Monthly Archives: January 2013

ဘာလုပ်လုပ် အပြစ်ပြောတတ်တာ မြန်မာ့မူမြန်မာ့စရိုက်မဟုတ်ပါ —

ဘာလုပ်လုပ် အပြစ်ပြောတတ်တာ မြန်မာ့မူမြန်မာ့စရိုက်မဟုတ်ပါ — ယခုခေတ်တွင် ဘာလုပ်လုပ် အပြစ်ပြောတတ်သော လူတန်းစားများ ပေါ်ထွန်းလျက်ရှိသည်။ ဤစရိုက်သည် မြန်မာ့မူ၊ မြန်မာ့စရိုက် မဟုတ်ပါ။ မြန်မာတို့သည် ကောင်းတာလုပ်လျှင် သာဓုခေါ်ခဲ့ ကြစမြဲသာ ဖြစ်သည်။ ဆိုးတာ လုပ်လျှင်တော့မူ အပြစ်တင်မည် ဝေဖန်မည်။ သို့သော် ကောင်းသည့် အရာများ ပြုလုပ်သည်တို့ကို လစ်လျူမရှုပါ၊ ဖယ်ချန်၍ မထားပါ။ ယခုအခါ လူတန်းစား တစ်ရပ်ပေါ်နေသည်၊ ထိုလူတန်းစားသည် မည်သူ မည်သည့်အရာ လုပ်လုပ် အပြစ်ပြောတတ်သည်။ သူတို့သည် ဤနေရာ၌ သိပ်တော်ကြသည်။ … Continue reading

Posted in Frontpage | Leave a comment

တိုးတက်အောင်လုပ်ကြဖို့ဆိုရင်

တိုးတက်အောင်လုပ်ကြဖို့ဆိုရင် … ကိုယ်ကိုယ်တိုင်လုပ်တာ မဟုတ်ရင် အပြစ်ပြောမယ် — အခုတလော ကြားသိရတဲ့သတင်းတွေက ကိုယ်ကိုယ်တိုင် လုပ်တာမဟုတ်ရင် အပြစ်ပြောမယ်ဆိုတဲ့ သဘောဘက်ကို တော်တော်လေး တိမ်းညွှတ်နေတယ်။ အကယ်ဒမီရွေးပွဲလည်း ဒီအတိုင်းပဲ၊ သူများရွေးတော့လည်း မကျေနပ်ဘူး၊ အခု ကိုယ့်အဖွဲ့အစည်း ရွေးတော့လည်း ဒါလည်း မကျေနပ်ဘူးဆိုတော့ အဲဒီလူတွေက ဘယ်သူရွေးရွေး ကျေနပ်မှာကို မဟုတ်ဘူး — ဒီလူတွေကို နေရာပေးရတာက ရွာနာတယ်။ မကျေနပ်သမားတွေကိုပဲ နေရာပေးနေရတာ ရွာနာတယ်။ ဒါ မီဒီယာသမားတွေလည်း သတိထားစေချင်ပါတယ် – မကျေနပ်သူပြောတိုင်း ရင်ဖွင့်ပြီးတော့ … Continue reading

Posted in Frontpage | Comments Off on တိုးတက်အောင်လုပ်ကြဖို့ဆိုရင်

အောင်မြင်သောဘ၀တစ်ခု

အောင်မြင်သောဘ၀တစ်ခု အောင်မြင်သော ဘ၀တစ်ခုဆိုတာ ငွေရှိတိုင်းတော့ မဟုတ်ဘူး — နာမည်ကြီးတဲ့ နေရာမှာ နာမည်ကြီးတိုင်းတော့ မဟုတ်ဘူး — ကိုယ့်အတိုင်းအတာနဲ့ကိုယ် ပြည့်စုံပြီး ငြိမ်းချမ်းစွာ နေနိုင်ဖို့ လိုအပ်သေးတယ်။ ဒါကြောင့် အောင်မြင်သော ဘ၀ဟာ ငွေနဲ့ နာမည်ကြီးမှု အပေါ်မှာ မူမတည်ဘဲ သူ့အတိုင်းအတာနဲ့သူ ပြည့်စုံပြီး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ အပေါ်မှာပဲ မူတည်ပေလိမ့်မယ်။ အောင်မြင်သူဟာ ငြိမ်းချမ်းရမယ်လို့ ဆိုတဲ့အတွက် မငြိမ်းမချမ်း ဖြစ်နေတဲ့ သူတွေဟာ မအောင်မြင်သေးတဲ့ သဘောပါပဲ။ ပူလောင်ပူလောင် ပူညံပူညံ ဖြစ်နေရတာဟာ … Continue reading

Posted in Buddhism | Tagged , | Leave a comment

အနာဂတ်အကြောင်း 02

အနာဂတ်အကြောင်း 02   အဖွဲ့သားများ ။          ။ကိုဝုန်းလေးရယ် ဒီလိုဆိုရင် အနာဂတ် သိခြင်းနဲ့ပတ်သက်လို့ Why ရယ် How ရယ်အပြင် What နဲ့ပတ်သက်လို့ နည်းနည်းပြောပြဗျာ – ဘာကြောင့်သိတယ်၊ ဘယ်လိုသိတယ်၊ ဘာကိုသိတယ်ပေါ့နော် ကိုဝုဏ်းလေး။            ။အနာဂတ်နဲ့ ပတ်သက်လို့ သိခြင်းကိစ္စမှာ Why ဆိုတဲ့ အဘယ့်ကြောင့် သိသနည်းဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ကတော့ လူမှာ အနာဂတ်ကိုသိနိုင်တဲ့ ဥာဏ်ဆိုတာကို ရှိလို့ပဲဗျာ။ ဒီတော့ အဲဒီဥာဏ်နဲ့ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် အနာဂတ်ဆိုတာ သာမာန်လူတွေ မျှော်လင့်ထားသလို … Continue reading

Posted in Buddhism | Tagged , | Leave a comment

အနာဂတ်အကြောင်း 01

အနာဂတ်အကြောင်း ဓမ္မအဖွဲ့သားများ ဆွေးနွေးရာဆီသို ၀ုဏ်းလေးရောက်လာသည် – ဓမ္မတရားဆိုသည်မှာ အချင်းချင်း အပြန်အလှန် မိမိတို့ တွေ့ရှိသည်များကို ဆွေးနွေးကြရသည်သာ ဖြစ်သည်။ ထိုမှပြန်လည်၍ အဖွဲ့က သုံးသပ်၍ ဆုံးဖြတ်လေ့ရှိကြသည်။ မနိုင်မနင်း ဖြစ်သော ပြဿနာများကိုမူ ဆရာသမားထံ သတင်းပို့ကြသည်။ ယင်းကား ၀ုဏ်းလေးတို့ အဖွဲ့၏ လုပ်နေကြ အစဉ်အလာပင် ဖြစ်သည်။ ထိုအဖွဲ့ထဲသို့ ၀ုဏ်းလေးတစ်ယောက် ၀ုန်းကနဲ ရောက်လာသည်။ အဖွဲ့သားများ ။          ။ ဟာ ကိုဝုဏ်းလေး ခင်ဗျားပျောက်ချက်သား ကောင်းလှချည်လားဗျာ ကျွန်တော်တို့က မျှော်နေတာ။ … Continue reading

Posted in Buddhism | Tagged , | Leave a comment

စနစ်တကျတည်ဆောက်အပ်တဲ့ ဘ၀နေနည်းထိုင်နည်း(ပန်းတိုင်)

  စနစ်တကျတည်ဆောက်အပ်တဲ့ ဘ၀နေနည်းထိုင်နည်း (ပန်းတိုင်) ကျိုက္ခမီရေလယ်ဘုရားကို သူသူငါငါ ဖူးဖူးကြပါတယ်။ မိမိအဖို့တော့ ထူးခြားတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဆရာမြတ်ကြီးပို့ပေးခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်လို့ပါပဲ… လူတွေက များပြားတော့လည်း ဆင်ကန်းတောတိုး ဘ၀ရှင်သန်ကြတာများတယ်လို့ ပြောရမှာပေါ့လေ။ တစ်ချို့တော့လည်း မျှော်မှန်းတဲ့အတိုင်း စနစ်တကျ တည်ဆောက်ရင်းနဲ့ တိုးတက်ကြီးပွား ကြတာပေါ့။ တစ်ချို့လည်း မမျှော်လင့်ဘဲနဲ့ ၀ုန်းဒိုင်းဆို ပျက်ဆီးကျဆုံး သွားရှာတာပေါ့လေ။ ဒါပေမယ့် အများအားဖြင့်တော့ ဆင်ကန်းတောတိုး ရှင်သန်နေရတာများတယ်လို့ပဲ သုံးသပ်ရမှာပါပဲ။ အဲဒါဘာလည်းဆိုတော့ ဘ၀မှာ အာမခံချက်နည်းလို့။ အာမခံချက်နည်းတဲ့ အခါကျတော့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဧရာဝတီ၏ အောင်နိုင်ခြင်း အခန်း(၁) အဆက်

အခန်း ( ၁ )                                                       ဧရာဝတီ၏ အောင်နိုင်ခြင်း အခန်း(၁) အဆက် “အဲဒီ ဆရာမြတ်ကြီးဆိုတာ မြတ်စွာဘုရားရဲ့ တရားတော်ကို ဟုတ်မှန်စွာ ဟောပြောပြသနိုင်တော်မှုတယ်၊ မြတ်စွာဘုရား အလိုတော်ကျပေါ့ကွာ” “ဟုတ်” ဆရာသမား လုပ်သူက ဆတ်လက်ပြောကြားနေရာ ဤသို့ စိတ်ရှည်လက်ရှည် ပြောပြပေးနေခြင်းကိုပင် လှိုက်လှိုက်လှဲလှဲ ထောက်ခံလျက် တပည့်များကောင်းစွာ နာကြားလျက် ရှိနေကြရလေသည်။ “ငါဟာ ဆရာမြတ်ကြီးထံမှာ တရားဓမ္မများကို နာကြား ကျင့်ကြံခဲ့တာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးပေါ့ကွာ …. တပည့်ကောင်းတစ်ဦးဖြစ်အောင် ကြိုးစာခဲ့တယ်၊ မင်းတို့လည်းသိမှာပါ” … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မြန်မာနိုင်ငံကိုချစ်တယ်ဆိုတာ

မြန်မာနိုင်ငံကိုချစ်တယ်ဆိုတာ မြန်မာနိုင်ငံကို ချစ်ကြတယ် ၀မ်းသာစရာပဲ၊ အားတက်စရာပဲ၊ ဂုဏ်ယူစရာပါပဲ – ဒါပေမယ့် ချစ်တတ်ဖို့ လိုတယ်ဆိုတာကတော့ လူ့သမိုင်းကြီးနဲ့ အတူတူတွဲပြီး ချစ်တာပဲ။ တစ်ချို့က ချစ်တယ်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဇွတ်ဖြစ်ချင်တာကို ချစ်တယ်လို့ ထင်ကြတယ်။ ဒီတော့ မချစ်တတ်ဘူးလို့ပဲ ပြောရမယ်။ ချစ်တယ်ဆိုတာက အဓိပ္ပာယ်တော်တော် နက်ရှိုင်းတယ် .. ကိုယ့်လိုဘကို ပြည့်အောင်ဖြည့်တာလည်း ချစ်တယ်လို့ ပြောလို့မရသလို၊ ကိုယ့်အတ္တဆန္ဒတွေကို ဖြည့်ဖို့ ကြိုးစားတာလည်း ချစ်တယ်လို့ ပြောလို့မရဘူး၊ ချစ်တယ်ဆိုတဲ့ စကားက အဓိပ္ပာယ် တော်တော်ကျယ်ပြန့်တယ်။ အခုမြန်မာကိုချစ်တယ် … Continue reading

Posted in Buddhism | Leave a comment

ဧရာဝတီ၏ အောင်နိုင်ခြင်း

အခန်း ( ၁ )                                                       ဧရာဝတီ၏ အောင်နိုင်ခြင်း “ဆရာ…ကမ္ဘာမှာ ကောင်းကင်ပေါ်တက် စာရေးနေကြပြီတဲ့” “အေး ရေးကြပေါ့ကွာ ” ဆရာချစ်ငယ်သည် စာရေးစာပွဲ၌ “ဧရာဝတီ၏အောင်နိုင်ခြင်း” ဇာတ်လမ်းကို ရေးသားနေလေသည်။ တပည့်များသည် ဘေးနားမှ ဝိုင်းဝန်းရံခ နေကြသည်။ “ဆရာ… အာကာသမှာ တွင်းမည်းကြီးတွေ Black Holes ကြီးတွေ တွေ့ရပြီတဲ့” “အေး တွေ့ကြပေစေပေါ့ကွာ” “ဆရာ … ကမ္ဘာမှာ စကြဝဠာရဲ့ အစကိုတွေ့ကြရပြီတဲ့ ” “အေး၊ တွေ့ကြပေါ့ကွာ၊ သူတို့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဧရာဝတီ၏အောင်နိုင်ခြင်း

ဧရာဝတီ၏အောင်နိုင်ခြင်း စာရေးသူ၏အမှာစာ ကျွန်တော့်အကြောင်းကို နည်းနည်းရေးပြပါမည်။  ကျွန်တော်သည် စာရေးဆရာ ဖြစ်ခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော့်ကိုယ် ကျွန်တော် စာရေးဆရာဖြစ်ပြီဟု လက်ခံသတ်မှတ်ရာမှာ များစွာ နောက်ကျပါသည်။ အဓိကအချက်ထဲတွင် ရသစာပေ အရေးနည်းမှုလည်း ပါဝင်ပါ လိမ့်မည်။ တက္ကသိုလ်ဘုန်းနိုင်မှာ ကျွန်တော့်ဆရာ ဖြစ်ပါသည်။  ကျွန်တော်တို့အား စိတ်ပညာ သင်ပေးပါသည်။ မန္တလေးတက္ကသိုလ်၌ ဆရာပါမောက္ခ ဒေါက်တာစိန်တူနှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်တို့မှာ စိတ်ပညာ သင်ကြား ပို့ချပေးကြသော Tags: Buddhism, Myanmar Posts, ဧရာဝတီ၏အောင်နိုင်ခြင်း

Posted in Buddhism | Tagged , , | Leave a comment