Monthly Archives: August 2013

တရားရှာလိုသော်

တရားရှာလိုသော်   တရားရှာလျှင် ခန္ဓာ၌သာ ရှာရမည်ဖြစ်သည်။ ခြေလျှင်လိုက်ရှာ၍ မရစကောင်းဟု မြတ်စွာဘုရား ရောဟိတဿနတ်သားကို ဟောတော်မူဖူးသည်။ မြတ်စွာဘုရား ရောဟိတဿနတ်သားကို ဟောကြားရာ၌ တစ်လံမျှသော ဤခန္ဓာကိုယ် အတွင်း၌ သစ္စာများအား ပညတ်တော် မူသည်ဟု ပါလေသည်။ ထို့ကြောင့် တရားရှာခန္ဓာမှာတွေ့ ဟူသောစကားရှိသည်၊ ပညာရှိများ သုံးနှုန်းတော် မူကြသည်။ တရားရှာထောင်မှာတွေ့ ဆိုသောစကားသည်၊ တရားကို မရှာဘူးသော ပုဂ္ဂိုလ်များ၊ တရားကို အရွဲ့တိုက်၍ ဗုဒ္ဓဘာသာကို သစ္စာဖောက်သော ပုဂ္ဂိုလ်များသာ သုံးလေ့ရှိကြသည်။ တရားရှာခန္ဓာမှာတွေ့ ဟူသောစကားသည် အမှန်ဖြစ်သည်။ … Continue reading

Posted in Buddhism | Tagged , , , | 1 Comment

ဒေါ်အောင်ဆန်းစုကြည်ကိုအရိယာဖြစ်စေချင်တယ်

ဒေါ်အောင်ဆန်းစုကြည်ကိုအရိယာဖြစ်စေချင်တယ်   ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်ဖြေရှင်း နေရတဲ့ပြဿနာတွေက ကျယ်ပြန့်တယ်၊ နက်ရှိုင်းတယ်၊ များပြားတယ်၊ ရှုပ်ထွေးတယ် ဖြစ်လာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရိယာ ဖြစ်စေချင်တဲ့ စေတနာ ပေါ်ခဲ့ဖူးပါတယ်။ အရိယာဖြစ်ဖို့ ဆိုတာကလည်း ကိုယ့်ခန္ဓာထဲကို တရားရှုမှ ဖြစ်လေ့ဖြစ်ထ ရှိတာကိုး — တရားကတော့ ခန္ဓာမှာ ရှုရတာပါ။ တရားရှာထောင်မှာတွေ့ ဆိုတဲ့စကားကတော့ အကြောင်းအကျိုး မညီညွှတ်ပါဘူး၊ ဘောက်ချီးစကားကြီးပါ – မှားနေတဲ့ စကားကြီးပါ။ တရားက ခန္ဓာမှာ ရှာရတာပါ။ တလံမျှရှိသော ဒီခန္ဓာမှာ မြတ်စွာဘုရားက ပညတ်တော် … Continue reading

Posted in Buddhism | Tagged , | Leave a comment

A Life in Buddhism 18

A Life in Buddhism 18 Improving the Dhamma means Because of the guidance of Sayar Myat Gyi, we could well practice to improve our Dhamma skills. When the Dhamma skills have improved, you will get the clearer and lighter experience … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဒေါက်တာဝါပိုလာရာဟုလာသည် အဓမ္မဝါဒ၏မြစ်ဖျားခံရာတစ်ခုဖြစ်နေသည်

ဒေါက်တာဝါပိုလာရာဟုလာသည် အဓမ္မဝါဒ၏မြစ်ဖျားခံရာတစ်ခုဖြစ်နေသည်        စာရေးသူတို့သည် ဗုဒ္ဓဘာသာအကြောင်း အင်္ဂလိပ်ဘာသာဖြင့် ကောင်းစွာရေးတတ်သော  ပုဂ္ဂိုလ်ဟူ၍ ဒေါက်တာဝါပိုလာအား လေးစားလိုသောသဘော ရှိခဲ့သည်။ သို့သော် ဒေါက်တာဝါပိုလာ ရာဟုလာသည် သူ၏ (What the Buddha Taught) စာအုပ်၌ ဗုဒ္ဓဘာသာအကြောင်းကို အနက်မှန်ကန်စွာ မဖော်ပြနိုင်ဘဲ အဓမ္မဝါဒဘက်သို့ လမ်းညွှန်ချက်များ ပြုလုပ်သကဲ့သို့ ရေးသားခဲ့သည်ကို တွေ့ရသဖြင့် များစွာစိတ်မကောင်း ဖြစ်ခဲ့ရသည်။ တွေ့ရပုံမှာ ဤသို့ဖြစ်သည် — မြတ်စွာဘုရားသည် ရောဟိတဿ  နတ်သားအား ဟောကြားရာ၌ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသည် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဒေါက်တာဝါပိုလာ၏အားနည်းချက်များ

ဒေါက်တာဝါပိုလာ၏အားနည်းချက်များ (What the Buddha Taught) ရေးသော ဒေါက်တာဝါပိုလာသည် ဗုဒ္ဓဘာသာ ပဋိပတ္တိကျင့်စဉ် အကြောင်းကိုလည်း နားမလည်။ ယုတ်စွအဆုံး သိပ္ပံသဘောကိုပင် နားလည်မှု မရှိခဲ့ချေ။ ဥပမာတင်ပြပါမည် — သိပ္ပံ၌ မော်တော်ကားတစ်စီးကို ကလေးတစ်ဦးက မြင်သည်ဆိုပါစို့ –   ကလေးတစ်ဦးက မော်တော်ကားကိုသိသည်ဟု ကြွေးကြော်သည်။ ထို့နောက် အနည်းငယ်ကြီးသော ပုဂ္ဂိုလ်က အဲဒီ မော်တော်ကားကို မိမိမောင်းနိုင်သည်ဟု ကြွေးကြော်သည်။ ထို့ထက်ကြီးသူတစ်ယောက်က အဲဒီမော်တော်ကားပျက်လျှင် ပြင်နိုင်သည်ဟု ကြွေးကြော်သည်။ နောက်ဆုံးပုဂ္ဂိုလ်က ဒီမော်တော်ကားကို ငါတို့ကုမ္ပဏီကထုတ်လုပ်တာ၊ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဒေါက်တာဝါပိုလာတော်တော်မှားခဲ့တာပဲ

ဒေါက်တာဝါပိုလာတော်တော်မှားခဲ့တာပဲ           သီရိလင်္ကာနိုင်ငံမှ ဒေါက်တာဝါပိုလာသည် (What the Buddha Taught) စာအုပ်ထဲတွင် တော်တော်အမှားများကို ရေးသားခဲ့သည်။ စာမျက်နှာ (၅) တွင် Truth needs no label it is neither Buddhist, . . . သူတို့ရေးခဲ့ရာ မည်သို့သောသဘောနှင့် ရေးလိုက်ပါသနည်း။ သစ္စာလေးပါးကို မြတ်ဗုဒ္ဓ တွေ့တော်မူသောအခါ မြတ်ဗုဒ္ဓပိုင်သည်ဟု သာဆိုရမည်ဖြစ်သည်။ ယင်းကိစ္စကို အများသူငါ ထင်ရောင်ထင်မှားဖြစ်စေရန် သစ္စာလေးပါးကိုပဲ မြတ်ဗုဒ္ဓ မပိုင်သလိုလို ရေးခဲ့သည်။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာကိုမြတ်စွာဘုရားပိုင်တော်မူပါတယ်

ဗုဒ္ဓဘာသာကိုမြတ်စွာဘုရားပိုင်တော်မူပါတယ် မြတ်စွာဘုရားက နိဗ္ဗာန်ကို စတွေ့တာပါ။ ဒီတော့ နိဗ္ဗာန်ရောက်ကြောင်းတရားကို မြတ်စွာဘုရား ဟောတော့ ဗုဒ္ဓဘာသာကို မြတ်စွာဘုရား ပိုင်တာပေါ့။ အခုလူတွေက တလွဲဆံပင် ကောင်းနေကြတယ်။ ဘယ်သူ့ဘယ်သူမှ မပိုင်ဘူးဘာညာ နဲ့ပြောနေကြတယ်။ ဒါကမဟုတ်သေးပါဘူး။ ကိုယ်တွေ့တာ ကိုယ်ပိုင်တာပေါ့။ ဥပမာဆိုပါစို့ ဗုဒ္ဓဘာသာမှအပ အခြားဘာသာတွေလည်း အခြားဘာသာတွေ တွေ့ရာ အခြားဘာသာတွေ ပိုင်တာပေါ့။ ဒါသူ့သဘာဝနဲ့သူ ကိုယ့်သဘာဝနဲ့ကိုယ်ပေါ့။ ဗုဒ္ဓဘာသာကလည်း နိဗ္ဗာန်ကို မြတ်စွာဘုရားတွေ့တော့ နိဗ္ဗာန်ရောက်ကြောင်းဟောတဲ့ မြတ်စွာဘုရားက ဗုဒ္ဓဘာသာကို ပိုင်တာပေါ့။ တကယ်တော့ ဗုဒ္ဓဘာသာတွေသိတဲ့ အသိပညာဥာဏ်တွေကို မြတ်စွာဘုရားပဲ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အကြောင်းခံလျှင်အကျိုးရသည်(၂)

အကြောင်းခံလျှင်အကျိုးရသည်(၂)   အကျယ်ချဲ့ တင်ပြလိုပါသည်။ စောစောက ဖော်ပြခဲ့သော ရှင်းလင်းချက်များသည်၊ အကျဉ်းချုပ် ဖြစ်နေ၍ အထိုက်အလျောက် ခက်ခဲနက်နဲမည်ဆိုက ခက်ခဲပါလိမ့်မည်။ ထို့ကြောင့် ပိုမို၍ ရှင်းလင်းလွယ်ကူ စေရန် ထပ်မံ၍ အကျယ်ချဲ့ ဖွင့်ဆိုပါမည်။ စကားချပ်အနေနှင့် တင်ပြရပါမူ – စောစောက တင်ပြခဲ့သော အကြောင်းအရာများကို ရေလည်သည်၊ နားလည်သည်၊ သဘောပေါက်သည်၊ လိုက်နိုင်သည် ဆိုလျှင် ထိုစာဖတ်သူသည် အရိယာ (သို့မဟုတ်) အရိယာနီးနီး ဖြစ်နေလိမ်မည်ဟု မှန်းဆလိုပါသည်။ နားမလည်သေးပါဟု ဆိုပါက – စာရေးသူကိုယ်တိုင် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အကြောင်းခံလျှင်အကျိုးရသည်(၁)

အကြောင်းခံလျှင်အကျိုးရသည်(၁)             ဗုဒ္ဓဘာသာသည် အကြောင်းအကျိုးဝါဒ ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါသည်။ “ယေဓမ္မာ ဟေတုပ္ပဘဝါ” ဟူသောပါဠိကို နားလည်ကြပြီးဖြစ်သည်။ အကြောင်းခံလျှင် အကျိုးရသည်။ အကြောင်းမခံဘဲနှင့် အကျိုးရပါသည်ဟုဆိုလျှင် အကရိယဒိဋ္ဌိ ဖြစ်ကြောင်း အချို့သိကြသည်။ အကရိယဒိဋ္ဌိ ဆိုသည်မှာ ဘာမှမလုပ်ဘဲ အလိုလို အရိယာဖြစ်နေသည် ဟူသောသဘောမှာ အကရိယဒိဋ္ဌိသဘော ဖြစ်သည်။ ဤနေရာ၌ ဝါပိုလာ ရေးသော (What the Buddha taught) စာမျက်နှာ (၄၂) တွင်   This means … Continue reading

Posted in Buddhism | Tagged , , , | Leave a comment