Monthly Archives: June 2014

သိပ္ပံပညာကဗုဒ္ဓဘာသာကိုအမွန်းတင်နေတာမျိုးလည်းရှိတယ်

သိပ္ပံပညာကဗုဒ္ဓဘာသာကိုအမွန်းတင်နေတာမျိုးလည်းရှိတယ် သိပ္ပံပညာမှာ – Why do we exist? ကျွန်တော်တို့ ဘာဖြစ်လို့ တည်ရှိနေရလည်း ?? ဆိုတဲ့ မေးခွန်းက တော်တော်လေး အရေးပါ အရာရောက်တဲ့ အဓိက မေးခွန်းတစ်ခုလို ဖြစ်နေတယ်။ ဒါကတော့ ဗုဒ္ဓဘာသာမှာ အထင်အရှား ရှင်းပြပြီးသားပါပဲ။ မသိလို့လိုချင် လိုချင်လို့ပြုလုပ် ပြုလုပ်တော့ ရရှိပြီး ဖြစ်ပေါ်နေရတာပဲဆိုတာ အထင်အရှားပါပဲ။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရဆိုတာလည်း ရှိတယ်လေ — မသိလို့ လုပ်မိလုပ်ရာ လျှောက်လုပ်ကြတာပါ။ ဒီလိုနည်းနဲ့ပဲ သံသရာ လည်ကြတာပေါ့။ … Continue reading

Posted in Buddhism | Tagged , | Leave a comment

အနောက်တိုင်းဒဿနနှင့်အရှေ့တိုင်းဗုဒ္ဓဘာသာ

အနောက်တိုင်းဒဿနနှင့်အရှေ့တိုင်းဗုဒ္ဓဘာသာ သိပ္ပံပညာရှင်တွေဟာ သဘာဝဥပဒေသတွေကို လေ့လာကြတယ် တွေ့တန်သလောက်လည်း တွေ့ပါတယ်။ ဒါပေမယ့် လမ်းဆုံးအထိတော့ မရောက်ကြဘူး။ ယခုတွေ့တာထက် ခက်ခဲနက်နဲတဲ့ အပိုင်းတွေ တွေ့ဖို့လိုသေးတယ်။ ဒီနည်းတွေကတော့ သိပ္ပံနဲ့ တွေ့ပါ့ တွေ့ပါ့မလားလို့ စဉ်းစားစရာပဲ။ အရှေ့တိုင်းမှာတော့ လေ့လာဖို့မလိုဘဲ ကိုယ့်ကိုယ်ကို လေ့လာတတ်တဲ့ သဘာဝကိုပဲ အမှန်တိုင်း မြင်အောင် ဆင်ခြင်ဖို့လိုတယ်လို့ ယူကြတယ်။ သိပ္ပံက အပြင်လိုက်တဲ့သဘော များတာပေါ့၊ ဗုဒ္ဓဘာသာကတော့ အတွင်းလိုက်တဲ့သဘော များပါတယ်။ သိပ္ပံမှာ Why is there something rather than … Continue reading

Posted in Buddhism | Leave a comment

အမှန်တရားအားသစ္စာစောင့်လေ့ရှိသည်

အမှန်တရားအားသစ္စာစောင့်လေ့ရှိသည်           အမှန်တကယ် ကျင့်ကြံအားထုတ်သော၊ တရားအမှန်တကယ် လိုက်စားကျင့်ကြံ အားထုတ်သော၊ အကျင့်မြတ်ရှိသော ပုဂ္ဂိုလ်များအား မတရားသဖြင့် စွပ်စွဲ၍ ဂုန်းတိုက်စကားပြောကာ မနာလို ဝန်တိုမှုဖြင့် မဟုတ်မတရားများ ပြောတတ်သော ပုဂ္ဂိုလ်တို့သည် အမြင်ကွယ်တတ်သည်။ ထို့ကြောင့် မိမိ၏အမြင် စောင့်ထိန်းလိုလျှင် တရားအားထုတ်သော ပုဂ္ဂိုလ်များ၏ မကောင်းမှုများကို လုပ်ကြံ၍ ဂုန်းတိုက် မပြောသင့်ကြောင်း ဆင်ခြင်အပ်လေသည်။ ဆက်လက်၍ ဂုန်းတိုက်စကား ပြောကြားနေပါမူ မိမိ၏ အမြင်များကွယ်လျက် စုံလုံးကန်း ဖြစ်နိုင်ကြောင်း No tags for this post.

Posted in Buddhism | Leave a comment

အကြောင်းအကျိုးအခြေအနေပြည့်စုံမှသာလျှင်

အကြောင်းအကျိုးအခြေအနေပြည့်စုံမှသာလျှင်     ပုဂ္ဂိုလ်တော်တော်များများသည် ဆန္ဒစောလေ့ရှိကြသည်။ အကြောင်းအကျိုးအခြေအနေ ပြည့်စုံမှုကို မစောင့်နိုင်ကြ ကိုယ့်ဆန္ဒရှိသကဲ့သို့သာ ဖြစ်စေချင်ကြသည်။ ကိုယ်ဆန္ဒရှိတိုင်း ဖြစ်လေ့ဖြစ်ထ ရှိသည်မဟုတ်ချေ။ အကြောင်းအကျိုးပြည့်စုံ ခိုင်လုံမှသာလျှင် ဖြစ်တတ်လေ့ရှိသည်။ ဤသဘောတရားကို ပုဂ္ဂိုလ်တော်တော်များသည် အသိအမှတ် မပြုနိုင်၊ ဆန္ဒစောဖို့သာ လုံ့လပြုကြသည်။ ထိုအခါ သဒ္ဒါလွန်း စွမ်းတော်ရုံ ဆိုတာမျိုးလို သဒ္ဒါကဲ၍ ပညာမပါလျှင် အရာရာ ပြီးပြည့်စုံနိုင်လိမ့်မည် မဟုတ်ချေ။ အဓိကမှာ အကြောင်းအကျိုးပြည့်စုံ ခိုင်လုံသော အခြေအနေ No tags for this post.

Posted in Buddhism | Comments Off on အကြောင်းအကျိုးအခြေအနေပြည့်စုံမှသာလျှင်