Monthly Archives: January 2014

ကွန်မြူနစ်ကိုတိုက်ဖို့ရာ —

ကွန်မြူနစ်ကိုတိုက်ဖို့ရာ — ကွန်မြူနစ်ကို တိုက်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ အချိန်မရွေး အခါကောင်းပဲ ဖြစ်တယ်။ မြန်မာတွေ တော်တော်များများ သိကြပါတယ် – ကွန်မြူနစ်တွေဟာ ဗုဒ္ဓဘာသာကို ဖျက်ဆီးတာ။ သူတို့က ဘာသာရေးကို ဘိန်းလို့ခံယူထားကြတာပဲ။ ဒါပေမယ့် နိုင်ငံခြားကတော့ God ကို ရည်ညွှန်းပုံ ရတယ်။ မြန်မာ ကွန်မြူနစ်တွေက အသုံးမကျတဲ့ အခါကျ ဗုဒ္ဓဘာသာပါ ရည်ညွှန်းလာတယ်။   အသုံးမကျပုံကတော့ ပြောမနေနဲ့တော့ – ရွှေတိဂုံဘုရားကြီးကို ခွာပြီးတဲ့နောက် တိုင်းပြည်ကို ပေးမယ်လေး၊ ဘာလေးနဲ့ — … Continue reading

Posted in Articles | Leave a comment

ဒေါက်တာချစ်ငယ်(ဒဿန) ၏ စာအုပ် အင်တာဗျူး

မြဝတီရုပ်မြင်သံကြား ယနေ့ရန်ကုန်မြင်ကွင်းစုံ အစီအစဉ်တွင် ထုတ်လွှင့်ပြသခဲ့သော ဒေါက်တာချစ်ငယ်(ဒဿန) ၏ စာအုပ် အင်တာဗျူး   Tags: Buddhism

Posted in Video | Tagged | Leave a comment

ပရဟိတလုပ်တယ်ဆိုပြီးပရဟိမလုပ်သူတွေကိုတန်ဖိုးချချိုးနှိမ်ခြင်းမလုပ်ပါနဲ့

ပရဟိတလုပ်တယ်ဆိုပြီးပရဟိမလုပ်သူတွေကိုတန်ဖိုးချချိုးနှိမ်ခြင်းမလုပ်ပါနဲ့           ပရဟိတ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ဖာသာကိုယ် ကောင်းကောင်း မလုပ်ဘူး၊ သူတို့လို ပရဟိတ မလုပ်တဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာ သူတို့က တန်ဖိုးဖြတ်ချင်ကြတယ်။ တိုင်းသူပြည်သားကို တန်ဖိုးဖြတ်နိုင်ရလောက်အောင် သူတို့က ဘာအသိဥာဏ် ရှိလို့လဲ ??? ကိုယ့်ရှိတဲ့ တစ်မိုက်တစ်ထွာလေးနဲ့ တိုင်းသူပြည်သားတွေအပေါ်မှာ ပြစ်မှားစော်ကားပြီး၊ သူတို့လို လိုက်မလုပ်တာနဲ့ဘဲ တန်ဖိုးမပြည့်ဝဘူးလို့ စွပ်စွဲ ခြိမ်းခြောက်နေတာ ဘာအဓိပ္ပာယ်လည်း — ပရဟိတ လုပ်တာက ကျန်တဲ့တိုင်းသူပြည်သားတွေ ပရဟိတမလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို စော်ကားမော်ကား နှိမ်ချင်လို့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ပရဟိတလုပ်သည်ဆိုရာဝယ်

ပရဟိတလုပ်သည်ဆိုရာဝယ်            ပရဟိတလုပ်ရင်းလုပ်ရင်း ပရဟိတလုပ်ရင်းနဲ့ အတ္တဟိတတွေ လုပ်မိသွားကြတာတွေကို တွေ့လာရတယ်။ အစပထမတော့ ပရဟိတလုပ်တာပဲ၊ တော်တော်ကောင်းတယ်။ ကိုယ်လည်း သာဓုခေါ်ချင်မိခဲ့ပါတယ်။ ဒါပေမယ့် ပရဟိတလုပ်ရင်းနဲ့ “ငါတို့လို ပုဂ္ဂိုလ်မျိုးမှ ဒီလို ပရဟိတ လုပ်နိုင်တာကွ၊ ငါတို့လို လုပ်တာမျိုး မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ Sorry ပဲ ခေါက်ထားဖို့ပဲ ကောင်းတယ်” ဆိုတဲ့ ပုံစံမျိုး ၀င်လာတော့ ပရဟိတလုပ်ရင်းနဲ့ သူတို့က အတ္တဟိတကို လုပ်လာကြတယ်။ သူတို့ အတ္တဟိတ လုပ်နိုင်တယ်ဆိုတာကို ပြချင်ရင်းနဲ့ ပရဟိတကို လုပ်လာတယ်။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ပရဟိတဆိုပြီးပြည်သူလူထုကိုတန်ဖိုးမဲ့အောင်မလုပ်သင့်ပါ

ပရဟိတဆိုပြီးပြည်သူလူထုကိုတန်ဖိုးမဲ့အောင်မလုပ်သင့်ပါ  ပရဟိတဆိုပြီး ပရဟိတကို အပြစ်ကင်းစွာလုပ်နေတဲ့ အဖွဲအစည်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲက စုန်းပြူးခြွင်းချက် အနေနဲ့ ပရဟိတတော့လုပ်ပြီး ပရဟိတမလုပ်နိုင်သူတွေကို တန်ဖိုးချ စောင်းမြောင်း အထင်းသေးမှုများ ကြွေးကြော်နေတာကတော့ မသင့်တော်ပါဘူး။ ပရဟိတလုပ်ချင်ရင် ကိုယ့်ဖာသာကိုယ် ပရဟိတ အေးအေးလုပ်တာ အင်မတန်မှ လေးစားဖွယ် ကောင်းပါတယ်။ ရုပ်ရှင်အပိုင်းမှာ ဦးကျော်သူတို့၊ ပြေတီဦးတို့ဆိုတာ ပရဟိတကို ရိုးရိုးလုပ်ပြီးတော့ ရိုးရိုးပဲ အကျိုးပြုနေတာ ဘယ်လောက် လေးစားစရာကောင်းလည်း — အခုတော့ အချို့အဖွဲ့တွေက ကိုယ်တိုင် ပရဟိတလုပ်ပြီး ပရဟိတမှ မလုပ်လို့ရှိရင် တန်ဖိုးမဲ့တယ်ဆိုတဲ့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ပရဟိတလုပ်ပြီးပရဟိတကိုဖျက်ဆီးနေတဲ့အသိုင်းအ၀ိုင်းတွေ

ပရဟိတလုပ်ပြီးပရဟိတကိုဖျက်ဆီးနေတဲ့အသိုင်းအ၀ိုင်းတွေ ဒီလောကမှာ အတ္တဟိတ၊ ပရဟိတတို့ ရှိတယ်။ ပရဟိတလုပ်တဲ့ ပုဂ္ဂိုလ်တွေက တဖြည်းဖြည်းနဲ့ နေရာရလာတယ်၊ ခြေဖျားထောက်လာတယ်၊ ရင်ကော့လာတယ်၊ ကြွားချင်ဝါချင်လာတယ်။ ကြွားရင်းဝါရင်းနဲ့ မိမိတို့လို ပရဟိတလုပ်မှ တန်ဖိုးရှိလာနိုင်မယ်ဆိုတဲ့ အယူအဆတွေ ကြွေးကြော်လာတယ်။ ပရဟိတလုပ်ပုံလုပ်နည်း ဘယ်နှစ်မျိုးရှိတယ်ဆိုတာလည်း လေ့လာကြပုံမရဘူး၊ သိရှိပုံမရဘူး။ သူတို့လုပ်တဲ့ ပရဟိတအမျိုးအစား မလုပ်ရင်ဘဲ စောင်းကာမြောင်းကာနဲ့ အထင်သေးချင်သလိုလို ရန်လာစချင်တယ်။ အတော်ကျဉ်းမြောင်းတဲ့ အတ္တစိတ်ကြီးတဲ့ ဘ၀င်သမားတွေပဲ။ ပရဟိတဆိုတာ အမျိုးမျိုးရှိတယ် – လူအသိမခံဘဲ ပရဟိတလုပ်နေတဲ့ တိုင်းသူပြည်သားတွေ အမြောက်အများရှိတယ်။ ဒါကိုလည်း တန်ဖိုးထားရကောင်းမှန်း … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ကောင်းတာလုပ်ရင်လုပ်ပါ အပိုကြွားလုံးမထုတ်ပါနှင့်

ကောင်းတာလုပ်ရင်လုပ်ပါ အပိုကြွားလုံးမထုတ်ပါနှင့် ကောင်းတာလုပ်ရင်လုပ်ပါ၊ အပိုကြွားလုံးမထုတ်ပါနှင့်။ မြတ်တယ်တို့၊ မြင့်မြတ်တယ်တို့၊ အမြတ်ဆုံးတို့ ဆိုတဲ့ စကားလုံးတွေက ကိုယ်နဲ့တန်တာလည်း မဟုတ်ဘူး။ မတန်မရာကို မသုံးတာဘဲ ကောင်းပါတယ်။ ကြွားလုံးမထုတ်ပါနှင့်။ အပိုလည်း မလုပ်ပါနှင့်။ ပြည်သူလူထုကို အပိုပြောတော့ လိမ်ပြောသလိုဖြစ်သွားမှာပေါ့။ ကိုယ်က ကောင်းတာလုပ်ရင် ကောင်းတာလုပ်တယ်။ ဒါပဲပေါ့။ ကိုယ်က ပရဟိတ လုပ်ရင် ပရဟိတလုပ်တယ်။ ဒါပဲပေါ့။ ဒီထက်ပိုပြီး ဘာ အခွင့်အရေးယူချင်သလဲ။ ကိုယ်က ပရဟိတလုပ်မှ တန်ဖိုးရှိမယ်ဆိုတော့ ကျန်တဲ့ တိုင်းသူပြည်သားတွေက တန်ဖိုးမဲ့လိုဖြစ်သွားမယ်။ ဒါမျိုးကတော့ မပြောသင့်၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

စကားလုံးတိကျမှန်ကန်ပါစေ

စကားလုံးတိကျမှန်ကန်ပါစေ      တကယ်တော့ စကားလုံးတိတိကျကျ မှန်မှန်သုံးချင်ရင် သူမြတ်ဖြစ်သလား မဖြစ်သလားဆိုတာ ကိလေသာ တဏှာကို သတ်နိုင်သလား မသတ်နိုင်ဘူးလား အပေါ်မှာ မူတည်ပါတယ်။ သတ်နိုင်လို့ သတ်ဖြစ်လို့ အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရင်တော့ သူမြတ်ပါပဲ။ မြတ်သောအကျင့် ကျင့်တာကိုး –ဒီလိုမှ မဟုတ်သေးလို့ သူမြတ်မှ မဟုတ်သေးရင်လည်း လုပ်တဲ့ကိစ္စတွေဟာ မြတ်တယ်တို့ အမြတ်ဆုံးတို့ ဆိုတာတွေဟာ ကြွားလုံးထုတ် ဝါလုံးထုတ်တာတွေက ပိုနေပါတယ်။ အဓိပ္ပာယ် တိတိကျကျ သုံးနှုန်းမှ ဗုဒ္ဓဘာသာတွေက ရှင်းမှာပါ မြတ်တယ်ဆိုတာ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာများကိုနားမယောင်ပါစေနှင့်

ဗုဒ္ဓဘာသာများကိုနားမယောင်ပါစေနှင့်      ယခုခေတ်၌ ဗုဒ္ဓဘာသာများကို နားယောင်စေနိုင်သော စကားလုံးများသုံးပြီး အကြွားပိုနေကြတာတွေ ပေါ်နေပါတယ်။ ဗုဒ္ဓဘာသာတွေကို ရိုးရိုးရှင်းရှင်း မှန်မှန်ကန်ကန်ပဲ ဟောပြော ဆုံးမသင့်ပါတယ်။ ပရဟိတအလုပ်ဟာ ကောင်းပါတယ်။ ပရဟိတအလုပ်ဟာ ကောင်းတယ်ဆိုတာ ကောင်းတယ်လို့ပဲ ပြောသင့်ပါတယ်။ ပရဟိတအလုပ်ဆုံးဟာ အမြတ်ဆုံးဆိုတော့ ဒါကတော့ မှားနေပါတယ်။ အမြတ် ဆုံးဆိုတာက ဘုရားဖြစ်ပြီးမှ အမြတ်ဆုံးဖြစ်ပါတယ်။ ဘုရားမဖြစ်ခင်မှာ ပါရမီဖြည့်တဲ့ ပုဂ္ဂိုလ်တွေက ကောင်းတာတွေတော့ လုပ်ကြတာပါပဲ။ ဒါပေမယ့် မြတ်တဲ့အဆင့်ကို မရောက်ပါဘူး။ မြတ်တဲ့အဆင့်ဆိုတာ ယုတ်တဲ့ တဏှာ ကိလေသာကို … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဒဿနိကဗေဒ မိသားစု အဋ္ဌမအကြိမ်မြောက် ဆရာကန်တော့ပွဲ အခမ်းအနား

ဒဿနိကဗေဒ မိသားစု အဋ္ဌမအကြိမ်မြောက် ဆရာကန်တော့ပွဲ အခမ်းအနား   ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ မိသားစု အဋ္ဌမအကြိမ်မြောက် ဆရာကန်တော့ပွဲ အခမ်းအနားကို ၅-၀၁-၂၀၁၄ (တနင်္ဂနွေနေ့) တက္ကသိုလ်များ ဓမ္မာရုံတွင် နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ အနယ်နယ် အရပ်ရပ်မှ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားဟောင်းများ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပခဲ့သည်။ အခမ်းအနားကို နံနက် (၉) နာရီတွင် စတင်ခဲ့ပြီး ကန်တော့ချိုးဖြင့် ဆရာကြီး ဆရာမကြီးများအား … Continue reading

Posted in Articles | Leave a comment

ပရဟိတနှင့်လူမှုရေး

ပရဟိတနှင့်လူမှုရေး   တကယ်တော့ ပရဟိတ လုပ်တယ်ဆိုတာ တော်တော် လူကြားကောင်းပါတယ်။ ဒါပေမယ့် အကိုင်းအခက် ဆန်တယ်ပေါ့ – အရင်းအမြစ် မဟုတ်ဘူး။ အရင်းအမြစ် မဟုတ်လို့လည်း ပရဟိတ လုပ်တဲ့ပုဂ္ဂိုလ်တွေက သူတို့ကို သူတို့ ကြီးမြတ်တယ်လို့ မြင့်မြတ်တယ်လို့ ကြွေးကြော်ချင်လာတယ် အသံထွက်လာတယ်။ ဒါကိုက လိုရင်း မကျင့်ကြံဘူးတာ ထင်ရှားတယ်။ မြတ်တယ်ဆိုတာလည်း စွပ်ရွပ်ပြောနေတာ သိပုံလည်း မရပါဘူး။ ကြီးမြတ်တယ်တို့ မြင့်မြတ်တယ်တို့ဆိုတာ စကားလုံး ဖောင်းကြွနေတာပဲ။ မြတ်တယ်ဆိုတာ သာမည မဟုတ်ဘူး၊ မြတ်တယ်ဆိုတဲ့ စကားလုံးရဲ့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကိုတန်ဖိုးမဲ့ဖြစ်အောင်မလုပ်ပါနဲ့

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကိုတန်ဖိုးမဲ့ဖြစ်အောင်မလုပ်ပါနဲ့ ဗုဒ္ဓဘာသာသည် ပြည်သူလူထုကို စော်ကားရင် စိတ်ဆိုးတတ်တယ်။ အခုအခါမှာ ပရဟိတ လုပ်ပါတယ် ဘာတွေနဲ့ ကြွေးကြော်ပြီးတဲ့နောက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကို တန်ဖိုးမဲ့ ဖြစ်အောင် ပြောဆိုရေးသားမှု စတင်ပြီးတော့ ပေါ်ထွက်နေပါတယ်။ ဒါဟာ တော်တော် မကောင်းပါဘူး။ သတိပေးပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေကို စော်ကားပစ်မှားရင် ခြေကျိုးတတ်တယ်ဆိုတဲ့ သတိကို ပေးလိုက်ပါတယ်။ ဒီတစ်ခါ ခြေကျိုးရင်လည်း နလံထူနိုင်မှာ မဟုတ်တော့ဘူး လို့လည်း သတိပေးလိုက်ပါတယ်။   ပြည်သူလူထုကို တန်ဖိုးမဲ့ မလုပ်ပါနဲ့။ ပြည်သူလူထုလည်း ကိုယ့်တန်ဖိုးနဲ့ကိုယ် လုပ်ဆောင်နေတာပဲ။ ဟိတ်ဟန်ပြလို့ … Continue reading

Posted in Buddhism | Tagged , | Leave a comment

ကိုယ့်တာဝန်နဲ့ကိုယ်

ကိုယ့်တာဝန်နဲ့ကိုယ်   စာပိုဒ်ကလေးတစ်ပိုဒ်ရှိတယ်။ ကျွန်ုပ်တို့ ဘာကို အလုပ်သင့်ဆုံးလဲ။ (What we ought to do?) ဒီအခါမှာ အဖြေက တာဝန် (Duty) ဟု အဖြေပေးပါတယ်။ နောက်ကျွန်ုပ်တို့ ဘာကို အရသင့်ဆုံးလဲ။ (What we ought have?) ဒီအခါမှာ အဖြေက (Right/ Human Right) လူသားရဲ့ သဘာဝကျတဲ့ အခွင့်အရေး အရသင့်ဆုံးပဲလို့ အဖြေထွက်ပါတယ်။ နောက်ဆုံးတစ်ခုက (What we ought to be?) … Continue reading

Posted in Buddhism | Tagged , | Leave a comment

ပရဟိတလုပ်ပြီးပြည်သူလူထုကိုတန်ဖိုးမဲ့အောင်မလုပ်ပါနဲ့

ပရဟိတလုပ်ပြီးပြည်သူလူထုကိုတန်ဖိုးမဲ့အောင်မလုပ်ပါနဲ့  ပရဟိတလုပ်ပြီး ရိုးရိုး ပြည်သူလူထုကို တန်ဖိုးမဲ့အောင် မလုပ်ပါနဲ့ ဒီခေတ်က ပရဟိတခေတ် ဆိုရင်တောင် မမှားပါဘူး။ ပရဟိတတွေ လုပ်ကြတာ သိပ်လည်းကောင်း ကောင်းပါတယ်။ အရမ်းကောင်း တယ်လို့ အားပေးချီးမြှင့်နေတဲ့ အချိန်မှာ ပရဟိတ လုပ်ဆောင်သူတွေက ပရဟိတ မလုပ်ဆောင်နိုင် သူတွေကို တန်ဖိုးမဲ့ကြောင်း ပြောလာတဲ့အသံတွေ ထွက်လာတယ်။ ဒါကတော့ မဟုတ်သေးပါဘူး။ ပရဟိတကို ကိုယ်ဝါသနာပါလို့ ကိုယ်လုပ်တာ လုပ်ပါ။ အဲဒီအထိလုပ်ပါ ရတယ်လေ။   ဒါပေမယ့် ပရဟိတမလုပ်တဲ့ ပြည်သူတွေ၊ ရိုးရိုးသားသားနဲ့ သူ့လုပ်ငန်းသူ … Continue reading

Posted in Buddhism | Tagged , | 1 Comment

ပရဟိတလုပ်ငန်းများ

ပရဟိတလုပ်ငန်းများ ပရဟိတလုပ်ငန်းများသည် လွန်စွာကောင်းမွန်သော လုပ်ငန်းများဟု သတ်မှတ်ကာ အများပြည်သူက အားပေးကြသည်။ သို့သော် တဖြည်းဖြည်းနှင့် ပရဟိတလုပ်ငန်း လုပ်ဆောင်သော ပုဂ္ဂိုလ်များသည် ပရဟိ လုပ်ရာမှ အတ္တများဖက်သို့ ငဲ့ကွက်လာကြောင်းကို တွေ့ရှိလာရသည်။ ထိုအခါ များစွာ ၀မ်းနည်းဖွယ်ရာ ကောင်းသည်။ ပရဟိတ လုပ်လိုသော သဘောရှိလျှင် မိမိဖာသာ လုပ်ကိုင် ဆောင်ရွက်နိုင်သည်။ အများသူငါ သာဓုခေါ်ကြသည်။ သို့သော် ပရဟိတ မလုပ်သော ပုဂ္ဂိုလ်များအား အထင်သေး အမြင်သေးနှင့် ပရဟိတမှ မလုပ်နိုင်လျှင် တန်ဖိုးမရှိဘူး၊ တန်ဖိုးမဲ့သည်ဟု ဤကဲ့သို့သော … Continue reading

Posted in Buddhism | Tagged , | Leave a comment