Monthly Archives: October 2013

ဗုဒ္ဓဘာသာတို့၏ပန်းတိုင်

ဗုဒ္ဓဘာသာတို့၏ပန်းတိုင် နိဗ္ဗာန်သည် ဗုဒ္ဓဘာသာတို့၏ ပန်းတိုင်ဖြစ်သည်။ ဗုဒ္ဓဘာသာတို့သည် ထိုပန်းတိုင်သို့ အရောက်သွား ကြသည်။ မြတ်စွာဘုရား အဆိုအဆုံးအမ အရိယာသူတော်ကောင်းကြီးများ၏ အဆိုအဆုံးအမများနှင့် အညီ ကျင့်ကြံကိုးစား အလုပ်လုပ်ကြသည်။ နိဗ္ဗာန်သည် အံ့သြဖွယ်ရာကောင်းသည်။ နိဗ္ဗာန်၏ ဂုဏ်ရည်ထဲမှာပင် အံ့သြဖွယ်ရာ ကောင်းခြင်းဟူသော ဂုဏ်ရည်ပါရှိသည်။ နိဗ္ဗာန်သည် တဏှာနှင့် ပတ်သက်၍လည်းကောင်း၊ ရုပ်နာမ်နှင့် ပတ်သက်၍လည်းကောင်း၊ လက်မခံချေ။ နိဗ္ဗာန်သည် အသင်္ခတဓာတ်၊ အနုတ္တရဓာတ် ဖြစ်သည်။ အသင်္ခတဓာတ် ဆိုသည်မှာ ပြုပြင်စီရင်ခြင်းငှာ မအပ်သောဓာတ် Tags: Buddhism, Myanmar Posts, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

သိပ္ပံပညာရှင်များနှင့်စကြဝဠာ၏အဆုံးနိဂုံး

 သိပ္ပံပညာရှင်များနှင့်စကြဝဠာ၏အဆုံးနိဂုံး       သိပ္ပံပညာရှင်များသည် စကြဝဠာကို စိတ်ဝင်စားကြသည်။   Where did the Universe come from? စကြဝဠာသည် ဘယ်ကလာပါသလဲ?? How and why did it began .. .. သူဘယ်လို စဖြစ်လာသလဲ??   Will it come to an end? စကြဝဠာကြီးဟာ ဆုံးသွားဦးမှာလား??   if so, how .. တကယ်ဆုံးသွားမယ် ဆိုရင်တော့ … Continue reading

Posted in Buddhism & Science | Tagged , , , , | 1 Comment

အံသြကြသည်ဆိုရာဝယ်

 အံသြကြသည်ဆိုရာဝယ် သိပ္ပံပညာရှင်များသည် စကြဝဠာကြီးကို အံသြကြသည်။ အထူးသဖြင့် –   “Why is the universe the way it is?”  .. ဟူ၍ ဘာကြောင့် ဤစကြဝဠာကြီးသည် ယခုဖြစ်နေသော စကြဝဠာကြီးဖြစ်သကဲ့သို့ ဖြစ်နေရပါသနည်းဟူသော သဘောပင်ဖြစ်သည်။ သိပ္ပံပညာရှင်များသည် စကြဝဠာကြီး၏ တည်ရှိနေမှု အခြေအနေကို အတော်အံ့သြကြသည်။ ထို့အပြင် – … why it is that we and the universe exit.. … Continue reading

Posted in Buddhism & Science | Tagged , , | Leave a comment

နိဗ္ဗာန်၌ရုပ်နာမ်မရှိချေ

နိဗ္ဗာန်၌ရုပ်နာမ်မရှိချေ     ယောဂီများ သိကြပါသည်- ခန္ဓာ့နိရောဓော နိဗ္ဗာနံ ဟူသောစကားရှိသည်။ ခန္ဓာချုပ်မှ နိဗ္ဗာန်သို့ စံဝင်နိုင်သည်။ ခန္ဓာမချုပ်သေးသမျှ နိဗ္ဗာန်သို့ မစံဝင်နိုင်ချေ၊ နိဗ္ဗာန်စံဝင်သော အခါ၌လည်း ခန္ဓာချုပ်သည်။ ထို့ကြောင့် နိဗ္ဗာန်စံဝင်သောအခါ စေတသိတ်ပါသည် ဟူသောအယူအဆသည် မှားယွင်းနေသည်။ စိတ်သည်လည်းကောင်း၊ စေတသိတ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ (၃၁) ဘုံနှင့် ပတ်သက်၍ ချန်ထားခဲ့ကာ နိဗ္ဗာန်စံဝင်သောအခါ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် စံဝင်ရခြင်းဖြစ်သည်။ ယခုအခါ နိဗ္ဗာန်သို့ မျက်မှောက်ပြုရာ၌ စေတသိတ်ကသိသည်၊ စေတသိတ်ရှိသည်ဟု ယူဆနေသည်မှာ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

သိပ္ပံ၏ဟာကွက်တစ်ခု

သိပ္ပံ၏ဟာကွက်တစ်ခု    အိုင်းစတိုင်းသည် “အမှန်တရားကို ရှာဖွေဖို့က၊ အမှန်တရားကို ပိုင်ဆိုင်ခြင်းထက် ပို၍တန်ဖိုးရှိသည်” ဟူသော အဆိုကို တန်ဖိုးထားခဲ့သည်။ .. .. the search for truth is more precious than its possession. .. .. ဆိုသော အဆိုကို တန်ဖိုးထားခဲ့သည်။ ၎င်းကို (The Fundaments of Theoretical Physics) ဟူသော သူ၏စာမူတွင် ဖော်ပြခဲ့သည်။ အဓိပ္ပာယ်မှာ အမှန်တရားကို ရှာဖွေကြစို့၊ … Continue reading

Posted in Buddhism & Science | Tagged , , , , | Leave a comment

ပိုင်းခြားခြင်းအတတ်ပညာ

ပိုင်းခြားခြင်းအတတ်ပညာ      ယောဂီများ ပိုင်းခြားခြင်း အတတ်ပညာက လွန်စွာတန်ဖိုးရှိပါတယ်။ ပါဠိလို (ပရိံဉာတဗ္ဗ ကိစ္စ) ခေါ်ပါတယ်။ ပိုင်းခြားတယ်ဆိုတာ လောကုတ္တရာက လောကီကို ပိုင်းခြားရတယ်၊ အရိယာတို့ရဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်က ဒုက္ခရုပ်နာမ်ကို ပိုင်းခြားရတယ်။ ပိုင်းခြားခြင်းဆိုတာ သီးခြားသိခြင်းသဘောလို့ ယူရင်လည်းရပါတယ်။ (ပရိံဉာတဗ္ဗ ကိစ္စ) ကိုပိုင်မှ တရားကိုပိုင်နိုင်ပါတယ်၊ ပိုင်းပိုင်းခြားခြားရှိရမယ်။ နိဗ္ဗာန်ဟာ ကိလေသာကို ပိုင်းခြားတယ်၊ လောကီအာရုံတွေကို ပိုင်းခြားတယ်။ အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ်များဟာ ဒုက္ခသစ္စာကို ပိုင်းခြားတယ်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

လောကုတ္တရာဟူသည်

လောကုတ္တရာဟူသည်   အဘိဓမ္မာကို လိုက်စားသူများသည် လောကုတ္တရာနှင့်လောကီ၏ အနက်အဓိပ္ပာယ်များကို တိတိကျကျ သိရန်လိုအပ်သည်။ သို့မှသာလျှင် မြတ်စွာဘုရား၏ တရားတော်များအား ကြည်ညိုလေးစားရာ ရောက်မည်။ အဘိဓမ္မာကို ကြည်ညိုလေးစားရာ ရောက်မည်၊ လောကုတ္တရာဆိုသည်မှာ လောကမှ လွန်မြောက်ရာဖြစ်သည်။ လောကီဆိုသည်မှာ အပျက်ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်၊ (လုဇ္ဇတီတိ ပလုဇ္ဇတီတိ လောကော) ဟူသော စကားရှိသည်။ လောကုတ္တရာဟူသည်မှာ အပျက်မှ လွန်မြောက်ရာဖြစ်သည်။ ထို့ကြောင့် အပျက်မှ လွန်မြောက်သော လောကုတ္တရာ ထဲသို့ အပျက်တရားကို ထည့်သွင်း၍ မရချေ။ ထို့ကြောင့် … Continue reading

Posted in Buddhism | Tagged , , , | 1 Comment

သိပ္ပံ၏လျှို့ဝှက်ချက်

သိပ္ပံ၏လျှို့ဝှက်ချက်   သိပ္ပံ၏ လျှို့ဝှက်ချက်ထဲတွင် Logical ဟူသော ယုတ္တိဗေဒနည်းကျ ဆက်စပ်မှု၊ Physical ဟူသော ရုပ်ဝတ္ထုကျကျ သာဓကရှိခြင်းဆိုင်ရာ လျှို့ဝှက်ချက်နှင့် Technical possibility ဆိုသော နည်းပညာဆိုင်ရာ ဖြစ်တန်ရာရှိမှု လျှို့ဝှက်ချက်များ ရှိသည်။ ပထမဖြစ်သော Logical လျှို့ဝှက်ချက်နည်းမှာ non-contradictory character ဟူ၍ သတ်မှတ်ကြသည်။ အဓိပ္ပာယ်မှာ ဆန့်ကျင်သော အနက်အဓိပ္ပာယ်ကို ထူးကဲ၍ မဖော်ဆောင်ရန် ဟူသော လျှို့ဝှက်ချက်ဖြစ်သည်။ ၎င်းကို non-contradictory character ဟူ၍ Tags: A … Continue reading

Posted in Buddhism | Tagged , | Leave a comment

Science and Causality

Science and Causality  Scientists are not trying to against Buddhism. Scientists do accept causality. The cause produces the effect. The same cause produces the same effect. The cause is active and the effect is passive. The cause is trying to … Continue reading

Posted in Buddhism & Science | Tagged , , | Leave a comment

လောကုတ္တရာ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်

လောကုတ္တရာ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်     လောကုတ္တရာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လောကီစေတသိတ်ဟု မယူအပ်ချေ။ အဘိဓမ္မာကို ကောင်းကောင်း ကြည်ညိုပူဇော်လေ့လာသူများ မဟုတ်လျှင် လောကုတ္တရာနှင့် လောကီကို မခွဲခြားနိုင်အောင် ဖြစ်တတ်သည်။ ဤကား အဘိဓမ္မာ၏ ခက်ခဲနက်နဲမှုအပေါ်မှာ ကြည်ညိုလေးစားမှု အားနည်းသော ပုဂ္ဂိုလ်တို့၏ အယူအဆတစ်ချို့သာ ဖြစ်သည်။ အထူးသဖြင့် အဘိဓမ္မာဆရာများသည် ဤပြဿနာကို ဖြေရှင်းနိုင်ခဲသည်။ တကယ့်ဆရာတော် သမားတော်ကြီးများမှသာလျှင် အကျိုးအကြောင်း အဆိုးအကောင်းကို သိနားလည်တော်မူသည်။ မိမိသည် မည်သည့် အကျင့်သိက္ခာပြည့်ဝသော သံဃာတော် အရှင်သူမြတ်များ၊ … Continue reading

Posted in Buddhism | Tagged , , , , | 3 Comments

လူငယ်များနှင့်သိပ္ပံပညာ

လူငယ်များနှင့်သိပ္ပံပညာ   လူငယ်များ သိပ္ပံပညာ လိုက်စားသဖြင့် ဝမ်းသာမိသည်။ သိပ္ပံပညာသည် လိုက်စား၍ မကုန်နိုင်အောင် များပြားကျယ်ပြောသည်ကို လူငယ်များလည်း အသိဖြစ်သည်။ သိပ္ပံပညာ၌ စနစ်တကျဖွဲ့စည်းမှု – Systematization ယေဘုယျပြုမှု – Generalization တစ်သီးပုဂ္ဂလမဆန်မှု – Universalization လက်တွေ့စမ်းသပ်မှု – Verifiability ကြောင်းကျိုးဆက်သွယ်မှုနှင့်ယှဉ်မှု – Causality အနာဂါတ်အတွက် ကြိုတင်ပြောဟောခြင်းနှင့်ပတ်သက်၍ – Predictability မှန်လည်းမမှားကြောင်း သက်သေပြသော ဆန်းသစ်သောနည်းနှင့်ယှဉ်၍ – Falsifiability   စသော ဂုဏ်ရည်များသည် … Continue reading

Posted in Buddhism & Science | Tagged , , , | 1 Comment

ယောဂီများနှင့်နိဗ္ဗာန်

ယောဂီများနှင့်နိဗ္ဗာန်   ယောဂီများ တရားဝင်စားရင်း နိဗ္ဗာန်အကြောင်းကို သိကောင်းပါတယ်။ နိဗ္ဗာန်အကြောင်းကို မပြောကောင်းဘူးဆိုတာကတော့ ဗုဒ္ဓဘာသာကို လာဘ်ပိတ်နေတဲ့ ကွန်မြူနစ်များရဲ့ စကားပါ။ ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ဆိုတော့ နိဗ္ဗာန်အကြောင်းက ပြောရမှာပေါ့။ မှန်မှန်ကန်ကန် ပြောရမှာပေါ့ — နိဗ္ဗာန်အကြောင်းကိုတော့ မှန်မှန်ကန်ကန် ပြောပါလို့ဆိုရင် – ဒါကသဘာဝကျတယ်။ နိဗ္ဗာန်အကြောင်း မပြောရဘူးဆိုတော့ – ဒါက ပိတ်ထားတာပဲ။ တစ်ချို့ကလည်း ကိုယ်တိုင်မကျင့်တော့ ကျင့်တဲ့ပုဂ္ဂိုလ်တွေ တွေ့တဲ့ နိဗ္ဗာန်ကို ဘာပဲဖြစ်ဖြစ် ငြင်းဖို့ ကြိုးစားကြတယ်။ ဘာပဲဖြစ်ဖြစ်ဆိုတာကတော့ မသင့်တော်ပါဘူး။ … Continue reading

Posted in Buddhism | Tagged , , , | 1 Comment

ယောဂီများအောင်မြင်ကြပြီ

ယောဂီများအောင်မြင်ကြပြီ           စာဖတ်ပရိသတ်ကြီးများ အောင်မြင်သော လမ်းပေါ်၌ လျှောက်လှမ်းကြပြီဟု သတ်မှတ်နိုင်သည်။ ယခုအခါ လက်တွေ့အားထုတ်ရန် ဆန္ဒပေါ်သည့်အပြင် အှန်တကယ် လက်တွေ့နည်းကိုလည်း သိရှိထားပြီဖြစ်ရာ သာသနာတော်အတွင်းတွင် အရိယာဖြစ်ဖူးခွင့် ရတော့မည်ဖြစ်သည်။           အရိယာဆိုသည်မှာ မကြာခဏ တင်ပြခဲ့သည့်အတိုင်း ပုထုဇဉ်ထက် အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ် အပိုပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။ လူသည် ပုထုဇဉ်အဖြစ်မွေးဖွားရာမှ တရားရှုလိုက်သဖြင့် အရိယာ ဖြစ်သွားရခြင်း ဖြစ်သည်။ ထို့ကြောင့် အရိယာဖြစ်ခြင်း ဆိုသည်မှာ ဖြစ်လာခြင်း … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်ဟူသည်

နိဗ္ဗာန်ဟူသည်           နိဗ္ဗာန်ကို ဘာမှမရှိဘူးဟု မပြောအပ်ချေ — အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာနံ ပရမံသုခံ ဆိုသည်မှာ နိဗ္ဗာန်သည် မြတ်သော ချမ်းသာမှု ရှိသည်ဟု အဆိုရှိသည်။ ချမ်းသာမှု ရှိသည့်အတွက် ထိုချမ်းသာမှုကို မဂ်ဉာဏ် ဖိုလ်ဉာဏ်က ဝင်စားသည်ဖြစ်ရာ – နိဗ္ဗာန်ကို ဘာမှမရှိဘူး ဘိတ်ဘိတ်တုံးကြီးဟူ၍ မပြောအပ်ချေ။ နိဗ္ဗာန်သည် မေ့ဆေးပေးသောအခါမျိုး အခြေအနေကဲ့သို့မဟုတ် ဘလက်ဟိုး(လ်) ထဲသို့ ကျရောက်သွားသော အခြေအနေမျိုးလည်း မဟုတ်သလို – အဘာဝ … Continue reading

Posted in Buddhism | Tagged , , , , , | 1 Comment

အမှန်သစ္စာကိုလေ့လာဖြန့်ဝေရာဝယ်

အမှန်သစ္စာကိုလေ့လာဖြန့်ဝေရာဝယ်            အမှန်သစ္စာကို လေ့လာကြသည်များမှာ များစွာအားရ၍ သာဓုခေါ်ဖွယ်ရာ ကောင်းသည်။ လူသားများသည် အသိဉာဏ်ပညာ အဆင့်အတန်း မြင့်မားလာရာ အမှန်သစ္စာဘက်သို့ အနည်းနှင့်အများ ဦးတည်၍ လေ့လာရှာဖွေ ဖြန့်ဖြူးကြသည်။ ဤသို့လေ့လာရာ၌ လက်တွေ့ အခန်းကဏ္ဍသည် လွန်စွာအရေးပါ အရာရောက်ကြောင်းကိုလည်း သဘောပေါက်ထားကြသည်။ အရာရာသည် လက်တွေ့ပါမှ ပြည့်စုံသည်ဟု ယူဆကြရာ လက်တွေ့အလေ့အကျင့် အားထုတ်မှုတို့သည် ဦးစားပေးအပ်သော အရေးပါအရာရောက်သော အခန်းကဏ္ဍမှ ပံ့ပိုးခံယူ လာရသည်။ ဤသို့ဆို၍ သဘောတရား မလိုအပ်ဟူသော … Continue reading

Posted in Buddhism | Tagged , | 1 Comment