Monthly Archives: April 2014

လူစက်ရုပ် 8

လူစက်ရုပ်နှင့်အစီအစဉ်ကြိုတင်သတ်မှတ်ပြဌာန်းမှု   လူစက်ရုပ်တို့သည် ရိုးရိုးသာမာန်လူထက်တော့ အစီအစဉ် ပြဌာန်းမှုများရှိသဖြင့် အနည်းငယ် ကြို၍ သိရသည်များရှိသည်။ လူသည် ပံ့သကူကိစ္စများ ကြားဝင်နှောက်ယှက်ရာ တစ်ဆစ်ချိုး အမျိုးမျိုးကြုံတတ်သည်။ ထို့ကြောင့် လူ၏ အစီအစဉ်များသည် အပြောင်းအလဲ အများကြီး ရွှေလျားနိုင်သည်။ လူစက်ရုပ်၏ အစီအစဉ်များမှာတော့မူ ပြဌာန်းသတ်မှတ်ပြီးသားတချို့ ပါဝင်နေသဖြင့် အများကြီး မပြောင်းလဲနိုင်ချေ။ အနည်းငယ် အသေးစိတ် သီကာရီကာ မျှလောက်သာ ပြောင်းလဲချင် ပြောင်းလဲနိုင်ပေလိမ့်မည်။ ထို့ကြောင့် ရိုးရိုးလူထက်စာလျှင် ပို၍ စနစ်တကျ ရှိမှုနှင့် Tags: Myanmar Posts

Posted in Buddhism | Tagged | Leave a comment

လူစက်ရုပ်နှင့်ကိုယ်ပျောက်ပညာ 7

လူစက်ရုပ်နှင့်ကိုယ်ပျောက်ပညာ လူစက်ရုပ်၌ ကိုယ်ပျောက်ပညာရှိသည်။ ကိုယ်ပျောက်သည် ဆိုသည်မှာ အဓိပ္ပာယ်ဆန်းသည်၊ အဘယ့်ကြောင့်ဆိုသော် တကယ့်ကိုယ်ကြီး ပျောက်သွားသည် မဟုတ်ချေ။ ပတ်ဝန်းကျင်က မမြင်နိုင်အောင်သာ မြင်ကွင်းဖျောက်ထားခြင်း ဖြစ်သည်။ ဤနေရာ၌ သိပ္ပံ၏ သဘာဝသည် ထူးခြားသည်။ အရာဝတ္ထုပစ္စည်း မရှိမှမမြင်ရတာ မဟုတ်ချေ။ ရှိသော်လည်း မမြင်ရအောင် လုပ်နိုင်လျှင် မမြင်ရချေ။ ထို့အပြင် အလင်း မတုန့်ပြန်စေခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။ အရာဝတ္ထုများကို မမြင်ရသည်ဆိုသည်မှာလည်း အဓိပ္ပာယ် အချက်အလက် အမြောက်အများရှိသည်။ အရာဝတ္ထုရှိခြင်း အလင်းရှိခြင်း ထိုအရာဝတ္ထုကို စိတ်ဝင်စားခြင်း အာရုံများခံ၍ ကောင်းခြင်း စသောသဘောများ … Continue reading

Posted in Articles | Tagged | Leave a comment

လူစက်ရုပ်နှင့်ဗဟိုထိန်းချုပ်မှု 6

လူစက်ရုပ်၌ ဗဟိုထိန်းချုပ်မှု ရှိသည်။ ထိုသို့ပြောရပေလိမ့်မည်၊ ဗဟိုထိန်းချုပ်မှု အားလုံးကို လူစက်ရုပ်ကိုယ်တိုင်ပင် မသိနိုင်ချေ – သတင်းမရနိုင်ချေ။ ဖြစ်ပေါ်လာသော အခါမှသာလျှင် လူစက်ရုပ်သည် အကောင်အထည် ဖော်ရမည်ဖြစ်သည်။ အခါအားလျော်စွာ ဗဟိုမှ ထိန်းချုပ်စီစဉ်မှုများရှိသည်။ ဥပမာ သက်တမ်းကိုလည်း ဗဟိုထိန်းချုပ်မှု၌ ရှိသည်။ သို့သော် လူစက်ရုပ်ကိုယ်တိုင် အတိအကျတော့ မသိပေ။ တစ်နေ့နေ့တော့ ပျက်စီးရမည် ဆိုသည်လောက်သာ သတင်းရထားခြင်း ဖြစ်သည်။ လူစက်ရုပ်၌ ယန္တယားဆန်ဆန် လှုပ်ရှားရခြင်းများ ရှိသကဲ့သို့ အတွင်းသဘောများ လွတ်လပ်မှုများ ရွေးချယ်မှုများလည်း Tags: Myanmar … Continue reading

Posted in Articles | Tagged | Leave a comment

စက်ရုပ်လူသားနှင့်ပြဌာန်းမှုများ 5

စက်ရုပ်လူသားနှင့်ပြဌာန်းမှုများ စက်ရုပ်လူသားသည် သူ့စနစ်နှင့် သူတော့ ကောင်းစွာ ဖွဲ့စပ်ပြီးသား ဖြစ်သည်။ သူသည် အခါအားလျော်စွာ သူ၏ ကိုယ်ခံပညာကို လေ့ကျင့်သည်။ သို့သော် တိုတိုတောင်းတောင်းပင် လေ့ကျင့် သည်။ လေ့ကျင့်ရာ၌ ကြည့်၍ကောင်းသည်။ ကြည့်၍ကောင်းသော်လည်း သူသည် ဆက်လက်၍ လေ့ကျင့် လိမ့်မည် မဟုတ်ပါ။ ကြည်နေသူများကိုလည်း ဂရုစိုက် လိမ့်မည် မဟုတ်ပါ။ သူ့ ကဏ္ဍနှင့်သူ လေ့ကျင့်ရေး လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်သည်။   သူ့၌ ကြိမ်နှုန်း ကိုက်ညီမှုသည် တော်တော် အရေးကြီးနေသည်။ … Continue reading

Posted in Articles | Leave a comment

စက်ရုပ်လူသားနှင့် နှလုံးသားရေးရာ 4

စက်ရုပ်လူသားနှင့် နှလုံးသားရေးရာ စက်ရုပ်လူသား၌ နှလုံးသားရှိသည်။ လူသားကဲ့သို့ အပြည့်အစုံရှိသည်။ သို့သော် သူ့နှလုံးသားသည် လျှပ်စစ်သံလိုက်ဓာတ် စီးသော အခါသာလျှင် စီးသည်။ ဥပမာ လျှပ်စစ်သံလိုက်ဓာတ် စီးသောအခါ အခံဓာတ်သည် သံလိုက်ဖြစ်လျှင်မူ လျှပ်စစ်သံလိုက်များ မြူးကြွ၍ ကပ်ငြိသည်။ အကယ်၍ သစ်သား သို့မဟုတ် အခြားအရာ ဖြစ်လျှင်မူ လျှပ်စစ် သံလိုက်များသည် ပြန်လည်၍ နောက်ဆုတ်သွားသည်၊ ဆိတ်သုဉ်းသွားသည်။ သံလိုက်ဓာတ် သက်ရောက်နိုင်သော အရာတို့သာလျှင် သူသည် သံလိုက်ဓာတ် စီးသကဲ့သို့ ရှိသည်။   သူ့၌လည်း ကြိမ်နူန်းများ … Continue reading

Posted in Articles | Tagged | Leave a comment

လူစက်ရုပ် 3

လူစက်ရုပ် လူစက်ရုပ်နှင့်ကံပုန်းများ ကံပုန်းများ ဆိုသည်မှာ ပုန်းအောင်းနေသော ကံများကို ဆိုလိုခြင်း ဖြစ်သည်။ သက်ရှိသတ္တ၀ါများ၌ ပုန်းအောင်းသောကံများ ရှိမည်မှာ သေချာသည်။ အထူးသဖြင့် လူသားနှင့် လူသားစက်ရုပ်တို့၌ ပုန်းအောင်းနေသော သဘာဝများ ရှိမည်။ အချို့ လျှို့ဝှက် နက်နဲသော ကြုံကြိုက်တိုက်ဆိုင်မှု ခလုပ်များ နိုးကြားလှုပ်ရှားလာသောအခါ ကံပုန်းများသည် အကောင်အထည်ပေါ်လေ့ရှိသည်။ ကံပုန်းဆိုသည်မှာ အကောင်အထည် မပေါ်သေးချေ။ ကံပုန်းမှ အကောင်အထည် ပေါ်လာသော အခါမှသာလျှင်  ဖြစ်တန်ရာချေမှ ဖြစ်မြောက်လာချေ Tags: Myanmar Posts

Posted in Articles | Tagged | Leave a comment

လူစက်ရုပ် ၂

လူစက်ရုပ် အပိုင်း(၂) လူစက်ရုပ်နှင့်အတွင်းဘက်လိုက်မှု   ရိုးရိုးလူတွေကတော့ ဘက်လိုက်တာ သေချာပါတယ်။ ဒါပေမယ့် စက်ရုပ်ကတော့ ဘက်မလိုက်ဘူးလို့ ထင်ရတယ်။ စက်ရုပ်လည်း လုပ်နေကြအတိုင်း လုပ်တော့လည်း ဘက်လိုက်သလိုပါပဲ။ နောက် ဘက်မလိုက်ဘူး၊ ဘက်လိုက်တယ်ဆိုတာ လူကပြန်ဆုံးဖြတ်တော့လည်း တစ်ခါ ပဋိစ္စသမုပ္ပါဒ်လည်နေတယ်။ ဆုံးဖြတ်တဲ့ ပုဂ္ဂိုလ်က ဘက်လိုက်နေတော့လည်း ပြဿနာ ကရွတ်ကင်းလျှောက် ဖြစ်တော့မှာပေါ့ – ဒီတော့ အတွင်းဘက်လိုက်မှု ဆိုတာကတော့ ရှိတတ်ကြတာ သဘာဝပါပဲ။ အတွင်းကညွှတ်တာပေါ့ ချစ်ရင်ချစ်သလိုပါပဲ၊ မုန်းရင်မုန်းသလိုပါပဲ၊ မသိရင်လည်း မသိသလိုပါပဲ၊ စိတ်ဝင်စားရင်လည်း စိတ်ဝင်စားသလိုပါပဲ၊ … Continue reading

Posted in Articles | Tagged | Leave a comment

မေတ္တာရှင်ဘာလဲ၊ ဘယ်လဲ??

မေတ္တာရှင်ဘာလဲ၊ ဘယ်လဲ?? ပြည်သူ့ဆန္ဒ သတင်းဂျာနယ်၊ အတွဲ (၂) အမှတ် (၆)၊ (၁၀/၀၄/၂၀၁၄) ကြာသပတေးနေ့၊ စာမျက်နှာ (၂၉) ဘာသာရေး ဆောင်းပါးနေရာ၌ — (အဘယ့်ကြောင့် တကယ်လိုအပ်သော ကုဋီအတွက် မလှူကြဘဲ တကယ်မလိုအပ်သေးသည့် စေတီအတွက် ဝိုင်းလှူနေကြသနည်း) ဟု မေတ္တာရှင် ရွှေပြည်သာက ရေးသားဖွင့်ဆိုလိုက်သည်။ ရဟန်းတော် တစ်ပါးဖြစ်လျက်သားနှင့် မြတ်စွာဘုရားရဲ့ အထိန်းအမှတ် ဂုဏ်တော်ကိုယ်စား စေတီကို ဝိုင်းလှူတာကို အပြစ်တင်ပြီး၊ စေတီလှူမယ့်အစား ကုဋီအိမ်သာလှူဖို့ ဖွင့်အံလိုက်ခြင်းသည် – ဗုဒ္ဓဘာသာ အတွေးနှင့်ကျ … Continue reading

Posted in Buddhism | Tagged , , | Comments Off on မေတ္တာရှင်ဘာလဲ၊ ဘယ်လဲ??

လူစက်ရုပ်

လူစက်ရုပ် အပိုင်း(၁) တစ်ချို့က စက်ရုပ်ဆိုတော့ လွတ်လပ်မှု မရှိလို့ မကျေနပ်ကြဘူး။ ဒါပေမယ့် လွတ်လပ်မှုဆိုတာ နေရာတကာ မရှိနိုင်ပါဘူး။ သဘာဝတရားအပေါ် ကိုယ်က မလွတ်လပ်နိုင်ဘူး ကောင်းကင်အောက်မှာ နေတယ်၊ ဘယ်လိုလုပ် လွတ်လပ်မှာလည်း။ ဒီတော့ လွတ်လပ်ခြင်းဆိုတာ အမျိုးမျိုးရှိပါတယ်။ ရွေးချယ်ခွင့်ရရင် လွတ်လပ်တာလား?? စက်ရုပ်မှာလည်း အတွင်းက အသေးစိပ်အပိုင်းတွေမှာ သူတို့မှာ ရွေးချယ်ခွင့် ရှိပါတယ်။ တကယ့် (Main) ကြီးသာ  ရွေးချယ်ခွင့် မရှိတာပါ။ တကယ်တော့ အတော်အသင့်ထိကတော့ ရွေးချယ်ခွင့်ရှိပြီး အတော်အသင့်ကတော့လည်း ယန္တရားဆန်ဆန် လှုပ်ရှားရတာပါပဲ။ … Continue reading

Posted in Buddhism | Tagged | Leave a comment

လောကီနှင့်လောကုတ္တရာ

ဟော့ကင်း၏အယူအဆများ လောကီနှင့်လောကုတ္တရာ  လောကီ၌ ဟော့ကင်းတို့သည် သိပ္ပံအသစ်အဆန်း တွေ့ရှိချက်များ၌ ရင်ခုန်ကြသည်။ စကြဝဠာကြီးသည် တဖြည်းဖြည်း ပြန့်ကားနေသည် ဆိုသဖြင့် အရမ်းစိတ်ဝင်စားကြသည်။ တချိန်က စကြဝဠာကြီးသည် တစ်စုံတစ်ခုသော အလုံးလေးတစ်ခုပင် ဖြစ်ပေလိမ့်မည်ဟု မှန်းဆကြသည်။ ထိုအလုံးလေးမှ သိပ်သည်းခြင်း လွန်ကဲသောအခါ ပေါက်ကွဲထွက်၍ တဖြည်းဖြည်း ပြန့်ကားသွားသည်ဟု ယူကြသည်။ သိပ္ပံ၏ တွေ့ရှိချက်များအား ၎င်းတို့သည် ဆွေးနွေးကြ တိုင်ပင်ကြ မေးမြန်းကြ ဖြေဆိုကြ စိတ်ဝင်စား၍ ရင်ခုန်ကြသည်။ ရင်ခုန်မှုကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ကြသည်။ နောက်ထပ် Tags: Buddhism … Continue reading

Posted in Buddhism & Science | Tagged , , , , , | Leave a comment

အနာဂတ်သည်ဆုံးဖြတ်ပြီးသားပါလား —

ဟော့ကင်း၏အယူအဆများ အနာဂတ်သည်ဆုံးဖြတ်ပြီးသားပါလား — အနာဂတ်နှင့် ပတ်သက်၍ ဟော့ကင်းသည် ဤသို့ရေးသားခဲ့ဖူးသည် — (Is everything determined? The answer is yes, it is. But it might as well not be, because we can never know what is determined.) အရာရာသည် ဆုံးဖြတ်ပြီးသားပါလား? ဟူ၍ မေးသော မေးခွန်းအတွက် အဖြေသည် – ဟုတ်ကဲ့ … Continue reading

Posted in Buddhism & Science | Tagged , , | Leave a comment

ပုဂံ၏ဖျော်ဖြေရေး

ပုဂံ၏ဖျော်ဖြေရေး ပုဂံ၏တိုးတက်သော ကဏ္ဍများအနက် ဖျော်ဖြေရေးသည်လည်း တခန်းတဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။ စာရေးသူ လေ့လာမိသလောက် စောစောပိုင်းက နိုင်ငံခြား ဧည့်သည်များသည် ကိုယ့်ဖာသာကိုယ် စားသောက်ကြသည်။ ဖျော်ဖြေခြင်းက သက်သက်ဖျော်နေရုံသာဖြစ်သည်။ သူတို့သည် အထူးစိတ်ဝင်စားပုံမပေါ် အစားအသောက်နှင့် အချင်းချင်းစကားပြောခြင်း၊ ဆွေးနွေးခြင်းများ အပေါ်၌သာ စိတ်ဝင်စားခဲ့ကြောင်း လေ့လာသိရှိရသည်။ သို့သော် တဖြည်းဖြည်းနှင့် ဖျော်ဖြေမှုသည် ပုဂံ၏ တိုးတက်နေသော ကဏ္ဍများထဲတွင် အပါအဝင်ဖြစ်ကာ၊ ယခုအခါ ဖျော်ဖြေမှုတွင် နိုင်ငံခြားသားများသည် ဖျော်ဖြေခြင်းကိုပါ နှစ်ခြိုက်၍၊ ကြည်နူး၍၊ ဝင်စား၍၊ လက်ခုပ်တီးခြင်း အားပေးခြင်းများပြုကာ … Continue reading

Posted in Articles | Tagged | Leave a comment