊ ကောင်းကင်က ကျလာတဲ့ အပ်ကလေးဟာ မြေကြီးပေါ်က အပ်ကလေးထိပ်တည့်တည့် ကျချင်ကျမယ်၊ လူဖြစ်ပြီး မြတ်စွာဘုရားရဲ့ တရားကို ကျင့်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး၊ သိပ်ခက်ခဲပါတယ်။ Tags: ၀ိပဿနာ, Buddhism, Myanmar Posts, နိဗ္ဗာန်, ဗုဒ္ဓဘာသာ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , , , | Leave a comment