Monthly Archives: February 2014

ဝိပဿနာအားထုတ်သောအခါ –

ဝိပဿနာအားထုတ်သောအခါ – ဝိပဿနာအားထုတ်သောအခါ သတ္တိရှိရမည်၊ ယုံကြည်ရမည်။ ယုံကြည် ကျန်းမာ၊           စိတ်ဖြောင့်စွာ           လွန်စွာအားထုတ် နာမ်နှင့်ရုပ်           ဖြစ်ချုပ်ဉာဏ်မြင်           ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။       ဆိုသည့် မဂ်ရစေနိုင်သည့် အင်္ဂါရပ်များကို အများသူငါ နားလည်ပြီးသား ဖြစ်ပါသည်။   ဝိပဿနာ အားထုတ်သောအခါ ယုံရမည်၊ ရဲရမည်၊ သတ္တိရှိရမည်။ ပျက်သည်ဆိုသည်ကို ယုံရမည်၊ လုံးဝယုံရမည်။ … Continue reading

Posted in Buddhism | Comments Off on ဝိပဿနာအားထုတ်သောအခါ –

ဆရာ၏ စာဖတ်ပရိသတ်များသို့ –

ဆရာ၏ စာဖတ်ပရိသတ်များသို့ – ဗုဒ္ဓစာပေဆုရ စာရေးဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန) ၏ အသိပညာဆွေးနွေးခြင်း အင်တာဗျူးကို မြဝတီရုပ်မြင်သံကြားမှ တနင်္လာနေ့ မနက်ပိုင်းနှင့် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းများတွင် တစ်ပတ်လျှင်နှစ်ကြိမ် နံနက် ၉း၃၀ ခန့်တွင် ထုတ်လွှင့်မည်ဟု သိရှိရကြောင်း သတင်းပေးအပ်ပါသည် လေးစားစွာဖြင့်/ Admin(www.chitnge.com) No tags for this post.

Posted in Frontpage | Comments Off on ဆရာ၏ စာဖတ်ပရိသတ်များသို့ –

လောကုတ္တရာ

လောကုတ္တရာ လောကုတ္တရာ ဆိုတာတော့ အရမ်းနက်ရိုင်းပါတယ်။ လောကလွန်မြောက်ရာလို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ လောကီဆိုတာကတော့ သာမန်ပဲလို့ ပြောရင်လည်း မမှားပါဘူး။ လောကုတ္တရာကမှ အင်မတန် အဓိကကျတဲ့ နက်ရိုင်းသိမ်မွေ့တဲ့ ဝင်စားရာ၊ တန်ဖိုးထားရာ၊ မြတ်နိုးရာ၊ နှစ်သက်ရာ သဘာဝတွေရှိပါတယ်။   လောကမှ လွန်မြောက်ဖို့ဆိုတော့ လောကမှာပဲ မွေ့လျော်ပြီး ဘိတ်ဘိတ်တုံး ဝင်စားမည့်သူတွေ အတွက်တော့ နားလည်နိုင်ဖို့ မလွယ်ပါဘူး။ လောက က လွန်မြောက်ရာဆိုတော့ လွန်မြောက်၊ လွတ်မြောက်ပြီး သုံးဆယ်တစ်ပုံက ထွက်လမ်း တက်လမ်းတွေမှာ ပညာသားပါပါ နက်နက်ရိုင်းရိုင်းးနဲ့ ကျင်လည်ဖြတ်သန်း … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

သိမ်မွေ့နူးညံ့ခြင်း

သိမ်မွေ့နူးညံ့ခြင်း သိမ်မွေ့နူးညံ့ခြင်းက အရေးပါပါတယ်။ ဗုဒ္ဓဘာသာမှာ အထူးအရေးပါတာပေါ့နော် — သိမ်မွေ့မှ၊ ကိုယ်အမူအရာ သိမ်မွေ့ခြင်း၊ အပြောအဆို သိမ်မွေ့ခြင်း စသည့်တို့ဟာ မိကောင်းဖခင် သားသမီးများရဲ့ အမွေလို့တောင် သတ်မှတ်ခဲ့ကြတာ — သိမ်မွေ့ဖို့ဆိုတာဟာ လွယ်တော့မလွယ်ဘူး။ လူဆိုတာ လောဘ ဒေါသ မောဟ ဦးစီးနေတော့ ကြမ်းတမ်းကြတာပဲ။ သိမ်မွေ့တယ် ဆိုတာက “နှိုင်းနှိုင်းချိန်ချိန် သုခမိန်သို့၊ ပညိနြေ္ဒသိမ်မွေ့စေ ..” ဟူသော စကားရှိခဲ့ပါတယ်။ သိမ်မွေ့ဖို့က မြန်မာဗုဒ္ဓဘာသာ မိကောင်းဖခင် သားသမီးများ အဖို့တော့ လိုအပ်တဲ့ အရည်အချင်း … Continue reading

Posted in Buddhism | Tagged , | Leave a comment

အတွေ့အကြုံတစ်ခု

အတွေ့အကြုံတစ်ခု တစ်ချိန်မှာ ပုဂ္ဂိုလ်တစ်ဦးကို ထူးထူးဆန်းဆန်းတွေ့ရပါတယ်။ အဲဒီပုဂ္ဂိုလ်က တရားတကယ် ကျင့်ထားတဲ့ပုဂ္ဂိုလ်ကို တွေ့ချင်ပါတယ်လို့ ပြောလာပါတယ်။ ဒီတော့ စာရေးသူကလည်း ကဲတွေ့ပါပြီးဗျာ – ဘာလုပ်မှာလဲ ? ကျွန်တော်ပဲလို့ ပြောလိုက်ပါတယ်။ ဒီအခါမှာ —   မေး။    ။ တရားကျင့်တော့ ဘာဖြစ်လဲ သိချင်ပါတယ် ?? ဖြေ။    ။ တရားကျင့်တော့ သီလ၊ သမာဓိ၊ ပညာ တိုးတက်တာပေါ့လို့ ဖြေလိုက်ပါတယ်။   မေး။    ။ သီလ၊ သမာဓိ၊ ပညာတိုးတက်တော့ … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဘာသာအားလုံးညီညွှတ်စွာ

ဘာသာအားလုံးညီညွှတ်စွာ   ဘာသာအားလုံး ညီညွှတ်စွာနဲ့ တိုင်းပြည်အကျိုး ဆောင်ရွက်တာ ကောင်းပါတယ်။ အားလုံးသော ဘာသာတွေဟာ ချစ်ခင်စည်းရုံးကြပြီး တိုင်းသူပြည်သားအကျိုး အများအကျိုးကို ဆောင်တာ ဝမ်းသာစရာပဲ၊ သာဓုခေါ်စရာပါ။ အချင်းချင်း ညီညွှတ်ကြ၊ ပြေလည်ကြ၊ စည်းရုံးကြ၊ ရိုင်းပင်းကြ၊ ကူညီကြ၊ တိုင်းပြည်ကောင်းကျိုးကို စွမ်းဆောင်ကြတာ၊ အားတက်စရာပါပဲ။ ဝမ်းသာကြည်နူးစရာလည်း ကောင်းပါတယ်။ မေတ္တာရှေ့ထားပြီး စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့ ဝိုင်းဝန်းလုပ်ကိုင်တာ ကိုယ့်တိုင်းပြည် ကောင်းကျိုး ကိုယ်လုပ်ရင် အကောင်းဆုံးပဲ၊ ကိုယ့်တိုင်းသူ ပြည်သား Tags: Buddhism, Myanmar Posts, … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ရုပ်နာမ်အကြောင်း

ရုပ်နာမ်အကြောင်း   ရုပ်နာမ်အကြောင်းကို သိသင့်သည် ဆိုသည့်စကား ကြားသိရလို့ ရုပ်နာမ်အကြောင်းကို အနည်းငယ် ပြောပြလိုပါတယ်။   ရုပ်ဆိုတာက အသိမရှိပါဘူး။ နာမ်ဆိုတာကတော့ အသိရှိပါတယ်။ လူမှာ ရုပ်ကအခြေခံဖြစ်ပြီး နာမ်က ရုပ်ပေါ်မှာမှီပါတယ်။ နာမ်ထက်စာရင်တော့ ရုပ်ကကြမ်းပါတယ်။ ဒါပေမယ့် ရုပ်နုတွေလည်း အများကြီးပါပဲ။   နာမ်မှာတော့ ပိုရှင်းအောင် နှစ်လိုင်းခွဲလိုက်လို့ ရပါတယ်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်က သိတဲ့ နာမ်က နာမ်တစ်မျိုး။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အနာဂါတ်သည် မသေချာပါ

အနာဂါတ်သည် မသေချာပါ (Future is Uncertain)   နိုဗယ်ဆုရှင် ဟိုင်ဇင်ဘတ်က ဖော်ထုတ်ခဲ့ပါတယ်။ (Future is Uncertain) လို့ သိပ္ပံ တိမ်းညွှတ်တဲ့ ဝေါဟာရနဲ့ ပြောရမယ် ဆိုရင်တော့ (The Principle of Indeterminacy)  ပါပဲ။ မဆုံးဖြတ်ရသေးတဲ့ ဥပဒေသပါ။ အရာရာကို ဆုံးဖြတ်နိုင်ဖို့အတွက် လေ့လာတဲ့အခါ လေ့လာတဲ့ အရာက အလေ့လာခံ သဘာဝကို သက်ရောက် ရွေ့လျှားစေလို့ အရာရာကို အသေးစိပ် မသိနိုင်ပါဘူး။   ဥပမာ-အမှုန်တစ်ခုကို သူ့ရဲ့တည်နေရာကို … Continue reading

Posted in Buddhism & Science | Tagged , | Comments Off on အနာဂါတ်သည် မသေချာပါ

ကွမ်တမ်မက္ကင်းနစ်ပညာနှင့် ၀ိပဿနာနည်းပညာ

ကွမ်တမ်မက္ကင်းနစ်ပညာနှင့် ၀ိပဿနာနည်းပညာ   ကွမ်တမ်မက္ကင်းနစ်ပညာ၌ ရုပ်ကို ရုပ်ဖြင့် တိုင်း၍ မရနိုင်ကြောင်း ဖော်ပြထားသည်။ ယင်းဥပဒေကို သိပ္ပံပညာရှင် နိုဗယ်ဆုရ ဟိုင်ဇင်ဘတ်က ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ရုပ်ဝတ္ထုတစ်ခုအား ရုပ်ဝတ္ထုတစ်ခုနှင့် တိုင်းသောအခါ အတိုင်းခံရသော ရုပ်ဝတ္ထုသည် မူလအခြေအနေမရှိဘဲ ရွေ့လျှားသွားတတ်သည်။ တစ်နည်းအားဖြင့် အတိုင်းခံရသော ရုပ်ဝတ္ထုသည် တိုင်းသော ရုပ်ဝတ္ထုထက် ပို၍ မကြမ်းတမ်း နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရုပ်ကို ရုပ်ဖြင့် တိုင်း၍ မရချေ။ ၀ိပဿနာ၌ စိတ်ကို စိတ်နှင့် ရှု၍ … Continue reading

Posted in Buddhism & Science | Tagged , , | Leave a comment

သိပ္ပံနှင့် ဒဿနပညာ

သိပ္ပံနှင့် ဒဿနပညာ   သိပ္ပံသည် အမျိုးမျိုးသော ခရီးကြမ်းများကို ဖြတ်သန်းခဲ့ရသည်။ ဖြတ်သန်း အောင်မြင်လာသည်နှင့်အမျှ သိပ္ပံဒဿနပညာရှင်များက သိပ္ပံ၏ တွေ့ရှိချက်များအား ဖြေရှင်းချက် ထုတ်ကြရသည်။ ယင်းကား သိပ္ပံနှင့် ဒဿနပညာရပ်တို့၏ အပြန်အလှန် သမိုင်းစဉ်ဖြစ်သည်။ သိပ္ပံသည် အဏုမြူခေတ်မှ နျူးကလီးယားခေတ်သို့ ပြောင်းခဲ့သည်။ တစ်ချိန်က အဏုမြူသည် နောက်ဆုံးအခြေခံတရား (The Most Fundamental Particle) ဟူ၍ သတ်မှတ်ခဲ့ကြသည်။ သို့သော် အချိန်နဲ့ အတူတူ ဆက်လက်လေ့လာသောအခါ အဏုမြူကို ခွဲစိတ်လျှက် နျူထရွန်နှင့် ပရိုတွန်တို့အား … Continue reading

Posted in Buddhism & Science | Tagged , | Leave a comment

သိပ္ပံပညာ၊ ဟော့ကင်း၊ ဘလက်ဟိုး(လ်)နှင့် ဗုဒ္ဓဘာသာ

သိပ္ပံပညာ၊ ဟော့ကင်း၊ ဘလက်ဟိုး(လ်)နှင့် ဗုဒ္ဓဘာသာ   သိပ္ပံပညာသည် လက်တွေ့ကို အခြေခံ၍ တိုးတက်ခဲ့သည်။ လက်တွေ့ကို အခြေခံ၍ တိုးတက်သကဲ့သို့ လက်တွေ့ ပြသနိုင်ခြေလည်း ရှိသည်။ ထို့ကြောင့် လက်တွေ့ကို ယုံကြည်ရဲသော လူမှုရေး အဖွဲ့အစည်း၌ သိပ္ပံသည်လည်းကောင်း၊ သိပ္ပံနည်းပညာသည်လည်းကောင်း လွန်စွာ ထွန်းကား တိုးတက်ခဲ့သည်။ သိပ္ပံနှင့် ပတ်သက်၍ သဘောတရားရေးဆိုင်ရာ ရူပဗေဒပညာရှင် ဟော့ကင်းသည် စကြ၀ဠာ၏ အရင်းအမြစ်ကို လေ့လာခဲ့သည်။ ထို့နောက် တွင်းမဲကြီးများကို လေ့လာခဲ့သည်။ ယခုအခါ တွင်းမဲကြီးများအား ပုံစံအသစ်နှင့် အဓိပ္ပာယ်ဖော်ဆောင်ရန် … Continue reading

Posted in Buddhism & Science | Tagged , , , , | Leave a comment

စကားလုံးများသုံးနှုန်းသည်ဆိုရာဝယ်

စကားလုံးများသုံးနှုန်းသည်ဆိုရာဝယ် စကားလုံး သုံးနှုန်းရာ၌ ကိုယ့်အဖွဲ့အစည်း အပေါ်မှာဖြစ်စေ မထောက်မညှာ ပက်ပက်စက်စက် ရိုင်းရိုင်းစိုင်းစိုင်း လူအထင်သေးအောင် ပြောဆိုခြင်းမျိုး ဆင်ခြင်အပ်သည်သာ ဖြစ်ပါတယ်။   ကိုယ့်အဖွဲ့အစည်းကို ကိုယ်က စုတ်ပြတ်သတ် နေတာပဲ၊ သူခိုးတွေလည်း ပါချင်ပါမှာပဲလို့ ပြောလိုက်တဲ့ အခါကျတော့ တစ်ပါးသူက ဒီလိုထပ်ပြီးပြောဖို့ အတွက် ဝန်မလေးတော့ဘူးပေါ့။ လမ်းပြပြောသလိုလည်း ဖြစ်သွားနိုင်တယ်။   တစ်ပါးသူရဲ့ တံတွေးခွက်ကို ပက်လက်မျောအောင် ကိုယ့်အဖွဲ့အစည်းက Member တွေကို သတ်မှတ် ပြောဆိုနေသလို သက်ရောက်စေတယ်။ ဒါကြောင့် ကိုယ့်အသိုင်းအဝိုင်းရဲ့ ဂုဏ်ကို … Continue reading

Posted in Articles | Tagged | Leave a comment

ဗိုလ်ချုပ်ဦးအောင်ဆန်းနှင့်ပတ်သက်၍

ဗိုလ်ချုပ်ဦးအောင်ဆန်းနှင့်ပတ်သက်၍     ဗိုလ်ချုပ်ဦးအောင်ဆန်းနှင့် ပတ်သက်၍ အကြံဉာဏ် ပေးစရာများကို၊ အကြံပေးလိုပါသည်။ ဗိုလ်ချုပ်အကြောင်းကို တင်ပြရာ၌ ဗိုလ်ချုပ်သည် အကြောင်းအကျိုးဝါဒီ (Philosophy of Causality) ကို လက်ခံသော သဘောရှိကြောင်း လေ့လာမိသည်။ တစ်ခါက ဗိုလ်ချုပ်၏ မိန့်ခွန်းထဲတွင် “Independence is not only the effect of our struggle but also it is the cause to do for … Continue reading

Posted in Articles | Tagged , | Leave a comment

NLD အပေါ်မှာသုံးနှုန်းသော ဦးဝင်းတင်၏ စကားများကို ကန့်ကွက်ပါတယ်

NLD အပေါ်မှာသုံးနှုန်းသော ဦးဝင်းတင်၏ စကားများကို ကန့်ကွက်ပါတယ်     ဦးဝင်းတင်ဟာ တကယ်တော့ NLD ကို ချစ်ပုံမရဘူး — ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ကိုယ်ချင်းစာကြည့်နိုင်တယ်။ ကျွန်တော်တို့ချစ်တဲ့ သားသမီးတွေကို ကျွန်တော်တို့က စုတ်ပြတ်သတ်နေတယ်တို့၊ သူခိုးတို့ ပြောလေ့မရှိဘူး၊ လိမ္မာအောင်ပဲ ပြောချင်ပြောမှာ။ အခုတော့ NLD မှာလည်း သာကူးတွေရှိတယ်၊ သူခိုးတွေရှိမှာပေါ့ — NLD ထဲမှာ စုတ်ပြတ်သတ် နေတာတွေလည်း ရှိတယ်။ ဒီလို ရိုင်းစိုင်းစွာ သုံးနှုန်းလိုက်တဲ့ စကားဟာ ဂမ္မဒေါသလည်း … Continue reading

Posted in Articles | 1 Comment

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုကျွန်တော်ဒီလိုစိတ်ဝင်စားမိတယ်

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုကျွန်တော်ဒီလိုစိတ်ဝင်စားမိတယ်   တိုင်းပြည်ကို အမှန်တကယ် ရိုးသားစွာ ချစ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေကို သူတော်ကောင်းတွေက ကြည်ဖြူစောင့်ရှောက်တော် မူမှာပဲ။   ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ကို အမှန်စေတနာထားတယ်၊ ထက်သန်စွာ ဆောင်ရွက်ခဲ့တယ်၊ ဒီတော့ တမလွန်ဘဝမှာ သူတော်ကောင်းတွေက စောင့်ရှောက်မှာပဲလို့ မျှော်လင့်နိုင်တယ်။ ဒီမျှော်လင့်ချက် အတိုင်းသာဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းဟာ ကောင်းရာသုဂတိကို ငြိမ်းချမ်းစွာ စံမြန်းနေမှာပဲ။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာဗုဒ္ဓဘာသာ တစ်ယောက်အဖြစ်နဲ့ ရှုမြင်တတ်ရန် တိုက်တွန်းလိုတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ကွန်မြူနစ် တစ်ယောက်လို ရိုက်ကူးတာမျိုးကိုတော့ တိုင်းသူပြည်သား တစ်ယောက်အနေနဲ့ လက်မခံလိုဘူး။ … Continue reading

Posted in Buddhism | Tagged , | Leave a comment