Monthly Archives: July 2013

တရားရှာခန္ဓာမှာတွေ့

တရားရှာခန္ဓာမှာတွေ့             “တရားရှာခန္ဓာမှာတွေ့” ဟူသောစကားမှာ ခန္ဓာ၌ရှာတတ်လျှင် တရားတွေ့သည် ဟူသော သဘောပင် ဖြစ်သည်။ ရှာခြင်းက မိမိဉာဏ်ပညာ အလုပ်ဖြစ်၍၊ ရှိခြင်းက ခန္ဓာမှာ တရားရှိခြင်းပင် ဖြစ်သည်။ တရားဆိုသည်မှာ ဒုက္ခတရား၊ ပျက်သွားသော တရားများဖြစ်သည်။ သို့သော် မရှာလျှင်မူ တရားက တရားဖာသာနေ၍ မရှာခြင်းကြောင့် မတွေ့ခြင်း ဖြစ်ရတတ်သည်။ “ခန္ဓာ၌ တရားပြသည်” ဟူသော စကားရှိသည်။ ခန္ဓာသည် တရားပြလျှက်ရှိသည်။ ကြည့်တတ်မှ၊ ရှာတတ်မှ မြင်သည်။ ရှာရမည်၊ ကြည့်တတ်အောင် ကြည့်ရမည်၊ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

သာသနာပြုသည်ဆိုရာဝယ်

သာသနာပြုခြင်း၌ သိသောပုဂ္ဂိုလ်က မသိသောပုဂ္ဂိုလ်ကိုပြောပြခြင်းဆိုင်ရာ အကြောင်းအချက် များပါဝင်သည်။ နိဗ္ဗာန်အကြောင်း သိသောပုဂ္ဂိုလ်က နိဗ္ဗာန်အကြောင်း မသိသေးသောပုဂ္ဂိုလ်များအား နိဗ္ဗာန်အကြောင်း ပြောပြသည်။ ထိုအခါ နာကြားသူများက နိဗ္ဗာန်ကို ကိုယ်တိုင်မရောက်နိုင်ငြားသော်လည်း အနုမာန မျက်မှန်းဆတတ်လာပြီဆိုလျှင် သာသနာပြုရာ၌ အတိုင်းအတာတစ်ခု အောင်မြင်ပြီဟု ဆိုနိုင်သည်။ ထိုကြောင့် သာသနာပြုခြင်း၌ နိဗ္ဗာန်အကြောင်း သိသောပုဂ္ဂိုလ်က နိဗ္ဗာန်အကြောင်း မသိသေးသော ပုဂ္ဂိုလ်များအား နိဗ္ဗာန်အကြောင်းသိရန် ပြောပြခြင်းဆိုင်ရာ အကြောင်းရာများ ပါသည်။ ဤသို့ ပြောပြရာ၌ အပြောပြခံသူ နာကြားသူတို့သည်။ မိမိတို့ မရောက်ဖူးသော်လည်း နိဗ္ဗာန်အကြောင်းကို အနုမာန … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မအိုရာ၊ မနာရာ၊ မသေရာ နိဗ္ဗာန်

မအိုရာ၊ မနာရာ၊ မသေရာ နိဗ္ဗာန်   နိဗ္ဗာန်သည် မအိုရာ၊ မနာရာ၊ မသေရာ ဖြစ်သည်ဟူ၍ ဗုဒ္ဓဘာသာတိုင်းလိုလို သိထားကြပါသည်။ ဗုဒ္ဓဘာသာများသည် မိမိကိုယ်တိုင် နိဗ္ဗာန်ကို မရောက်သည်ရှိစေ၊ နိဗ္ဗာန်အကြောင်းကို အနည်း (သို့မဟုတ်) အများသိထားကြပါသည်။ ဥပမာ — တဏှာကုန်ရာ နိဗ္ဗာန်၊ မအိုရာ မနာရာ မသေရာ နိဗ္ဗာန်၊ လောကဓံမရှိရာ နိဗ္ဗာန် – ဟူ၍ သိထားကြပါသည်။ အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိသည်မှာ ထင်ရှားပါသည်၊ အဘယ့်ကြောင့်ဆိုသော် အိုစရာ၊ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

တိရစ္ဆာန်ဘဝဆိုတာနိဗ္ဗာန်နဲ့တိုက်ရိုက်မပတ်သက်နိုင်ဘူး

တိရစ္ဆာန်ဘဝဆိုတာနိဗ္ဗာန်နဲ့တိုက်ရိုက်မပတ်သက်နိုင်ဘူး   သာသနာအတွင်း၌ လူအများသည် မိတ်ဆွေကောင်းနှင့်တွေ့လျှင် နိဗ္ဗာန်ကို မှန်းဆနိုင်ခွင့် ရှိသည်။ လူ့ဘဝသည် ရတောင့်ရခဲ ဖြစ်သည်။ တိရစ္ဆာန်ဘဝမှာ နိဗ္ဗာန်နှင့် တိုက်ရိုက် မပတ်သက်နိုင် ထိုတိရစ္ဆာန်ဘဝ အဖြစ်နှင့်တော့ နိဗ္ဗာန်ကို တိုက်ရိုက်ပတ်သက်ခွင့် လုံးဝမရှိချေ။ နောင် သံသရာ လည်သွားသော အခါမှသာ ပတ်သက်ခွင့် ရချင်ရမည်၊ မရချင် မရပါ။ တိရစ္ဆာန်ဖြစ်နေသည့် ဘဝမှာတော့ နိဗ္ဗာန်နှင့် တိုက်ရိုက်ပတ်သက်၍ မဖြစ်နိုင်ပါ။ လူသာလျှင် နိဗ္ဗာန်နှင့် ပတ်သက်၍ သိနိုင်ပါသည်။ မိတ်ကောင်းဆွေကောင်း တွေ့ရလျှင် နိဗ္ဗာန်အကြောင်း … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 31

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၃၁) မမျှော်လင့်ပဲအောင်မြင်မှုရခဲ့သောနည်းတစ်ခု   စာရေးသူ တရားနှလုံးသွင်းသည် ဆိုသည်မှာ စာဖတ်ပရိသတ်ကြီး အသိဖြစ်ပါသည်။ ယခုတင်ပြမည့် နည်းလေးမှာ စာရေးသူကိုယ်တိုင် အထိုက်အလျောက် အောင်မြင်ခဲ့သောကြောင့် အမှတ်တရရှိလျက် တင်ပြဖြစ်ခြင်း ဖြစ်ပါသည်။ စာဖတ်သူတို့လည်း ဒီသဘောကို စောကြော ဆင်ခြင်မိလျှင် ထူးခြားသော အကျိုးပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။ နည်းမှာ လွယ်လွယ်ကလေးနှင့် အောင်မြင်သွားသော နည်းတစ်ခုဖြစ်ပါသည်။ တနည်းအားဖြင့် တရားရှုရာ၌ လွယ်ကူသက်သာ၍ လွန်စွာကောင်းမွန်သော၊ အောင်မြင်ဖူးသော သော့ချက်တစ်ခု ဖြစ်သည်ဟု ဆိုလျှင်ဖြစ်နိုင်ပါသည်။ စာရေးသူသည် တရားရှုရာ၌ တစ်စုံတစ်ယောက်ကို စဉ်းစားမိသည်။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

လူသည်နိဗ္ဗာန်အကြောင်းမှန်းဆနိုင်သည်

လူသည်နိဗ္ဗာန်အကြောင်းမှန်းဆနိုင်သည်             ယခုအခါ လူနှင့်တိရစ္ဆာန်ကို နှိုင်းယဉ်ကာ နိဗ္ဗာန်အတွက် မမှန်းဆနိုင် ဟူသောသဘောကို ဖော်ပြသောစာများ ရေပန်းစားလာသည်။ အထူးသဖြင့် သီရိလင်္ကာတိုင်းပြည်မှ ဒေါက်တာ ဝါပိုလာရာဟုလာ ရေးသော (What the Buddha Taught) ကို မှီး၍ လူသည် ငါးနှင့်တူသည်၊ ငါးသည် ကုန်းရှိကြောင်းကို မမှန်းဆနိုင်၊ ထို့အတူ လူသည် နိဗ္ဗာန်ရှိကြောင်း မမှန်းဆနိုင် ဟူသောသဘော တင်ပြထားသည်မှာ ဝါပိုလာ၏ ကြီးမားသော မှားယွင်းချက် ဖြစ်သည်။ မှားယွင်းရုံမျှမက သူသည် ဗုဒ္ဓဘာသာအား … Continue reading

Posted in Buddhism | Tagged , , , | 1 Comment

လူဆိုသည်မှာ

လူဆိုသည်မှာ ဤခေါင်းစဉ်မှာ ရိုးရိုးကလေးပင်ဖြစ်ပါသည်။ အများသူငှာလည်း သိပြီးဖြစ်ပါသည်။ အများသူငှာလည်း ရေးဖူး ဖတ်ဖူးကြပါသည်။ လူဆိုသည်မှာ ဟူသောသဘောသည် တေးသီချင်းများထဲ၌ပင် ရှိပါသည်။ သို့သော် မိမိရေးလိုသည်မှာ အများနှင့်တူချင်မှ တူပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခုတလော လူနှင့်ငါးကို နှိုင်းယှဉ်သော စာများ မကြာခဏ ဟောပြောချက်များ ထွက်ပေါ်လာရာ မိမိသည် မနေသာ၍ “လူဆိုသည်မှာ” ခေါင်းစဉ် ဆောင်းပါးလေးကို တင်ပြအပ်ပါသည်။ လူဆိုသည်မှာ အဓိကအားဖြင့် နိဗ္ဗာန်အကြောင်း အနုမာန မျက်မှန်းဆနိုင်ခြင်းစွမ်းရည် ရှိသည်။ ဤဂုဏ်သည် လွန်စွာထူးပါသည်။     အချို့ကတော့လည်း … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဗုဒ္ဓဘာသာ၌ လူနှင့် တိရိစ္ဆာန် နှိုင်းယှဉ်၍ မပြောရာ

ဗုဒ္ဓဘာသာ၌ လူနှင့် တိရိစ္ဆာန် နှိုင်းယှဉ်၍ မပြောရာ           ယခုအခါ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်း၌ လူနှင့်တိရိစ္ဆာန်ကို နှိုင်းယှဉ်၍ ပြောနေကြသည်။ ယင်းအပြောအဆိုများသည် ဗုဒ္ဓဘာသာကို ပဋိပတ္တိအားဖြင့် နားမလည်သောကြောင့် ဖြစ်သည်။ “လူ” ကို “ငါး” နှင့် နှိုင်းသည်။ ထိုနှိုင်းယှဉ်ချက်သည် မှားသည်။ သီရိလင်္ကာမှ ဒေါက်တာ ၀ါပိုလာရာဟုလာသည် လူနှင့်ငါးကိုနှိုင်းခဲ့သည်။ ယင်းပုဂ္ဂိုလ်သည် လွန်စွာမှားယွင်းသော အမှားကို ကြူးလွန်ရာကျသည်။ တိရိစ္ဆာန်သည် သုံးခုသိသည်။ လူသည် ခုနှစ်ခုသိသည် ဟူ၍ တိရိစ္ဆာန် တြိနှင့် မနုသတ္တ (သတ္တ) … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 30

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၃၀) ဆရာမြတ်ကြီးပို့ပေးတော်မူခဲ့သော  မြန်မာပြည်ရှိတန်ခိုးကြီးဘုရားများ   ဆရာမြတ်ကြီးသည် စာရေးသူတို့ တပည့်သားသမီးများ ကို တန်ခိုးကြီးဘုရားတော်တော်များများ ပို့ခဲ့ဖူးပါသည်။ ယင်းတို့ထဲတွင် မင်းဘူးရွှေစက်တော်၊ ပြည်ရွှေဆံတော်၊ မကွေးမြသလွန်၊ ယခု ကျိုက္ခမီရေလည်ဘုရား၊ ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ စစ်ကိုင်းတော်ဘုရားများအပါအ၀င်၊ တန်ခိုးကြီးဘုရားများ၊ နာမည်ကြီးဒေသ တော်တော်များများကို ဆရာမြတ်ကြီးက ပို့ပေးခဲ့ပါသည်။ ဆရာမြတ်ကြီးသည် အမျှော်အမြင် လွန်စွာ ကြီးမားတော်မူရာ စာရေးသူတို့နောင်အနာဂတ်၊ စာရေးသူအဖို့တော့ ယခုထက်တိုင်ပေါ့ . . . အကျိုးရှိစေသော ဌာနများကို အသေအချာရည်ရွယ်၍ အပင်ပန်းခံကာ ပို့ပေးခဲ့ပါသည်။ … Continue reading

Posted in Buddhism | Tagged | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 29

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၉)   ဆရာမြတ်ကြီးနှင့်ကျိုက္ခမီရေလယ်ဘုရား          စာရေးသူတို့အား ဆရာမြတ်ကြီးသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများကို ပို့ပေးခဲ့ဖူးပါသည်။ ယင်းထဲတွင် ကျိုက္ခမီရေလယ်ဘုရား ပါသည်။ စာရေးသူသည် ဆရာမြတ်ကြီးပို့ပေးသော အခါမှသာလျှင် ကျိုက္ခမီရေလယ်ဘုရားကို ရောက်ဖူး၊ ဖူးဖူးပါသည်။ ဟိုယခင်ကမူ တစ်ခြားဘုရားများကို ဖူးဖူးသော်လည်း ကျိုက္ခမီကို မရောက်ခဲ့ဘူးသေးပါ။ ကျိုက္ခမီဘုရားသည် လွန်စွာတန်ခိုးကြီး၍ ရင်ထဲ၌ ဖူးရင်းဖူးရင်း ထူးခြားစွာ ခံစားရပါသည်။ ရေပြင်ကျယ်ကြီးကို နောက်ခံထား၍ ထူးခြားထင်ရှားစွာ တန်ခိုးကြီး တည်ရှိတော်မူခဲ့သော ကျိုက္ခမီရေလယ်ဘုရားကြီးကို ဆရာမြတ်ကြီး၏ ပို့ပေးမှုကြောင့် ဖူးမြော်ခဲ့ရသည်။ တရားထိုင်ခဲ့ရဖူးသည်။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 28

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၈)   ဆရာမြတ်ကြီးနှင့်ပတ်သက်၍ထူးခြားသောဖြစ်ရပ်တစ်ခု           ဆရာမြတ်ကြီးနှင့်ပတ်သက်၍ ထူးခြားသောဖြစ်ရပ် တော်တော်များများ ကြုံခဲ့ပါတယ်။ ယခုကိစ္စလေးကတော့ ဟာသဆန်ဆန်လေးလို့ ပြောရမှာဖြစ်ပါတယ်။ ဆရာမြတ်ကြီးထံမှာ တပည့်ခံနေတုန်း ကျွန်တော်တို့တစ်တွေ ကပ္ပိယတွေပေါ့နော် – ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေကြတဲ့အချိန် တစ်နေ့သောအခါမှာ —   ဆရာမြတ်ကြီးက ကျိန်းစက်တော် မူနေပါတယ်။ ကျွန်တော်တို့ ကပ္ပိယတွေကလည်း ပျော်နေတုန်းကို ဈေးသည်လာပါတယ်။ ကျွန်တော်တို့ကလည်း အရမ်းစားချင်တာပေါ့နော် — ဒီတော့ ဆရာ့ကို ကြည့်လိုက်တဲ့အခါမှာ ဆရာနိုးရင်တော့ ကျွန်တော်တို့က ရိုးရိုးသားသား မုန့်ဖိုးယူမှာပါ။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 27

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၇)   ရွှေတိဂုံဘုရားကြီး၏ထူးခြားပုံ          ဆရာမြတ်ကြီးသည် စာရေးသူအား ရွှေတိဂုံဘုရားသို့ ပို့ပေးတော် မူခဲ့ဖူးသည်။ ထိုအချိန်ကမူ စာရေးသူသည် သျှောင်ပေစူးမပါသော ကပ္ပိယ သာသာဖြစ်သည်ဟု ပြန်လှန် သုံးသပ်ပေရမည်။ အမှန်တော့မူ စာရေးသူသည် တောသားဖြစ်သည်။ အမရပူရမြို့ လိပ်ဆံခွန်ကျေးရွာ၌ မွေးဖွားခဲ့သည်။ ရွှေတိဂုံဘုရားသို့ ပထမဆုံးအကြိမ် ဖူးမြော်ခဲ့ဖူးခြင်းဖြစ်သည်။ ဆရာမြတ်၏ ကျေးဇူးတော်ပင် ဖြစ်သည်။ ဆရာမြတ်သည် သေသေချာချာ တကူးတကန့် ပို့တော်မူခဲ့သည်။ ယခုအချိန်၌ ပြန်လည်သုံးသပ်သည်ရှိသော် ရွှေတိဂုံဘုရားသည် Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 26

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၆) ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးများ (အဆက်) စာရေးသူတို့သည် ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးတော်ကြောင့် တောတောင် ဂူသချိုင်းများ၌ တရားအားထုတ်ရာ၌ ဒေ၀ပုတ္တမာန်ကိုလည်း မကြောက်ရသကဲ့သို့ မြေပါးကင်းပါးကိုလည်း မကြောက်ရချေ။ စာရေးသူကိုယ်တိုင်မူ ဆရာမြတ်ကြီးဆီ မရောက်ခင်က မြွေပါးကင်းပါး ကို ကြောက်တတ်သူ တစ်ဦး ဖြစ်လေသည်။ ဆရာမြတ်ကြီးထံ တပည့်အဖြစ် ခံယူသော အခါကျမှ မြွေဖားကင်းဖားကို မကြောက်တတ်သူ ဖြစ်လာသည်။ ဆရာသည် မြွေများကို မေတ္တာသစ္စာ သိ၍ ဖယ်ရှင်းနိုင်သည်။  Tags: Buddhism, ဆရာမြတ်ကြီး, မဂ်ဉာဏ် ဖိုလ်ဉာဏ်, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 25

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၅)    ဆရာမြတ်ကြီးအကြောင်း (အဆက်) အနာဂါတ်နှင့်ပတ်သက်၍ – ဆရာမြတ်ကြီးသည် အနာဂတ်နှင့် ပတ်သက်၍ အခါအားလျော်စွာ ကြိုတင်၍ သိနားလည် ထားသည်ဟု ကြည်ညိုခဲ့ရပါသည်။ စာရေးသူတို့ တရားအားထုတ်စဉ် ဓမ္မယောဂီတစ်ဦးက ဆရာ့အား မိမိတရား ရ, မရ –   “တရားရနိုင်မည်လား” ဟု မေးမြန်း လျောက်ထားကြည့်ရာ၊ ဆရာက –   “စာရေးသူသည် တရားရမည့် ပုဂ္ဂိုလ်ဖြစ်သည်” ဟု အတိအကျ မိန့်မှာတော် မူခဲ့ဖူးလေသည်။ ထိုစဉ်က စာရေးသူသည် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 24

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၄)   အာဇာနည်နှင့်အာဇာပန်းရောင်   ဆရာမြတ်ကြီးအကြောင်း (အဆက်) ဆရာသည် လွန်စွာပြတ်သား တိကျသော်လည်း အခါအားလျော်စွာ ဟာသရသ ပြောင်မြောက်အောင် မိန့်တော်မူတတ်သည် — တစ်ခါက အာဇာနည်အကြောင်း ဆက်စပ်မိရာ၊ အာဇာနည် လုပ်ရပ်မျိုးလုပ်ပြီး ထိုအာဇာနည်လုပ်ရပ်မျိုး လုပ်ခဲ့ပါသည်ဟု ပြည်သူလူထုအား ပြန်လည်၍ ကျေးဇူးဆပ်ကြရန် တောင်းခံနေသော ပုဂ္ဂိုလ်တို့သည် အာဇာပန်းရောင် ဖြစ်သွားတတ်သည် ဟူသော အဆိုအဆုံးအမနှင့် ဆွေးနွေးချက်တစ်ခုကို အမှတ်ရဖူးသည်။ ထိုစဉ်က သာသနာ့ အာဇာနည်များလည်း စိတ်ဝင်စားဖွယ်ရာ ပေါ်ထွန်းလျက် ရှိရာ – … Continue reading

Posted in Buddhism | Tagged , , | Leave a comment