Monthly Archives: May 2014

စိတ်ချရခြင်းဆိုင်ရာပြဿနာ

စိတ်ချရခြင်းဆိုင်ရာပြဿနာ     အရာရာ စိတ်ချရခြင်းသည် လွန်စွာအဖိုးတန်သည်။ နက်ရှိုင်းမှုလည်း ရှိသည်။ စိတ်ချရအောင်မလုပ်ဘဲ ဖြစ်သလိုလုပ်ခြင်းကြောင့် စိတ်မချရခြင်း ဖြစ်တတ်သကဲ့သို့၊ စိတ်ချရအောင်လုပ်ရင်းနှင့်ပင် စိတ်မချရသော အခြေအနေသို့ ရောက်တတ်သည်။ ထို့ကြောင့် စိတ်ချရခြင်းသည် လွန်စွာအရေးကြီးသည်။ ဝိပဿနာ၌ အသေစိတ်ချရခြင်း ဟူသောစကားရှိသည်။ စာရေးသူသည် ဝိပဿနာ ကျင့်ခဲ့သည်။ အသေစိတ်ချရသည် ဆိုသည်မှာ လွယ်သော ကိစ္စမဟုတ်ချေ။ ထို့အတူ အားလုံးသော ကိစ္စများ စိတ်ချရသည် ဆိုသည်မှာ လွယ်ကူသည်တော့ မဟုတ်ချေ။ ယခု ဘောလုံးပြိုင်ပွဲများတွင် ပထမပိုင်း၌ မိမိ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အနာဂါတ်အတွက်ကြိုပြောခြင်း

အနာဂါတ်အတွက်ကြိုပြောခြင်း  အနာဂတ်အတွက် ကြိုပြောခြင်း၌ မှန်းဆ၍ ပြောရခြင်းဖြစ်သည်။ မှန်းဆခြင်း ဆိုသည်မှာ ဖြစ်တန်ရာချေကို ပြောရခြင်းဖြစ်သည်။ England အသင်း ကမ္ဘာဖလားတွင် အောင်မြင်မှု ရနိုင်သည့်အချက်များကို နာမည်ကျော် ရူပဗေဒပညာရှင် ဟော့ကင်းက သုံးသပ်ကြောင်း  ထုတ်ဖော်ကြသည်။   British theoretical physicist and cosmologist, professor Stephen Hawking speaks to the press during the unveiling of his scientific formula for … Continue reading

Posted in Buddhism | Tagged , | Comments Off on အနာဂါတ်အတွက်ကြိုပြောခြင်း

လူနှင့်ဓမ္မဓိဌာန်ကျသောအသိပညာ 02

လူနှင့်ဓမ္မဓိဌာန်ကျသောအသိပညာ အပိုင်း(၂) လူသည် ဘက်လိုက်တတ်သည်။ လောဘ၊ ဒေါသ၊ မောဟ ဆန္ဒတို့ကြောင့် ဘက်လိုက်ခြင်း ဖြစ်သည်ဟု ဗုဒ္ဓဘာသာ၌ အဆိုအဆုံးအမ ရှိသည်။ ဘက်လိုက်တတ်မှုကို ပညာရှိများ သတိထား ဆင်ခြင်ကြသည်။ ဒဿနိကဗေဒ ဘာသာရပ်၌ သမိုင်း၏ ဓမ္မဓိဌာန်ကျမှု (Objectivity of History) ဟူသော အပိုင်းကို လေ့လာသွန်သင်ကြသည်။ သမိုင်းဆရာတို့သည် ဓမ္မဓိဌာန်ကျပါ၏လားဟု ဟူသော မေးခွန်းကို ဆွေးနွေးကြသည်။ တော်တော်များများ သမိုင်းဆရာများသည် ကိုယ်ကြိုက်ရာကိုယ် ရေးတတ်ကြလေ့ ရှိသည်ကို သုံးသပ်နိုင်သည်။ မုန်းလျှင်အပြစ်၊ ချစ်လျှင်အကျိုး၊ … Continue reading

Posted in Buddhism | Tagged , | Leave a comment

လူနှင့်ဓမ္မဓိဌာန်ကျသောအသိပညာ 01

လူနှင့်ဓမ္မဓိဌာန်ကျသောအသိပညာ အပိုင်း(၁)      လူတို့သည် အနည်းနှင့်အများတော့ အတ္တရှိကြသည်။ အတ္တရှိသည်ဆိုသည်မှာ ပုဂ္ဂလိက သဘောဆောင်ခြင်းပင် ဖြစ်သည်။ ထိုအခါ ပုဂ္ဂလိက သဘောဆောင်သော လူသည် ဓမ္မဓိဌာန်ကျသော အသိပညာကို ရရှိနိုင်ပါမည်လားဟု ဝင်စားနိုင်သည်။ ကမ္ဘာ့ပညာရှင်များကတော့မူ ဤသို့ဆိုဖူးသည် —   (If there is any doubt for objective knowledge then such kind of knowledge cannot be arisen at … Continue reading

Posted in Buddhism | Tagged , | Leave a comment

Why I like Hawking?

 ဟော့ကင်းနာမည်ကြီးရခြင်း၏အကြောင်းအရင်းများ  Why I like Hawking? ဟော့ကင်းသည် သူ၏ရဲရင့်သော အယူအဆများကြောင့် နာမည်ကြီးလာရသည်ဟု ဆိုနိုင်သည်။ သူသည် သူ့၏ သုတေသနလုပ်ငန်းမှ ရရှိသောအဖြေကို ရဲရဲရင့်ရင့် ထုတ်ဖော်တင်ပြရဲခဲ့သည်။ အောက်ပါ အယူအဆတစ်ခုကို ကြည့်ပါ —   Hawking is one of the famous theoretical physicists. After Einstein, he became the most famous scientist. At the time … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ကြောင်းကျိုးပညာသာသနာ

ကြောင်းကျိုးပညာသာသနာ ဤလောက၌ ကြောင်းကျိုးပညာ တည်ရှိသည်။ အေ ကြာင်းခံလျှင် အကျိုးရှိသည်၊ မည်သည့် ဖြစ်ရပ်မှ အကြောင်းမဲ့ မဖြစ်ချေ။ ဤသဘောကို ဗုဒ္ဓဘာသာ၌ (ယေဓမ္မာ ယေတုပ္ပဘဝါ) ဟူသော ပါဠိဖြင့် လေ့လာနားလည် နိုင်ကြသည်။ ဖြစ်ရပ်တိုင်း၌ အကြောင်းရှိသည်။ ဒဿန ပညာ၌လည်း (Law of Causality) ဆိုသည်ကို တန်ဖိုးထား၍ လေ့လာ ဆွေးနွေးကြသည်။ သဘာဝ၌ အကြောင်းအကျိုး ဆက်စပ်မှု အသိပညာသည် Tags: Myanmar Posts, ဗုဒ္ဓဘာသာ

Posted in Buddhism | Tagged , | Comments Off on ကြောင်းကျိုးပညာသာသနာ

အသေးစား ပြင်ဆင်မှုများ

အသေးစား ပြင်ဆင်မှုများ ပုဂံ၌ အသေးစားပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတင်းကောင်း ရပါသည်။ ယခုအခါ မြန်မာ့အနုပညာ အကများကို စနစ်တကျ သင်ကြားလျှက် ရှိကြပါသည်။ လာမည့် ဧည့်ရာသီတွင် အသင့်ဖြစ်ရန် ကြိုတင်၍ ပြင်ဆင်ထားကြသည်မှာ အမျှော်အမြင်ရှိခြင်းနှင့် သက်ဆိုင်သည်ဟု ကောက်ချက်ချနိုင်ပါသည်။ မြန်မာ့အနုပညာ အကအလှများကို စနစ်တကျနှင့် ခြေခြေမြစ်မြစ် သင်ကြားပို့ချ ခံယူလေ့ကျင့်နေကြောင်း သတင်းကောင်းရရှိပါသည်။   ထို့အပြင် မြန်မာ့ ခြင်းလုံးပညာနှင့် ပတ်သက်၍လည်း အရေးပေးခြင်းခံရသည်။ ယခုအခါ တစ်ချို့သော မြန်မာ့ ခြင်းလုံးအဖွဲ့များသည် ဧည့်ရာသီအတွက် ကြိုတင်ပြင်၍ … Continue reading

Posted in Buddhism | Tagged | Leave a comment

စက်ရုပ်လူသားနှင့်ပြရုပ်

စက်ရုပ်လူသားနှင့်ပြရုပ် စက်ရုပ်လူသား အနေနှင့် သိပ်ပြတတ်တဲ့ အလေ့အကျင့်တော့ မရှိကြောင်း သိရပါတယ်။ တစ်ခါက ဘောလုံးနည်းပြ တစ်ဦးက သူ့တပည့် တစ်ယောက် အကြောင်းကို ပြောတယ်။ “ဒီကောင်က ဘောလုံးကို သယ်လို့ရှိရင် ဂိုးထဲ တန်းတန်းမတ်မတ် မသယ်ဘူး၊ လူရှုပ်တဲ့ ကြားထဲကမှ လိမ်တွန့်ခေါက်ပြီးတော့ ဆွဲယူတတ်တယ်” လို့ ပြောဖူးတယ်။ သူကတော့ ဘောလုံးကျွမ်းတော့ ပြချင်မှာပေါ့။ ဒီလိုပဲ လူသားရိုးရိုးတွေဟာ ပြချင်တတ်တဲ့သဘော တော်တော်များတယ်။ သူသူကိုယ်ကိုယ်ပဲပေါ့နော် ပြချင်ကြတယ်။ ကိုယ်တတ်တဲ့ ပညာဖြစ်ဖြစ်၊ ကိုယ်သိတဲ့ အရာပဲဖြစ်ဖြစ် ပြချင်တဲ့သဘော … Continue reading

Posted in Buddhism | Tagged | Leave a comment

စက်ရုပ်လူသားတင်စားဖော်ဆောင်သည်

စက်ရုပ်လူသားတင်စားဖော်ဆောင်သည် စက်ရုပ်လူသားသည် လူသာမာန်တို့ထက် ထူးခြားသည်မှာ စက်ရုပ်လူသားအတွက် မိခင်ဌာနချုပ်မှ အစီအစဉ် အမြောက်အများကို အတော်အသင့် အတိုင်းအတာထိ သိရှိနားလည်နိုင်သည်။ ရိုးရိုးလူသားများမှာမူ ကံကြမ္မာ၏ အပြောင်းအလဲ လျို့ဝှက်မှု ဆန်းကြယ်မှု အကွေ့အကောက်များကို စက်ရုပ်လူသားလောက် နားမလည်နိုင်ချေ၊ ကြိုမသိနိုင်ချေ။ စက်ရုပ်လူသားမှာ အထိုက်အလျောက် ကြိုသိနိုင်သည်။ မိခင်ဌာနချုပ်နှင့်လည်း အခါအားလျော်စွာ ဆက်သွယ်ရေးရသည်။ မူလဘူတကလည်း စနစ်တကျတည်ဆောက် ဖွဲ့စည်းတည်ဆောက်ခဲ့သည်။ ထို့ကြောင့် ကောင်းစွာ ဆက်ဆံရေးရနိုင်သည်။ ထိုအခါ အနာဂါတ်ကို တော်တော်လေးတော့ သိနိုင်သည်။ ပစ္စုပ္ပန် အခြေအနေကိုလည်း ပြည့်ပြည့်စုံစုံ သိနိုင်သည်။ … Continue reading

Posted in Buddhism | Leave a comment