Monthly Archives: February 2013

ဆောင်းပါးပေါင်းချုပ် -06

ဆောင်းပါးပေါင်းချုပ် -06 အခန်း(၂) ရတနာမြတ်သုံးပါးနှင့် ရင်းနှီးကြပါစေအဆက် ဗုဒ္ဓဘာသာဝင်များ တရားရကြမှသာလျှင် ဗုဒ္ဓသာသနာ ပိုမိုထွန်းကားနိုင်မည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓသာသနာကို မြတ်ဗုဒ္ဓ၀ါဒီစစ်စစ်များကသာ အကျိုးမှန်ကို ဆောင်နိုင်မည် ဖြစ်လေသည်။ သောကောရောကောပုဂ္ဂိုလ်များသည် မြတ်ဗုဒ္ဓသာသနာကို ဟုတ်မှန်စွာ ထမ်းဆောင်နိုင်မည် မဟုတ်ချေ။ ဤအချက်သည် သဘာဝကျပေသည်။ ဗုဒ္ဓ၀ါဒီစစ်စစ်များကသာ မြတ်ဗုဒ္ဓသာသနာတော်မြတ်ကို စွမ်းစွမ်းတမံဆောင်ရွတ်နိုင်မည် ဖြစ်လေသည်။ အခတ်အခဲရှိလည်း ဇွဲသတ္တိနှင့် လက်မလျှော့တမ်း ထမ်းဆောင် သွားမည်ဖြစ်လေသည်။ အတ္တကိုယ်ကျိုး မငဲ့ကိုးဘဲ ရိုးသားဖြူစင်စွာ ဆောင်ထမ်းသွားကြမည် ဖြစ်လေသည်။ သည်းခံစိတ်ရှည်၊ အနစ်နာခံ၊ မြော်မြင် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဆောင်းပါးပေါင်းချုပ် -05

ဆောင်းပါးပေါင်းချုပ် -05 အခန်း(၂) ရတနာမြတ်သုံးပါးနှင့် ရင်းနှီးကြပါစေ           စာဖတ်ပရိသတ်ကြီးအား ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးနှင် ရင်းနှီးစေလိုပေသည်။ မည်သို့ လုပ်ဆောင်ရပါမည်နည်း။ မြတ်စွာဘုရားဆိုသည်မှာ သုမေဓာရှင်ရသေ့ဘ၀ကပင် နိဗ္ဗာန်စံဝင်နိုင်လေသည်။ သို့သော် မိမိတစ်ပါးတည်းမူ မစံဝင်၊ ဝေနေယျကျွတ်ထိုက်သူများ ကျွတ်ကြပါစေဟု ရည်သန်၍ ဘုရားဆုပန်ခဲ့ခြင်း ဖြစ်လေသည်။ မိမိကိုယ်တိုင် နိဗ္ဗာန်စံဝင်နိုင်ပါလျက် မစံဝင်သေးဘဲ အများသူငါအတွက် အပင်ပန်းခံကာ ပါရမီဖြည့်တော်မူခဲ့လေသည်။ အများအကျိုး သယ်ပိုးဆောင်ရွက်လိုသောကြောင့် ဖြစ်လေသည်။ ထိုအများထဲတွင် မိမိလည်း ပါဝင်နေလေရာ မြတ်စွာဘုရားအား ကျေးဇူးမတင်ဘဲနေ၍ မဖြစ်နိုင်ချေ။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဆောင်းပါးပေါင်းချုပ် -04

ဆောင်းပါးပေါင်းချုပ် ( ဇ )   ခန္ဓာထက် နိဗ္ဗာန်က ပိုကောင်းသည်ဟု ယုံကြည်ရဲရမည် ဗုဒ္ဓဘာသာမှန်လျှင် နိဗ္ဗာန်၏ အရှိတရားကို လက်ခံထားရမည်အပြင် နိဗ္ဗာန်သည် ခန္ဓာထက် ပိုကောင်း ကြောင်း အပြတ်အသတ် လက်ခံယုံကြည်ထားရမည် ဖြစ်သည်။ ခန္ဓာသည် သေမျိုးဖြစ်၍ နိဗ္ဗာန်သည် ထာဝရတည်ရှိသော အသင်္ခတဓာတ် ဖြစ်သည်။ နိဗ္ဗာန်အတွက် ဖြစ်ကြောင်းမရှိ၊ ရောက်ကြောင်းသာ ရှိမည်။ မဂ္ဂင်ဖောင်သည် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သည်။ နိဗ္ဗာန်သည် အဆိုက်ရောက်ခံ အနုတ္တရဓာတ်ဖြစ်သည်။ နိဗ္ဗာန်သည် မျက်မှောက်အပြုခံ ပရမတ္ထအမှန်ရှိသော ဓာတ်သဘာဝဖြစ်သည်။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဆောင်းပါးပေါင်းချုပ်-03

ဆောင်းပါးပေါင်းချုပ် ( င )  သာသနာတော်အတွင်း နိဗ္ဗာန်ကို သိနိုင်ခွင့်ရှိသည် အချို့သော ပုဂ္ဂိုလ်တို့သည် မိမိတို့ကိုယ်တိုင်ကလည်း နိဗ္ဗာန်ရောက်ကြောင်း မကျင့်ကြံကြ။ တစ်ပါးသူ ကျင့်ကြံသည်ကိုလည်း မဖြစ်နိုင်ကြောင်း ၀ါဒဖြန့်ကြသည်။ ထိုသူများသည် စိတ်ရင်း ယုတ်ညံ့သော မရိုးသား သူများသာ ဖြစ်သည်။ သာသနာတော်အတွင်း လူတိုင်းသည် နိဗ္ဗာန်ရောက်အောင် ကျင့်ကြံပိုင်ခွင့်ရှိသည်။ မိမိဘက်က လုံလောက်သော အကြောင်းခံတရားများ ပြည့်စုံရန်သာ အရေးကြီးသည်။ နိဗ္ဗာန်ရောက်အောင် မှန်ကန်စွာ ကျင့်ကြံနေသူကို မည်သူကမှ အပြစ်မယူရ။ မည်သူကမှ ဆန့်ကျင်ဘက်မပြုရ။ ဤအခွင့်အရေးမှာ သာသနာတော် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဆောင်းပါးပေါင်းချုပ် -02

ဆောင်းပါးပေါင်းချုပ် ( ဂ )   နိဗ္ဗာန်၏ ထူးခြားမှု နိဗ္ဗာန်သည် မပျက်တရားဖြစ်သည်။ သုံးဆယ့်တစ်ဘုံ ရုပ်နာမ်စုံတို့သည် အပျက်တရားများ ဖြစ်ကြသည်။ ရုပ်နာမ်သည် ပျက်သဖြင့် အစားထိုးသည်။ နိဗ္ဗာန်သည် မပျက်သဖြင့် အစားမထိုး။ နိဗ္ဗာန်၌ စခြင်းမရှိ၊ ဆုံးခြင်းမရှိ။ အစမရှိသဖြင့် အဆုံးလည်း မရှိ။ မွေးဖွားခြင်း မရှိသဖြင့် သေဆုံးခြင်းမရှိ။ အံ့ဩဖွယ်ရာ လွန်စွာကောင်းသော အထူးခြားဆုံး ဓာတ်ကြီးပေတည်း။ ထိုနိဗ္ဗာန်ဓာတ်ကို စတင် သိရှိတော်မူသောကြောင့် ဘုရားဖြစ်ရခြင်း ဖြစ်သည်။ ထိုက်ထိုက်တန်တန် ရင်းနှီးပေးဆပ်ကာ ပါရမီတော် ဖြည့်ဆည်းရသည်။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဆောင်းပါးပေါင်းချုပ် -01

ဆောင်းပါးပေါင်းချုပ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့ ပြန်လည် ဆင်ခြင်အပ်သော ဗုဒ္ဓ၀ါဒဆိုင်ရာ အခြေခံသဘောထားများ ( က ) နိဗ္ဗာန်သို့ ရုပ်နာမ်နှင့်သွား၍မရ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သည်။ နိဗ္ဗာန်သည်လွန်စွာထူးခြားသော အမြတ်ဆုံးဓာတ်ကြီး ဖြစ်လေသည်။ နုတွန့်၊ ပရိုတွန့်၊ အီလက်တရွန်၊ တက္ကရွန်တို့သည် သာမန် ထူးသော ရုပ်ဓာတ်များဖြစ်၍ နိဗ္ဗာန်နှင့်မနှိုင်းစာအပ်ပေ။ နိဗ္ဗာန်သည် ရုပ်ဓာတ်နာမ်ဓာတ်ကို လက်မခံချေ။ အကြောင်းမှာ ရုပ်နာမ်သည် အပျက်တရားဖြစ်၍ နိဗ္ဗာန်သည် မပျက်တရားဖြစ်သောကြောင့် ဖြစ်သည်။ နိဗ္ဗာန်သို့ ရုပ်နာမ်နှင့် သွား၍မရနိုင်။ ရုပ်နာမ်သည် ပိုင်းခြား … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဧရာဝတီ၏အောင်နိုင်ခြင်းအဆက် – 18

ဧရာဝတီ၏အောင်နိုင်ခြင်း(နောက်ဆုံးပိုင်း) အခန်း ( ၅ ) အတ္တသွားစမ်းပါအဆက် ဘိုသုန်           ရှေ့ကဖြစ်ပျက် နောက်ကမဂ် ဆိုတဲ့စကားရှိတယ်နော်။ ချစ်ငယ်         ရှိတာပေါ့ ဘိုသုန်ရဲ့။ ရှေ့ကဖြစ်ပျတ် နောက်ကမဂ်ဆိုတာ လောကုတ္တရာ ဝိပဿနာကျင့်စဉ်မှာ မသိမဖြစ်တဲ့ အချက်ပဲ။ သက်ထူးလွင်             ဒီစကားဟာ တော်တော်နက်ရှိုင်းတဲ့စကားပါ။ တော်တော့်လူ နားလည်ဖို့ မလွယ်ပါဘူး ချစ်ငယ်         လောကုတ္တရာအရာမှာ ဝိပဿနာနဲ့ ဆရာကောင်းမရှိလျှင် ဘယ်နားလည်နိုင်မလဲ “ ထူးထူး ” ရာ။ ဆရာချစ်ငယ်သည် သူ့တပည့် “ သက်ထူးလွင် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဧရာဝတီ၏အောင်နိုင်ခြင်းအဆက် – 17

ဧရာဝတီ၏အောင်နိုင်ခြင်း အခန်း ( ၅ ) အတ္တသွားစမ်းပါ           အတ္တကိုခါးသီးစွာ၊ ရွံမုန်းစွာ၊ စက်ဆုတ်စွာ ခေါက်ထား လိုကြသူများအတွက် …       “ ငါ – အသိဉာဏ်တစ်ခု ကြည်ကနဲတောက်ပြီး ပွင့်သွားတယ်ကွ … ” ဦးချစ်ငယ်သည် တပည့်များအလည်၌ စကားဆန်းတစ်ခုကို ကြွေးကျော်လိုက်သည်။ ထိုအခါ တပည့်တစ်ဦးဖြစ်သူ ကိုနိုင်ဝင်းက မေးခွန်မေးလိုက်သည်။ ကိုနိုင်ဝင်း       ဆရာ … ဘယ်လိုအသိမျိုး ပွင့်တာလဲ ဆရာ ? ။ ချစ်ငယ်         အသိဉာဏ်အလင်းရောင်တစ်ခု … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဧရာဝတီ၏အောင်နိုင်ခြင်းအဆက် – 16

ဧရာဝတီ၏အောင်နိုင်ခြင်း အခန်း ( ၄ )   ချစ်ငယ် (ဒဿန )၏ ဦးနှောက်အဖောက်ခံရခြင်း သိပ္ပံဒဿနအကန့်အဆက် မှတ်တမ်းများ တရားအားထုတ်တယ်ဆိုတာ ခန္ဓာဉာဏ်ရောက်မှ ဖြစ်တယ်။ ခန္ဓာမှာ ငါရောက်လို့ မရဘူး။ ဉာဏ်ရောက်အောင်လည်း ဆရာကောင်းသမားကောင်းရှိမှ ဖြစ်မယ်။ ရမ်းလုပ်လို့မရဘူး။ ဒါဝိပဿနာ အားထုတ်လိုကြသူများအတွက် ကောင်းမြတ်မှန်ကန်သော အကြံဉာဏ်ပေးချက်ပဲ။ ငါပယ်ကြပါ မှတ်တမ်း ခေတ္တရပ်ဆိုင်းသွားသည်။ ပုဂ္ဂိုလ်များ       ဦးချစ်ငယ်ကို အနားပေးလိုက် ကြပါစို့ဗျာ။ ကျန်တစ်ဦး     ဘာလို့လဲ ? ပုဂ္ဂိုလ်များ       တရားတော်တွေပေါ်လာမယ်။ ခက်ခဲနက်နဲတယ်။ Tags: … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဧရာဝတီ၏အောင်နိုင်ခြင်းအဆက် – 15

ဧရာဝတီ၏အောင်နိုင်ခြင်း အခန်း ( ၄ )   ချစ်ငယ် (ဒဿန )၏ ဦးနှောက်အဖောက်ခံရခြင်း သိပ္ပံဒဿနအကန့်အဆက် ကျန်ပုဂ္ဂိုလ်များ          ကောင်းပြီ။ ဆက်ကြစို့။ မှတ်တမ်းသည် ဆက်လက် ထွက်ပေါ်လာသည်။ သိပ္ပံဒဿန ပညာရပ်သည် သိပ္ပံပညာကို ခွဲခြမ်း စိတ်ဖြာရာမှာ သိပ္ပံ၏ အဓိကဥပဒေတစ်ခု ဖြစ်သော မသေချာမှုနိယာမကို စီစစ်ကြသည်။ မသေချာမှုနိယာမဟူသည် … “ သဘာဝဖြစ်ရပ် တစ်ခုကိုလေ့လာရာ၌ လေ့လာမှုသည် သဘာဝဖြစ်ရပ်နှင့် အဆင့်တူညီခဲ့သော် မသေချာမှု ပြဿနာပေါ်လာသည် ” ဟူ၍ဖြစ်သည်။ ထိုသို့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဧရာဝတီ၏အောင်နိုင်ခြင်းအဆက် – 14

ဧရာဝတီ၏အောင်နိုင်ခြင်း အခန်း ( ၄ )   ချစ်ငယ် (ဒဿန )၏ ဦးနှောက်အဖောက်ခံရခြင်း သိပ္ပံဒဿနအကန့်အဆက် ထို့နောက်မှတ်တမ်းများ ဆက်လက်ထွက်ပေါ်လာသည်။ ဒဿနကို အချို့က အတွေးသက်သက်ဟု သတ်မှတ်ကြသည်။ ထိုသူတို့သည် တိုးတက်မှုနှင့်ယှဉ်သော ဒဿနပညာကို မသိနားမလည် ကြ၍ဖြစ်သည်။ ဒဿန၌ အတွေးအမြင်ဟူသမျှ လက်တွေ့ကြုံဆုံမှုနှင့် ဆက်စပ်အပ်ကြောင်း အဓိကပါဝင်လျက်ရှိသည်ကို ထိုပုဂ္ဂိုလ်များ နားမလည်ကြချေ။ ဒဿနပညာကို စေ့စေ့စပ်စပ် မလေ့လာ မလိုက်စားကြ။ ဒဿနပညာ၌ သိပ္ပံဒဿနဟူသည် ရှိမြဲရှိနေခဲ့ပြီး ဖြစ်သည်။ Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , | Leave a comment

လွန်စွာမှခက်ခဲနက်နဲသော လောကုတ္တရာပညာ

လွန်စွာမှခက်ခဲနက်နဲသော လောကုတ္တရာပညာ လောကီပညာသည် ခက်ခဲနက်နဲပါသည်။ သို့သော် လောကုတ္တရာပညာကို မမီချေ — လောကုတ္တရာပညာမှာမူ လွန်စွာမှ ခက်ခဲနက်နဲပါသည်။ မြတ်စွာဘုရား အလောင်းတော် တစ်ပါးသာလျှင် ကိုယ်တိုင်ကိုယ်ကျ ကြိုးစား၍ အောင်မြင်ပေါက်မြောက် နိုင်တော်မူသည်။ ကျန်သော ပုဂ္ဂိုလ်များသည် မြတ်စွာဘုရား၏ သာသနာ အဆိုအဆုံးအမတို့၌ တစ်နည်းမဟုတ် တစ်နည်း ရရှိခံယူနိုင်မှသာလျှင် တရားရနိုင်သည် အရိယာဖြစ်နိုင်သည်။ လောကီပညာနှင့် မတူသည်မှာ ထိုအချက်ပင် ဖြစ်သည်။ လောကီပညာမှာမူ လူတိုင်း ကိုယ့်နည်းကိုယ့်ဟန်နှင့်ကိုယ် ကြိုးစား၍၊ ကိုယ့်နည်း ကိုယ့်ဟန်နှင့်ကိုယ် အောင်မြင်ကြသည်။ လောကုတ္တရာပညာမှာမူ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဧရာဝတီ၏အောင်နိုင်ခြင်းအဆက် – 13

ဧရာဝတီ၏အောင်နိုင်ခြင်း အခန်း ( ၄ )                                                 ချစ်ငယ် (ဒဿန )၏ ဦးနှောက်အဖောက်ခံရခြင်း သိပ္ပံဒဿနအကန့် ကျွန်တော်က ဒဿနနဲ့ ရေစက်ဆုံခဲ့တယ်။ လောကုတ္တရာဆရာကလည်း ဒီဘာသာရပ် လေ့လာတဲ့ ကျွန်တော့်ကို မကန့်ကွက်တော့ ဒီဘာသာရပ်ကို ကျွန်တော် ဆတ်လက်နှစ်ခြိုက် သွားမိတာပေါ့။ ဒဿနဆိုတာ တွေးအခေါ်ပိုင်း တွေက လွှမ်းမိုးကြပုံရတယ်လို့ ထင်မြင်စရာရှိပါတယ်။ နောက်ပိုင်း သေသေချာချာ လေ့လာလိုက်တော့ ဒဿနကိုယ်တိုင်က တိုးတတ်ခေတ်မီလာတယ်လို့ ဆိုရမလားပဲ။ သိပ္ပံဘက် လိုက်လာတာ တွေ့ရှိလာရတယ်။ နဂိုဒဿန ကိုယ်တိုင်ကလည်း ဂုဏ်နဲ့၊ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

တရားရသည်ဆိုခြင်းနှင့်ပတ်သက်၍

တရားရသည်ဆိုခြင်းနှင့်ပတ်သက်၍ အချို့သော ဗုဒ္ဓဘာသာ ရိပ်သာများသည် တရားရသည် ဆိုသောသဘောကို သိနားလည် လိုကြသည်။ စာရေးသူ သိသလောက်မူ တရားရသည် ဆိုခြင်းမှာ – နှစ်ပိုင်းဖော်ပြနိုင်သည်ဟု ယူဆမိသည်။ တစ်ပိုင်းမှာ ဤမှာဘက်ဖြစ်၍၊ တရားရသူသည် အေးငြိမ်းသည်၊ ချမ်းသာအောင် နေတတ်သည်၊ သဘောထားကြီးသည်၊ ခွင့်လွှတ်သည်၊ နားလည်သည်၊ သီးခံသည်၊ အနစ်နာခံသည်၊ ရင်းနှီးမြှပ်နှံတတ်သည်၊ အမြော်အမြင်ရှိသည်၊  ကြိုးစားသည်၊ စွန့်စားသည်၊ ပြတ်သားသည်၊ ရဲရင့်သည်၊ ပိုင်းခြားနိုင်သည်။ ဤမှာဘက်မှ ဂုဏ်ရည်တစ်ချို့ကို ဖော်ပြခြင်း ဖြစ်သည်။ (ဤသို့ဖော်ပြရာ၌ မိမိ၏ ဆရာသမားကောင်းက … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဧရာဝတီ၏အောင်နိုင်ခြင်းအဆက် – 12

ဧရာဝတီ၏အောင်နိုင်ခြင်း အခန်း ( ၄ )                                                 ချစ်ငယ် (ဒဿန ) ၏  ဦးနှောက်အဖောက်ခံရခြင်း ကျွန်ုပ်၏ စာဖတ်ပရိပ်သတ်များ အတွက် ချစ်ငယ် (ဒဿန ) အထူးရေးသားသည်။ တစ်နေ့သ၌ ထူးခြားသော ပုဂ္ဂိုလ်တချို့ဦးချစ်ငယ်ထံ လာရောက်တွေ့ဆုံကြသည်။ ပုဂ္ဂိုလ်များ       ဆရာချစ်ငယ်ခင်ဗျား … ဆရာ့ စာဖတ်ပရိသတ်ကြီးအတွက် ကျွန်တော်တို့ လာရောက်ရပါတယ်။ ချစ်ငယ်         ဘယ်လိုကိစ္စများရှိလို့လဲ ? ပုဂ္ဂိုလ်များ       ဆရာ့ဦးနှောက်ကို ဖောက်ပြီး မှတ်တမ်း ပြုဖို့ပါ။   ချစ်ငယ်         ဟာ … Continue reading

Posted in Buddhism | Tagged , , | Leave a comment