Monthly Archives: September 2013

အရာရာရှေ့သို့သွားနေပါသည်

အရာရာရှေ့သို့သွားနေပါသည် တစ်ကမ္ဘာလုံး ရှေ့သို့သွားနေကြသည်၊ မြန်မာပြည်လည်း ရှေ့သို့သွားနေကြသည်။ ထိုအခါ ခေတ်နှင့်လျော်ညီစွာ အမှန်အကန် ပြန့်ပွားဖို့ အရေးကြီးသည်။ အထူးသဖြင့် သစ္စာနယ်ပယ်တွင် အမှန်အကန် ပို၍အရေးကြီးပါသည်။ တရားနာ ပရိသတ်များသည် တရားကိုလိုက်နေကြရာ သစ္စာတရားသည် အမှန်အကန် ဖြစ်ပါမှ တော်ကာကျမည်။ ယခုအခါ ကိုယ်တိုင်က မဂ်ပေါက် ဖိုလ်ဝင် ကျင့်ကြံဖူးခြင်း မရှိသော ပုဂ္ဂိုလ်အချို့သည် မြတ်စွာဘုရား တရားအား ဆန့်ကျင်ဘက်တိုက်ကာ ရှုရမည့်တရားနှင့် ပွားရမည့်တရား၊ အရှုခံတရား ချုပ်ပျောက်ရမည့်တရားနှင့် ပွားများရမည့် တရားကိုပင် မခွဲခြားနိုင်ဘဲ (ငါထင်ရာစိုင်း စစ်ကိုင်းရောက်ရောက်) … Continue reading

Posted in Buddhism | Tagged , | Leave a comment

သစ္စာတရားသိကြသောပရိသတ်များ

သစ္စာတရားသိကြသောပရိသတ်များ ယခုအခါ အစစအရာရာ တိုးတက်နေကြရာ လောကုတ္တရာ လိုက်စားသော ပုဂ္ဂိုလ်များကလည်း သစ္စာတရား သိချင်ကြသည်၊ နိဗ္ဗာန်အကြောင်း သိချင်ကြသည်၊ အရိယာအကြောင်း သိချင်ကြသည်။ တရားနာ ပရိသတ်များသည် အဆင့်မြင့်လာကြသည်။ အမှန်တကယ် လောကုတ္တရာ လိုက်စားသူတို့သည် လောကုတ္တရာအကြောင်းကို မရလျှင် အားမရကြချေ။ ဗဟုသုတ အဖြစ်နှင့်သော် လည်းကောင်း၊ ပုံပြင်နားထောင်ကြလိုသူများအတွက်သော် လည်းကောင်း၊ လောကီလိုက်စားသူများ အတွက်သော် လည်းကောင်း၊ မည်ကဲ့သို့သော တရားဟောဟော ကျေနပ်အားရနိုင်ကောင်း ကျေနပ်အားရ နိုင်ကြပေလိမ့်မည်။ အမှန်တကယ် လောကုတ္တရာ Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ပရိသတ်များအဆင့်မြင့်ကြပါသည်

ပရိသတ်များအဆင့်မြင့်ကြပါသည် လောကုတ္တရာ၌ အမှန်တကယ် လေ့လာလိုက်စားလျှင် လက်တွေ့ကျင့်ရန် အရေးကြီးကြောင်းကို ပရိသတ်အများအပြားက ပဲ့တင်ထပ် ကြွေးကြော်လာကြသည်။ ဤအချက်မှာ လွန်စွာသာဓုခေါ်စရာ ကောင်းသည်။ ယနေ့ ဗုဒ္ဓဘာသာ ပရိသတ်များကို အထင်သေးလျော့တွက်၍ မရပါ။ ဆရာလုပ်သူများက မိမိတို့ ပြောချင်တိုင်း ပြောမည်ဟူ၍ ငါတကောကော၍ ဟောတိုင်း အောင်မြင်လိမ့်မည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ပရိသတ်များ၌ စဉ်းစားမြော်မြင်ဆင်ခြင်တုံ တရားရှိသည်ကို တရားဟော ပုဂ္ဂိုလ်များ သတိထားရန် လိုအပ်ပါသည်။ ယခုအခါ ပရိသတ်များသည် လောကုတ္တရာ လိုက်လျှင်တော့မူ ကျင့်ရမည်ဆိုသည်ကို တစ်သွေးတစ်သံ တစ်မိန့်တည်း … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဗုဒ္ဓဘာသာကိုဒီထက် ပို၍ပို၍နားလည်အောင် ကြိုးစားကြရအောင်

ဗုဒ္ဓဘာသာကိုဒီထက် ပို၍ပို၍နားလည်အောင် ကြိုးစားကြရအောင် ဗုဒ္ဓဘာသာဟာ လွန်စွာနက်ရှိုင်း၍ ကြည်ညိုဖွယ်ရာ လွန်စွာကောင်းကြောင်း အားလုံးသော ဗုဒ္ဓဘာသာဝင်များ သိကြပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာအကြောင်းကို သိသထက်သိအောင် ကြိုးစားသင့်ကြောင်း သတိရမိသည်။ အခုအခါ ဗုဒ္ဓဘာသာအကြောင်းကို နားမလည်ကြသည်များ ရှိနေသည်။ ဥပမာ နိဗ္ဗာန်နှင့် (၃၁) ဘုံ အကြောင်းကို အချို့လိုက်စားကြသော်လည်း ပေါက်ပေါက်မြောက်မြောက် နားမလည်နိုင်ကြပါ။ (၃၁) ဘုံသည် ဒုက္ခမျိုးစုံရှိ၍ နိဗ္ဗာန်သည် ထိုဒုက္ခမှလွတ်သည်၊ သုခမျိုးစုံ ရှိသည်ကို သိသင့်ပါသည်။ နိဗ္ဗာနံ ပရမံသုခံ – ဟူသော စကားလည်းရှိသည်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

မြတ်စွာဘုရားကိုကြည်ညိုချင်လျှင်

မြတ်စွာဘုရားကိုကြည်ညိုချင်လျှင် မြတ်စွာဘုရားကို ကြည်ညိုချင်လျှင် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်မြတ် များကို သိအောင်ကြိုးစားရမည်သာဖြစ်သည်။ တရားသိမှ ဘုရားရှိသည်ဟူသော စကားပင်ရှိခဲ့သည်။ မြတ်စွာဘုရားကို ကြည်ညိုလျှင် တရားသိနားလည်အောင် ကြိုးစားရမည်သာ ဖြစ်သည်။ တရားသိနားလည်ပါမှ မြတ်စွာဘုရား အလိုတော်ကျ လုပ်နိုင်ကိုင်နိုင်မည်။ တရားမသိလျှင်မူ သူတော်ကောင်းများ နှစ်ခြိုက်အောင် စွမ်းဆောင်နိုင်မည် မဟုတ်ပါ။ အချို့မှာ အခြေခံကိုပင် ဘဝင်မကျဘဲ တရားဟောပြော သင်တန်းဖွင့်မှုများ လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ အခြေခံဆိုသည်မှာ (၃၁) ဘုံနှင့် နိဗ္ဗာန်၏ ကွာခြားမှုပင်ဖြစ်သည်။ သင်္ခတနှင့် အသင်္ခတ ကွာခြားမှုပင် … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဗုဒ္ဓဘာသာကိုအကြောင်းအကျိုးပညာရပ်နဲ့ကြည်ညိုကြည့်ရအောင်

ဗုဒ္ဓဘာသာကိုအကြောင်းအကျိုးပညာရပ်နဲ့ကြည်ညိုကြည့်ရအောင် ဗုဒ္ဓဘာသာဟာ အကြောင်းအကျိုးပညာရပ်မှာ တည်ကြောင်းတော့ အားလုံးသိကြပါတယ်။ (ယေဓမ္မာ ဟေတုပ္ပဘဝါ) ဆိုတဲ့ ပါဠိက အထင်အရှားပါပဲ။ အကြောင်းခံရင် အကျိုးဖြစ်တဲ့ သဘောပါပဲ။ ဖြစ်ရပ်တွေဟာ နောက်ကြောင်းက အကြောင်းခံရှိတယ်ဆိုတဲ့ သုံးသပ်ချက်အပေါ်မှာ မူတည်ပါတယ်။ အကြောင်းအကျိုး ညီညွှတ်ဆီလျော်မှုဆိုတာ အင်မတန်လည်း ဝင်စားစရာကောင်းပါတယ်။ လူ့အသိပညာရဲ့ အဓိကပိုင်းက ပါနေတာပဲ။ အကြောင်းအကျိုးမှာ ဆန့်ကျင်ဘက် အယူအဆကို သတိပြုရမယ်။ ဥပမာ — နိဗ္ဗာန်မှာ ခန္ဓာမရှိဘူးဆိုရင် Tags: Buddhism, Myanmar Posts, လောကုတ္တရာ

Posted in Buddhism | Tagged , , | Leave a comment

လောကုတ္တရာ၌ရုပ်နာမ်ချုပ်ရမည်

လောကုတ္တရာ၌ရုပ်နာမ်ချုပ်ရမည် လောကုတ္တရာ၌ ရုပ်နာမ်ချုပ်ရမည်၊ လောကီ၌မူ ရုပ်နာမ် ကြီးပွားတိုးတက်ရာ တိုးတက်ကြောင်း လုပ်ကိုင်ကြံဆနိုင်သည်၊ ဤကား လောကီအခွင့်အရေးဖြစ်သည်။ လောကုတ္တရာ အမှန်တကယ် လိုက်ပြီဆိုလျှင် မိမိကရုပ်နာမ်ချုပ်ရန် မှန်းဆထားရမည်။ လောကုတ္တရာ လိုက်ပါလျှက်နှင့် ရုပ်နာမ်မချုပ်လိုသေးပါ ဆိုလျှင်တော့မူ လောကုတ္တရာ လိုက်စားသည်ဟူသောဂုဏ်ကို မယူအပ်ချေ။ လောကီသမားသာ ဖြစ်သည်။ လောကုတ္တရာသည် (ခန္ဓာနိရောဓေါ နိဗ္ဗာနံ) စကား၏ ဦးတည်ချက်အတိုင်း ခန္ဓာချုပ်အောင် ကြိုးစားရမည်။ ရှိသောခန္ဓာအား အပျက်ရှုရမည်။ စွန့်ပယ် သတ်ဖြတ်၍ ပိုင်းခြားနိုင်ရမည်။ ဤကဲ့သို့သော တိဟိတ်သတ္တိ ပြဋ္ဌာန်းချက်မှ မရှိလျှင်မူ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မြတ်စွာဘုရားသာသနာချစ်မြတ်နိုးသူများကိုသာဓုခေါ်ပါသည်

မြတ်စွာဘုရားသာသနာချစ်မြတ်နိုးသူများကိုသာဓုခေါ်ပါသည် မြတ်စွာဘုရားသာသနာ ချစ်မြတ်နိုးသူများအား သာဓုခေါ်လျှက်ရှိပါသည်။ ကိုယ်တိုင်ပင် လေ့လာလိုက်စားသင့်သည်၊ ကျင့်ကြံပွားများ အားထုတ်သည်ဟု ယူဆထားရာ တစ်ပါးသူကိုပါ ကျင့်ကြံပွားများရန်၊ လေ့လာအားထုတ်ရန် တိုက်တွန်းနိုးဆော် သင်ကြားပို့ချနေသော ပုဂ္ဂိုလ်များအား၊ သာဓုခေါ်လျှက်ရှိပါသည်။ သို့သော် ဤနေရာ၌ မြတ်စွာဘုရား၏ တရားတော်သည် လွန်စွာနက်ရှိုင်းကြောင်းကိုတော့မူ သတိထားရပါလိမ့်မည်။ အပြစ်မရှိသော ပုဂ္ဂိုလ်များအတွက်မဆိုလိုပါ။ အပြစ်ရှိသော ပုဂ္ဂိုလ်များကို ဆိုလိုပါသည်။ မြတ်စွာဘုရား၏ တရားသည် Tags: Buddhism, Myanmar Posts, မဂ်ဉာဏ် ဖိုလ်ဉာဏ်, လောကုတ္တရာ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , , | Leave a comment

မြတ်စွာဘုရားကိုကြည်ညိုကြရအောင်

မြတ်စွာဘုရားကိုကြည်ညိုကြရအောင် မြတ်စွာဘုရားနဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ကြည်ညိုစရာကောင်းကြောင်း ဗုဒ္ဓဘာသာတိုင်း သိကြပါတယ်။ မြတ်စွာဘုရားရဲ့ တရားကို ကြည်ညိုရင် – (၃၁) ဘုံနဲ့ နိဗ္ဗာန်ကို ကွဲကွဲပြားပြား ခြားခြားနားနား သိနားလည်ထားဖို့ ကြိုးစားသင့်တယ်၊ အထူးသဖြင့် မြတ်စွာဘုရား တရားကို ပြန်ဟောတဲ့ပုဂ္ဂိုလ်၊ ပြန်သင်တဲ့ သင်တန်းဆရာတွေဟာ သင်္ခတနဲ့ အသင်္ခတကို ကောင်းကောင်းမွန်မွန် ကွဲပြားခြားနားစွာ နားလည်သင့်တယ်။ သင်္ခတဆိုတာ ပြုပြင်စီရင်ရတာပဲ။ အသင်္ခတဆိုတာ မပြုမမြင် မစီရင်ရတာပဲ။ တနည်းအားဖြင့် သင်္ခတဆိုတာ (၃၁) ဘုံပဲ။ အသင်္ခတဆိုတာ နိဗ္ဗာန်ပဲ။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

လောကုတ္တရာ၌အမှန်အကန်ဖြစ်ရန်အရေးကြီးသည်

လောကုတ္တရာ၌အမှန်အကန်ဖြစ်ရန်အရေးကြီးသည် ယခုအခါ အဖက်ဖက်မှ ပြောင်းလဲတိုးတက်နေသည်ဟု ယူဆနိုင်စရာများရှိရာ သာသနာဖက်မှလည်း ခေတ်မှီမှီ တိုးတက်ရန် လိုအပ်သည်။ ဤအချိန် ဤအခါတွင် အမှန်အကန် ဖော်ထုတ်ရန် လောကုတ္တရာ၌ အရေးကြီးသည်။ လောကုတ္တရာ ဖြစ်ပါလျှက်နှင့် အမှန်အကန် မဖော်ထုတ်နိုင်လျှင် လွန်စွာမှ အားနည်းရာကျမည်။ အမှန်အကန် ဖော်ထုတ်ရာ၌ ရာထူးကြီးမှ ဘာကြီးမှ ဟူ၍ ဗုဒ္ဓဘာသာ၌ မရှိချေ။  အမှန်အကန်သည် အမှန်အကန်ဖြစ်သည်ဟုသာ ယူဆသည်။ ဟိတ်ကြီးနှင့် ပစ်ပေါက်ရန်လည်းကောင်း၊ နာမည်ကြီးခြင်းနှင့် ပစ်ပေါက်ရန်လည်းကောင်း၊ ရာထူးကြီးနှင့် ပစ်ပေါက်ရန်လည်းကောင်း၊ အမှန်တရားက သွေဖီလျှင် ဗုဒ္ဓဘာသာ၌ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အမှန်အကန်အလှဆင်ကြရန်ဖြစ်ပါသည်

အမှန်အကန်အလှဆင်ကြရန်ဖြစ်ပါသည်           ကိုယ်သန်ရာမှ ဤလောကကို အလှဆင်ကြသည် ဆိုသောစကားရှိသည်။ ယခုခေတ်သည် ကျွမ်းကျင်ရာလိမ္မာ ဆိုသကဲ့သို့ ကျွမ်းကျင်တတ်မြောက်ပြီးသား ပုဂ္ဂိုလ်များက လောကကိုအလှဆင် ကြသည်။ ထိုအခါ ကျွမ်းကျင်မှုသည် အမှန်အကန် ကျွမ်းကျင်ရန် အရေးကြီးပါသည်။ အထူးသဖြင့် တရားဓမ္မနှင့် ပတ်သက်၍ အမှန်အကန် ကျွမ်းကျင်ရန်လွန်စွာ အရေးကြီးပါသည်။ မြတ်စွာဘုရား တရားကိုကြည်ညိုလျှင် အမှန်အကန် ကြည်ညိုကာ ဟောကြားသင့်ပါသည်။ မြတ်စွာဘုရား ဟောကြားသောတရားအား ဆန့်ကျင်၍ ဟောလျှင် မသင့်တော်ပါ။ ဥပမာ — ခန္ဓာကိုယ်ကို ရှုရမည်ဆိုလျှင် ဤခန္ဓာကိုယ်အား ဖက်တွယ်နေစရာ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

တရားရှာခန္ဓာဆိုရင်ရှုရမှာပဲ

တရားရှာခန္ဓာဆိုရင်ရှုရမှာပဲ တရားရချင်ရင်တော့ ခန္ဓာကိုရှုရမှာပဲ။ ဘာကြောင့်လည်းဆိုတော့ (ခန္ဓာ့နိရောဓေါ နိဗ္ဗာနံ) ဆိုတဲ့ အဆိုအဆုံးအမအတိုင်း ခန္ဓာချုပ်မှ ချမ်းသာမှာကိုး။ ဒီတော့ တရားရှာရင် ခန္ဓာမှာရှုကိုရှုရမယ် – ဒါဟာဆုံးဖြတ်ချက် ချရဲရမယ်။ တစ်ချို့ ဓမ္မကထိကတွေက တရားပလ္လင်ပေါ်ကနေပြီး ခန္ဓာဆိုပေမယ့် ကောင်းတဲ့စိတ်ကလေးတော့ မရှုနဲ့ဆိုတာမျိုးလေး ဟောတာကိုကြားသိနေရတယ်။ တော်တော် ဝမ်းနည်းစရာ ကောင်းတာပဲ။ ဓမ္မကထိက လုပ်နေပြီးတော့ ခံယူချက်က မပြတ်သားဘူး။ ခန္ဓာဆို ရှုရမှာပေါ့ – ဘာဖြစ်လို့ စိတ်ကလေးကို ချန်ခြင်ရတာလည်း – သူတို့တွေ့ဟာ အစွဲလန်း ဥပါဒါန်လေးတွေနဲ့ … Continue reading

Posted in Buddhism | Tagged , | Leave a comment

တိုင်းပြည်မှာမျက်စိနားများရှိကြပါတယ်

တိုင်းပြည်မှာမျက်စိနားများရှိကြပါတယ် မြန်မာနိုင်ငံမှာ မျက်စိများ၊ နားများ ရှိကြပါတယ်။ အချို့ကတော့ ဆိတ်ဆိတ်ပဲ နေကြတဲ့ဝါသနာ ရှိလို့ပါ။ မည်သည့်ကိစ္စမဆို သိနားလည်သော ပုဂ္ဂိုလ်များရှိကြပါတယ်။ သို့သော် အကြောင်း မတိုက်ဆိုင်လျှင်တော့မူ ထုတ်ဖော်ပြောကြား ဝင့်ဝါမှုပြုကြမည် မဟုတ်ပါ။ များသောအားဖြင့်လည်း ထုတ်ဖော်ပြောကြားသူများက နာမည်ရခြင်း၊ နေရာရခြင်းများ ရှိတတ်ပါသည်။ အချို့မြန်မာများသည် အေးဆေးကြပါသည်။ နေရာကိုလည်း စိတ်မဝင်စားကြပါ။ နာမည်ကြီးမှုကိုလည်း စိတ်မဝင်စားကြပါ။ သို့သော် ဗဟုသုတ ရှိတန်သရွေ့ရှိသူများ ရှိကြပါသည်။ မိမိအနေနှင့်မူ လောကုတ္တရာဗဟုသုတ အထိုက်အလျောက်ရှိသည် ဖြစ်၍၊ လောကုတ္တရာ အကြောင်းနှင့် ပတ်သက်၍ … Continue reading

Posted in Buddhism | Leave a comment

အဘိဓမ္မာကိုပူဇော်သင်ယူရာ၌ရှေ့နောက်ညီညွှတ်ရန်လိုအပ်သည်

 အဘိဓမ္မာကိုပူဇော်သင်ယူရာ ၌ရှေ့နောက်ညီညွှတ်ရန်လိုအပ်သည် အဘိဓမ္မာကို သင်ကြားပို့ချခြင်း၊ စာအုပ်များရေးသားခြင်း၊ ပြုစုရာ၌ ရှေ့နောက် ညီညွှတ်ရန် သတိထားသင့်လေသည်။ အဘိဓမ္မာ ဆရာကြီးတစ်ယောက် ရေးသောစာအုပ်၌ (နိဗ္ဗာန်သည် ချမ်းသာသောစိတ်ကလေး) ဟု ဖော်ပြခဲ့ဖူးရာ လွန်စွာမှ စိတ်ပျက်ဖွယ်ရာ ကောင်းလေသည်။ အမှန်မှာ နိဗ္ဗာန်သည် ရုပ်နာမ်ချုပ်ရမည်ဖြစ်ရာ – ရုပ်နာမ်ထဲ၌ နာမ်ပါသည်၊ နာမ်ထဲ၌ စိတ်ပါသည်ကို မသိကျေးကျွန်ပြုရာကျသည်။ ထို အဘိဓမ္မာဆရာသည် သင်္ခတနှင့်၊ အသင်္ခတကို မကွဲပါဟု ဝန်ခံသကဲ့သို့ ရှိသည်၊ အဘယ့်ကြောင့်ဆိုသော် ခန္ဓာတည်းဟူသော စိတ်ကလေးသည် နိဗ္ဗာန်၌ ချမ်းသာစွာ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

လောကုတ္တရာနှင့်အကျင့်တရား

လောကုတ္တရာနှင့်အကျင့်တရား တော်တော်များများကတော့ သိကြပါသည်။ အမှန်တကယ် လောကုတ္တရာကို လိုက်စားလျှင်၊ အမှန်တကယ် ကျင့်ကြံအားထုတ် အလုပ်လုပ်ရန် လိုသည်ကို သိကြပါသည်။ လောကုတ္တရာသမားများ မဟုတ်လျှင်တော့မူ ဗဟုသုတအဖြစ်နှင့် စာပေလိုက်စား ကြပါသည်။ လောကုတ္တရာ အဟုတ်လုပ်မည် ဆိုလျှင်တော့ ကျင့်ကိုကျင့်မှ ရပါလိမ့်မည်။ ဤနေရာ၌ ကျင့်လျှင်ဖြစ်နိုင်ကြောင်းကို အားပေးလိုပါသည်။ စာရေးသူကိုယ်တိုင် အထိုက်အလျောက် ကျင့်ခဲ့၍၊ အထိုက်အလျောက် အောင်မြင်ခဲ့သည်ကိုလည်း အခါအားလျော်စွာ ပြောပြနေပါသည်။ မြတ်စွာဘုရား၏ သာသနာ၌ လက်တွေ့ကျင့်လျှင် အကျိုးခံစားခွင့် ရှိကိုရှိပါသည်။ သဘာဝလည်း ကျပါသည်။ လောဘစိတ်ပေါ်ရာ Tags: … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment