Monthly Archives: May 2012

စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်းအဆက် –3

ပုဂံမြို့ရှိဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်းအဆက် –3 အရာရာ ပြည့်စုံပြီးမြောက်ဖို့ ဆိုသည်မှာ လွယ်ကူသော ကိစ္စတစ်ခုတော့ ဟုတ်ဟန်မတူပေ။ အကြောင်း အမျိုးမျိုးတို့ ပြည့်စုံအောင် ဖြည့်ဆည်းရသော သဘောရှိသည်။ အမှန်မှာ အကြောင်းခံ ပြည့်စုံသောအခါ အကျိုးတရားပြည့်စုံ ဖြစ်ထွန်းလာသည်ဟု ယူဆရန်ရှိသည်။ အကြောင်းခံတရား မရှိမူ အကျိုးတရား ဖြစ်ထွန်းဖို့ အခက်အခဲများစွာ ရှိနိုင်သည်။ ထို့ကြောင့် လိမ္မာသော ပညာရှိများသည် အကြောင်းခံ တရားများအား လုပ်ဆောင်ကြပုံ ရသည်။ အကြောင်းခံပြည့်စုံ သောအခါ အကျိုးတရားသည် ပြေးမလွတ်ချေ။ သို့သော် … Continue reading

Posted in Buddhism | Leave a comment

စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်းအဆက် – 2

ပုဂံမြို့ရှိဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်းအဆက် –2 စာရေးသူသည် အမရပူရမှ ရန်ကုန်ပြောင်းပြီး ပုဂံရောက်လာသည်ကို ပရိတ်သတ်အချို့ သိကြသည်။ ပုဂံရောက်ခြင်း၏ အဓိပ္ပာယ်ကို ပုဂံမြို့ပေါ်ရှိ ဘုရားများ၌ တရားအားထုတ်သောအခါ ပို၍ နားလည်လာသည်။ အမှန်တော့မူ စာရေးသူအတွက် ပြောရမည်ဆိုလျှင် ပုဂံသည် စာရေးသူအတွက် အောင်မြေဖြစ်သည်။ အောင်မြင်ခြင်း နယ်မြေဖြစ်သည်။ တရားဘာဝနာများ အားထုတ်၍ တရားအရသာတွေ့သော ဌာနကောင်း ဌာနမွန် ဖြစ်သည်။ ယခုအခါ ဆက်လက်၍ တရားအားထုတ်နေသည် .. .. ၀န်ခံလိုသည်မှာ နေရာ တစ်ခုနှင့်တစ်ခု … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်း

ပုဂံမြို့ရှိဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်းအဆက် — စိမ်းညက်ညီအစ်မ ဘုရား၌ တရားထိုင်ခြင်းဆိုင်ရာ အတွေ့အကြုံ ဆောင်းပါးကို ဆက်လက် ဖော်ပြမည် ဖြစ်ပါသည်။ တိတ်ဆိတ်သော နေရာကို နေလို့ကောင်းသည်ဟု တရားသမားများက မပြောအပ်ဟု ပညတ်ချက် ရှိသည် ဆိုသည်မှာ တိတ်ဆိတ်သောနေရာ၌ ပျော်ခြင်းသည် သူတော်ကောင်းတို့၏ စရိုက်ဖြစ်၍ မိမိကို သူတော်ကောင်းထင်ရန် ပြောဟောသော သဘောဖြစ်မည်ကို စိုး၍ ပညတ်ခဲ့ခြင်း ဖြစ်သည်ဟု မိမိနားလည် သည်။ တိတ်ဆိတ်ခြင်းကို ရိုးရိုးသားသားကြိုက်လျှင် ကြိုက်မိသည်ဟု ပြောသည်မှာ သဘာဝကျပေလိမ့်မည်။ သို့သော် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်း

ပုဂံမြို့ရှိဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်း ပုဂံမြို့ စိမ်းညက်ညီအစ်မဂူဘုရားမှာ တတိယည တရားထိုင်တဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။ ကျွန်တော်ဟာ တရားထိုင်တာ ၀ါသနာပါတယ် ဆိုပေမယ့် ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် သုံးရက်ညတိတိ တရားထိုင်ဖူးတဲ့ ဘုရားတော့ မရှိပါဘူး။ စိမ်းညက်ညီအစ်မ ဘုရားကျမှ သုံးညတိတိ လာတရားအားထုတ်ဖြစ်တဲ့ သဘောပါပဲ။ တရားအားထုတ်ရတာလည်း ကောင်းတယ်လေ တနေကုန် ပူထားတဲ့နေက ညပိုင်းကျတော့ ဧရာဝတီမြစ်က ဖြတ်တိုက်တဲ့ လေအေးလေနဲ့ သမလိုက်တော့ နည်းနည်းအေးသွားတာပေါ့။ ဘုရားကလည်း မီးတွေ ဘာတွေ ပူဇော်ထားတော့ အင်မတန် အဆင်ပြေပါတယ်၊ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

စိမ်းညက်ညီအစ်မဘုရား၌ဒုတိယအကြိမ်တရားအားထုတ်ခြင်း

စိမ်းညက်ညီအစ်မဘုရား၌ဒုတိယအကြိမ်တရားအားထုတ်ခြင်း စာရေးသူသည် ပုဂံမြို့ပေါ်ရှိ ဘုရားများတွင် တစ်ကြိမ် တစ်ခါ အများအားဖြင့် တရားအားထုတ် လေ့ရှိပါသည်။ သို့သော် စိမ်းညက်ညီအစ်မဘုရား၌ နှစ်ညဆက်တိုက် အားထုတ်မိသည်။ ကြိုတင်လည်း သတ်မှတ်ထား သည်။ အခါအားလျှော်စွာ စာရေးသူသည် ပံ့သကူဖြင့် တရားအားထုတ်လေ့ ရှိသည်။ ကြိုတင်၍ သတ်မှတ်ခဲ သည်။ ယခုအခါ စိမ်းညက်ညီအစ်မ ဘုရားတွင် ဆက်လက် အားထုတ်ဦးမည်ဟု ကြိုတင် သတ်မှတ်ခဲ့သည်။ Tags: Buddhism, Myanmar Posts, ဆရာမြတ်ကြီး, ဟဒယ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , , | Comments Off on စိမ်းညက်ညီအစ်မဘုရား၌ဒုတိယအကြိမ်တရားအားထုတ်ခြင်း

စိမ်းညက်ညီမဂူဘုရား၌ တရားအားထုတ်ခြင်း

စိမ်းညက်ညီမဂူဘုရား၌ တရားအားထုတ်ခြင်း စာရေးသူသည် ငယ်စဉ်က အမည်နာမများအပေါ် ဟာ့(ထ်) ထိသည်ဟု ဆိုရမည်ကဲ့သို့ ခံစားဖူးသည်။ ဥပမာ — မြစ်ဝကျွန်းပေါ် ဘိုကလေး သွားတုန်းက “ကျွန်းညိုကြီး” ဟု  ကြားလိုက်ရတဲ့အခါ စိတ်ထဲမှာ တစ်စုံတစ်ခုကို စိတ်ကူးမိသည်။ ဟာ – “ကျွန်းညိုကြီး” တဲ့ စိတ်ဝင်စားစရာ သိုက်တွေဘာတွေများ ရှိမလားပေါ့၊ ရေငန်ပိုင် ဦးရှင်ကြီးကလည်းရှိသေးတယ်  .. .. အဲဒီလို ခံစားခဲ့မိဖူးသည်။ ထို့နောက် “မိန်းမလှကျွန်း” ဆို ပိုပြီးထိရောက်သည်။ ဟာ့(ထ်) ထိသည် ဟုဆိုရမည်၊ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

စိုးမင်းကြီးဘုရား၌တရားအားထုတ်ခြင်း

စိုးမင်းကြီးဘုရား၌တရားအားထုတ်ခြင်း စိုးမင်းကြီးဘုရားသည် ပုဂံမြို့သစ်နှင့် မြို့ဟောင်း လမ်းပေါ်တွင် ရှိသည်။ လမ်း၏ အနောက်ဖက် ဧရာဝတီမြစ် ဖက်၌ ရှိသည်။ ကုန်းဂမူလေး ဖြစ်၍ လေတစ်ဖြူးဖြူး တိုက်သည်။ စိုးမင်းကြီးဘုရားနှင့် စိုးမင်းကြီးကျောင်း တွဲလျှက်ရှိရာ စိုးမင်းကြီးကျောင်းသည် တရားထိုင်၍ ကောင်းသည်ဟု ယူဆကာ စိုးမင်းကြီးကျောင်း၌ တရားထိုင်လိုက်ခြင်း ဖြစ်သည်။ ဟဒယစိုက်လိုက်သည်၊ ပေါ်စိတ်ကလေးများအား အနိစ္စလက္ခဏာ တင်လိုက်သည်။ အော်…ရဟန်းသံဃာများ ပင်လျှင် ဤအကျင့် ကျင့်နေကြပြီ ဖြစ်ရာ မိမိလူသားတစ်ယောက် အနေနှင့် ကျင့်သည်မှာ ကောင်းသည်ဟု ခံစားနားလည်မိသည်။ စိတ်များသည် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ ကိုနန်းအောင်            ဆရာ့ကို ကျွန်တော် ဆွေးနွေးချင်တာ ရှိတယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်း ကြောင်းတွေက ဟော့(တ်)တော့ပစ် ဖြစ်နေတော့ ဆရာလည်း ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ရေးတာ ကျွန်တော် ဖတ်ရတယ်။ ဆရာ သိတာတွေ ရှိလို့လား? ဒေါက်တာချစ်ငယ်      သြော်…ရှိတာပေါ့ ကိုနန်းအောင်ရယ်။ ကျွန်တော်က ရှိလို့ရေးတာပေါ့ ရေးတယ်ဆိုတာ ရှိလို့ပေါ့။   ကိုနန်းအောင်            ကဲ..အဲဒီလိုဆိုရင် ကျွန်တော် ပွင့်ပွင့်လင်းလင်း နားထောင်ချင်တယ်ဗျာ။ ဘာတွေရှိ လည်း။ ဒေါက်တာချစ်ငယ်      သြော်…နားထောင်ချင်တယ်ဆိုရင် ကျွန်တော် ဟိုတစ်လောက တရားထိုင်တယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းက … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အကြားအမြင်နှစ်မျိုး

အကြားအမြင်နှစ်မျိုး အကြားအမြင် နှစ်မျိုးရှိကြောင်း တင်ပြလိုပါသည်။ ပထမ အကြားအမြင်မှာ စိတ်များသည် လောဘ၊ ဒေါသ၊ မောဟ လျှော့သဖြင့် ကြည်လင်သောအခါ မြင်သော အမြင်တစ်မျိုး၊ ထို့နောက် ထိုစိတ်ကို တရားနှင့် ရှုသောအခါ ရှုသော အသိဉာဏ်၌ မြင်သော အမြင်တစ်မျိုးဟူ၍ နှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ စိတ်မချရပါ၊ ဒုတိယ အမျိုးမှာမူ စိတ်ချရနိုင်ပါသည်။ သို့သော် ဒုတိယအမျိုးကိုသည်ပင်လျှင် သတိထားရပါ သည်။ အကြားအမြင်ဟူသမျှ သတိထားရသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်မြင်သည်မှာတော့ အမှန်အကန် ဖြစ်သော်လည်း ကိုယ်မြင်သော အရာသည် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း   ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျွန်တော်သိသည်များ အချို့ကို ဖော်ပြပါမည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အလုပ်တစ်ခုကို လိပ်ပတ်လည်အောင် လုပ်နိုင်စွမ်းရှိသည်။ အဓိကအားဖြင့် တစ်စစီ ဖွာဆလံကျဲ မဟုတ်ချေ။ အလုပ်တစ်ခုကို စနစ်ကျသည်၊ ပိစီးသည်၊ သေသပ်သည်၊ သိပ်သည်းသည်၊ သိုသိပ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကျေးဇူးသိတတ်သော ပုဂ္ဂိုလ်ထူးဖြစ်သည်။ အကြောင်းအကျိုးကို နက်ရှိုင်းစွာ မြော်မြင် ဆင်ခြင်တတ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရဲရင့်သည်၊ တိကျသည်၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနေရာ၌ သရုပ်ဆောင်သော ပုဂ္ဂိုလ်သည် တာဝန်ကြီးပေလိမ့်မည်၊ ဗိုလ်ချုပ်အောင်ဆန်းကို မီလိမ့်မည်ဟုတော့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အမြင်အကြားပညာ

အမြင်အကြားပညာ   စာရေးသူသည် မကြာခဏ အမြင်အကြားပညာရှိနိုင်သည်ဟု ပြောခဲ့ဖူးသည်။ ဤစကား အမှန်ပင်ဖြစ်သည်၊ စာရေးသူကိုယ်တိုင် မြင်ဖူးကြားဖူးသည်။ သို့သော် ဤအရေးများကို အထူးအလေးပေး၍ တင်ပြလေ့မရှိပါ။ တရားဓမ္မ သဘာဝကိုသာ တင်ပြလေ့ရှိသည်။ သို့သော် ယခုအခါ ကိုယ်လေ့လာရာ ကိုယ်ကျွမ်းသည်ကို ပရိသတ်က လက်ခံစပြုလာသည်ဖြစ်၍ ကျွန်တော်တို့ လေ့လာခဲ့သော အတတ်ပညာများနှင့် ပတ်သက်၍ ကျွမ်းကျင်မှုများကို တိုက်ဆိုင်သောအခါ ပြောလိုသောသဘော ပေါ်လာသည်။ အထူးသဖြင့် အမြင်အကြား ကိစ္စဖြစ်သည်။ ကျွန်တော်တို့ကဲ့သို့ နှစ်ပေါင်းများစွာ ရှုနေသော  ယောဂီများအဖို့ မြင်နိုင်ကြားနိုင်သည် ဆိုသည်မှာ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အကြောင်းအကျိုး တရားသည်သာ

အကြောင်းအကျိုး တရားသည်သာ အကြောင်းကံ တစ်ပြေးညီဖြစ်လျှင် အကျိုးတရားလည်း တစ်ပြေးညီဖြစ်ပေလိမ့်မည်။ အကြောင်းကံ အနိမ့်အမြင့်ရှိလျှင် အကျိုးပေးတရားလည်း အနိမ့်အမြင့် ရှိပေလိမ့်မည်။ အကြောင်းကံတရား အနိမ့်အမြင့် ရှိကြသော်လည်း အကျိုးပေး၌ တစ်ပြေးညီဖြစ်ရမည် ဟူသော မျှော်လင့်ချက်သည် မှားယွင်းလေသည်။ အားလုံးသည် တစ်ပြေးညီဖြစ်ရမည် ဟူသော အယူသည် အယူမှား ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် အကြောင်းအကျိုးပညာကို ဆန့်ကျင်ဘက် တိုက်သောကြောင့် ဖြစ်သည်။ ဤလောက၌ အကြောင်းအကျိုး တရားသည်သာလျှင် လွှမ်းမိုးအုပ်ချုပ်သည်။ ထို့ကြောင့် ကောင်းကြောင်းပြုမှ ကောင်းကျိုးဖြစ်မည်၊ ဆိုးကြောင်း ပြုလျှင် ဆိုးကျိုးဖြစ်မည်။ … Continue reading

Posted in Buddhism | Tagged , | Leave a comment

တိဟိတ်များ

 တိဟိတ်များ တိဟိတ်များသည် မဂ်ရနိုင်သည်ဟု အဆိုအဆုံးမ ရှိသည်၊ ဒွိဟိတ်များသည် မဂ်မရတတ်ချေ။ အဘယ့်ကြောင့်ဆိုသော် အခုဆီထမင်း အခုစာကလေးကြော် လုပ်တတ်သောကြောင့် ဒွိဟိတ် များသည် မဂ်မရချေ။ လက်ဖ၀ါးများလို မှောက်တတ် လှန်တတ်သည်ဟု ဆိုကြသည်။ တိဟိတ်များသည် ဇောက်ချ၍ ပြတ်ပြတ်သားသား ခံယူချက် ရှိကြသည်။ N.L.D သမားများသည် အများအားဖြင့် တိဟိတ်လေသံပေါက်သည်။ သူတို့သည် တရားအားထုတ်လျှင်  အရိယာ ဖြစ်ချင်က ဖြစ်နိုင်သည်။ သို့သော် သူတို့သည် နိုင်ငံရေးသမားများ ဖြစ်၍ အထူးမပြောလိုပါ။ ဘာသာရေးသမား စိတ်ဓာတ် ရှိလျှင်တော့မူ … Continue reading

Posted in Buddhism | 3 Comments

ပဋိပတ္တိပညာ

ပဋိပတ္တိပညာ ပဋိပတ္တိပညာကို စာရေးသူသည် ဆရာကောင်းသမားကောင်းထံ အန္တေ၀ါသိက တပည့်ခံ၍ ကျင့်ကြံအားထုတ် အလုပ်လုပ်ခဲ့ဖူးသည်။ ထို့ကြောင့် ပဋိပတ္တိပညာရပ် အကြောင်းကို အထိုက်အလျှောက် ပြောနိုင်၊ ဆိုနိုင်၊ ဟောနိုင်၊ ကိုယ်တိုင် ကျင့်ကြံ အားထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စာရေးသူတို့သည် သတိပဌာန် လေးမျိုးစလုံး ကျင့်တတ်လေသည်။ စာရေးသူအား ဘာတတ်သနည်းဟု မေးလျှင် တရားကျင့်တတ်သည်ဟု ရဲရဲရင့်ရင့် ဖြေတတ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တိုင် ကျင့်ကြံအားထုတ်တတ်သောကြောင့် ဖြစ်သည်။ ယခုအခါ စိတ္တာနုပဿနာအကြောင်း ကောင်းကောင်း နားလည်နေကြသည်။ ယင်းအချက်မှာ ၀မ်းသာစရာ ကောင်းသည်။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပန်းတိုင်

ပန်းတိုင် ဗုဒ္ဓဘာသာတို့၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သည်။ နိဗ္ဗာန်အကြောင်း တင်ပြခြင်းသည် ဗုဒ္ဓဘာသာတို့၏ ဂုဏ်ရည်ပင် ဖြစ်သည်။ သိပ္ပံသည် ရုပ်ဒြပ် အမှုန်အမွှား အခြေခံ ဒြပ်များကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် နိဗ္ဗာန်အထိ မထိုးဖောက် နိုင်ဟု သုံးသပ်ရမည်။ နိဗ္ဗာန်သည် ရုပ်ကမ္ဘာ၏ အလွန်မှာသာ ရှိသည်။ နိဗ္ဗာန်သည် ရုပ်လည်းမဟုတ်၊ နာမ်လည်း မဟုတ်ပေ။ အသင်္ခတဓာတ်ဟု ခေါ်အပ်သည်၊ အနုတ္တရဓာတ်လည်း ဖြစ်သည်။ အမြတ်ဆုံးဓာတ် ဖြစ်သည်။ ပြုပြင်စီရင်ခြင်းငှာ မအပ်သောဓာတ် ဖြစ်သည်။ ထို့ကြောင့် ပုထုဇာဉ်လူသားများသည် နိဗ္ဗာန် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment