Monthly Archives: May 2013

စာအုပ်အသစ်ထွက်ရှိခြင်း

ပုဂံမြို့ရှိဘုရားများ၌တရားအားထုတ်စဉ်အတွေ့အကြုံများ စာအုပ်အမည် – ပုဂံမြို့ရှိဘုရားများ၌တရားအားထုတ်စဉ်အတွေ့အကြုံများ စာရေးဆရာ – ဒေါက်တာချစ်ငယ် (ဒဿန) စာအုပ်တိုက် – Paing Myanmar Publishing House. ထုတ်ဝေခြင်း – ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ။ ဖြန့်ချိရေး – တယ်လီဖုန်း – 09 73081913, 09 425373397 မြန်မာတစ်နိုင်ငံလုံးရှိ စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ (Hard Cover, ပုဂံဘုရားများကို စုံလင်စွာ ရောင်စုံဓာတ်ပုံဖြင့် ရိုက်နှိပ်ထားပြီး၊ အထူးခန့်ချုပ်ဖြင့် ထုတ်ဝေထားပါသည်။) Admin (www.chitnge.com) … Continue reading

Posted in Book Corner | Leave a comment

နိဗ္ဗာန်၏ ဂုဏ်ရည်များ

နိဗ္ဗာန်၏ ဂုဏ်ရည်များ နိဗ္ဗာန်၏ ဂုဏ်ရည်များ ကို မကြာခဏ တင်ပြခဲ့ဖူးပါတယ်။ ဒီတခါ တင်ပြရတာကတော့ စာဖတ်ပရိသတ်ကြီးကို လေးစားလို့ပါပဲ။ လေးစားလို့ဆိုတာ နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တွေကို တင်ပြလိုက်တာနဲ့ စာဖတ်ပရိသတ်ကြီးက ဂုဏ်ရည်ရှိတဲ့ နိဗ္ဗာန်ဆိုတာ ရှိမှာပဲလို့ ယုတ္တိနည်းကျ နိဂုံးဆွဲနိုင် ရေလည်ဖို့ဖြစ်ပါတယ်။ နိဗ္ဗာန်မှာ ဂုဏ်ရည်တွေရှိပါတယ်။ နိပုဏ၊ အစ္စရိယ၊ အမ္ဘုတ၊ ၀ိဝေက၊ အနိဒဿန စသည်ဖြင့် ပေါ့။ (ပါဠိလိုသုံးတာကတော့ ခွင့်ပြုပါ)။ သေသေချာချာ သိစိမ့်သောငှာ ဆိုတဲ့ အဓိပ္ပာယ်လည်းပါပါတယ်။ နိဗ္ဗာန်က နုညံ့တယ်၊ သိမ်မွေ့တယ်၊ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ကျွန်တော်ကျင့်ခဲ့တာ ကျင့်နေတာလေးတွေအကြောင်း

 ကျွန်တော်ကျင့်ခဲ့တာ ကျင့်နေတာလေးတွေအကြောင်း တစ်ချို့ စာဖတ်ပရိသတ်ကလည်း ကျွန်တော် ကျင့်ခဲ့တာလေးတွေ သိချင်တယ်။ ကျွန်တော် အခုကျင့်နေတာကတော့ စိတ္တနုပဿနာပဲ – ပေါ်စိတ်ကို အနိစ္စရှုတာပါပဲ။ ကျွန်တော်ကတော့ သတိပဋ္ဌာန် လေးမျိုးစလုံး ရှုတတ်တယ်။ နုပဿနာ လေးမျိုးစလုံး ရှုတတ်တယ်ပေါ့။ နုပဿနာ လေးမျိုးစလုံးဟာ အနိစ္စလက္ခဏာ တင်ရတာပါပဲ။ ဒါသူတော်ကောင်းကြီးတွေရဲ့ စကားပါ။ အနိစ္စလက္ခဏာ တင်တယ်ဆိုတာ၊ ရှုတာပါပဲ။ ဒီတော့ တရားမှာ “ရှုတယ်” ဆိုတဲ့ စကားလုံးဟာ သင့်တော်တယ်လို့ ကျွန်တော်ခံစားမိတယ်။ “မှတ်နေတယ်” “ကြည့်နေတယ်” “သိနေတယ်” ဆိုတာ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မဟုတ်တာလေးတွေအကြောင်း

မဟုတ်တာလေးတွေအကြောင်း   ကျွန်တော် ဟုတ်တာတွေ ရေးခဲ့ပါတယ်။ နှိဗ္ဗာန်ဆိုတာ ဒီလိုဟုတ်တယ်၊ အရိယာဆိုတာ ဒီလိုဟုတ်တယ်၊ ရဟန္တာဆိုတာ ဒီလိုဟုတ်တယ်… အခု မဟုတ်တာဆိုတာ မမှန်တာတော့ မဟုတ်ပါဘူး။ အမှန်အကန်ပါပဲ၊ ဒါပေမယ့် ရဟန္တာဆိုတာ ဒီလိုမဟုတ်ဘူး၊ ဆိုတာမျိုးလေးတွေ ရေးချင်တာပေါ့။ ဥပမာ — ရဟန္တာဆိုရင် ရဟန္တာဂုဏ်ရည်တွေ ရှိတယ်လေ။ ရဟန္တာတွေက အင်မတန် ရိုးသားတော် မူကြတယ်။ သူတို့က သဘာဝတရားနဲ့ တထပ်တည်း ဖြစ်သွားတာပဲ။ ရဟန္တာတွေက မကောင်းမှုမှ အပပြုပြီးသွားပြီ ဆိုတော့ တပ်စွန်းခြင်း ကင်းသွားတာပေါ့။ … Continue reading

Posted in Buddhism | 2 Comments

တရားရရှိပြီးသွားလျှင်

တရားရရှိပြီးသွားလျှင် တရားရရှိပြီးသွားလျှင် တရားအဆင့်မှာ လေးဆင့်ရှိရာ လေးဆင့်စလုံး ပြီးလျှင်တော့မူ၊ သံသရာ လည်စရာအကြောင်း မရှိချေ။ ရဟန္တာဖြစ်၍ ကိစ္စပြီးသွားခြင်း ဖြစ်သည်။ ထိုအခါ ခန္ဓာကိုယ် စွန့်ဖို့ နေ့ရက်ကိုပဲ စောင့်ရင်း၊ တရားနှလုံးသွင်းရင်း နေရပေလိမ့်မည်။ ရသမျှ အချိန်ကိုမူ သာသနာအတွက်၊ ဘာသာအတွက်၊ လူသားတွေအတွက် ကောင်းကျိုးပြုနိုင်သည်များကို ပြုနေပေလိမ့်မည်။   အဓိကတော့မူ တဏှာကုန်ဆုံး ချုပ်ငြိမ်းသွားပြီးမှသာလျှင် တရားကို ပြီးပြည့်စုံစွာ ရရှိမည် ဖြစ်သည်။ တရားရရှိပြီးသွားလျှင်တော့ ကိစ္စပြီးသွားသည်ဟု ဆိုအပ်သည်။ သို့သော် ခန္ဓာကိုယ် ဆက်လက် … Continue reading

Posted in Buddhism | Tagged , , | 1 Comment

အရိယာဖြစ်ပြီဆိုလျှင်

အရိယာဖြစ်ပြီဆိုလျှင်           အရိယာဖြစ်ပြီဆိုလျှင် ဘာထူးခြား ပါသနည်းဆိုသော် – အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိခြင်း ထူးခြားသည်သာဖြစ်သည်။ အချို့ကလည်း အရိယာဖြစ်၍ပင်လျှင် လိုအပ်သည်ထက်ပို၍ မျှော်လင့်ချင်ကြသည်။           ဤသို့မျှော်လင့်ရန်မှာ အထင်လွဲမှားနိုင်သောကြောင့် ဖြစ်သည်။           ဥပမာ — ပုထုဇဉ်ဘဝက ကွန်ပြူတာ မတတ်သော ပုဂ္ဂိုလ်သည် ထိုပုဂ္ဂိုလ် တရားကျင့်သဖြင့် အရိယာဖြစ်သွားသောအခါ ကွန်ပြူတာ တတ်သွားသည် ဟူ၍ မျှော်လင့်၍ မရချေ။ ရုပ်နာမ်ပိုင်း ဆိုင်ရာ အတတ်ပညာသည်၊ ရုပ်နာမ်ပိုင်းဆိုင်ရာသာ ဖြစ်သည်။ အရိယာ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အရိယာဆိုသည်မှာ —

အရိယာဆိုသည်မှာ — အရိယာဆိုသည်မှာ မိမိသိလောက်တော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပိုင်ရှင်ဖြစ်သည်ဟု ဆိုခွင့်ရှိသည်။ ထို မဂ်ဉာဏ် ဖိုလ်ဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုနိုင်သည်၊ ဝင်စားနိုင်သည်၊ မျက်မှောက်ပြုနိုင်သည်။ (ပါဠိသုံးခွင့်ရှိလျှင်) စတုမဂ္ဂ ဉာဏေန သစ္စိကတဗ္ဗံ မဂ္ဂဖလာန မရမ္မနဘူတံ ဟူ၍ သုံးနိုင်ပါသည်။ လေးပါးသော မဂ်ဉာဏ် ဖိုလ်ဉာဏ်များက နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဖြစ်သည်။ ထိုအခါ နိဗ္ဗာန်ကိုမျက်မှောက် ပြုလိုလျှင် အရိယာဖြစ်အောင် ကြိုးစားရမည်။ အရိယာဖြစ်ချင်လျှင် အပျက်ရှုရမည်။ အပျက်ရှုရမည် ဆိုသောစကားသည် အဓိပ္ပာယ် ကျယ်ပါသည်။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်ကိုတွေ့ပြီဆိုပါစို့

နိဗ္ဗာန်ကိုတွေ့ပြီဆိုပါစို့     နိဗ္ဗာန်ကိုတွေ့ရင် ဘာလုပ်မလဲဆိုရင် – ခဏ ခဏ ဝင်စားပေါ့။ ဒါ ရှိတာပဲ။ နိဗ္ဗာန်ကို ဝင်စားတော့ ချမ်းသာတယ် (ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိ) တဲ့ – အသီးသီး ကိုယ့်ဖာသာကိုယ် ပညာရှိပီပီ ချမ်းသာခြင်းကို တွေ့ရမှာပဲ။ ဒီအထဲမှာ တစ်ချို့က (ချမ်းသာတယ်ဆိုတော့ အဓိပ္ပာယ် လွဲမှားစွာ ဖော်ပြတတ်သေးတယ်) ချမ်းသာတယ်ဆိုရင် လောကီလောဘလားလို့။ မဟုတ်ဘူး နိဗ္ဗာန်ချမ်းသာတာက သန္တိသုခ အစစ်အမှန် ချမ်းသာတာ။ လောကီမှာ စိန်တွေ၊ ရွှေတွေ၊ ငွေတွေ၊ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

လောကုတ္တရာနှင့်ပတ်သက်၍

လောကုတ္တရာနှင့်ပတ်သက်၍ လောကုတ္တရာနှင့် ပတ်သက်၍မူ မြတ်စွာဘုရား အမှူးပြုပြီး၊ အရိယာ ကိုယ်တော်မြတ်ကြီးတွေက တစ်ဆင့် အသိပညာ ဖွင့်ပေးမှသာလျှင် ရလေ့ရှိသော အတတ်ပညာဖြစ်သည်။ မြတ်စွာဘုရား အလောင်းတော်သာလျှင် မိမိကိုယ်တိုင်ကျင့်၍ အောင်မြင်တော် မူခဲ့ခြင်းဖြစ်သည်။ ရိုးရိုးပုဂ္ဂိုလ်များသည် မိမိဖာသာကျင့်၍ အောင်မြင်နိုင်ရန်မူ လွန်စွာခက်ခဲသည်။ မည်မျှ ခက်ခဲသနည်းဟူမူ ဥပမာတင်စားရသော် (၁၃) မိုင်ပတ်လည် သံမဏိတုံးကြီးအား လက်သည်းနှင့်ခြစ်၍ ဖောက်သကဲ့သို့ ခက်ခဲနက်နဲလှလေသည်။ ထို့ကြောင့် လောကုတ္တရာ အသိပညာကို ဆရာကောင်း သမားကောင်းများက အသိပညာဉာဏ် အရိယာဉာဏ်၊ သွန်သင်ဆုံးမ ဖွင့်လှစ်ပေးမှသာလျှင် လောကုတ္တရာဖြစ်သည်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

လောကီနှင့်လောကုတ္တရာ

လောကီနှင့်လောကုတ္တရာ လောကီဆိုသည်မှာ ပျက်သောသဘောကို ဆောင်သည်။ လောကုတ္တရာ ဆိုသည်မှာ ပျက်ခြင်းမှ လွန်သည်။ ထို့ကြောင့် လောကုတ္တရာ ကိုးပါးဟု အစဉ်အလာယူရသည် – (နဝလောကုတ္တရ ဓမ္မေ) ဟု လာသည်။ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် ဖြစ်သည်။ ၎င်းတို့သည် လောကုတ္တရာ ဖြစ်သည်၊ လောကမှ လွန်မြောက်ရာ ဖြစ်သည်။ ရုပ်နာမ်သည် လောကထဲ၌ပါသည်၊ ပျက်သောသဘော ဆောင်သည်။ ဒုက္ခသစ္စာဟု ဖွဲ့သည်။ ထို့ကြောင့် ရုပ်နာမ်ထဲက စိတ်သည် လောကီပင် ဖြစ်သည်။ ထိုလောကီစိတ်ကို လောကုတ္တရာ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

နိဗ္ဗာန်အကြောင်း

နိဗ္ဗာန်အကြောင်း စာဖတ်သူများအကြိုက် နိဗ္ဗာန်အကြောင်း အနည်းငယ် ရေးပါမယ် — နိဗ္ဗာန်အကြောင်း တစ်ချို့သော ပရိသတ်က ဒဲ့ဒိုး တိတိကျကျ သိချင် ဖတ်ချင်ကြတယ်။ နိဗ္ဗာန်ဆိုတာကတော့ ဓာတ်တစ်မျိုးပါ၊ သိပ္ပံကိရိယာနဲ့ စူးစမ်းလေ့လာလို့ မရနိုင်တဲ့ ဓာတ်တစ်မျိုးပါ။ နိဗ္ဗာန်ကို အနုတ္တရဓာတ်၊ အသင်္ခတဓာတ်လို့ ခေါ်ခွင့်ရှိပါတယ်။ အမြတ်ဆုံးဓာတ်၊ ပြုပြင်စီရင်ခြင်း မလိုအပ်တော့တဲ့ဓာတ် – ဒီလို နားလည်နိုင်ပါတယ်။ နိဗ္ဗာန်ကတော့မျက်မှောက်အပြုခံ ဓာတ်ပါပဲ။ တနည်းအားဖြင့် (Passive) အပိုင်းက ရှိနေလိမ့်မယ်။ အရိယာတွေရဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကတော့ (Active) အပိုင်းက … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

သိပ္ပံကလေ့လာစရာ ဗုဒ္ဓဘာသာက ကိုးကွယ်ကျင့်ကြံစရာ

သိပ္ပံကလေ့လာစရာ ဗုဒ္ဓဘာသာက ကိုးကွယ်ကျင့်ကြံစရာ ဒီခေတ်ဟာ သိပ္ပံခေတ်ဖြစ်ပါတယ်။ ဒီတော့ သိပ္ပံကို လေ့လာရမယ် မလေ့လာရင် ခေတ်နောက်ကျ သွားမယ်လို့ သိထားရမယ်။ ဒါပေမယ့် သိပ္ပံက နိဗ္ဗာန်မပို့တဲ့အတွက် ကိုးကွယ်စရာ မလိုပါဘူး၊ အသုံးချဖို့ပဲလိုတယ်။ ဒီတော့ သိပ္ပံကို လေ့လာပြီး အသုံးချရမယ်။ ဗုဒ္ဓဘာသာက ကိုးကွယ်ပြီး လက်တွေ့ကျင့်ကြံရမယ်။ ဒီလို မျှမျှတတ သွားလို့ရှိရင် လူဖြစ်ကျိုးနပ်မှာ သေချာတယ်။ သိပ္ပံချည်းလိုက်ပြီးတော့ သိပ္ပံကို ကိုးကွယ်သွားတော့လည်း ဗုဒ္ဓဘာသာကို ကျောခိုင်းရာ ကျသွားရင်လည်း မပြည့်စုံဘူး — ဗုဒ္ဓဘာသာကိုလည်း လက်တွေ့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အရှေ့နဲ့အနောက်မတူကြတာတွေ

အရှေ့နဲ့အနောက်မတူကြတာတွေ အရှေ့နဲ့အနောက် မတူကြတာတွေ ရှိတယ်။ အနောက်က ရုပ်ကိုဦးစားပေးလွန်းတယ်၊ တစ်ချို့ကဆို စိတ်အရှိတောင် လက်မခံဘူး — ဒီတော့ အရှေ့က စိတ်ကို အဓိကထား လေ့လာတယ် ဆိုတော့ မတူတာ သေချာနေတယ်။ အနောက်က ရုပ်ကိုလေ့လာတာ အောင်မြင်ပါတယ်၊ တော်ပါတယ်၊ ချီးကျူးပါတယ်။ ဒါပေမယ့် ရုပ်ကိုလေ့လာတယ်လို့ပဲ သူတို့ ပြောခွင့်ရှိတယ်၊ သဘာဝကို လေ့လာတယ်လို့တော့ ပြောခွင့်မရှိဘူး၊ သဘာဝထဲမှာ စိတ်ရှိနေတာ သူတို့မှ မသိတာ။ ဒီတော့ အရှေ့တိုင်းဘက်က ပြောရမယ်ဆိုရင် – အနောက်ဟာ ရုပ်ကိုလေ့လာတယ် … Continue reading

Posted in Buddhism | Tagged , | Leave a comment

ကမ္ဘာကြီးသည်ရေလိုက်လွဲနေသည်

ကမ္ဘာကြီးသည်ရေလိုက်လွဲနေသည် ခက်ခဲနက်နဲသည် ဆိုသည်မှာတော့မူ ဝန်ခံရပါမည်။ သို့သော် အမှန်ကို အမှန်အတိုင်းတော့ ပြောပြရပေလိမ့်မည်။ အမှန်ကို လိုက်စားပါသည်ဆိုသော ကမ္ဘာကြီးသည် ရေလိုက်လွဲနေကြသည်။ ရုပ်ဝတ္ထုအမှန်မျှကိုသာ လိုက်နေကြသည်။ စိတ်သဘာဝ၏အမှန်ကို မလိုက်နိုင်ကြချေ၊ စိတ်သဘာဝ၏ အမှန်ကို ရာနှုန်းပြည့် သိမှသာလျှင်၊ ဉာဏ်ဓာတ်၏ သဘာဝကို သိနိုင်မည်၊ ထိုမှသာလျှင် အရိယာဖြစ်မည်၊ ထိုမှသာလျှင် နိဗ္ဗာန်တွေ့မည်၊ ထိုမှသာလျှင် သစ္စာစိုက်မည်၊ ထိုမှသာလျှင် အမှန်ကိုတွေ့မည်ဟု ကြွေးကြော်နိုင်မည်။ ယခုအခါ ကမ္ဘာကြီးသည် ရုပ်ကိုသာ လိုက်နေသည်။ ရုပ်လိုက်သည်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာ Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , | Leave a comment

အမှန်ကတော့အမှန်ပါ

အမှန်ကတော့အမှန်ပါ   ခက်ခဲနက်နဲသည်ဟုတော့ ဝန်ခံပါသည်။ သို့သော် အမှန်ကတော့ အမှန်ပါ။ ဗုဒ္ဓဘာသာ တစ်ဦးအနေနှင့် နိဗ္ဗာန်ရှိကြောင်းကို အမှန်အကန် တင်ပြလိုပါသည်။ သို့သော် လွန်စွာမှ ခက်ခဲပါသည်။ ကမ္ဘာအနေနှင့် လုပ်ပြဟု တောင်းဆိုပေလိမ့်မည်။ ဗုဒ္ဓဘာသာများကလည်း ကျင့်ကြည့်ဟု ပြန်လည်တိုက်တွန်း ပေလိမ့်မည်။ ကျင့်ကြည့်ဟု တိုက်တွန်းသော်လည်း ကမ္ဘာက အမှန်တကယ် ကျင့်ကြံမည် မဟုတ်ပါ။ ဗုဒ္ဓဘာသာများကလည်း အစဉ်အလာမရှိသဖြင့် လုပ်ပြခြင်း အလုပ်ကို လက်ခံလိမ့်မည် မဟုတ်ပါ။ ဗုဒ္ဓဘာသာ၏ ကျင့်စဉ်မှာ ကြွား၍ ဝါ၍ မဟုတ်ဘဲ၊ ကိုယ်တရားနှလုံးသွင်းဖို့ … Continue reading

Posted in Buddhism | Tagged , | Leave a comment