Monthly Archives: November 2013

အရမ်းမဆုံးဖြတ်ပါနဲ့

အရမ်းမဆုံးဖြတ်ပါနဲ့ သူများ သားသမီးကို ရုပ်နာမ် မသိဘူးတို့ဘာတို့ အရမ်းမဆုံးဖြတ်ပါနဲ့ — ကိုယ်ကရော ဘယ်လောက်သိလို့လည်း။ ရုပ်နာမ် မသိသေးတဲ့သူ ပြောတဲ့စကားတွေလား၊ ရုပ်နာမ်သိပြီးတဲ့ နောက်ပိုင်းမှာ အဆင့်ဆင့်တိုးမြှင့်ပြီး ကျင့်ကြံလို့ အောင်မြင်ပေါက်မြောက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ စကားသံလား – ဆိုတာ မခွဲခြားတတ်ဘူးလား !!! ဘယ်လိုရှုထောင့်က ကြည့်နေတာလဲ?? မလိုတမာ ရှုထောင့်က ကြည့်နေတာလား .. တစ်ပါးသူကို မတရား လုပ်ကြံပြီးတော့ လွဲမှားစွာ ဆုံးဖြတ်မယ် မကြံနဲ့ – ဒါ ဂုဏ်းသင့်သွားမယ်၊ မဂ်တား ဖိုလ်တား … Continue reading

Posted in Buddhism | Tagged , | Leave a comment

ယောဂီများသို့ပန်ကြားချက်

ယောဂီများသို့ပန်ကြားချက် ယောဂီများ တရားလိုက်စား၍ သာဓုခေါ်ခဲ့ရပါသည်။ အသိပညာ ဗဟုသုတ အဆင့်အတန်း မြင့်သောကြောင့်လည်း အထူးသာဓုခေါ်မိပါသည်။ အရှိန်လေးရနေတဲ့ အခိုက်မှာ ပြင်ပမှာ ဒိဋ္ဌိအသံတွေ လွှမ်းတာကို ကြားသိရသည်။ ထို့ကြောင့် ယောဂီများထံ ခွင့်ပန်ခြင်း ဖြစ်ပါသည်။ အပြင်က ဒိဋ္ဌိအသံများအား အနည်းငယ် ဖြေရှင်းတိုက်ခိုက်ရန် စိတ်ကူးရသောကြောင့် ယောဂီများအား ရှေးဦးစွာ ပန်ကြားခြင်း ဖြစ်ပါသည်။ အပြင်မှာ ယောဂီများလောက် အဆင့်မရှိကြပါ။ ဗုဒ္ဓဘာသာကိုလည်း Tags: Buddhism, Myanmar Posts, ဗုဒ္ဓဘာသာ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာ၏အမှန်တရားကိုလက်မခံလျှင် ကွန်မြူနစ်ကလွှမ်းမိုးသွားမယ်

ဗုဒ္ဓဘာသာ၏အမှန်တရားကိုလက်မခံလျှင် ကွန်မြူနစ်ကလွှမ်းမိုးသွားမယ်   အခုတစ်လော ကွန်မြူနစ်ဟာ ထိုးဖောက်ချက် အမျိုးမျိုးနဲ့ ထိုးဖောက်နေတယ်။ ဗုဒ္ဓဘာသာတွေဟာ အမှန်ကို လက်ခံဖို့လိုလာတယ်။ ဥပမာ — နိဗ္ဗာန် သွားမယ်ဆိုရင် ရုပ်နာမ် ချုပ်ရမယ်ဆိုရင် ချုပ်ရမှာပေါ့။ မချုပ်သလိုလို ချုပ်သလိုလို လုပ်နေရင် ကွန်မြူနစ်အစာ မိသွားမှာပဲ။ ကွန်မြူနစ်တွေက သင်တန်းတွေလိုက်တက်တယ်၊ ဝိသုဒ္ဓိတွေတက်တယ်၊ အဘိဓမ္မာတွေတက်တယ်၊ ဘာသာရေး သာသနာရေးတက်ပြီး သူတို့က လူစွာလုပ်ပြီးတော့ တစ်ခြားဗုဒ္ဓဘာသာတွေကို သူတို့က သွေးထိုးပြီး၊ ဝိဝါဒကွဲအောင် လုပ်နေတယ်။ ကွန်မြူနစ်ကတော့ ဉာဉ်ဆိုးတာ သိတဲ့အတိုင်းပဲ။ ဒါပေမယ့် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အမှန်တရားကိုမြတ်နိုးကြရအောင်

အမှန်တရားကိုမြတ်နိုးကြရအောင်     ဒီခေတ်မှာ သိပ္ပံလိုက်ချင်လည်းလိုက်ပါ၊ နိုင်ငံရေးလုပ်ချင်လည်း လုပ်ပါ၊ ကွန်ပြူတာတို့ အားကစားတို့ လိုက်ချင်လည်း လိုက်ပါ – ရပါတယ်။ လောကုတ္တရာကိုလိုက်တယ် ဗုဒ္ဓဘာသာကို လိုက်တယ်၊ သစ္စာကိုလိုက်တယ် ဆိုရင်တော့ အမှန်ကိုမြတ်နိုးပါ။ ဗုဒ္ဓဘာသာကိုလိုက်လျှက်၊ လောကုတ္တရာကိုလိုက်လျှက် အမှန်ကို မမြတ်နိုးဘူးဆိုတော့ အတော်ပျော့ညံ့ရာကျတယ်။ နောက်ပြီးတော့လည်း ဗုဒ္ဓဘာသာကို သစ္စာဖောက်ရာကျတယ်။ ဗုဒ္ဓဘာသာကို သစ္စာဖောက်ရင် လူသားတွေကို သစ္စာဖောက်တာနဲ့ Tags: ၀ိပဿနာ, နိဗ္ဗာန်, မြတ်စွာဘုရား

Posted in Buddhism | Tagged , , | 1 Comment

ခန္ဓာနိယောဓေါနိဗ္ဗာနံ

ခန္ဓာနိယောဓေါနိဗ္ဗာနံ   နိဗ္ဗာန်မှာ ခန္ဓာချုပ်ရတယ်။ အကျင့်မရှိတဲ့ ပုဂ္ဂိုလ်တွေက နိဗ္ဗာန်မှာ ခန္ဓာမချုပ်ဘူးလို့ ယူဆကြတယ်။ အဘိဓမ္မာစာအုပ် တစ်အုပ်ထဲမှာ နိဗ္ဗာန်ဆိုတာ ချမ်းသာတဲ့ စိတ်ကလေးလို့ ပေါ်ပေါ်ထင်ထင် ရေးခဲ့ဖူးတယ်။ ခက်တာက အဘိဓမ္မာကို ကြည်ညိုတယ် ဆိုပြီးတော့ ကိုယ့်အတ္တကို ကြည်ညိုနေကြတာက ဝမ်းနည်းစရာ တော်တော်ကောင်းတယ်။ အဘိဓမ္မာကို ကြည်ညိုရင် အဘိဓမ္မာကို ကြည်ညိုဖွယ် ကောင်းအောင်ယူရမယ်။ အဘိဓမ္မာကို ရှေ့နောက် မညီညွှတ်အောင် လုပ်စားနေကြတာကတော့ အဘိဓမ္မာကို မကြည်ညိုရာမကဘူး သာသနာဖျက်နေကြတယ်လို့ပဲ ယူဆစရာ Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , , | 1 Comment

ဗုဒ္ဓဘာသာဟာရှေ့နောက်ညီညွှတ်တယ်

ဗုဒ္ဓဘာသာဟာရှေ့နောက်ညီညွှတ်တယ်   ယခုတစ်လော ဗုဒ္ဓဘာသာကို ရှေ့နောက်မညီညွှတ်အောင် ပြောနေကြတယ် — ကွန်မြူနစ်လေသံပါပဲ။   နိဗ္ဗာန်ထဲအထိ ရုပ်နာမ်ကို ခေါ်ချင်ကြတယ်။ ရုပ်နာမ်ဟာ မကောင်းလို့ မကောင်းဘူးပြောတာ – ဒုက္ခသစ္စာပဲ၊ နိဗ္ဗာန်ကြီးဟာ အင်မတန်မြင့်မြတ်တဲ့တရား သန္တိသုခပဲ။ ဒါကို နိဗ္ဗာန်သွားချင်တယ် ဆိုပြီး ရုပ်နာမ်ကို ခေါ်ချင်တယ်ဆိုတော့ ဒါတော်တော် ရူးချက်သန်တာပဲ။   ဘုရားဟော တရားကိုလိုက်ပါဆို ဘုရားဟောတရားတော့ မလိုက်ဘူး။ ဘာ ဥက္ကဌပြောတာကို ပြောတာကိုပဲ လိုက်နေတယ်၊ ဘာ ကျောင်းအုပ်ကြီးက Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ယောဂီများအတွက်ဟာသ

ယောဂီများအတွက်ဟာသ   ဒီအကြောင်းအရာပြောရင် ယောဂီများအတွက် ဟာသဖြစ်မယ်၊ ယောဂီများအားလုံး သိပြီးသား ဖြစ်ပါတယ်၊ နိုင်ငံရေးလုပ်ချင်ရင်လည်း လုပ်ကြတာပဲ၊ စီးပွားရေးလုပ်ချင်ရင်လည်း လုပ်ကြတာပဲ၊ နည်းပညာတွေလိုက်ချင်ရင်လည်း လိုက်ကြတာပဲ၊ လိုက်ကြပေါ့ – သို့သော် လောကုတ္တရာ လိုက်ရင်တော့ နိဗ္ဗာန်က ရုပ်နာမ်ကိုလက်မခံဘူးဆိုတာ အားလုံးသော ယောဂီတွေ သိကြပါတယ်။ အခုယောဂီတွေအတွက် ဟာသဖြစ်နေတယ် နိဗ္ဗာန်လည်းသွားချင်တယ်၊ ရုပ်နာမ်ထဲက အစိတ်အပိုင်း တစ်ခုခုကို ယူသွားချင်တယ်ဆိုတော့ မခက်ဘူးလား။ ဒီသတင်းက ယောဂီတွေအတွက်တော့ ဟာသဖြစ်နေတယ်။ နိဗ္ဗာန်ကို စံချင်တယ် ဒါပေမယ့် ရုပ်နာမ်နဲ့ ပတ်သက်လို့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ရုပ်နာမ်ဟာဆင်းရဲပါတယ်

ရုပ်နာမ်ဟာဆင်းရဲပါတယ်   ရုပ်နာမ်ဟာဆင်းရဲပါတယ်၊ ဒါကို ဗုဒ္ဓဘာသာတိုင်း သိထားပြီးသားပါ။ ဒါကြောင့်လည်း ရုပ်နာမ်ချုပ်ရာ နိဗ္ဗာန်ကို စံချင်ကြတာပေါ့။ ဒါလည်း ဗုဒ္ဓဘာသာတိုင်း သိပြီးသားပါ။ တစ်ချို့က ဘာဖြစ်လို့ ခေတ်နောက်ပြန် ဆွဲနေကြတာလည်း။ ကွန်မြူနစ်တွေရဲ့ စကားကို နားယောင်တာနဲ့တူတယ်။ ဗုဒ္ဓဘာသာကြည်ညိုရင် မြတ်စွာဘုရား အဆိုအဆုံးအမအတိုင်း လုပ်ပါ။ ရုပ်နာမ်ကို ချုပ်စေခဲ့ပါ – နိဗ္ဗာန်ကို စံဝင်ပါ အပြီးအပိုင်လွတ်မြောက် မှုကိုရယူပါ။ ဒါပဲဖြစ်ပါတယ်။ နိဗ္ဗာန်ထဲကို ရုပ်နာမ်ခေါ်ချင်တယ် ဆိုတာကတော့ တော်တော်မတရားတဲ့ စိတ်ကူးဖြစ်ပါတယ်။ ဒါဟာ သာသနာဖျက် စိတ်ကူးဖြစ်ပါတယ်။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ယောဂီများသို့ —

ယောဂီများသို့ —   ယောဂီများကို အထူးလေးစားပါတယ်၊ ဒါကြောင့်လည်း တော်တော်များများက တတ်နိုင်သမျှ ဆင်ဆင်ခြင်ခြင် ရေးပါတယ်။ အခု အပြင်မှာကတော့ သာသနာဖျက်တွေက အသံထွက်နေတာ များနေလို့ သူတို့ကိုနည်းနည်း တုန့်ပြန်ပြောဆိုရင်းနဲ့ ရေးရတာလေးတွေကို ခွင့်ပြုနားလည်ပေးပါလို့ ပထမဆုံး အသိပေး မေတ္တာရပ်ခံ ချင်ပါတယ်။ အပြင်မှာ သာသနာဖျက်တွေက များနေတယ်။ မြတ်စွာဘုရားရဲ့ သာသနာတော်ကို Tags: Buddhism, မဂ်ဉာဏ် ဖိုလ်ဉာဏ်, မြတ်စွာဘုရား

Posted in Buddhism | Tagged , , | 1 Comment

အားပေးစကားပြောတာပါ

အားပေးစကားပြောတာပါ   ယောဂီများကို အားပေးပါတယ်။ မိမိကိုယ်တိုင် တရားကျင့်လာတဲ့အခါမှာ မိမိကိုယ်တိုင် တိုးတက်တာကို တွေ့ရှိခံစားရတယ်။ ယခုဆိုရင် မိမိကိုယ်တိုင် အကုသိုလ် အကြီးကြီးတွေ မလုပ်တော့ဘူး။ အဓမ္မရာဂလည်း မရှိဘူး၊ ဝိသမလောဘလည်း မရှိဘူး၊ မိစ္ဆာဓမ္မပရေ၁၂တ ရှိရင်လည်း နည်းနည်းပဲရှိမယ်။ ဒီတော့ တရားကျင့်တဲ့ အခါကျ တရားကျင့်တဲ့ ပုဂ္ဂိုလ်တွေ ရရှိတဲ့ဂုဏ်ကတော့ ရတာပါပဲ။ (Practice makes Perfect) ဆိုတာ အမှန်အကန်ပါပဲ။ ဘောလုံးကန်ကျင့်ရင် ဘောလုံးတော်တာပါပဲ၊ သိုင်းကျင့်ရင် သိုင်းတော်တာပဲ၊ ကွန်ပြူတာကျင့်ရင် ကွန်ပြူတာတော်တာပဲ။ ဒီလိုပဲ … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဟော့ကင်းနှင့်အင်တာဗျုး (၃)

ဟော့ကင်းနှင့်အင်တာဗျုး အပိုင်း(၃) မေး။    ။ဆရာက သိပ္ပံပညာရှင်ဆိုတော့ စဉ်းစားဆင်ခြင် ထိုးထွင်းမှုဆိုတဲ့ အခန်းကဏ္ဍကိုတော့ ထည့်သွင်းစဉ်းစား လက်ခံလေ့ရှိပါသလား??   ဖြေ။    ။ကျွန်တော်လက်ခံပါတယ်၊ စဉ်းစားဆင်ခြင် ထိုးထွင်းမှုကို လက်ခံပါတယ်။ ကျွန်တော့် ဘဝမှာ သူဟာလည်း တော်တော်အရေးပါ အရာရောက်တာပဲ။ တစ်ခုရှိတာက ကျွန်တော်က သူတို့ကို သက်သေပြဖို့ ကြိုးစားတယ်ဈ ဒါပါပဲ။ ပြောရရင်တော့ (I rely on intuition a great deal.. .. but I have to … Continue reading

Posted in Articles | Tagged , , , , | Leave a comment

ဟော့ကင်းနှင့်အင်တာဗျုး (2)

ဟော့ကင်းနှင့်အင်တာဗျုး အပိုင်း(၂) မေး။    ။ဆရာကြီး ရောဂါက သေဖို့အတွက် အင်မတန် နီးစပ်တယ်လို့ သိရတဲ့အတွက် ဆရာကြီး ဘယ်လိုခံစား ခဲ့ရပါသလဲ??   ဖြေ။    ။ကျွန်တော် ပထမတော့ စိတ်ပျက်ရမလိုလို ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရောဂါက ပိုဆိုးတာမျိုး သိပ်မရှိဘူး၊ နှေးနေတာကို တွေ့ရတယ်၊ ဒီတော့ ကျွန်တော် PhD ကိုလည်း ရအောင်လုပ် ခဲ့တယ်။ ရောဂါရဲ့ ဆိုးဝါးမှုဟာ တော်တော်နှေးနေတာကို သိလာတာနဲ့ ကျွန်တော်ဟာ တစ်ခါတည်း စကြဝဠာကြီးရဲ့ အရင်းအဖြစ်ကိုရှာဖို့ ကြိုးစားခဲ့တယ်၊ … Continue reading

Posted in Articles | Tagged , , | Leave a comment

ဟော့ကင်းနှင့်အင်တာဗျုး (၁)

ဟော့ကင်းနှင့်အင်တာဗျုး   အပိုင်း(၁) သိပ္ပံပညာရှင်ကြီး စတီဖင်ဟော့ကင်း (Stephen Hawking) ကို (Sue) က မေးမြန်းခဲ့ဖူးသည်။ ယင်းအမေးအဖြေများသည် ယခုထက်တိုင် စိတ်ဝင်စားဖွယ် ကောင်းသဖြင့်၊ ယင်း အမေးအဖြေများ အပါအဝင် ဟော့ကင်း၏ သဘောသဘာဝများ၊ စကြဝဠာ အပေါ်မှာထားရှိသော အယူအဆများကို သိသာပုံပေါ်စေရန် လက်လှမ်းမီသမျှ စုစည်း၍ တစ်စုတစ်စည်းတည်း ဖော်ပြလိုက်ပါသည်။   မေး။    ။ဆရာကြီး စတီဖင် ကိုယ့်ရောဂါနှင့်ကိုယ် ဖြစ်နေသဖြင့် လောကကြီးနှင့် အဆက်ပြတ်ခြင်းကို ခံနေရသလို ဖြစ်ပါသလား?? အထီးကျန်ဘဝ ခံစားချက်မျိုးများ … Continue reading

Posted in Articles | Tagged , , | Leave a comment

ချမ်းသာခြင်းနှစ်မျိုးသိခြင်းနှစ်မျိုး

ချမ်းသာခြင်းနှစ်မျိုးသိခြင်းနှစ်မျိုး           ချမ်းသာခြင်းနှစ်မျိုး ရှိသည် – (စက္ခု သောတ ဃာန ဇီဝှါ ကာယ မန) ဟူသော အာရုံခြောက်ပါးနှင့် ချမ်းသာခြင်းက တစ်မျိုး၊ ထိုရုပ်နာမ်မှ သီးခြားကင်းလွတ်၍ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ဝင်စားသည့် ချမ်းသာခြင်းက တစ်မျိုးဟူ၍ (ဝေဒရိက သုခ၊ သန္တိသုခ) ဟူ၍ ချမ်းသာခြင်းနှစ်မျိုး ခွဲခြားနိုင်သည်။ ချမ်းသာတကာ့ ချမ်းသာတို့တွင် နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာခြင်းဖြစ်သည်။ နိဗ္ဗာနံ ပရမံသုခံ ဟူ၍ အဓိပ္ပာယ် ဖွင့်နိုင်သည်။ သိခြင်း … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်အကြောင်း

နိဗ္ဗာန်အကြောင်း           နိုင်ငံခြား စာအုပ်တစ်အုပ် ဖတ်ကြည့်ရာ နိဗ္ဗာန်အကြောင်း ရေးထားသည်ကို တွေ့ရသည်။ ထို့ကြောင့် မိမိတို့ဘက်မှလည်း နိဗ္ဗာန်အကြောင်းကို ရေးရန်ဆန္ဒပေါ်လာသည်။ နိဗ္ဗာန်သည် (၃၁) ဘုံမှ လွန်ရာဖြစ်သည်။ နိဗ္ဗာန်အကြောင်းကို ခြေလျှင်သွားကြည့်၍တော့ မရနိုင်၊ လောကအဆုံးသို့ ခြေလျှင်သွား၍ မရနိုင်ကြောင်း မြတ်စွာဘုရားသည် အသေအချာ အတိအလင်း ဟောတော်မူ ခဲ့သည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် သွားရမည်။ ဤကိစ္စကို အချို့နားမရှင်း ဖြစ်နေကြသည်။ သိသည်ဆိုလျှင် စိတ်ရှိသည်ဟု တွက်သည်။ ယင်းသို့ တွက်ခြင်းသည် မှားယွင်းနေသည်။ သိသည်ဆိုသည်မှာ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment