Daily Archives: November 21, 2012

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-15

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-15 အခန်း(၉) ဂျာမနီပြည်သား တရားသဘောမေးစစ်ကြော နောက်တစ်နေ့၌ စာရေးသူသည် အနိမိတ္တကုန်းသို့သွား၍ တရားအားထုတ်သည်။ ထိုနေရာမှ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဗောဓိပင်နှင့် ရွှေပလ္လင်ကို(၇)ရက်တိုင်တိုင် မမှိတ်မသုန်သော မျက်လုံးအစုံတို့ဖြင့် စိမ်းစိမ်းစူးစူး ကြည့်တော်မူခဲ့ဖူးသည် မဟုတ်ပါလော။ စာရေးသူတို့ပင်လျှင် တရားအားထုတ်၍ ကောင်းသောညများ တော်တော်နှင့် အိပ်စက်၍မရ။ မျက်လုံးကြည်နေတတ်သည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးအတွက်မူ (၇)ရက်တိုင်တိုင် မမှိတ်မသုန်သော မျက်လုံးအစုံတို့သည်လန်းဆန်း၍ ကြည်လင်နေသည်။ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဖြည့်ဆည်းတော်မူခဲ့ဖူးသော ပါရမီတော်၏ အရှိန်အစော် အာနုဘော်ကြောင့် ဖြစ်ပေလိမ့်တကား။ စာရေးသူသည် တရားအားထုတ်ပြီးနောက် မြန်မာနိုင်ငံမှ … Continue reading

Posted in Buddhism | Tagged , | Leave a comment