Monthly Archives: September 2012

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(17)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(17) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း (၁၆) ထောက်တည်ရာ အခြေအနေ ငယ်    ကိုနန်းအောင် — ဆရာကောင်းကို ချဉ်းကပ်မိလို့ ရရှိတဲ့ ထောက်တည်ရာ အခြေအနေတွေဆိုတာ ပြောပြ ပါဦးဗျ။ နန်း     ဆရာကောင်းကို ချဉ်းကပ်မိတော့ ထောက်တည်ရာရတဲ့သဘောမှာ ကိုယ်ပိုင်ဉာဏ် ထူးခြားလာတာ  ပေါ့ဗျာ။ အကျိုးကျေးဇူး ခံစား စံစားခွင့်ရှိတာတွေကို ခံစားရတဲ့အပြင် မအပ်စပ်တဲ့ အရာတွေအတွက်လည်း မမျှော်လင့်တတ်တော့ဘူးပေါ့ဗျာ။ ဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ခိုင်မာပြီး … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(16)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(16) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း (၁၅) ခံစစ် နှင့် တာဝန် နန်း     ကျွန်တော် တစ်ခုတော့ ပြောနိုင်မလားမသိဘူးဗျာ။ ငယ်    ပြောဗျာ။ နန်း     ဘ၀တစ်ခု ရှင်သန်ရာမှာ လောဘ ဒေါသ မောဟနဲ့ပတ်သက်လာလျှင် ဆင်ခြင်နိုင်တာ လျော့နည်းစေ နိုင်တဲ့အကျင့်ဟာ အကျိုးရှိစေမယ်လို့ ယုံကြည်အပ်တဲ့ သဘောပေါ့ဗျာ။ ငယ်    ခင်ဗျာပြောသလို ကျွန်တော်ဖွင့်မပြောဖြစ်ပေမယ့် ဒီအချက်ကို ကျွန်တော် ငြင်းဆန်လို့ ဘယ်ဖြစ်မလဲဗျာ။ နန်း     … Continue reading

Posted in Buddhism | Tagged , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(15)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(15) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း (၁၄) လောကအမြင် ငယ်    ကိုနန်းအောင် ခင်ဗျားရဲ့ လောကအမြင်လေး ဘာလေး ကြားချင်တယ်ဗျာ။ လောကုတ္တရာအမြင်ကိုတော့ အထိုက်အလျောက် ကြားနာပြီးပြီ။ နန်း     လောကအမြင်လား။ လူသားတွေက မျှော်လင့်တာတွေ သိပ်များနေကြတယ်ဗျ။ ငယ်    အကောင်းဆုံးကို မျှော်လင့်ခွင်ရှိတယ်။ အဆိုးဆုံးအတွက် ပြင်ဆင်ထားရင် ပြီးတာဘဲဆို။ နန်း     ဒါပေမဲ့ လူတွေက အကောင်းဘက်ကိုဘဲ အလေးပေး မျှော်လင့်နေကြတယ်ဗျ။ တကယ့်သဘာဝက အဲဒီလောက် … Continue reading

Posted in Buddhism | Leave a comment

လူတိုင်းအတွက်ဆိုတာ

လူတိုင်းအတွက်ဆိုတာ  ‘လူတိုင်းအတွက်ဆိုတာ’ စကားလုံးလေးက ကောင်းတယ်လို့ ချီးကျုးစရာပါ၊ ရည်ရွယ်ချက်ကလည်း မဆိုးဘူးလို့တော့ ပြောစရာပါ ဒါပေမယ့် မဖြစ်နိုင်တာကတော့ မဖြစ်နိုင်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ‘လူတိုင်းအတွက်’ ဆိုတဲ့စကားအစား ‘ထိုက်တန်သူများအတွက်’ လို့ပြောရင် ယျထာဘူတလည်း ကျလိမ့်မယ်၊ လက်တွေ့လည်း ကျလိမ့်မယ်လို့ သုံးသပ်လို့ရပါတယ်။ ‘လူတိုင်းအတွက်ဆိုတာ’ ဆန္ဒစောတဲ့သဘောပဲ လက်တွေ့ကမဟုတ်တော့ စိတ်ကူးယဉ်သလို ဖြစ်သွားလိမ့်မယ်၊ အဲဒါဆိုရင် စိတ်ကူးယဉ်သမား ဆိုတော့လည်း နစ်နာပါတယ်။ ဒီတော့ လက်တွေ့ကျကျပဲ ထိုက်တန်သူတွေအတွက်လို့ ပြောကြရအောင် – နောက်ပြီးတော့ လူတွေ ထိုက်တန်အောင်လည်း လုပ်ပေးကြရအောင် ဒီစိတ်ကူးက … Continue reading

Posted in Frontpage | Leave a comment

ရှေ့ဆက်သွားရပါလိမ့်မယ် …

ရှေ့ဆက်သွားရပါလိမ့်မယ် …          စာရေးသူတို့ လမ်းခရီး အခက်အခဲ အမျိုးမျိုးတော့ တွေ့ကြုံရင်ဆိုင်ရမှာပဲ – ဒါပေမယ့် ရှေ့ဆက်သွားရမှာပဲ။ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားဖို့က – အမှန်ကို ထွင်းဖောက်မြင်ဖို့နဲ့ အကျိုးရှိရာ မှန်ကန်ရာ လုပ်ဆောင်ပေးဖို့ပဲ တာဝန်ရှိပါတယ်။ “လူအားလုံးက ကြိုက်ရစေ့မယ်” ဆိုတဲ့ ကြွေးကြော်ချက်မျိုးနဲ့တော့ လုပ်ဆောင်ဖို့ ခက်ခဲပါတယ်။ တစ်ချို့ကလည်း မှန်တာလုပ်တာပဲဗျာ – မှန်တာကြိုက်ရမှာပေါ့လို့ အလွယ်တကူ ယူဆနိုင်ပါတယ်။ ဒါပေမယ့် မှန်တာလုပ်လို့ကို မမှန်တာကြိုက်တဲ့ ပုဂ္ဂိုလ်တွေက မကြိုက်ဘူးဆိုတာ ရှိတတ်ပါတယ်။ ဒါကြောင့် မကြိုက်ဘူးဆိုတာ … Continue reading

Posted in Buddhism, Frontpage | Leave a comment

လောကဥသျှောင်ဘုရား၌ တရားအားထုတ်ခြင်း

လောကဥသျှောင်ဘုရား၌ တရားအားထုတ်ခြင်း အနော်ရထာ တည်ထားကိုးကွယ်ခဲ့သော လောကဥသျှောင် ဘုရားသည် တရားအားထုတ်ရန် လွန်စွာ ကောင်းသည်၊ သစ်ရိပ် ၀ါးရိပ်နှင့် အေးမြသည်။ တရားတော်မြတ်၏ ဂုဏ်ကျေးဇူးကိုလည်း ဦးထိပ်မှာ ပန်ဆင်သည်၊ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို မြတ်စွာဘုရားလှူကာ၊ မြတ်စွာဘုရားကို ဦးထိပ်ထား၊ ဆရာမြတ်ကြီးကို ဦးထိပ်ထားကာ တရားရှုပါသည်။ မြတ်စွာဘုရား အမှုးပြု၍ သူတော်ကောင်းများ၊ ဆရာသမားကောင်းများကို ပူဇော်ရသည်မှာ ဤနေရာ၌ လွန်စွာ အဖိုးတန်ကြောင်း တွေ့ရသည်။ စာရေးသူတို့သည် ခန္ဓာကို ရှုကြရာ အခက်အခဲများစွာ မရှိချေ။ ဟဒယကို စိုက်၍ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(14)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(14) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း (၁၃) အရိယာဖြစ်ချင်လျှင် ငယ်    ကိုနန်းအောင် — ကျွန်တော်အရိယာဖြစ်ချင်တယ်ဗျာ၊ ခင်ဗျားဘာကူညီနိုင်လဲ ဘယ်လိုကူညီနိုင်လဲ။ နန်း     ခင်ဗျားအရိယာဖြစ်ချင်တာကို ကျွန်တော်ရာနှုန်းပြည့် ကူညီနိုင်မယ်လို့ မပြောတာကိုတော့ ခင်ဗျားလည်း လက်ခံမှာပါ။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို အရိယာသူတော်စင်တွေက နိဗ္ဗာန်တွေ့ဖူးတယ်ဆိုတာကို ပြောပြမယ်ဗျာ၊ အရိယာဖြစ်ချင်သူတွေ သိထားဖို့လိုအပ်နိုင်တယ်။ ငယ်    ပြောဗျာ — ကုန်စင်အောင်ပြော၊ အရိယာဖြစ်လိုသူတွေ သိထားသင့်တဲ့ အကြောင်းအရာတွေ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(13)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(13) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း (၁၂) အရိယာလေသံ နှင့် ပုထုဇဉ်လေသံ ငယ်    ကိုနန်းအောင် ခင်ဗျားပြောတဲ့ အရိယာလေသံနဲ့ ပုထုဇဉ်လေသံဆိုတာကို ထပ်မံပြီး ခွဲခွဲခြားခြားပြောပြဗျာ၊ နန်း     ကျွန်တော်တို့လို လေ့လာတဲ့လူတွေက အဲဒီလေသံနှစ်ခုကို ကောင်းကောင်းခွဲခြားနိုင်တယ်ဆိုတဲ့သဘောပါ၊ ဥပမာဗျာ၊ လောကုတ္တရာလေသံနဲ့ လောကီလေသံပေါ့၊ ပုဂ္ဂိုလ်တစ်ဦးရဲ့လေသံကို နားထောင်ရလျှင် သူဟာ လောကုတ္တရာသမားဘဲ – – လောကီသမားဘဲ – – ခွဲခြားလို့ရတယ် ဆိုတဲ့သဘောပါ၊ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(12)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(12) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း (၁၁) လောကုတ္တရာ အကြောင်း ငယ်    ကိုနန်းအောင် ဒီနေ့ ကျွန်တော့်ကို လောကုတ္တရာ အကြောင်းအရာနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ပြောပြစမ်းဗျာ။ ကျွန်တော်နာကြားချင်လို့။ နန်း     လောကုတ္တရာအကြောင်းလား။ လောကုတ္တရာအကြောင်းက စကားနဲ့ပြောပြဖို့ခက်တယ်။ ပြောပြလိုက် တာနဲ့ လောကုတ္တရာမဖြစ်ဘဲ လောကီဖြစ်သွားမှာ စိုးရိမ်ရတယ်။ ငယ်    ရသမျှပုံစံနဲ့ပေါ့ဗျာ၊ ကျွန်တော်ဒီနေ့ စိတ်ကောင်းဝင်နေလို့ – – – ခင်ဗျားရဲ့ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

တရားဓမ္မလမ်းညွှန်

တရားဓမ္မလမ်းညွှန် စာရေးသူသည် မိမိ၏ ဆရာမြတ်ကြီးထံမှ တရားဓမ္မများကို အသွန်အသင် အဆုံးအမ ခံယူခဲ့ရကာ ယခုအခါ ပရိတ်သတ်များကို ဖောက်သည်ချပါမည်။ တရားရှုခြင်း၏ သော့ချက်မှာတော့ အနိစ္စလက္ခဏာ တင်ခြင်းပင် ဖြစ်သည်။ အနိစ္စလက္ခဏာ တင်ခြင်းသည် မမြဲခြင်းဟု ဆင်ခြင်ခြင်းပင် ဖြစ်သည်။ (သို့မဟုတ်) အရာရာတို့သည် မိမိအရှိအခြေအနေမှ သွေဖီဖောက်ပြန်လျှက် ရှိကြသည် ဟူသော သဘောကို (၃၁) ဘုံကြီး တစ်ခုလုံး၊ ရုပ်နာမ်အားလုံး၊ သင်္ခတလောကကြီးနှင့် သင်္ခတဓာတ် အားလုံးအပေါ် သုံးသပ်ရသည်။ ဤကိစ္စမှာ ယောဂီတစ်ချို့ နားလည်ပြီးသား ဖြစ်ပါသည်။ … Continue reading

Posted in Buddhism | 1 Comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(11)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(11) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း (၁၀) ခက်ခဲ နက်နဲသော အပိုင်း ငယ်    ကိုနန်းအောင် ခင်ဗျားရဲ့ ခက်ခဲနက်နဲတယ်ဆိုတဲ့ အပိုင်းတွေကို ကျွန်တော် ကြားသိချင်တယ်ဗျာ။ နန်း     ကိုချစ်ငယ်ရေ – – – ကျွန်တော်ရဲ့ ခက်ခဲနက်နဲတဲ့ အပိုင်းတွေကတော့ ခက်ခဲတဲ့အပိုင်းကို ပြောပြဖို့ ခက်ခဲနေရတဲ့ အပိုင်းတွေဘဲဗျ။ ငယ်    အဓိပ္ပါယ်ကတော့ – – – နန်း     အဓိပ္ပါယ်ကတော့ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(10)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(10) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၉ ) ရဟန္တာများ အကြောင်း ငယ်    ကိုနန်းအောင် – ရဟန္တာများအကြောင်း လင်းစမ်းပါဦးဗျာ။ ကျွန်တော် ကြည်ညိုချင်လို့၊ ခင်ဗျားက ဒီဘက် လိုင်းမှာ ဗဟုသုတရှိတယ်။ နန်း     ရဟန္တာဆိုတာ သံသရာလည်စေတတ်တဲ့ ဓာတ်တွေကို အပြတ်ဖြတ်နိုင်တော်မူကြတာပေါ့။ သုံးဆယ့် တစ်ဘုံ ကြီးနေခဲ့တော့၊ သံသရာကြီး နေခဲ့တော့ဆိုပြီး ပြတ်သားပိုင်းခြားနိုင်တဲ့ ဉာဏ်တော်များ ပိုင်ရှင်ပေါ့ဗျာ။ ဒါကြောင့် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

New Psychology

New Psychology (ဒေါက်တာချစ်ငယ် ရေးသားတင်ပြသည်)  အကျဉ်းချုပ်မှာ – ကမ္ဘာ့စိတ်ပညာသည် စိတ်ကိုမလေ့လာနိုင်၊ အဘယ့်ကြောင့်ဆိုသော် စိတ်ကို မတွေ့နိုင်သောကြောင့် ဖြစ်သည်။ စိတ်ပညာတွေ့သည်မှာ ဦးနှောက်၏ လှုပ်ရှားမှု ခန္ဓာကိုယ် အကြောများ၏ လှုပ်ရှားမှု Brain Function, Nervous System, the work and nature of Spinal cord … စသည်ဖြင့် ရုပ်ပိုင်း၏ လှုပ်ရှားမှုများကိုသာ လေ့လာနိုင်သည်။ ထိုအခြင်းအရာမှာ အမှန်အကန်ဖြစ်သည်၊ စိတ်ကို ရုပ်နှင့်မလေ့လာနိုင် အဘယ့်ကြောင့်ဆိုသော် စိတ်သည် … Continue reading

Posted in Buddhism | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(9)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(9) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၈ ) ၀ိပဿနာ တရားကျင့်နည်း ငယ်    ကိုနန်းအောင် ခင်ဗျား တရားကျင့်နည်းကို သေသေချာချာ ပြောပြစမ်းပါ။ နန်း     သမထလား . . . . ၀ိပဿနာလား  . . . . ငယ်    နှစ်ခုစလုံးအကြောင်းပေါ့၊ ပိုအရေးကြီးတာ ပိုပြောပေါ့။ နန်း     ၀ိပဿနာမှာတော့ တရားမှတ်တယ်လို့ မသုံးဘူး၊ … Continue reading

Posted in Buddhism | 1 Comment

ခေါင်းဆောင် မည်သူဖြစ်မည်နည်း

ခေါင်းဆောင် မည်သူဖြစ်မည်နည်း ယခုတလော ခေါင်းဆောင်အလောင်းအလျာများ ပေါ်လုပေါ်ခင် ဖြစ်နေသည်။ တိုင်းသူပြည်သားများကမူ မိမိတို့အကျိုးကို လက်တွေ့ ထိထိရောက်ရောက် ပစ္စုပ္ပန်တည့်တည့် အကျိုးဆောင်သူကို မျှော်လင့်ရိုး အမှန်ဖြစ်သည်။ ယင်းကား တိုင်းသူပြည်သားတို့၏ အခွင့်အရေးပင် ဖြစ်သည်။ သူတို့အတွက် ကောင်းကျိုးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ကို သူတို့ မျှော်မည် ဖြစ်သည်။ ထို့ကြောင့် တိုးတက်နေသော မြန်မာပြည်၏ အခြေအနေ၌ ခေါင်းဆောင်ကောင်းများ တဖြည်းဖြည်း  များပြား တိုးတက်လာလိမ့်မည်ဟု မှန်းဆရမည်ဆိုက မှန်းဆ နိုင်ပေလိမ့်မည်။ ခေါင်းဆောင် မည်သူသည် အရေးပါ အရာရောက်စွာ ဖြစ်ထွန်းလာမည်နည်း … Continue reading

Posted in Frontpage | 1 Comment