Monthly Archives: March 2012

ဆရာမြတ်ကြီး၏အဆုံးအမများ(၃)

ဆရာမြတ်ကြီး၏အဆုံးအမများ(၃)   ဆရာမြတ်ကြီးသည် အဆိုအဆုံးမများကို သွန်သင်တော်မူရင်း တစ်ခါက မေးခွန်းတစ်ခု မေးတော်မူခဲ့ဖူးသည်။ ထိုမေးခွန်းမှာ “အပြတ်အသတ် အောင်ပွဲခံချင်ကြပါသလား?” ဟူသော မေးခွန်းပင်ဖြစ်သည်။ ထိုစဉ်က စာရေးသူတို့သည် ငယ်ရွယ်သူများ ဖြစ်ကြသည်။ ထို့ကြောင့် တစ်ညီတစ်ညွှတ်တည်းပင် အဖြေပေး လျှောက်ထားလိုက်ကြသည် “မှန်လှပါ အပြတ်အသတ် အောင်ပွဲခံချင်ပါတယ်ဘုရား …” ထိုအခါ ဆရာမြတ်ကြီးသည် “အေး … အပြတ်အသတ် အောင်ပွဲခံချင်ရင် အပြတ်အသတ်ကြိုးစားရတယ်” ဟူ၍ မိန့်တော်မူပါသည်။ ထိုအချိန်မှစ၍ စာရေးသူတို့သည် အပြတ်အသတ် ကြိုးစားကြရလေသည်။ အပြတ်အသတ်ဆိုသည်မှာ Tags: … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဆရာမြတ်ကြီး၏အဆုံးအမများ(၂)

ဆရာမြတ်ကြီး၏အဆုံးအမများ(၂) ဆရာမြတ်ကြီး ဆုံးမတော်မူသော အဆုံးအမများထဲတွင် “ပိုင်းခြားခြင်း” ဟူသော စကားလုံး၏ အဓိပ္ပာယ်သည် လွန်စွာစိတ်ဝင်စားဖွယ် ကောင်းခဲ့သည်။ ပိုင်းခြားခြင်းကို ပါဠိဘာသာအားဖြင့် ပရိ`ညာတဗ္ဗကိစ္စဟု မူရင်းအဓိပ္ပာယ် ဖော်ဆောင်ခဲ့သည်။ ပိုင်းခြားရာ၌ အတ္တအခံရှိလျှင် ပိုင်းခြား၍ မရနိုင်ချေ။ အတ္တကို အတ္တနှင့် ပိုင်းခြား၍ မရနိုင်ချေ။ အတ္တကို အနတ္တဖြင့်သာလျှင် ပိုင်းခြားနိုင်သည်။ ထို့ကြောင့် ရုပ်နာမ်အတ္တကို ပိုင်းခြားသောအခါ အရိယာဉာဏ်ဖြင့် ပိုင်းခြားခြင်းသည်သာလျှင် စစ်မှန်သော ပိုင်းခြားခြင်း ဖြစ်နိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော အရိယာဉာဏ်သည် မိမိရုပ်နာမ်အား Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

စာရေးသူတို့၏ ဆရာမြတ်ကြီး

စာရေးသူတို့၏ ဆရာမြတ်ကြီး စာရေးသူတို့၏ ဆရာမြတ်ကြီးသည် လောကုတ္တရာ ပညာဉာဏ်အကြောင်းကို ကောင်းစွာ သွန်သင် ဟောကြားတော် မူခဲ့ဖူးသည်။ လောကုတ္တရာပညာဉာဏ်သည် လွန်စွာမှ နက်ရှိုင်း ကြီးကျယ်သည်။ သာမည လောကီဉာဏ်နှင့် မတူချေ။ ထိုဉာဏ်မျိုးရအောင် မြတ်စွာဘုရား အဆိုအဆုံးမဖြင့် ဆရာကောင်း၏ လက်အောက်တွင် ကျင့်ကြံကြိုးစား အားထုတ်ရသည်။ စာရေးသူကိုယ်တိုင်သည် ထိုသို့ ဆရာမြတ်ကြီး လက်အောက်၌ အထူးကျင့်ကြံ အားထုတ်ခဲ့သဖြင့် လောကုတ္တရာဉာဏ်အကြောင်းကို ပြောနိုင်ဟောနိုင် ၀င်စားနိုင်ခဲ့သည်။ လောကုတ္တရာဉာဏ်ဆိုသည်မှာ အံ့သြဖွယ်ရာ လွန်စွာကောင်းသည်။ လောကုတ္တရာဉာဏ်အားကောင်းလျှင် (၃၁)ဘုံကြီးကိုပင် ချေကန်၍ စွန့်လွှတ်နိုင်သည်။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဆရာမြတ်ကြီး၏အဆုံးအမများ

ဆရာမြတ်ကြီး၏အဆုံးအမများ ဆရာမြတ်ကြီးသည် များပြားလှစွာသော အဆုံးအမများကို စာရေးသူတို့အား သွန်သင်တော် မူခဲ့ဖူးသည်။ ယင်းအဆုံးအမများထဲမှ ပညာဉာဏ်အကြောင်း၊ အရိယာဉာဏ်အကြောင်းများသည် လွန်စွာမှ စိတ်ဝင်စားဖွယ် ကောင်းသည်။ အရိယာဉာဏ်သည် စိတ်မဟုတ်သေးချေ၊ စိတ်မှအကျင့်နှင့်တွဲ၍ ကျင့်ကြံ အားထုတ်လိုက်သောအခါ၊ ညှစ်ထုတ်လိုက်သောအခါ ပါရမီရှင်များအတွက် ထွက်ပေါ်လာသော ဉာဏ်ပညာ ဖြစ်သည်။ ထိုဉာဏ်ပညာသည် ထိုးထွင်းနိုင်သည်၊ မိမိသိသည်ကိုလည်း အမှန်အတိုင်းသိကြောင်း သိသည်၊ မိမိ မသိသည်ကိုလည်း မသိကြောင်း အမှန်အတိုင်းသိသည်။ ဉာဏ်ပညာသည် လွန်စွာအံသြဖွယ် ကောင်းသည်။ အရိယာဉာဏ်သည် မည်မျှအံ့သြဖွယ်ရာ ကောင်းသနည်းဟူမူ Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဆရာကောင်းဆရာမြတ်လိုအပ်သည် . . .

ဆရာကောင်းဆရာမြတ်လိုအပ်သည် . . . စာရေးသူသည် ဆရာကောင်း ဆရာမြတ်ရခဲ့သည်။ ထိုကြောင့် ခိုင်မာသော အသိပညာကို တည်ဆောက်နိုင်ခြင်းဖြစ်သည်။ ယခု အချိန်ခါသည် ပညာရဲရင့် ပွဲလည်တင့်သကဲ့သို့ ရှိသည်။ ယင်းအချက်မှာ ဆရာကောင်းဆရာမြတ်ကို ဖူးတွေ့ခွင့်ရသောကြောင့် ဖြစ်သည်။ အချို့မှာ လမ်းခုလတ်၌ အမှားမှား အယွင်းယွင်းများ ဖြစ်သွားကြသည်။ ဥပမာ — ဟိုတစ်လောက တရားဟော ဓမ္မကထိကတစ်ဦး အဓမ္မဝါဒ စွန့်လွှတ်ကြောင်း ဖတ်လိုက်ရသည်။ ယင်းကိစ္စကို သုံးသပ်ကြည့်လျှင် ဆရာကောင်းဆရာမြတ် ကင်းမဲ့နေသောကြောင့် ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် “အသင်္ခတဓာတ် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဆရာမြတ်ကြီး နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ

ဆရာမြတ်ကြီး နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ ဆရာမြတ်ကြီး နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ အချို့သော စာဖတ်ပရိတ်သတ်များ ဓမ္မမိတ်ဆွေများက စာရေးသူအကြောင်းနှင့် စာရေးသူ၏ဆရာ ဆရာမြတ်ကြီးအကြောင်း၊ စာရေးသူနှင့် ဆရာမြတ်ကြီးတို့၏ ဆက်ဆံရေးအကြောင်းများကို စိတ်ဝင်စားကြသည်။ မိမိကိုယ်တိုင်ကလည်း အခါအားလျော်စွာ ရေးသားဖော်ပြခဲ့ဖူးသော်လည်း အချို့သော စာဖတ် ပရိတ်သတ်များမှာ အားမရသကဲ့သို့ ခံစားရသည်ဟု သိရသည်။ ထို့ကြောင့် အနည်းငယ် ဖွင့်အံ ရေးပြပါဦးမည်။ စာရေးသူသည် ဆရာမြတ်ကြီးအား အရမ်းကြည်ညိုသည်။ အကြောင်းအကျိုး တိုက်ဆိုင်စဉ်က ဆရာမြတ်ကြီးအား “တစ်လောကလုံးနဲ့ … Continue reading

Posted in Buddhism | Tagged , , , , | Comments Off on ဆရာမြတ်ကြီး နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ

ထိုက်တန်သ၍တော့ ပေးဆပ်ရသည်သာ

ထိုက်တန်သ၍တော့ ပေးဆပ်ရသည်သာ အောင်မြင်မှုတစ်ခုအတွက်ဖြစ်စေ ထိုက်တန်သမျှ ရင်းနှီးမြှုပ်နှံပေးဆပ်ရသည်မှာ ဓမ္မတာသဘာဝပင် ဖြစ်သည်။ မိမိဘ၀သည် ယခုကဲ့သို့ ပြောနိုင်ဆိုနိုင်ရန် ထိုက်တန်သမျှ ရင်းနှီးမြှုပ်နှံခဲ့ရသည်။ မိမိတရားလိုက်စဉ်က ပတ်ဝန်းကျင် တော်တော်များများက စောသေးသည်ဟု ယူဆကာ မိမိအား တစ်ကိုယ်ကောင်းဆန်သည်ဟု စွပ်စွဲခဲ့ကြဖူးသည်။ ထိုအခါ “တစ်ကိုယ်ကောင်းလုပ်ခြင်းသည် တစ်ကိုယ်မှ မကောင်းသော အခြေအနေထက် ပိုကောင်းသည်” ဟု မိမိက တုန့်ပြန်ပြောဆို ခဲ့ရဖူးသည်။ “တစ်ကိုယ်ကောင်းလျှင် ကောင်းသောပုဂ္ဂိုလ် အမှန်တကယ် အောင်မြင်သောအခါ ကျန်သောပုဂ္ဂိုလ်များကို ကောင်းရန် ကူညီနိုင်ပေလိမ့်မည် … မည်သူမျှ မကောင်းလျှင် … Continue reading

Posted in Buddhism | Leave a comment

Something about True Knowledge

Something about True Knowledge I am saying about true knowledge because I know it. And also I know how it can be obtained. Though I am saying the truth some peoples might not accept my saying, I know it. I … Continue reading

Posted in Buddhism & Science | Tagged | Leave a comment

MRTV4 မှ ထုတ်လွှင့်ခဲ့သော နိဗ္ဗာန်ဆီသို့ . . . ဆွေးနွေးခန်း အမေးအဖြေများ

ဗုဒ္ဓစာပေဆုရ စာရေးဆရာကြီး ဒေါက်တာချစ်ငယ် (ဒဿန)၏ MRTV-4 မှ ထုတ်လွှင့်ခဲ့သော ဆွေးနွေးခန်းအမေးအဖြေ MP3 များ ကို အပိုင်းလိုက် တင်သွားပေးမှာဖြစ်ပါတယ်။ Admin Part(1) Part(2) Part(3) Part(4) Part(5) Part(6) Part(7) Part(8) Part(9) Part(10) Part(11) Part(12) Part(13) Part(14) Part(15) Part(16) Part(17) Part(18) Part(19) Part(20) Part(21) Part(22) Part(23) Part(24) Part(25) Part(26) … Continue reading

Posted in Audio, Buddhism | Tagged | Leave a comment

အလှသစ္စာဖွေရှာစော၊ အလှသစ္စာဖွေရှာမော၊ အလှသစ္စာဖွေရှာသော

အလှသစ္စာဖွေရှာစော ကျွန်တော့်ဘ၀မှာ သစ္စာကိုရှာခဲ့ပါတယ်၊ တစ်ဖက်ကကြည့်ရင်လည်း သစ္စာ တရားရှာတာ စောလွန်းတယ်လို့တွက်ချင် စရာပါပဲ။ အိမ်ထောင်ကျပြီး သားသမီးတွေ ပုခက်ထဲမှာရှိတုန်း တရားရှာဖို့ အတွက် စတင်ပြင်ဆင်ခဲ့ပါတယ်။ ဒီတော့လည်း ထုံးစံအတိုင်း အိမ်ထောင်ရေး ပြဿနာတွေ ဖြစ်ပြီးတဲ့နောက်၊ အိမ်ထောင်နဲ့ ကွဲသွားခဲ့ပါတယ်။ ဒီလို ကွဲခြင်းဟာ ကောင်းတာရော ဆိုးတာရော ဒွန်တွဲများ နေသလားတော့ မသိဘူးပေါ့။ ကောင်းတယ်ဆိုတာ ဘာလည်းဆိုတော့ ကျွန်တော် ပြတ်ပြတ်သားသား တရားအားထုတ်လို့ရသွားပြီး အောင်မြင်သည်အထိ့ဖြစ်သွားတယ်။ ဆိုးတာက No tags for this post.

Posted in Buddhism | Leave a comment

ဗုဒ္ဓဘာသာနှင့်သိပ္ပံ —

ဗုဒ္ဓဘာသာနှင့်သိပ္ပံ ကမ္ဘာကြီးမှာ သိပ္ပံက လွှမ်းမိုးနေတယ်ဆိုတာ မြင်သာထင်သာပါတယ်။ ဒါပေမယ့် လွှမ်းမိုးတိုင်းအမှန် မဟုတ်ပါဘူး။ အချိန်အခါနဲ့ အခြေအနေကြောင့် လွှမ်းမိုးကြတာလည်းရှိတယ်၊ မှန်လို့မဟုတ်ဘူး။ လူအများက လက်ခံတယ်ဆိုတာလည်း ဒီအတိုင်းပဲ၊ အများကလက်ခံပေမယ့် အဲဒီ အများကိုယ်တိုင်က အမှန်ကိုထွင်း  ဖောက်မသိတဲ့ အခါကျတော့ သူတို့ဝင်စားရာ၊ သူတို့အထင်ကြီးရာကိုပဲ အထင်ကြီးကြတယ်။ ဒါဟာ သဘာဝ ပါပဲ။ သိပ္ပံက ရုပ်လောကရဲ့ အမှန်တရားကို ရှာပေးတာ၊ ကမ္ဘာကြီးကို သိပ္ပံက လွှမ်းမိုးနေတယ်ဆိုတာကို ထောက်ခံပါတယ်။ ဒါပေမယ့် သမိုင်းကြီးကို အရှည်ကြီးကြည့်ရင်တော့ Tags: Buddhism … Continue reading

Posted in Buddhism & Science | Tagged , , , | 1 Comment

Theory and Practice

Theory and Practice                  Studying literature is not sufficient for knowledge. Literature is colligaion of opinions. Truth can be realized by practical research. I learn a little bit of literature. But I practice a lot and I gain True Knowledge by … Continue reading

Posted in Buddhism | Tagged , , | 1 Comment

မှတ်စု​စာ​တိုများ (၁)

မှတ်စု​စာ​တိုများ(၁) www.chitnge.com စာ​ဖတ်ပ​ရိ​သတ်များ​ကို ဆရာြ​ကီးေ​ဒါက်တာချစ်င​ယ်(ဒဿ​န)၏ မှတ်စု​တိုများ​ကို အလျ​ဥ်း​သ​င်း​သ​လိုေ​ဖာ်ြ​ပေ​ပး​မ​ည်ြ​ဖ​စ်ေြ​ကာ​င်း သ​တ​င်းေ​ပး​အပ်ပါ​သ​ည် … မှတ်စုတိုများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ အမှန်တကယ် စိတ်ဝင်စားလျှ​င် ေ​တြ​႕​ၾ​က​ရေ​အာ​င​္ “က​ၽြ​န​္ေ​တာ​္​က တရား​သမား​ပါ၊ ဒီ​ေ​တာ့ က​ၽြ​န​္ေ​တာ့်​မှာ လာ​ဘ်မျှော်​ခံစား​လို​စိ​တ် မ​ရှိ​ဘူး၊ ဒါေ​ပ​မ​ယ့် နိ​ဗ​ၺာ​န​္ေ​တြ​႕​ၿ​ပီး​ေ​ၾ​ကာ​င​္း က​ၽြ​န​္ေ​တာ်​မြ​ကာ​ခဏြေ​ပာ​တ​ယ်။ ဒါ​ဘာ​လို့​​လ​ည်း​ဆို​ေ​တာ့ ျ​မန္မာ​ျ​ပည္လာ​ၿ​ပီး ဗု​ဒ​ၶ​ဘာသာ​ေ​လ့​လာ​တာ ဘာ​မွ​လ​ည​္း​မ​ဟုတ္ပါ​ဘူး​ဆို​ၿ​ပီး ျ​ပန္သြား​သူ​ေ​တြ​ကို ရည္ရြယ္လို​လို​႔ ျ​ဖစ္ပါ​တ​ယ်။ တ​က​ယ် စိတ်မ​ဝင်စားလျှ​င်ေ​န​ပါ၊ အမှန်တ​က​ယ် စိတ်ဝင်စား​တယ်ဆိုလျှ​င် ထိပ်တို​က်ေ​တွ့​​လို​က်ြ​က​ရေ​အာ​င် –ြ​ကိုး​စား​စီ​စ​ဥ်ြ​က​ည့်​ပါ .. … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ABOUT BUDDHISM

ABOUT BUDDHISM Buddhism is strange. When you know really about Buddhism then you know everything about Buddhism. But if you do not know about Buddhism really then you know NOTHING. This is because if you are enlightened then you know … Continue reading

Posted in Buddhism | Tagged , | Leave a comment

သိပ္ပံသြဇာနှင့်အားနည်းချက်များ

သိပ္ပံသြဇာနှင့်အားနည်းချက်များ ယနေ့ကမ္ဘာတွင် သိပ္ပံသည် သြဇာညောင်းသည်၊ လူ့သမိုင်းဆက်ဆံရေးကဏ္ဍတွင် သိပ္ပံပညာသည် လွန်စွာ ကျေးဇူးပြုသည်။ ထို့ကြောင့် လွန်စွာလည်း သြဇာအာဏာ သက်ရောက်သည်၊ မည်မျှသက်ရောက်သနည်းဟူမူ သိပ္ပံ၏အားနည်းချက်ကို မည်သူမျှ မထုတ်ဖော် ဖြစ်ကြချေ။ အမှန်မှာ သိပ္ပံသည် လူ့သမိုင်းကြီးအား ကျေးဇူးပြုနေသည်မှာ မှန်သည်၊ အထူးအလေးအနက် ကျေးဇူးပြုနေသည်ဆိုသည်ကို ထောက်ခံရမည် ဖြစ်သည်။ သို့သော် သိပ္ပံ၌ အားနည်းချက်ရှိသည်၊ သိပ္ပံအားနည်းချက် ရှိသည်ဆိုသည်မှာ ထင်ရှားပါသည်။ အဘယ့်ကြောင့်ဆိုသော် လွန်စွာ ကြော်ကြားသော သိပ္ပံပညာရှင်ကြီးများပင်လျှင် အားနည်းချက် Tags: ၀ိပဿနာ, Buddhism … Continue reading

Posted in Buddhism & Science | Tagged , , , , | Leave a comment