Monthly Archives: November 2014

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 25

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၂၅) သစ္စာဝါဒီများကို တရားအားထုတ်ဖို့ တိုက်တွန်းရင်းနဲ့ အခြေအနေတွေတော်တော် တိုးတက်လာကြလို့ စာရေးသူလည်း ဆက်တိုက်ဆက်တိုက် အားပေးလျှက်ရှိပါတယ်။ အမှန်အကန်မို့လည်း အားပေးနေခြင်းဖြစ်ပါတယ်။ ပရိသတ်များက ဝင်စားလို့လည်း ဆက်လက်အားပေးနေခြင်း ဖြစ်ပါတယ်။ မိမိအနေနဲ့ ဆရာကောင်း သမားကောင်းရဲ့ အဆိုအဆုံးအမအတိုင်း ပြောပြနေခြင်းလည်း ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း ကျင့်သုံးဆောက်တည်ဖူးတော့ ပိုပြီးတော့ ခိုင်မာတာပေါ့။ ဒီလို ခိုင်မာတာကို ဗုဒ္ဓဘာသာ ချစ်မြတ်နိုးပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ချို့က နားမလည်ဘဲ ကန့်ကွက်သလိုလို ပြဿနာ လုပ်ချင်ကြတယ်။ အမေးအဖြေတစ်ခုမှာ မေးသူက ဝိသုဒ္ဓိမဂ် တတိယအဆင့် သင်တန်းသားတစ်ဦး … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင်မြင့်ကဏ္ဍများ 24

ဝိပဿနာကျင့်စဉ်နှင့်အဆင်မြင့်ကဏ္ဍများ အပိုင်း (၂၄) သစ္စာဝါဒီများ တရားအားထုတ်ခြင်းဟာ ကိုယ့်ကိုယ်ကို အကျိုးရှိစေတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ ဝိပဿနာရှုခြင်းဟာ ကျင့်ထိုက်တဲ့ ကျင့်စဉ်ကောင်းပဲ ဖြစ်ပါတယ်။ ဝိပဿနာကျင့်ခြင်းဖြင့် လောဘ၊ ဒေါသ၊ မောဟများ လျော့နည်းစေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကို အားမပေးဘဲ၊ သူတို့ကို အပျက်လို့ ရှုနေလို့ ပါပဲ။ လေ့ကျင့်ရင် စွမ်းတာပါပဲ။ သူတို့ကို အားပေးရင် သူတို့က အားကြီးတယ်၊ သူတို့ကို အားမပေးဘဲနဲ့ ရှုသတ်တယ်၊ ပယ်တယ်၊ စွန့်တယ်၊ သတ်တယ် ဖြတ်တယ်ဆိုတဲ့ ကျင့်စဉ်ကို ကျင့်တဲ့အခါမှာ ဒီကျင့်အား … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 23

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၂၃) ဝိပဿနာကို ရှုရာ၌ အပျက်လက္ခဏာ တင်ခြင်းသည် လွန်စွာမှ အဖိုးတန်ပါသည်။ မြတ်စွာဘုရားက ဟုတ်သည်ကို မှန်သည်ကို အကျိုးရှိသည်ကို လုပ်ဆောင်ခွင့် ပြုတော်မူပါသည်။ ဟုတ်လျှင် မှန်လျှင် အကျိုးရှိလျှင် လုပ်ပိုင်ခွင့် ရှိပါသည်။ တရားရှုရာ၌ မမြဲခြင်းကို မမြဲခြင်းဟု ရှုခြင်းသည် အမှန်အကန်ဖြစ်နေပါသည်။ လုပ်ရမှာ အဟုတ် အမှန်အကန် ဖြစ်သဖြင့် အကျိုးများဖွယ်ရာသာ ရှိသည်။ အမှန်တကယ် ရှုသောအခါ အကျိုးများကြောင်းကို ရှုသောပုဂ္ဂိုလ်များ သိနေကြပါသည်။ ထို့ကြောင့် ဝိပဿနာရှုပါ။ အချိန်ရသလောက် ရှုပါ။ ရှုလေလေ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 22

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၂၂) ဝိပဿနာကတော့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ကျင့်အပ်တဲ့ ကျင့်စဉ်လို့ သတ်မှတ်တော်မူကြပါတယ်။ ဝိပဿနာကျင့်လို့ ဖြစ်ပျက်ဆုံးရင် နိဂုံးကတော့ နိဗ္ဗာန်ပါပဲ။ နိဗ္ဗာန်အကြောင်းကတော့ ဗုဒ္ဓဘာသာတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ဆိုတော့ ကိုင်ရမှာပဲ။ ဒါ မိမိကို နိဗ္ဗာန်တက်ကိုင်တယ် ဆိုပြီးတော့ အောက်ကလိအာ ပြောဆိုတယ်။ နိဗ္ဗာန်က ဗုဒ္ဓဘာသာတိုရဲ့ ရည်မှန်းချက် ပန်းတိုင်ပဲ။ မကိုင်လို့ဖြစ်မလား – ကိုင်ရမှာပေါ့။ ကိုင်ပုံကိုင်နည်း ဘယ်လိုကိုင်သလည်း ဆိုတာလည်း လေ့လာကြည့်ပါဦး — မပိုင်ဝက်မွေး စမ်းတဝါးဝါးနဲ့ မှန်းသမ်းကိုင်တာလား၊ ဂဃနဏ သေသေချာချာ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 21

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၂၁) သစ္စာရှာမှီးသူများကို တရားအားထုတ်ဖို့ တိုက်တွန်း အကြံပေးလျက် ရှိပါသည်။ ယင်းအချိန်တွင် အနှောက်အယှက်များကိုလည်း ဖြေရှင်းနေရသဖြင့် ယောဂီများအတွက် စိတ်ကသိကအောက် ဖြစ်လျှင် နားလည်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သစ္စာဝါဒီများ လမ်းဖြောင့်ဖြောင့် သွားနိုင်ရန် အနှောက်အယှက် အဖျက်အဆီးများအား မိမိအနေနှင့် ကာကွယ်ဖြေရှင်း နေရသည့် သဘောများ ရှိနေသောကြောင့် ဖြစ်ပါသည်။ စာရေးသူအား ရုပ်နာမ်မကွဲတဲ့ ပုဂ္ဂိုလ်ဖြစ်မယ်ဟု ကောက်ချက်ချပါသည်။ `        ရုပ်နာမ်ကို အဘယ့်ကြောင့် မကွဲရမှာလည်း – ရုပ်နာမ်ဆိုတာ ရုပ်ကအခြေခံပဲ အသိမရှိဘူး။ နာမ်က … Continue reading

Posted in Buddhism | Tagged , , , , | 1 Comment

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ 20

ဝိပဿနာနှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၂၀) ဝိပဿနာအဆင့်မြင့်ကဏ္ဍများကို အမှန်အတိုင်း ဖြစ်စေချင်ပါတယ်။ စာရေးသူအနေနဲ့ကတော့ ဆရာကောင်း သမားကောင်းထံမှာလည်း နည်းနာများ ရခဲ့တယ်။ ကိုယ်တိုင်ကလည်း အနှစ်(၅၀) ဝန်းကျင်လောက် ကျင့်ထားတယ် ဆိုတော့ အမှန်အကန် ဖြစ်စေချင်တဲ့သဘော ကိန်းအောင်းနေတာပေါ့။ မှန်ကန်စေချင်တာပါ၊ မှန်ရင်လည်း အကျိုးရှိတယ်။ စာရေးသူကတော့ ကိုယ်တိုင်အတွေ့အကြုံအရ အကျိုးရှိနေတာပဲ။ ဒါကြောင့်လည်း အားလုံးကို အကျိုးရှိစေဖို့ ရေးတာပါ။ သစ္စာဝါဒီများက လေ့လာနေတော့ သစ္စာဝါဒီများကို တွန်းအားပေးတယ်။ ဘေးကလည်း ဖျက်တာတွေက ရှိတာပေါ့။ ဒါပေမယ့် သစ္စာဝါဒီများကလည်း အကြောင်းမပြုဘဲနဲ့ Tags: ၀ိပဿနာ, … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 19

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၉) စာ၌ “စတုမဂ္ဂဉာဏေန” ဟူသောစကားရှိသည်။ ထိုနေရာ၌ (စတုမဂ္ဂ စိတ်ဏေန) ဟူသောသဘော မရှိချေ။ ဤကိစ္စကို ဆင်ခြင်ကြည့်သော် စတုမဂ္ဂလုပ်တိုင်း ဉာဏေနပဲ သုံးနှုန်းလေ့ရှိကြောင်း ထင်ရှားသည်။ စတုမဂ္ဂစိတ်ဏေန ဟူသောအသုံးအနှုန်း မရှိချေ။ ယင်းကို စိတ်နှင့် နိဗ္ဗာန်မျက်မှောက် ပြုလိုသူများ နားလည်သင့်သည်။ စိတ်ဖြင့် နိဗ္ဗာန်မျက်မှောက်ပြုကြောင်းကို အဘိဓမ္မာ ဆရာကြီးတစ်ဦးကလည်း မှားခဲ့ဖူးသည်။ သူထုတ်လုပ်သော စာအုပ်ထဲတွင် ချမ်းသာသော စိတ်ကလေးက နိဗ္ဗာန်ပဲဟု ပြောခဲ့ဖူးသည်။ ထိုအခါ စာရေးသူသည် ကန့်ကွက်ခဲ့ဖူးသည်။ ဤနည်းအားဖြင့် အဘိဓမ္မာအဖွဲ့သည် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 18

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၈) သစ္စာရှာမှီးသူများ တရားကျင့်၍ သာဓုခေါ်ရင်းနှင့် တရားအား အနှောက်အယှက်ပေးသည့် အခြေအနေများကို မိမိက ကာကွယ်စောင့်ရှောက်လျက် ရှိပါတယ်။ စာအုပ်တစ်အုပ်မှာ ဝိသုဒ္ဓိမဂ် တတိယအဆင့် သင်တန်းသား တစ်ဦးဆိုပြီး မေးထားတာ ရှိပါတယ်။ အပြည့်အစုံလည်း ရှိပါတယ်၊ (အပြည့်အစုံကိုစာလေးမည်စိုး၍မဖော်ပြတော့ပါ) အဲဒီ သင်တန်းသားက လောကီနဲ့ လောကုတ္တရာကို ကွဲကွဲပြားပြား ခြားခြားနားနား မသိတာကို ဝန်ခံသကဲ့သို့ သွယ်ဝိုက်ပြီးတော့ Tags: Buddhism, ဗုဒ္ဓဘာသာ, သာသနာ, လောက, လောကီk

Posted in Buddhism | Tagged , , , , | Comments Off on ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 18

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 17

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၇) သစ္စာဝါဒီများ တရားရှုပါ။ မြတ်စွာဘုရား၏ သာသနာတော်မှာ တရားရှုရင် တရားတက်မှာပဲ။ ဒါကတော့ (ယေဓမ္မာ ဟေတုပ္ပဘဝါ) ဆိုတာ – အကြောင်းခံသလို အကျိုးရှိတာ ပါပဲ။ တရားတွေဟာ အကြောင်းတရားနဲ့အတူ နေတာပါ။ တရားကျင့်တဲ့ ပုဂ္ဂိုလ်ဟာ တရားကျင့်တဲ့ အမြတ်တော့ရတာပဲ။ မှန်မှန်ကန်ကန် ကျင့်နိုင်ရင်တော့ ပိုထူးထူးခြာခြား ရတယ်။ ဒါကို မကျင့်ပုဂ္ဂိုလ်တွေက အသားလွတ် မနာလို ဖြစ်နေတာ – (နိဗ္ဗာန်တက်ကိုင်ရဲတယ်) ဘာညာနဲ့ — နိဗ္ဗာန်တက်ကိုင်တာ ကိုင်နိုင်လို့ကိုင်တာပေါ့။ မှန်မှန်ကန်ကန် ကိုင်နိုင်ရင် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 16

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၆) “ကျင့်သောပုဂ္ဂိုလ်သည် ကျင့်သောအတွေ့အကြုံရှိသည်” ဟူသော စကားမှာ အဓိပ္ပာယ် လွန်စွာရှိသည်။ မကျင့်သေးသောပုဂ္ဂိုလ်များသည် ကျင့်သောပုဂ္ဂိုလ်များတွေ့သောအတွေ့ကို ကိုယ်တိုင်မတွေ့နိုင် — ဤကိစ္စမှာလည်း ရှင်းပါသည်။ မြတ်စွာဘုရား၏ တရားတော်၌ အဟုတ်ယုံ၍ အဟုတ်ကျင့်လျှင် အဟုတ်ဖြစ်သည် ဆိုသည်ကို ကျင့်သောပုဂ္ဂိုလ်များက သက်သေထူနိုင်သည်။ ကျင့်လျှင် ကိုယ့်လောဘ ဒေါသ မောဟ လျော့နည်းသွားသည်ကို အမှန်တကယ် ဇွဲနှင့်အသည်းနှင့် ကျင့်သော ပုဂ္ဂိုလ်များ သိကြသည်။ ထို့ကြောင့် ကျင့်ရန်လည်း တိုက်တွန်းသည်၊ ကျင့်နေသည်ကို အားပေးသည်။ ကျင့်ခြင်းအားဖြင့် အစစ အရာရာ … Continue reading

Posted in Buddhism | Tagged , , , , , , , | Comments Off on ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 16

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 15

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၅)    သစ္စာဝါဒီများ အဆင့်မြင့် ဝိပဿနာကျင့်စဉ်ကို ကျင့်သုံးနေလို့ သာဓုခေါ်ပါတယ်။ ဒါဟာ အဆင့်မြင့် ကျင့်စဉ်ပါ။ လူသာမာန်တွေ မကျင့်ကြဘူးပေါ့။ လူဆိုး လူရိုင်းတွေ မကျင့်ကြဘူးပေါ့။ လူကောင်းတွေ လူမြတ်တွေ ကျင့်ကြပါတယ်။ အမျိုးကောင်းသား အမျိုးကောင်းသမီးတိုင်း ကျင့်သုံးအပ်တဲ့တရားတော်လို့ ဒီလိုအဆိုရှိပါတယ်။ ဒါကြောင့် ဝိပဿနာကျင့်ရင် အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်သွားပါပြီ။ ဒီတော့ ဝိပဿနာကျင့်ပါ၊ အပျက်ရှုပါ၊ အနိစ္စလက္ခဏာတင်ပါ။ ဒါဟာ ကျင့်စဉ်မှန်ပဲ ဖြစ်ပါတယ်။ ကျင့်စဉ်မှန်ကို ကျင့်စဉ်မှန်လို့ ယုံကြည်ရဲရမယ်။ အဖျက်တရားတွေကို မဝင်စားပါနဲ့။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 14

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၄)           သစ္စာဝါဒီများ ဝိပဿနာ ရှုနေကြသည်ဟု သိရသဖြင့် အထူးဝမ်းသာမိသည်၊ သာဓုခေါ်ပါသည်။ ဝိပဿနာ ရှုသာရှုပါ ကြိုးစားပါ။ အမျိုးကောင်းသား အမျိုးကောင်းသမီးများ ကျင့်သုံးအပ်သည့် တရားပင် ဖြစ်ပါသည်။ ဝိပဿနာကို အဖျက်သဘောနှင့် ပြောသူများသည် မနာလို ဝန်တိုသူများ စိတ်ရင်းယုတ်သူများသာဖြစ်သည်။ ဝိပဿနာသည် ကျင့်အပ်သော တရားသာဖြစ်သည်။ အချို့က အခု နိဗ္ဗာန်ရောက်သွားမှာလား စသည်ဖြင့် ဖျက်ကွက်လုပ်ကြသည်။ နိဗ္ဗာန် ရောက်ရောက် မရောက်ရောက် မိမိ၌ လောဘ၊ ဒေါသ၊ မောဟ လျော့နည်းအောင် ကျင့်နည်းသည် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 13

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၃) “ပဉ္စက္ခဒဿနတော” ဟူသော စကားရှိသည်။ ပစ္စုပ္ပန်၌ရှုရမည်။ သစ္စာဝါဒီများ အနိစ္စရှုခြင်းသည် လွန်စွာ အဖိုးတန်သည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့အတွက် အနိစ္စရှုရန်ဖြစ်သည်။ စာအလိုရ “ပဉ္စက္ခဒဿနတော” ပင် ဖြစ်သည်။ ပစ္စုန်ပ္ပန်တည့်တည့် ရှုမြင်လိုက်ဖို့ အရေးကြီးသည်။ ထို့ကြောင့် ပစ္စုပ္ပန်၌ ရှုဖြစ်နေခြင်းသည် အရေးကြီးဆုံး ဖြစ်သည်။ ရှုခြင်းသည် မြတ်စွာဘုရား အလိုတော်ကျ ဖြစ်သည်။ အနိစ္စလက္ခဏာ တင်ခြင်းဖြစ်သည်။ တနည်အားဖြင့် ပယ်ခြင်း၊ သတ်ခြင်း၊ စွန့်ခြင်း၊ ဖြတ်ခြင်းပင် ဖြစ်သည်။ ဤအရာများက မဂ်ဉာဏ် ဖိုလ်ဉာဏ်အတွက် … Continue reading

Posted in Buddhism | Tagged , , , , , , , | Comments Off on ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 13

ဝိပဿနာအားထုတ်ခြင်းနှင့်အဆင့်မြင့်ကဏ္ဍများ 12

ဝိပဿနာအားထုတ်ခြင်းနှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၂)           လူတိုင်းအလုပ်လုပ်ကြသည် အလုပ်လုပ်သောကိစ္စ၌ လူသည် ကျွမ်းကျင်လာသည်။ ယင်းကား ကမ္ဘာ့ဥပဒေသပင် ဖြစ်သည်။ “Practice makes perfect.” ဖြစ်သည်။ ထို့ကြောင့် “ကျွမ်းကျင်ရာ လိမ္မာကြသည်” ဟူသောအဆိုရှိသည်။ အားကစားကျင့်လျှင် အားကစားတော်သည်၊ ကျွန်ပြူတာကျင့်လျှင် ကွန်ပြူတာ တော်သည်။ ထို့အတူ တရားကျင့်လျှင် တရားတော်ရမည်။ `        တရားကျင့်ရာ၌ မြတ်စွာဘုရား အလိုတော်ကျ အနိစ္စ ဆင်ခြင်ခြင်းသည် အမှန်ကန်ဆုံး Tags: ၀ိပဿနာ, Buddhism, Myanmar Posts, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , | Leave a comment

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ 11

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၁)           သစ္စာဝါဒီများ ဝိပဿနာကို ဝင်စားလေ့ကျင့် နေကြပြီဟု သဘောရပါသည်။ အချို့က တရားကျင့်ရမည်ကို ကြောက်သလိုလို၊ မကျင့်ဖြစ်သလိုလို၊ မကျင့်ဝံ့သလိုလို ဖြစ်တတ်ကြသည်။ ယင်းမှာ စိတ်မကောင်းဖွယ်ရာ ဖြစ်သည်။ အမှန်က တရားဆို ကျင့်ရဲရမည်၊ ကျင့်တတ်ရမည်၊ ကျင့်နိုင်ရမည်၊ တရားကျင့်ခြင်းသည် လွန်စွာခက်ခဲ နက်နဲသော အလုပ်မဟုတ်ချေ။ လေကျင့်ခန်း တစ်ခုသာ ဖြစ်သည်။ ဥပမာ အိပ်ယာဝင်တွင် မိမိရုပ်နာမ် မြတ်စွာဘုရားလှူပြီး – “အနိစ္စပဲ၊ အားလုံးဟာ အနိစ္စပဲ၊ မြတ်စွာဘုရား ဟောတော်မူသောတရား သိပ်မှန်တယ် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment