Daily Archives: November 10, 2012

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-08

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-08 အခန်း(၄)အဆက် – ဆရာကောင်းဆရာမြတ်၏ အဆုံးအမဖြင့် မြတ်စွာဘုရားအကြောင်းကိုဖြစ်စေ၊ သာသနာတော်မြတ် အကြောင်းကိုဖြစ်စေ စာဖတ်သူတို့အတွက် ဗဟုသုတရှိစေရန် ပြောပြရေးပြလိုပေသည်။ ရှေးဦးစွာ မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကြီးကို  လက်ရှိစာဖတ်သူ ကြည်ညိုနေသည်ထက် ပိုမိုကြည်ညိုရန် ပြောဆိုလိုပါသည်။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသည် လွန်စွာမှ ကြည်ညိုဖွယ်ရာ ကောင်းလှပေသည်။ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ မေတ္တာတော်အနန္တတို့နှင့် ပြီးပြည့်စုံသော မဟာကရုဏာရှင် ကိုယ်တော်မြတ်ကြီးဖြစ်သည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ဆည်းတော်မူခဲ့ရသည်။ မိမိအနေနှင့် တစ်ပါးတည်းသာ နိဗ္ဗာန်စံမြန်းလိုလျှင် သုမေဓာရှင်ရသေ့ဘ၀ကပင် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မြန်မာနိုင်ငံကိုလျှော့မတွက်ပါနဲ့

မြန်မာနိုင်ငံကိုလျှော့မတွက်ပါနဲ့  မြန်မာနိုင်ငံကို တန်ဖိုးထားပါ၊ ထို့အတူ မြန်မာနိုင်ငံမှာရှိသော ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး စသည်များကိုလည်း တန်ဖိုးထားပါ။ ဥပမာဆိုပါစို့ — မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာရှိသည် ဗုဒ္ဓဘာသာကို တန်ဖိုးထားပါ။ ဗုဒ္ဓဘာသာကို တန်ဖိုးလျှော့မတွက်ပါနှင့် အသေအချာ လေ့လာလိုက လေ့လာပါ။ အပရိက လေ့လာပြီး အထင်သေးဖွယ်ရာ ကောက်ချက်များနှင့် တန်ဖိုးမဲ့ မလုပ်ပါနှင့် ဗုဒ္ဓဘာသာသည် မြန်မာတို့၏ ကိုးကွယ်ရာ အနှစ်သာရ ဖြစ်သည်။ နိဗ္ဗာန်အထိ ဆောင်ပို့သည်။ နိဗ္ဗာန်ကို ဆောင်ပို့သော ဝိပဿနာ တရားကျင့်စဉ်ကိုလည်း တန်ဖိုးလျှော့မတွက်ပါနှင့် ဝိပဿနာသည် … Continue reading

Posted in Buddhism | 1 Comment