Monthly Archives: April 2013

သာဓုခေါ်ပါသည်

သာဓုခေါ်ပါသည်   မြန်မာနှစ်သစ်ကူး သင်္ကြန်ရက်များ ဝန်းကျင်တွင် မြန်မာများ ကုသိုလ်ကောင်းမှု အရမ်းလုပ်ကြရာ အထူး သာဓုခေါ်ပါသည်။ ဘုရား၊ တရား၊ သံဃာ၊ ရတနာမြတ်သုံးပါးကို ဦးထိပ်ထား၍ ဘာသာရေး သာသနာရေးကို အလေးပေးကာ ကောင်းမှု ကုသိုလ်များလုပ်ခြင်း၊ ဝိပဿနာ သမထ​တရားများ အားထုတ်ခြင်း၊ ရိပ်သာများဝင်ခြင်း၊ ကျောင်းကန် ဘုရားများ၌ သွားရောက်၍ ရတနာမြတ် သုံးပါးအား ပူဇော်ခြင်း စသော ကောင်းမှုကုသိုလ် အများအပြားလုပ်ကြရာ တစ်တိုင်းတစ်ပြည်လုံး Tags: Buddhism, Myanmar Posts

Posted in Buddhism | Tagged , | Leave a comment

အစွန်းလွတ်၍ မှန်ကန်သောစကားကိုဆိုရာ၏ —

အစွန်းလွတ်၍ မှန်ကန်သောစကားကိုဆိုရာ၏ —           ယခုအချိန်တွင် ဘာသာရေးသမားများ စုပေါင်းကြသည်၊ လက်တွဲကြသည်၊ ညီညွှတ်ကြသည်၊ အပြုသဘောနှင့် အကျိုးဆောင်ကြသည် – လွန်စွာ ကောင်းပါသည်။ တစ်ဘာသာကို တစ်ဘာသာ မချိုးနှိမ်၊ အကျိုးရှိရာ အကျိုးရှိကြောင်း ပူပေါင်း၍ ဆောင်ရွက်ကြသည်၊ လွန်စွာကောင်းပါသည်။ သို့သော် လွန်စွာကောင်းသောအရာ၌ လွန်စွာကောင်းရုံနှင့်သာ ရပ်တန့်သင့်သည်။ အစွန်းမလွတ်သော စကားများ၊ လိမ်ညာလှည့်ဖျားသော စကားများ၊ မမှန်ကန်သော စကားများကို မသုံးသင့်ချေ။ ဥပမာ — ဘာသာတိုင်း၏ ရည်ရွယ်ချက်သည် အားလုံးအတူတူပင်ဖြစ်သည်။ စသောစကားမျိုးကိုမူ မသုံးသင့်ချေ။ … Continue reading

Posted in Buddhism | Tagged , | 1 Comment

ဆောင်းပါးပေါင်းချုပ် -29

ဆောင်းပါးပေါင်းချုပ် -29  အခန်း(11) ရှင်သန်သော သတ္တိ ယောဂီတော်တော်များများ၌ ဤအရည်အချင်း ကင်းမဲ့သည်ကို သတိပြုမိလေသည်။ လူသည် ရှင်သန် သော သတ္တိရှိရန် လိုအပ်လေသည်။ ရှင်သန်သောသတ္တိဟူသည် သေနေသောသတ္တိမျိုး မဟုတ်။ အားအင် နည်းပါးသော မသန်မစွမ်းသော သတ္တိမျိုးမဟုတ်ဟု ဆိုလိုပေသည်။ သတ္တိရှိသော်လည်း မရှင်သန် မနိုးကြားလျှင် ကိုးစား၍မဖြစ်နိုင်။ ခေါင်းမာခြင်းနှင့် ရောယှက်သွားနိုင်လေသည်။ ရှင်သန်သော သတ္တိသည် မိုက်ရူးရဲခြင်း မဟုတ်သကဲ့သို့ ခေါင်းမာခြင်းမျိုးလည်း မဟုတ်ချေ။ ပြဿနာ မကြီးကျယ်စေရန် သို့မဟုတ် အကျယ်ကျယ် မငြိမ်းဖွယ် မဖြစ်စေရန် … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဆောင်းပါးပေါင်းချုပ် -28

ဆောင်းပါးပေါင်းချုပ် -28  အခန်း(10) နားနေမှု လူသည် မပျင်းအပ်သော်လည်း နားနေမှုရှိရန် လိုအပ်လေသည်။ ထိုကြောင့်လည်း လူ့ဘ၀တွင် အကျိုးမဲ့သော ကိစ္စတို့၌ အချည်းနှီး အချိန်မဖြုန်းသင့်ပေ။ အကျိုးဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းတို့ကို ဆောင်ရွက် ရာ၌ အင်အားသည် အရေးကြီးလေသည်။ ထိုအင်အားကို ယွင်းမှားစွာ အသုံးမပြုအပ်ပေ။ နားနေပေးရပေမည်။ မလုပ်သည်တို့ကို မလုပ်ဘဲ နားနေခြင်းဖြင့် လုပ်အပ်သည်တို့ကို ကောင်းကောင်းမွန်မွန် စိတ်သန်ဇွဲသန် အင်နှင့် အားနှင့် လုပ်ကိုင် ဆောင်ရွက်နိုင်လေသည်။ ထိုအခါ လုပ်ငန်းသည်လည်း ပိုမိုကောင်းမွန်တတ်လေသည်။ အဆင့်အတန်းလည်း ပိုမိုမြင့်မား လာတတ် … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဆောင်းပါးပေါင်းချုပ် -27

ဆောင်းပါးပေါင်းချုပ် -27  အခန်း(9) ထိုးထွင်းဉာဏ် ထိုးထွင်းဉာဏ်ဟူသည် အဖိုးတန်သည်နှင့်အမျှ ထူးခြားမှုရှိလေသည်။ ထိုထွင်းဉာဏ်ကို အလွယ်တကူနှင့် တည်ဆောက်နိုင်မည်မဟုတ်ချေ။ ထို့အတူ မရရှိနိုင်သောအရာလည်း မဟုတ်ပေ။ ရရှိလျှင်မူကား လွန်စွာမှ ၀မ်းမြောက်ဖွယ် ကောင်းလေသည်။ ထိုးထွင်းဉာဏ်ကို သန့်ရှင်းမှုဖြင့် တည်ဆောက်ရလေသည်။ သန့်ရှင်း ကြည်လင်မှု ရှိမှသာလျှင် ထိုးထွင်းဉာဏ်သည် ပေါ်လာတတ်လေသည်။ ရှုပ်ထွေးနောက်ကျုနေသော စိတ် ဖြစ်စဉ်အပေါ်တွင် ထိုးထွင်းဉာဏ်သည် ဖြစ်ပေါ်မလာနိုင်ပေ။ လွန်စွာမှ ထူးခြားသော ဉာဏ်ပညာရှင် မဟုတ်လျှင် ထိုးထွင်းဉာဏ်ကို အခါခပ်သိမ်း အသုံးပြုနိုင်မည်မဟုတ်ချေ။ ထိုးထွင်းဉာဏ်တွင် အမှန်ပေါ်လာတတ်လေသည်။ ထိုးထွင်းဉာဏ်သည် … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဆောင်းပါးပေါင်းချုပ် -26

ဆောင်းပါးပေါင်းချုပ် -26  အခန်း(8) ဉာဏ်ရှိသလို သုံး မြန်မာစကား၌ `ဉာဏ်ရှိသလိုသုံး´ ဟူသော အဆိုအမိန့်တစ်ရပ် ရှိလေသည်။ အခွင့်အရေး တစ်ခုခု ရရှိသောအခါ ဉာဏ်ရှိသလို သုံးထိုက်ပေသည်။ အသုံးမတတ်က အဖတ်မတင်ပေ။ ထို့ကြောင့် အခွင့်အရေး ကောင်းကို ရစဉ် လုပ်သင့်ရာရာကို လုပ်ဆောင်ရလေသည်။ အခွင့်အရေးကို ဉာဏ်ယှဉ်၍ အသုံးချရလေသည်။ ဥပမာ – ကျေးဇူးတရားကို သိတတ်သောအားဖြင့် ကျေးဇူးရှင်များကို ဦးစားပေးမည်လား၊ သို့မဟုတ် မိမိအား အားကိုးမှီခို နေသူများကို ဦးစားပေးမည်လား၊ သို့မဟုတ် နောင်အရှည်ကို မျှော်ကိုး၍ … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဆောင်းပါးပေါင်းချုပ် -25

ဆောင်းပါးပေါင်းချုပ် -25  အခန်း(7) လေးစားသော စိတ်အစဉ် လူတစ်ဦးနှင့်တစ်ဦး မတူချေ။ မိမိနှင့် ဘယ်လောက်ပင် စိတ်သဘော တိုက်ဆိုင် ကိုက်ညီပါသည်ဆိုစေ အရာရာ စိတ်တူကိုယ်တူရှိရန် မလွယ်ကူချေ။ အနည်းနှင့်အများတော့ ကွဲပြားခြားနားမှု ရှိကြရသည်သာတည်း။ လူ၏ဗီဇ၊ မျိုးရိုးမိဘ၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ စာပေ၊ ရုပ်ရှင် ဂီတ ၀ါသနာ ကျက်စားမှုတို့သည် တစ်ဦးနှင့်တစ်ဦး ထပ်တူထပ်မျှ အရာရာ၌ အကြိုက်မတူနိုင်ချေ။ ထိုအခါ အမြင်လည်း မတူနိုင်ချေ။ မိမိ ရှုမြင်သကဲ့သို့ တစ်ပါးသူသည် ရှုမြင်ချင်မှ ရှုမြင်ပေမည်။ မိမိတန်ဖိုးထားသကဲ့သို့ … Continue reading

Posted in Buddhism | Tagged , | Leave a comment