Monthly Archives: August 2012

ကျောက်စကားဘုရား တရားအားထုတ်ခြင်း

ကျောက်စကားဘုရား တရားအားထုတ်ခြင်း စာရေးသူတို့သည် လောကနန္ဒာ ဘုရားပွဲလာရင်း ကျောက်စကားဘုရား၌ တရားအားထုတ်ကြသည်။ ရတနာမြတ်သုံးပါးကို ဦးထိပ်ထားရသည် မြတ်စွာဘုရားကို ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကိုလှူ၍ တရားအားထုတ်သည်။ မြတ်စွာဘုရားနှင့် ဆရာမြတ်ကြီးအား ဦးထိပ်ထားသည်။ ဟဒယ၌ရှုသည်၊ အနိစ္စများတင်သည်။ တရားထိုင်၍ ကောင်းပါသည်။ မိမိသည် ယခင်က ဘယ်နေရာ တရားထိုင်ထိုင် တရားကို ကောင်းအောင်ထိုင်ရင် သာဓုခေါ်ရမှာပဲဟု ပြောဖူးပါသည်၊ ထိုစကားက မှန်ပါသည်။ ပြင်စရာမလိုပါ သို့သော် သတင်းအသစ်အဆန်းတစ်ခု ပေးနိုင်သည်မှာ ဤကဲ့သို့ စေတီတော် ပုထိုးတော်များအား တကူးတကန့် လာရောက်၍ တရားအားထုတ်ခြင်းသည် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

နိဗ္ဗာန်ကိုသဘောတရားရေးရာနှင့်သွားကြည့်ရအောင်

နိဗ္ဗာန်ကိုသဘောတရားရေးရာနှင့်သွားကြည့်ရအောင် စာဖတ်ပရိတ်သတ်ကြီးက နိဗ္ဗာန်ကို စိတ်ဝင်စားတယ်။ ဒါမှန်တာပဲ သာဓုလည်းခေါ်တယ်၊ စိတ်ဝင်စားရမှာပဲ ဗုဒ္ဓဘာသာတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က နိဗ္ဗာန်၊ မြတ်စွာဘုရားလည်း စံတယ်၊ ရဟန္တာတွေလည်း စံတယ်။ စံသမျှ သူတော်ကောင်းကြီးတွေက ချမ်းသာလိုက်တာဆိုတာ မိန့်တော်မူကြတယ်၊ ဒီတော့ နိဗ္ဗာန်ကို စံသင့် တယ်၊ နိဗ္ဗာန်ရောက်အောင် သွားသင့်တယ်၊ ဒါက အမှန်ပဲ။ ကျွန်တော် ထောက်ခံတယ်၊ သွားချင်တာ ထောက်ခံတယ်၊ ကဲ သွားရအောင် … သွားရအောင်ဆိုတော့ ကျွန်တော်တို့ အခက်တစ်ခုရှိတယ် အဲဒါ ဘာလဲဆိုတော့ ဒီရုပ်နာမ်နဲ့ သွားလို့မရဘူး။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ပြောနိုင်ပါတယ်…ပြောတတ်ပါတယ်…ပြောချင်ပါတယ်…ပြောရဲပါတယ်…

ပြောနိုင်ပါတယ်…ပြောတတ်ပါတယ်…ပြောချင်ပါတယ်…ပြောရဲပါတယ်…  ပရိသတ်ကြီးက တရားကို စိတ်ဝင်စားတယ်ဆိုတော့ တရားနဲ့ ပတ်သက်လို့ တိတိကျကျ ပြောတာလေးတွေ သိချင်တယ်၊ ဖတ်ချင်တယ်၊ ဒါ သဘာဝကျပါတယ်။ စာရေးသူအနေနဲ့ကလည်း အလိုလိုက်နိုင်ပါတယ်။ စာရေးသူအကြောင်းလည်း တော်တော်များများ သိကြပါတယ်။ ကျင့်ခဲ့တာလည်း ကြာပြီ၊ အသက်ရဲ့ တဝက်ဆိုတော့ အနှစ်လေးဆယ် ဝန်းကျင်လောက်ပေါ့နော် – ဒီတော့ ဆရာကောင်း သမားကောင်းရဲ့ အဆိုအဆုံးအမမှာ တည်တော့လည်း ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် ရှေ့အစွန်း နောက်အစွန်းကို တတ်နိုင်သမျှ ဉာဏ်မီသမျှ လွတ်အောင်ပြောပါတယ်။ အမှန်ကတော့ ဘာသာသာသနာမှာ အထင်လွဲမှားစရာတွေ ဝါဒဖြန့်ခဲ့ကြတာကလည်း … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ရွှေလိပ်တူးဘုရား၌တရားအားထုတ်ခြင်း

ရွှေလိပ်တူးဘုရား၌တရားအားထုတ်ခြင်း ညအခါ ရွှေလိပ်တူး ဘုရား၌ လျှပ်စစ်မီး ပူဇော်ထားသည်မရှိချေ။ ထို့ကြောင့် စာရေးသူတို့သည် ကားမီးနှင့်သာ တရားအားထုတ်ခဲ့ရသည်။ လရောင်၊ ကြယ်ရောင်များ ရှိသေး၍ အဆင်ပြေပါသည်။ ရွှေလိပ်တူး ဘုရားသည် မျက်နှာချင်းဆိုင်၌ ကွမ်းထမ်းမင်ရာဇာ ဘုရားနှင့် နီးသည်ဟု ဆိုရပေလိမ့်မည်။ အနီးတွင် ထီးလိုမင်းလို ဘုရားလည်း ရှိသည်။ ညအခါ တရားအားထုတ်ရသည်မှာ ကောင်းပါသည်၊ ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိပါသည်။ တရားရှုခြင်းသည် ကောင်းသောအလုပ် ဖြစ်သည်။ တရားရှုဖန်များလာသောအခါ မိမိနှလုံးသွင်းချင်သော ပုံစံကို ရလာသကဲ့သို့ ရှိသည်။ ထို့ကြောင့် သာဓုခေါ်ရသည်၊ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

စေတနာကြီးဘုရား၌တရားအားထုတ်ခြင်း

စေတနာကြီးဘုရား၌တရားအားထုတ်ခြင်း စေတနာကြီးဘုရားသည် ပုဂံမှ ချောက်သို့သွားသော ပုဂံမြို့အထွက်လမ်း အရှေ့ဘက်တွင် တည်ရှိသည်။ ဘုရားအမှတ်(၉၈၇)ဟု အမှတ်အသားရှိသည်။ ဇေယျသိင်္ခ (ခေါ်) နားဋောင်းများမင်း တည်ထား ကိုးကွယ်ခဲ့သည်ဟု မှတ်တမ်းရှိသည်။ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို မြတ်စွာဘုရားလှူကာ၊ မြတ်စွာဘုရားကို ဦးထိပ်ထား၊ ဆရာမြတ်ကြီးကို ဦးထိပ်ထားကာ တရားရှုပါသည်။ တရားသည် လောကအတွက် ကောင်းကျိုးဆောင်သည်။ အစစအရာရာ တရားနှင့် မလွတ်လျှင် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ တရားသည် ရုပ်နာမ်ရှိသော သတ္တ၀ါတွေအတွက် အရေးကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်သည်။ တရားအောင်လျှင် အရာရာ အောင်သည်ဟုပင် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ကျွမ်းကျင်ရာလိမ္မာကြတာပါ (Practice makes perfect) ကျွမ်းကျင်ရာ လိမ္မာကြတာပါ။ တရားမှာ ဉာဏ်ပညာတွေဟာလည်း ကျင့်လေလေ တက်လေလေပါပဲ။ ဒါဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးပါပဲ။ တစ်ချက်ကျင့်ရင် တစ်ချက် တက်တာပဲ၊ ကိုယ့်ခန္ဓာကို မမြဲဘူးလို့ အနိစ္စတစ်လုံးရှုရင် တစ်လုံးတက်တာပဲ။ ရှုဖန်များတော့ အရိယာဖြစ်တာပေါ့လေ။ ဒီတော့ လက်တွေ့ကျင့်မှ လက်တွေ့ကျင့်ခြင်းမှာ ဖြစ်ပေါ်တဲ့ အသိကို သိတယ်ဆိုတာ အမှန်ပဲ။ အမှန်ပြောရင် အမှန်ရဖို့အတွက် အထောက်အပံ့ ဖြစ်တယ်။ ဥပမာ နိဗ္ဗာန်ရှိတယ်လို့ ပြောရဲရင် အမှန်ဖြစ်တာမို့ အမှန် ကျင့်ရာမှာ အထောက်အပံ့ … Continue reading

Posted on by chitnge | Leave a comment

မင်္ဂလာစေတီ၌တရားအားထုတ်ခြင်း

မင်္ဂလာစေတီ၌တရားအားထုတ်ခြင်း မင်္ဂလာစေတီကိုတော့မူ ညအချိန်မသွားပဲ နေ့အချိန်ပဲ သွားကြပါသည်။ ရွှေစည်းခုံပုံစံကိုယူ၍ တည်ထားသည် ဆိုသည့်အတိုင်း ရွှေစည်းခုံပုံနှင့် တူပါသည်။ နရသီဟပတေ့မင်း (တရုတ်ပြေးမင်း) တည်ထားကိုးကွယ်ခဲ့ပါ သည်။ တရားထိုင်ကြပါသည်၊ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး မြတ်စွာဘုရားကို လှူ၍၊ မြတ်စွာဘုရားဦးထိပ်ထား၊ ဆရာမြတ်ကြီးကို ဦးထိပ်ထားကာ တရားထိုင်ကြသည်၊ ဟဒယကို ရှုကြသည်။ အနိစ္စတစ်လုံးပင် မဟုတ်ပါ လော။ ရှုဖန်ရှုဖန် များလာသောအခါ ရှုခြင်း၌ အောင်မြင်လာသည်။ အရှုခံတရားများသည် ရှုဉာဏ်အောက်၌ ပျောက်ပျက်သွားကြသည်၊ အားရှိစရာ လွန်စွာကောင်းပါသည်။ တစ်ခါတစ်ခါ စဉ်းစားမိသည်၊ တော်ပါသေးသည်၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

သာဓုခေါ်ပါသည်

သာဓုခေါ်ပါသည်   တရားအကြောင်း ရေးသားရာ စိတ်ဝင်စားသော ပုဂ္ဂိုလ်များ စိတ်ဝင်စားကြောင်း သိရ၍ သာဓုခေါ်လျှက် ရှိပါသည်။ အချို့ကလည်း တိတိကျကျ သိလိုကြသည်။ ယင်းမှာ သဘာဝကြပါသည်၊ ဤခေတ်သည် တိတိကျကျခေတ် မဟုတ်ပါလား … ဒါကြောင့် တိတိကျကျ အနည်းငယ် တတ်နိုင်သမျှ  အချို့အပိုင်းတွေ ရေးပေးပါမည်။ ဥပမာ – နိဗ္ဗာန်ကို တွေ့တယ် ဆိုပါစို့ (ရေးပေးမယ်နော်) နိဗ္ဗာန်ကို တွေ့တယ်ဆိုရင် ၁) အတွေ့ခံတာက ဘာလည်းဆိုရင် နိဗ္ဗာန်ပဲ။ ဒီတော့ နိဗ္ဗာန်ကြီးကရှိတယ်၊ ဒါဗုဒ္ဓဘာသာတွေ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment

သိကြားဟစ်ဘုရား၌တရားအားထုတ်ခြင်း

သိကြားဟစ်ဘုရား၌တရားအားထုတ်ခြင်း စာရေးသူတို့သည် ညအချိန် ဘုရားအမှတ် (၂၄၉) သိကြားဟစ်ဘုရား၌ တရားထိုင်ဖြစ်ကြသည်။ ကွမ်းထမ်းမင်းရာဇာ စေတီဝန်းကျင်တွင် သိကြားပုန်း၊ သိကြားဟစ် စသည်ဖြင့် စေတီများ အုပ်စုလိုက်ကဲ့သို့ တည်ထားလျှက် ရှိသည်။ ညအချိန် မီးမရှိသဖြင့် ကားမှ မီးနှင့်၎င်း၊ Auto-Lamp -အော်တိုလန့်(မ်) ကလေးများနှင့်လည်းကောင်း တရားထိုင်ကြသည်။ တရားထိုင်ရသည်မှာ ကောင်းပါသည်။ အမှန်တော့မူ အာရုံ၏ ကျွန်မခံရန် ကြိုးစားရခြင်း ဖြစ်ပေလိမ့်မည်။ စာရေးသူတို့သည် မြတ်စွာဘုရားကို ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးလှူ၍၊ မြတ်စွာဘုရား ဦးထိပ်ထား ဆရာမြတ်ကြီး ဦးထိပ်ထား၍ တရားရှုကြပါသည်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အတွေ့အကြုံ၏အခန်းကဏ္ဍ

အတွေ့အကြုံ၏အခန်းကဏ္ဍ ဒဿနသမိုင်း၌ အတွေ့အကြုံနှင့်ဆင်ခြင်ခြင်း ယှဉ်ပြိုင်၍ တက်လာရာ တဖြေးဖြေးနှင့် သိပ္ပံပညာ ထွန်းကားလေလေ အတွေ့အကြုံလိုင်းက ပို၍ နေရာရလေလေ ဖြစ်ခဲ့သည်။ ထိုမှတဆင့် သိပ္ပံဆိုင်ရာ ဒဿနပညာ ဟူ၍ပင် ပေါ်ထွန်းလာရသည်။ သိပ္ပံ၌ အတွေ့အကြုံသည် အဓိကပင် ဖြစ်သည်။ အသိပညာ အရာရာ၌ အတွေ့အကြုံသည် လွန်စွာအရေးကြီးသည်။ အတွေ့အကြုံသည်သာ အတွေ့အကြုံကို ဆုံးဖြတ် သည်ဟုပင် ခံယူထားကြသည်။ တရားသည်လည်း အခြားကိစ္စများနှင့်မတူ တရားကျင့်ဖူး၍ တွေ့သူသာလျှင် ကျင့်၍တွေ့သော အတွေ့ကို ပြောနိုင်သည်။ မကျင့်ဖူးဘဲနှင့် မတွေ့ဘူးလျှင် ကျင့်ဖူး၍ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဗုဒ္ဓဘာသာတို့၏လုပ်ငန်းဆောင်တာ

ဗုဒ္ဓဘာသာတို့၏လုပ်ငန်းဆောင်တာ  ဗုဒ္ဓဘာသာတို့အတွက် မြတ်စွာဘုရား ရှိတော်မူခဲ့သည်။ မြတ်စွာဘုရားသည် နိဗ္ဗာန်ရှိကြောင်းကို ဟောတော်မူခဲ့သည်။ အတ္ထိ ဘိက္ခဝေ … အဇာတံ အဘူတံ အကတံ အသင်္ခတံ  … နိဗ္ဗာနန္တိ – စသည်ဖြင့် ဟောတော်မူခဲ့သည်။ (ပါဠိလို အထူးမဖော်ပြလိုတော့ပါ) နိဗ္ဗာန်ကြီး ရှိတယ်လို့ မြတ်စွာဘုရား မိန့်မှာတော် မူခဲ့သည်။ နိဗ္ဗာန်ဖြစ်အောင် မည်သူကမှလည်း စွမ်းဆောင်စရာမလို၊ နိဗ္ဗာန်၌ အစ ရှိစရာလည်းမလို၊ အစလည်းမရှိ၊ နိဗ္ဗာန်၌ ပြုပြင်စီရင်ခြင်းလည်း မရှိ၊ (၃၁) ဘုံကဲ့သို့ ပြုပြင်စီရင်ခြင်းလည်း … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ကမ္ဘာ့ခေတ်အမြင်နှင့်မြန်မာ့ဗုဒ္ဓဘာသာအမြင်

ကမ္ဘာ့ခေတ်အမြင်နှင့်မြန်မာ့ဗုဒ္ဓဘာသာအမြင်   အသိပညာအပေါ်၌ ကမ္ဘာ့ခေတ်အမြင်သည် အသိပညာကို နှစ်မျိုးခွဲထားသည်။ တစ်မျိုးမှာ အကြောင်း အချက်ဆိုင်ရာ အသိပညာဖြစ်သည်။ ၄င်းကို (Knowledge of Facts) ဟု သုံးနှုန်းကြသည်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာတွင် ဒုက္ခသစ္စာ၊ ရုပ်နာမ်ဟာ ဆင်းရဲခြင်းအမှန် ဆိုသည်မှာ အကြောင်းအချက်ဆိုင်ရာ အသိပညာ ဖြစ်သည်။ ထို့နောက် ဒုတိယအသိပညာ အမျိုးအစားမှာ အကြောင်းအချက်များ အချင်ချင်း ဆက်ဆပ်နေသော အသိပညာ ဖြစ်သည်။ ၄င်းကို (Logical Connection between Facts) ဟု သုံးနှုန်းကြသည်။ … Continue reading

Posted in Buddhism & Science | Tagged , , , , | Leave a comment

ဘုရားသုံးဆူ၌တရားအားထုတ်ခြင်း

ဘုရားသုံးဆူ၌တရားအားထုတ်ခြင်း ဘုရားသုံးဆူ ဆိုသော်လည်း ဘုရားသုံးဆူ မုဒ်ဦးသုံးခု သို့သော် အထဲမှာ တစ်ဆူတည်းကဲ့သို့ စင်္ကြန်အရှည်ကြီး ထူးထူးဆန်းဆန်း တည်ဆောက်ထားသည်။ ပို၍ထူးဆန်းသည်မှာ လက်ယာဘက်ပိုင်း နှစ်ဆူမှာ ဆေးရေးပန်းချီ ရှိသော်လည်း၊ လက်ဝဲဘက်ပိုင်း တစ်ဆူမှာ ဆေးရေးပန်းချီ မရှိဘဲ ပလိန်းကြီး ဖြစ်နေသည်ကို လေ့လာတွေ့ရှိနိုင်သည်။ နံပါတ်အနေနှင့်မူ လက်ယာဘက်စွန်းက (၄၇၇) ဖြစ်၍၊ အလယ်မှာ (၄၇၈)၊ လက်ဝဲဘက်အဆုံးမှာ (၄၇၉) ဟူ၍ မှတ်တမ်းများ ရှိသည်။ နိုင်ငံခြားသားများ စိတ်ဝင်စားကြသည်ဟု နာမည်ကြီးသည်။ မျက်နှာချင်းဆိုင် မျက်စောင်းထိုးမှာ သမ္ဘူလဘုရားရှိ၍ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

အမှန်အကန်တရားထိုင်နည်း (True Method of Meditation)

အမှန်အကန်တရားထိုင်နည်း (True Method of Meditation) ဗုဒ္ဓစာပေဆုရ ဒေါက်တာချစ်ငယ်(ဒဿန)       (အသံဖိုင်-Mp3) Play –Method of Meditation   No tags for this post.

Posted in Audio, Buddhism | Leave a comment

တရားလိုင်းပေါ်မှာ

တရားလိုင်းပေါ်မှာ ကျွန်တော်တို့ စာဖတ်ပရိသတ်ကြီးကတော့ တရားလိုင်းပေါ်မှာ ရောက်သွားပြီလို့ ဆုံးဖြတ်နိုင်ပါတယ်။ တရားကို ဝင်စားတယ်၊ ပါရမီလည်းပါလို့ပါ။ ပါရမီမပါရင် တရားကိုလည်း မဝင်စားဘူး။ တရားကို ဝင်စားတယ် ဆိုရင်လည်း တရားကို ရှုဖူးတတ်ရတယ်၊ ဒါကြောင့် တရားကို ရှုဖူးခြင်းဟာ တရားကိုမရှုဘူးခြင်းထက် ဒီနေရာမှာ ကောင်းတယ်လို့ သုံးသပ်ချက် ပြောပြခဲ့ခြင်းဖြစ်ပါတယ်။ တရားရှုတာက တရားရှုတာလေး တစ်ခုတည်းပေမယ့် ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်သွားတယ်။ ဥပမာ – တရားမရှုဘူးဖူးဆိုရင် ဗုဒ္ဓဘာသာ စစ်တယ်လို့ ပြောလို့ကိုမရဘူး။ ဗုဒ္ဓဘာသာဆိုတာက လက္ခဏာရေး သုံးပါးနဲ့ ယှဉ်တယ်။ … Continue reading

Posted in Buddhism | Tagged , , , , | 1 Comment