Monthly Archives: December 2013

ပရဟိတလုပ်တာဘဝင်မြင့်ဖို့မဟုတ်ပါ

  ပရဟိတလုပ်တာဘဝင်မြင့်ဖို့မဟုတ်ပါ ပရဟိတလုပ်ကြတာ အင်မတန် ကောင်းပါတယ်။ ဒါကြောင့် မိမိကလည်း တစ်ခါမှ ကန့်ကွက်တဲ့သဘော  မပြောဖူးပါဘူး။ ဒါပေမယ့် ပရဟိတ လုပ်တာဟာ ဘ၀င်မြင့်ဖို့ မဟုတ်ဖူး ဆိုတာတော့ စပြောလာပြီ။ ပရဟိတ လုပ်ပြီးတဲ့နောက် မေတ္တာစေတနာနဲ့ လုပ်တာပဲ ကောင်းတာလုပ်တာပဲ ဒါပဲပေါ့။ အခုတော့ ပရဟိတ လုပ်နိုင်တယ် ဆိုပြီးတော့ လက်မထောင်လာတယ်၊ ဘ၀င်မြင့်လာတယ်၊ ပြည်သူလူထုအပေါ်မှာ မောက်မာချင်လာတယ်၊ စော်ကားချင်လာတယ် ဆိုတော့ ဒါကတော့ ဘာလုပ်မှာလဲ။ ပရဟိတလုပ်ပြီး မောက်မာတယ်ဆိုတော့ ဒါဟာ လုပ်တာဟာ အနုတ်လက္ခဏာတွေ ပြန်ပါသွားတဲ့ … Continue reading

Posted in Buddhism | Tagged , | Leave a comment

သစ္စာတရားကိုပူဇော်ကျင့်ကြံအားထုတ်မှသာ —

သစ္စာတရားကိုပူဇော်ကျင့်ကြံအားထုတ်မှသာ —   သစ္စာသည် လွန်စွာထက်မြက်သည်။ လေ့လာလိုက်စား တန်ဖိုးထား ပူဇော် ကျင့်ကြံအားထုတ်သော ပုဂ္ဂိုလ်များမှသာ ရေရေလည်လည် သိရှိနိုင်သည်။ အပရိက ကြည့်ရှုရုံနှင့် မသိနိုင်ချေ။ အချို့က ပရဟိတတော့ လုပ်ပါသည်။ သို့သော် ပရဟိတ လုပ်ရင်းနှင့် ဘ၀င်မြင့်လာကာ သစ္စာတရား ကျင့်ကြံ အားထုတ်နေသူများအား ပုတ်ခတ်ချင်လာသည်။   ဤကဲ့သို့ လမ်းမှားများကို ပြောဆို ပြုမူလာလျှင် မိမိ၏ စိတ်ကူးယဉ်အိပ်မက် ဆန္ဒပါရမီများ ရေထဲ ပလုံကနဲ ပြုတ်ကျသွားနိုင်သည်။ သစ္စာသည် လွန်စွာထက်မြက်သည်။ သစ္စာကို … Continue reading

Posted in Buddhism | Tagged , | Leave a comment

အသစ်ထွက်ရှိလာသော စာအုပ်

ဆရာ၏ အသစ်ထွက်ရှိလာသော စာအုပ် Admin/www.chitnge.com No tags for this post.

Posted in Buddhism | Leave a comment

မြန်မာနိုင်ငံထဲက အောင်မြင်သော ဘ၀တစ်ခု 06

မြန်မာနိုင်ငံထဲက အောင်မြင်သော ဘ၀တစ်ခု အပိုင်း(၆) “နိုင်ရင်လည်း မကြွားပါနဲ့” ပြိုင်ပွဲတော့ အမျိုးမျိုးရှိတာပါပဲ။ နိုင်တဲ့လူက နိုင်တာပဲ။ ရှုံးတဲ့သူကလည်း ရှုံးပါတယ်။ ဒါပေမယ့် နိုင်တိုင်း ကျောတာတော့ အမျှော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေက လက်မခံပါဘူး။ နိုင်ရင်ကျောဖို့မှမဟုတ်ပဲနဲ့ နိုင်အောင်ကြိုးစားတာအထိတော့ လေးစားပါတယ်။   ကမ္ဘာကတော့ စီးပွားရေး၊ လူမှုရေး၊ နည်းပညာရေး ရေးအမျိုးမျိုးက နိုင်နေတာ မြန်မာကို နိုင်ပါတယ်။ ဒါပေမယ့် မကျောပါနဲ့။ မြန်မာလည်း ရှိသင့် ရှိထိုက်တဲ့ အားမာန်တော့ ရှိတာပေါ့။ ရေရှည် ရေတိုပဲ ကွာတာပါ။ … Continue reading

Posted in Buddhism | Tagged , | Leave a comment

မြန်မာနိုင်ငံထဲက အောင်မြင်သောဘ၀တစ်ခု 05

မြန်မာနိုင်ငံထဲက အောင်မြင်သောဘ၀တစ်ခု အပိုင်း(၅)   ဗုဒ္ဓဘာသာမှာ လမ်းနှစ်သွယ်ကို လေ့လာနိုင်ပါတယ်။ တစ်လမ်းကတော့ လောကီပေါ့နော် (၃၁) ဘုံထဲ ကျင်လည်ဖို့ပါပဲ။ ရှုပ်ထွေးတာပေါ့။ ပူလောင်မှုလည်း အထိုက်အလျှောက်တော့ ရှိတာပေါ့။ သဘာဝ အတိုင်းပါပဲ။   လောကုတ္တရာကတော့ အေးငြိမ်းတာပေါ့လေ။ ရှင်းသန့်တာပေါ့။ ဗုဒ္ဓဘာသာ ကျင့်ကြံ အားထုတ်ကြတဲ့ မြန်မာနိုင်ငံမှာတော့ အေးငြိမ်းချမ်းသာသူတွေ ရှိကြပါတယ်။ ဗုဒ္ဓဘာသာရဲ့ အဆိုအဆုံးမထဲမှာကိုက “ပစ္စတံ ဝေဒိတဗ္ဗော ၀ိညူဟိ” ဆိုတာ အရိယာဉာဏ်ပညာတွေ ရှိတဲ့ပုဂ္ဂိုလ်တွေက အေးအေးချမ်းချမ်းပဲ သတင်းသုံးလေ့ ရှိကြပါတယ်။ ဒါက … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မြန်မာနိုင်ငံထဲက အောင်မြင်သော ဘ၀တစ်ခု 04

မြန်မာနိုင်ငံထဲက အောင်မြင်သော ဘ၀တစ်ခု  အပိုင်း(၄) မြန်မာတွေကို ပိုမတွက်ချင်နေပါ လျှော့မတွက်ပါနဲ့ အရှေ့တောင်အာရှ အားကစားပွဲတော်မှာ မြန်မာတွေဟာ တော်တဲ့နေရာ တော်တယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒိုင်လူကြီးများရဲ့ အဆုံးအဖြတ်အချို့ကြောင့် အချို့ဆုံးဖြတ်ချက်တွေမှာ သူ့ရှု့ထောင့် ကိုယ့်ရှု့ထောင့် တင်ပြစရာများ ရှိသော်လည်း မြန်မာတွေကို လျှော့တွက်လို့မရကြောင်း သက်သေပြစရာ အထောက်အထားများကို တွေ့ရပါတယ်။ ဒါကြောင့် မြန်မာတွေကို လျှော့မတွက်ပါနဲ့။ မြန်မာတွေဟာ တော်တဲ့အပိုင်းတွေ တော်တယ်ဆိုတာ ကတော့ သိသာပါတယ်။   တစ်ခုရှိတာက ကမ္ဘာက လက်တွေ့ပြနိုင်တဲ့ အပိုင်းတွေမှာ အရမ်းရှေ့ရောက်တယ်။ နည်းပညာဖြစ်စေ၊ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မြန်မာနိုင်ငံထဲက အောင်မြင်သော ဘ၀တစ်ခု

မြန်မာနိုင်ငံထဲက အောင်မြင်သော ဘ၀တစ်ခု အပိုင်း(၃) ကမ္ဘာ့အလယ်မှာ မြန်မာတွေက ရိုးသားတယ်။ ရိုးသားတာကိုတော့ ကျွန်တော်လည်း ထောက်ခံတယ်။ ဒါပေမယ့် ‘အ’ တာကိုတော့ မထောက်ခံဘူး။ မြန်မာတွေက တစ်ချို့နေရာတွေမှာ ‘အ’ တယ်လို့ပဲ ကျွန်တော်တော့ ခံယူမိတယ်။ ကျွန်တော်လည်း မြန်မာပဲ၊ ကျွန်တော်လည်း တစ်ချို့နေရာတွေမှာ ‘အ’ တယ်။ ဒါပေမယ့် ကျွန်တော် အသက်ရလာတဲ့ အခါကျတော့ ကျွန်တော် မအ ဖို့ ကြိုးစားတယ်။ ရိုးသားဖို့လည်း ကြိုးစားတယ်၊ မအ ဖို့လည်း ကြိုးစားတယ်။   … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မြန်မာပြည်ထဲက အောင်မြင်သော ဘ၀တစ်ခု 02

မြန်မာပြည်ထဲက အောင်မြင်သော ဘ၀တစ်ခု အပိုင်း(၂) မြန်မာပြည်ထဲက အောင်မြင်သော ဘ၀တစ်ခုဆိုတာ မြန်မာပြည်မှာ သာသနာရှိတယ်ဆိုတဲ့ သဘောကို ဆိုလိုခြင်းနဲ့ အတူတူပါပဲ။ ဘ၀တစ်ခု အောင်မြင်ဖို့ဆိုတာ မလွယ်ဘူး။ အထူးသဖြင့် လောကီစီးပွားရေး၊ နိုင်ငံရေး၊ အတတ်ပညာ၊ နည်းပညာ စတဲ့ရေးအမျိုးမျိုးတွေဟာ အောင်မြင်တဲ့ ဘ၀တစ်ခု ဖြစ်ဖို့ဆိုတာ အတော်ခက်ပါတယ်။ အောင်တော့ အောင်မြင်တဲ့ ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ နည်းမျိုးစုံနဲ့ အောင်မြင်နေကြတာပဲ။   စာရေးသူကတော့ တရားလိုက်တဲ့အခါကျတော့ တရားတွေ့တာနဲ့ အောင်မြင်တဲ့ ဘ၀ ဖြစ်သွားတာပါပဲ။ ဒီတော့ မြန်မာနိုင်ငံမှာ … Continue reading

Posted in Buddhism | Tagged , | Comments Off on မြန်မာပြည်ထဲက အောင်မြင်သော ဘ၀တစ်ခု 02

မြန်မာပြည်ထဲက အောင်မြင်သော ဘ၀တစ်ခု

မြန်မာပြည်ထဲက အောင်မြင်သော ဘ၀တစ်ခု စာရေးသူသည် မြန်မာပြည်သား ဖြစ်သည်။ မြန်မာနိုင်ငံ၌ ကြီးထွားလာခဲ့သူ တစ်ဦးဖြစ်သည်။ စာရေးသူ၏ဘ၀သည် နိုင်ငံရေး၊ စီးပွားရေး၊ အခြား လောကီ လူမှုရေးများကို စိတ်မ၀င်စားဘဲ လောကုတ္တရာကို စိတ်ဝင်စားခဲ့သည်။ ထိုအခါ မြန်မာပြည်၌ လွန်စွာအဆင်ပြေသည်။ မြန်မာပြည်၌ သာသနာရှိရာ စာရေးသူသည် တရားဘာဝနာများကို ၀ါသနာပါခဲ့သည်။ ထို့နောက် ဆရာကောင်း သမားကောင်းနှင့် တွေ့သည်။ မြန်မာနိုင်ငံ၌ ဆရာကောင်း သမားကောင်းနှင့် တွေ့လျှင် ဘာသာရေး၌ အောင်မြင်၍ လောကုတ္တရာ ရေးရာ၌ ရည်မှန်းချက် ပန်းတိုင်ကို … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

Hawking and God Particle

Hawking and God Particle Stephen shouldn’t say that Physics has become boring when “God Particle” had been discovered. God Particle has been discovered. That’s it. That’s why the founder was awarded the Noble Prize. The discovery of God Particle doesn’t … Continue reading

Posted in Buddhism | Tagged | Leave a comment

စတီဖင်ဟော့ကင်းကို လေ့လာခြင်း

စတီဖင်ဟော့ကင်းကို လေ့လာခြင်း   စတီဖင်ဟော့ကင်းသည် ဤခေတ်၌ အိုင်းစတိုင်းနေရာ ယူသည်ဟု အဆိုပြုကြသည်။ (A Brief History of Time) စာအုပ်ဖြင့် အထူး နာမည်ကျော် ရေပန်းစားခဲ့သည်။ (Origin of Universe) ဆိုင်ရာလိုင်းကို အထူးလေ့လာဖြင့် ဘလက်ဟိုး(လ်) အပါအ၀င် အခြားသော (Hawking Radiation) စသည့် ဖော်ပြချက်များဖြင့် နာမည်ကြီးခဲ့သည်။ သူသည် အတော်အသင့် အတိုင်းအတာအထိတော့ အိုင်းစတိုင်းနောက်ကို လိုက်သည်။ အတော်အသင့် အတိုင်းအတာအထိတော့ အိုင်းစတိုင်းကို ဝေဖန်သည်။ အိုင်းစတိုင်းနောက် … Continue reading

Posted in Articles | Tagged | Leave a comment

ဓမ္မဓိဋ္ဌာန်ကျတဲ့ အသိပညာ

 ဓမ္မဓိဋ္ဌာန်ကျတဲ့ အသိပညာ၊ ဒဿနပညာမှ သိပ္ပံသို့၊ သိပ္ပံမှ ဗုဒ္ဓဘာသာသို့ (The Objective Character from Philosophy to Science, from scientific knowledge to Buddhism.)   ဒဿနပညာ၌ ဓမ္မဓိဋ္ဌာန်ကျခြင်း ဟူသော စကားလုံးအား အထူးလေ့လာ ဆင်ခြင်ကြသည်။ (Objectivity of History) ဟူသော သမိုင်းဆိုင်ရာ ဒဿနပညာ၌ သမိုင်းအမြင်တို့၏ ဓမ္မဓိဋ္ဌာန်ကျနိုင်မှု၊ မကျနိုင်မှုတို့ကို စိစစ် ဝေဖန်ကြသည်။ သမိုင်းအား သမိုင်းရေးသူ ပြောချင်သလိုပြော၍ မဖြစ်နိုင်၊ … Continue reading

Posted in Articles | Tagged , | Leave a comment

မှန်တာကို အားပေးကြပါ

မှန်တာကို အားပေးကြပါ   ယောဂီများ အမှန်သစ္စာက အရေးကြီးပါတယ်။ အထူးသဖြင့် လောကုတ္တရာနယ်မှာ လိုက်စားရင် အမှန်သစ္စာက အဓိကကျတယ်။ ဟိတ်ကြီးဟန်ကြီးတာက အဓိက မကျပါဘူး။ အတင်းပြောနိုင်တဲ့သူ အောင်မြင်စတမ်း ဆိုတာကတော့ လောကုတ္တရာမှာ မရှိသင့်တဲ့ ကိစ္စပါ။   အခုတော့ ဦးအောင် အတင်းပြောနိုင်တဲ့ သူတွေက ဟိတ်ကြီး ဟန်ကြီးနဲ့ အောင်မြင်ကြစတမ်းဆိုတဲ့ ကိန်းခန်းကို ရောက်နေတယ်။ ဒါကတော့ ကိန်းခန်းကြီး မှားနေတဲ့ သဘောပေါ့နော်။ အမှန်သစ္စာက အရေးကြီးပါတယ်။ စာရေးသူဟာ ကျင့်ခဲ့တယ်၊ ကျင့်ခဲ့တာဟာ ကျင့်ခဲ့တာပေါ့။ … Continue reading

Posted in Articles | Tagged | Leave a comment

အမှန်တရားကို မသွေဖီရလေအောင် —

အမှန်တရားကို မသွေဖီရလေအောင် —   ခရိုနီတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ်က ဘာကိုမှ ငတ်မပြနဲ့။ ပရိတ်သတ်များ ခရိုနီတွေက စောင့်နေတယ် ဘယ်သူဟာ ဘာငတ်သလဲလို့ ငတ်ရင် အဲဒီ ငတ်တဲ့ဟာလေး ကြွေးပြီးတော့ သူတို့က အသုံးချတာ။ တော်တော်များများဟာ အသုံးချ ခံရပြီ၊ အခုစာရေးသူ ရေးနေတဲ့ အချိန်မှာ ဆိုလို့ရှိရင် တော်တော်တောင် နောက်ကျသွားပြီ၊ ပြည်သူလူထုဘက်က ကာကွယ်ရင်းနဲ့ကို နောက်ကျသွားပြီ၊ ခရိုနီတွေက Tags: Myanmar Posts

Posted in Articles | Tagged | Leave a comment

ရဟန္တာဆိုတာ

ရဟန္တာဆိုတာ   ရဟန္တာဆိုတာ သံသရာလည်စေတတ်တဲ့ ဓာတ်တွေကို အပြီးအပိုင် သတ်နိုင်တော်မူတဲ့ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပိုင်ရှင်များကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယောဂီများက ရဟန္တာကို စိတ်ဝင်စားတော့ ရဟန္တာဆိုတာ အဲဒီ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရှိတဲ့သဘောပေါ့နော်။   သံသရာလည်စေတတ်တဲ့ ဓာတ်ကို အပြီးအပိုင် မသတ်နိုင်ရင်တော့ သံသရာလည်ရတာပေါ့။ သံသရာ လည်ရရင်တော့ နောက်ဘ၀တွေလည်း ရှိသလို ရဟန္တာလည်း မဖြစ်ဘူးပေါ့။ ရဟန္တာဖြစ်တယ်ဆိုတာ နောက်ဘ၀ မရှိတော့ဘူး၊ ဒီဘ၀မှာ အသက်ရှင်လျှက် ရှိရင်တော့ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment