Monthly Archives: November 2012

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း(၃)

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း(၃)   ကျိုက္ခမီရေလယ် ဘုရားကြီးသည် မိမိဘဝအတွက် မည်ကဲ့သိုမှ မေ့နိုင်စွမ်းစရာ မရှိသော ဌာနကောင်း ဌာနမွန် မှတ်တိုင်ကြီးသဖွယ် ရပ်တည်လျှက်ရှိသည်။ ဆရာမြတ်ကြီးသည် မိမိအား ကျိုက္ခမီ ရေလယ်ဘုရားသို့ အရောက်ပို့တော် မူခဲ့ဖူးသည်။ ထိုစဉ်က မိမိသည် တရားထိုင်သောအခါ “သော့တစ်ချောင်းနှင့် မျက်လုံးတစ်လုံး” ကို မြင်ခဲ့ဖူးသည်။ သို့သော် နှစ်ပေါင်းကြာရှည်စွာ ယင်း၏ အဓိပ္ပာယ်ကို မဖွင့်ဆိုနိုင်ခဲ့ချေ – စာရေးသူ နီးစပ်သမျှ နီးစပ်နိုင်အောင် လိုက်သော်လည်း အဓိပ္ပာယ် မကောက်တတ်ချေ။ ယခုအခါ အဓိပ္ပာယ် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း (၂)

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း (၂) စာရေးသူတို့သည် ကျိုက္ခမီ ရေလယ်ဘုရားကြီးအား တဝကြီး ဖူးမြော်ပြီးနောက် တရားဘာဝနာများ ကျင့်ကြံအားထုတ် ပြီးသောအခါ စက်စဲကမ်းခြေ၌ အပန်းဖြေ ကြသည် လေကောင်းလေသန့် များရသည်။ အချင်းချင်း တရားဓမ္မ လောကုတ္တရာ အကြောင်းများ ပြောဆိုဆွေးနွေးကြသည်။ ဗုဒ္ဓဘာသာ သူတော်အချင်းချင်း လက်တွေ့ကျင့်ကြံအားထုတ်မှု၌ ရင်းနှီးချစ်ခင် နွေးထွေးစွာ ဆွေးနွေးခွင့် ရသည်မှာ လွန်စွာ ကောင်းမွန်သော လက္ခဏာ ရှိလေသည်။ အနာဂတ်သာသနာသည် ဗုဒ္ဓဘာသာတို့၏ လက်ထဲ၌သာလျှင် မှန်မှန်ကန်ကန် တည်ရှိနေသည် ဖြစ်ရာ။ ကမ္ဘာ့ ဗုဒ္ဓဘာသာမဟုတ်သူနှင့် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း (၁)

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း            စာရေးသူတို့သည် ဆရာမြတ်ကြီး ပို့ပေးခဲ့ဖူးရာ ကျိုက္ခမီ တန်ခိုးကြီး ရေလယ်ဘုရား၌ တရားအားထုတ်ကြသည်။ မော်လမြိုင်မှ ယောဂီများလည်း လိုက်ပါလာသည်။ အဖွဲ့လိုက်ဖြစ်၍ ပျော်စရာလည်းကောင်းသည်။ ကျိုက္ခမီရေလယ် ဘုရားကြီးသည် လွန်စွာတန်ခိုးကြီးသည် အာရုံများလည်း လွန်စွာကောင်းသည်။ မိမိအနေနှင့်တော့မူ အနာဂတ် အခြေအနေ အချို့ကိုပင် သိမြင်ရသကဲ့သို့ ရှိသည်။ အာရုံများ လွန်စွာကြည်လင် လန်းဆန်းသည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးသည် လွန်စွာကြီးမားသည်။ ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးလည်း လွန်စွာ ကြီးမားသည်။ မြတ်စွာဘုရား၏ တရားကို ဆရာမြတ်ကြီး ပြသ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-22

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-22  အခန်း(၁၅) ရွှေဘုရား မြဘုရား စင်္ကာပူတစ်ဆင့် စာရေးသူသည် ထိုင်းနိုင်ငံ သွားရပါသည်။ ထိုင်းနိုင်ငံ၌ စာရေးသူ စိတ်အ၀င်စား ဆုံးများမှာ မြဘုရား နှင့် ရွှေဘုရားတို့ပင် ဖြစ်ပါသည်။ မြဘုရားသည် ဖူးဖူးဥဥ ဖောင်းဖောင်းကြွကြွလေးဖြစ်၍ လွန်စွာမှ သပ္ပာယ်လွန်းလှပါသည်။ စာရေးသူတို့သည် ရှေ့ဆုံးမှကပ်၍ ဖူးရပါသည်။ လွန်စွာမှ ကြည်နူးဖွယ်၊ ကျေနပ်ဖွယ်၊ အားရဖွယ်၊ နှစ်ခြိုက်ဖွယ်၊ ဂုဏ်ယူဖွယ်ကောင်းလှပါသည်။ စာရေးသူသည် မြဘုရား နှင့် ရွှေဘုရားတို့ကို ဖူးရသဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရကျိုးနပ်ပြီဟု တသမတ်တည်း ဆုံးဖြတ်လိုက်ပါသည်။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-21

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-21 အခန်း(၁၄) သက်သတ်လွတ်အကြောင်း သိကောင်းစရာ ထိုမှတစ်ဆင့် စင်္ကာပူသို သွားရသည်။ စင်္ကာပူရှိ သီဟိုဠ်ဘုန်းကြီကျောင်းဝင်းတွင် အင်္ဂလိပ်ဘာသာဖြင့် တရားဟောရသည်။ တရားနာပရိသတ်များထဲမှ ဇင်ဗုဒ္ဓဘာသာအကြောင်း၊ နိဗ္ဗာန်အကြောင်း၊ မဂ်ဉာဏ် အကြောင်း၊ သက်သတ်လွတ် စားခြင်းအကြောင်းတို့ကို မေးမြန်းကြသည်။ စင်္ကာပူရောက် မြန်မာဗုဒ္ဓဘာသာများက အသံချဲ့စက်တစ်လုံး လှူဒါန်းလိုက်သည်။ စွန့်စွန့်စားစား ကေဘယ်(လ)ကားကိုမူ စင်္ကာပူတွင် စီးခဲ့ဖူးခြင်း ဖြစ်သည်။ စင်္ကာပူတွင် ထူးထူးခြားခြား မှတ်မှတ်သားသားများလည်း အမေးခံရသည်။ မေးခွန်းတစ်ခုမှာ သက်သတ်လွတ်စားခြင်းဖြင့် နိဗ္ဗာန်ရောက်နိုင်သည် မဟုတ်ပါလော …? ဟူသော မေးခွန်းပင်ဖြစ်သည်။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-20

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-20 အခန်း(၁၃) မြတ်ဘုရားစွယ်တော် ပူဇော်၍အံ့မဆုံး အိန္ဒိယနိုင်ငံ နယူးဒေလီမှတစ်ဆင့် သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ မြတ်စွာဘုရား၏ စွယ်တော် မြတ်ကို ဖူးမြော်ကြည်ညိုခဲ့သည်။ ထိုနိုင်ငံတွင် မြန်မာဘုန်တော်ကြီးများ၊ သီရိလင်္ကာဘုန်းတော်ကြီးများနှင့် သာသနာအကြောင်း ဆွေးနွေးခဲ့ရသည်။ မြန်မာနိုင်ငံသံရုံးမှလည်း အထူးအကူအညီပေးသည်။ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၏ အမြင့်ဆုံးအဆောက်အဦး ဟိုတယ်တစ်ခု၏ အထပ်(၂၄)ထပ်ပေါ်တွင် မုန့်အချိုပွဲစားသောက်၍ ပင်လယ်ပြင်ကြီး၏ ရှုခင်းသာကို ကြည့်ရှုရသည့် ကိုလံဘိုမြို့ သဘာဝရှုခင်းသံကို စာရေးသူနှစ်ခြိုက် သဘောကျမိသည်။ ဗုဒ္ဓမြတ်စွာ၏ စွယ်တော်ကို ပူဇော်ထားပုံမှာ ခမ်းနားသပ္ပာယ် သိပ်သည်းကျစ်လစ်လှသည်။ နိုင်ငံခြားသား ဧည့်သည်များအတွက် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-19

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-19 အခန်း(၁၂) သာသနာ့ဇာနည် ဘာမထီ နယူးဒေလီမြို့သည် အိန္ဒိယပြည်၏ မြို့တော်ဖြစ်၍ သိုက်မြိုက်စည်ကားလှသည်။ အဆောက်အဦး များသည်လည်း ကြီးကျယ်ခန့်ထည်လှသည်။ စာရေးသူကိုယ်တိုင်ပင် အိန္ဒိယပြည်ဆိုင်ရာ မြန်မာသံအမတ် ကြီး၏အိမ်တွင် ယာယီခိုနားသည်။ စာရေးသူ အိပ်စက်သောအခန်းတွင် လေအေးစက်ရှိ၍ သင့်တင့်မျှတသော ရာသီဥတုထိန်းချုပ်၍ လိုအပ်သလို အပူအအေး အလျော့အတင်း ညှိယူနိုင်သည်။ ဘုရားခန်းမှာလည်း သပ်သပ်ပယ်ပယ် ကြည်ညိုစဖွယ် ကောင်းလှသည်။ ရေချိုးခန်း အိပ်ခန်းတို့မှာ တဆက်တည်းဖြစ်၍ ချိုးရေကိုလည်း အပူအအေးအနွေးစသဖြင့် စိတ်တိုင်းကျ စပ်ယူနိုင်သည်။ စာရေးသူသည် ရေမိုးချိုးကာ ဘုရားခန်းသို့ဝင်၍ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-18

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-18 အခန်း(၁၁) အဆက် စာရေးသူသည် ကိုယ်တော်မြတ်ကြီးအား လွန်စွာကြည်ညိုသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ ထို စာရေးသူ၏ ကိုယ်တော်မြတ်ကြီးသည် မြန်မာဗုဒ္ဓဘာသာ သံဃာတော်တစ်ပါးမျှသာ ဖြစ်လေသည်။ ထိုကိုယ်တော် မြတ်ကြီးအပြင် အခြားသော ပြီးပြည့်စုံတော်မူကြသော ရဟန္တာကြီးများ၊ ဆရာတော်ကြီးများ မြန်မာနိုင်ငံ၌ အထင်အရှား သီတင်းသုံးနေကြသည်သာ ဖြစ်သည်။  သို့သော် ထိုအမိမြန်မာနိုင်ငံရှိ သူတော်စင်ကြီးများကို ကျော်လွန်၍ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ ရဟန်းသံဃာများ၊ လူပညာရှိစာရေးဆရာများကို ဖူးဖူးမှုတ် အမွှန်းတင်နေကြသော မြန်မာပြည်ဖြစ် ပညာရှင်ကြီးများသည် တကယ်တော့ အံ့ဩစရာ ကောင်းနေပေ … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဒေါက်တာချစ်ငယ်၏ကောက်ချက်

ဒေါက်တာချစ်ငယ်၏ကောက်ချက်   မြန်မာနိုင်ငံသို့ အိုဘားမားလာသည် — ထို့နောက် ပြန်သွားသည်။ လာစရာရှိ၍ လာသော သဘောဆောင်သလို၊ ပြန်စရာရှိ၍ ပြန်သောသဘော ဆောင်သည်ဟု ဆိုလိုနိုင်ပါသည်။ သို့သော် အိုဘားမားကို စကြဝတေးမင်းဟု မှတ်ထင်နေကြသည်တော့မူ မမှန်ကန်ချေ။ အိုဘားမားသည် အိုဘားမားပင် ဖြစ်သည်။ အိုဘားမားသည် အမေရိကန် သမ္မတပင်ဖြစ်သည်။ ထိုနေရာ၌ ရပ်ရပေလိမ့်မည်။ အိုဘားမားအား စကြဝတေးမင်းဟု မှတ်ယူပါက မှားပေလိမ့်မည်။ အိုဘားမားသည် အဘယ့်ကြောင့် မြန်မာနိုင်ငံသို့ လာရပါသနည်း? သူ့၌ ကိစ္စရှိပေလိမ့်မည်။ ထိုကိစ္စကို မည်သူသည် နံပါတ်ကုန် … Continue reading

Posted in Frontpage | Tagged | Leave a comment

ပြီးပြည့်စုံသောအမှန်တရားကို အနက်အဓိပ္ပာယ် —-

ပြီးပြည့်စုံသောအမှန်တရားကို အနက်အဓိပ္ပာယ် မဖော်ဆောင်နိုင်သေးသော စကားလုံးလှလှလေးများ   ယခုတလော ရေပန်းစားနေသော စကားလုံး လှလှလေးများသည် အမှန်တကယ် အနက်အဓိပ္ပာယ်ကို လေ့လာသောအခါ ပြီးပြည့်စုံသော အမှန်တရားကို ဖော်ဆောင်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။   ဥပမာ — “လူ့အခွင့်အရေး” “ပွင့်လင်းမြင်သာထင်သာမှု”   အများသူငါသည် ပွင့်လင်းမြင်သာထင်သာမှုကို တောင်းဆိုသကဲ့သို့ ဖြစ်လာကြသည်။ အမှန်တော့မူ ပွင့်လင်းမြင်သာထင်သာမှုကို လူတိုင်းတောင်းဆိုခြင်းငှာ မအပ်ဟု ယူဆရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပွင့်လင်းမြင်သာထင်သာမှု အားလုံးကို မှန်ကန်စွာ Tags: Myanmar Posts

Posted in Frontpage | Tagged | Leave a comment

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-17

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-17 အခန်း(၁၁) သစ္စာဂုဏ်ရှိုန် ထိန်ထိန်လင်းရမည် စာရေးသူအဖို့ ဤနေ့သည် အောင်မြင်သောနေ့ (သို့မဟုတ်) အောင်မြင်သည်ဟု သိရသောနေ့ပင် ဖြစ်သည်။ ဗောဓိပင်အောက် ရောက်ခဲ့စဉ်ကတည်းက သမာဓိအားများပွားများ၍ သိပ်ကောင်းနေသည်။ မိမိကိုယ်ကို ထူးခြားမှန်းသိနေမိသည်။ ဉာဏ်ပညာကိုလည်း ရှင်သန်စေလျက် ကောင်းစွာ အသုံးပြုနေနိုင်သည်။ သိသိသာသာ ဉာဏ်ယှဉ်၍ နေနိုင်တော့သည်။ ဉာဏ်ပညာသည် ထက်မြတ်လျက်ရှိ၏။ ရှင်သန်နိုးကြား ပေါ်ထွန်းလျက်ရှိ၏။ အစစအရာရာကို ဉာဏ်ပညာဖြင့် ဦးထိပ်ပန်ဆင်လိုက်မိသည်။ သာသနာ့အရိပ်သို့ဝင်ရောက် ခိုလှုံရခြင်း၏ ကြီးစွာသောတန်ဖိုးကို နိုးနိုးကြားကြား သိနားလည်ထားရပြီး မဟုတ်ပါလော။ ဗောဓိပင်အောက်မြေ၌ စာရေးသူလည်း … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-16

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-16 အခန်း(၁၀) မုစလိန္ဒာ အိုင်သာယာ မုစလိန္ဒာအိုင်ဖက်သို့> မုစလိန္ဒာအိုင်သည် စိမ်းမြကြည်လင်သော ရေတို့ဖြင့် ပြီးသည်။ ခန့်ထည်၍ ထုထည်ကြီးမားသော ကွန်ကရစ်ကန်ဘောင်ရိုးကြီးရှိသည်။ ကန်အလယ်၌ နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် ပလ္လင်ဆောက် ထားသည်။ ကန်၏ရေမျက်နှာပြင်ပေါ်တွင် လန်းဆန်းသန့်ရှင်းသော ကြာဖြူ ကြာနီ ကြာညိုစသည့်တို့ မွေးမြူ ထားရာ ကန်၏အလှ ကျက်သရေကို ပိုမိုတိုးတက်စေသည်။ စာရေးသူသည် မုစလိန္ဒာအိုင်ကို စိတ်ဝင်စားမိသည်။ ၇-ရက်၇-လီ မိုးသည်းထန်စွာရွာစဉ် မြတ်စွာဘုရားကိုယ်တော်ပေါ်သို့ မိုးရေတစ်ပေါက် မကျရောက်စေရန် နဂါးမင်းက မိမိခန္ဓာဖြင့် မြတ်စွာဘုရားကို ရစ်ပတ်လွမ်းခြုံ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

လူ့အခွင့်အရေး၏အဓိပ္ပာယ်

လူ့အခွင့်အရေး၏အဓိပ္ပာယ်            ယခုအခါ လူ့အခွင့်အရေး၏ အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် သုံးသပ်ဖို့ လိုနေကြောင်း သတင်းများ ရရှိသည်။ အရေးဆိုချင်သူများက လူ့အခွင့်အရေးဟု ဆိုကြသည် – အမှန်မှာ အရေးဆိုခံရသော ပုဂ္ဂိုလ်များကလည်း သူတို့လည်း လူပင်ဖြစ်သည်။ ထို့ကြောင့် သူတို့ကလည်း ပြန်၍ အရေးဆိုနိုင်သည်။ ယခုတော့မူ အရေးဆိုသူများက အသံကျယ်လေ သြဇာညောင်းလေ ဆိုသကဲ့သို့ ဖြစ်နေသည်မှာလည်း မမျှတချေ —         “လူ့အခွင့်အရေး” “လူ့အခွင့်အရေး” ဟု အော်သော ပုဂ္ဂိုလ်များသည် တစ်ပါးသော ပုဂ္ဂိုလ်များသည် လူသားများ … Continue reading

Posted in Profile | Tagged | 1 Comment

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-15

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-15 အခန်း(၉) ဂျာမနီပြည်သား တရားသဘောမေးစစ်ကြော နောက်တစ်နေ့၌ စာရေးသူသည် အနိမိတ္တကုန်းသို့သွား၍ တရားအားထုတ်သည်။ ထိုနေရာမှ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဗောဓိပင်နှင့် ရွှေပလ္လင်ကို(၇)ရက်တိုင်တိုင် မမှိတ်မသုန်သော မျက်လုံးအစုံတို့ဖြင့် စိမ်းစိမ်းစူးစူး ကြည့်တော်မူခဲ့ဖူးသည် မဟုတ်ပါလော။ စာရေးသူတို့ပင်လျှင် တရားအားထုတ်၍ ကောင်းသောညများ တော်တော်နှင့် အိပ်စက်၍မရ။ မျက်လုံးကြည်နေတတ်သည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးအတွက်မူ (၇)ရက်တိုင်တိုင် မမှိတ်မသုန်သော မျက်လုံးအစုံတို့သည်လန်းဆန်း၍ ကြည်လင်နေသည်။ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဖြည့်ဆည်းတော်မူခဲ့ဖူးသော ပါရမီတော်၏ အရှိန်အစော် အာနုဘော်ကြောင့် ဖြစ်ပေလိမ့်တကား။ စာရေးသူသည် တရားအားထုတ်ပြီးနောက် မြန်မာနိုင်ငံမှ … Continue reading

Posted in Buddhism | Tagged , | Leave a comment

နိဗ္ဗာန်အကြောင်း

နိဗ္ဗာန်အကြောင်း  နိဗ္ဗာန်ကို ဘုံမဟုတ်ဘူးလို့ ခံယူတဲ့သဘော တင်ပြလာလို့ သာဓုခေါ်ရင်းနဲ့ နိဗ္ဗာန်အကြောင်းကို အနည်းငယ် ပြောပြပေးလိုပါတယ်။ ဒီအကြောင်းအရာကတော့ မိမိရဲ့ အထူးပြုလေ့လာချက်နဲ့ တိုက်ဆိုင် ကိုက်ညီနေတော့ မိမိအနေနဲ့ ပြောနိုင်ပါတယ်။ နိဗ္ဗာန်ဆိုတာက နိ နှင့် ဝါန ပေါင်းထားတယ်လို့ ပြောဖူးပါတယ် – နိ – ဆိုတာ “မရှိခြင်း” ၊ ဝါန – ဆိုတာ “အစေးတဏှာ” – တဏှာမရှိခြင်း ဆိုတော့၊ တဏှာမရှိတဲ့ သဘောပါပဲ။ နောက် ခန္ဓာ့နိရောဓော နိဗ္ဗာနံ … Continue reading

Posted in Buddhism | Tagged , , , | 1 Comment