Monthly Archives: November 2011

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -15

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ အမရပူရမြို့ တက်သေးအင်း သင်္ချိုင်း၌ တရားအားထုတ်ခြင်း အမရပူရမြို့ တက်သေးအင်း သင်္ချိုင်း၌ တရားအားထုတ်ခြင်း             ဤနေ့ည အမရပူရမြို့ နန်းတော်ရာ စံပြကွက်သစ် အနောက်ဘက် ရှမ်းကလေးကျွန်း သာယာကုန်းရွာ အထူးတက်သေးအင်းစောင်းရှိ တက်သေးအင်းသုသာန်၌ဖြစ်သည်။ ကျွန်တော်သည် တရားအားထုတ်ရန် တက်ကြွနေသည်။ နိုးကြားနေသည်။ လန်းဆန်းနေသည်။ ပျော်ရွှင်နေသည်။ ကြိုးစားလိုက်မည်ဟူသော ဇွဲမှာလည်း ပြင်းထန်နေသည်။ စိတ်ဉာဏ်တို့မှာလည်း ပြတ်သားနေသည်။ တာတိုအပြေး အားကစားသမားများ တာအလွှတ်တွင် ထက်သန်တက်ကြွ အားပြည့်နေသကဲ့သို့ ထက်ထက်သန်သန်ရှိနေသည်။ မကြာမီ သုသာန် … Continue reading

Posted in Buddhism | Tagged , , | Comments Off on အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -15

ပျံ့မွှန်းမွှေးလှိုင်ကြူ -29

ပျံ့မွှန်းမွှေးလှိုင်ကြူ ကိလေသာ ကုန်ခန်းခြင်း ကိလေသာ ကုန်ခန်းစေသော ကျင့်စဉ်မှာ ၀ိပဿနာ နည်းပညာဖြစ်သည်။ ၀ိပဿနာ နည်းပညာ ဆိုသည်မှာ အဘယ်နည်း။ ပေါ်လာသမျှ စိတ်တို့ကို ဉာဏ်ဖြင့် အပျက်ရှုသတ်ရသော နည်းပင်ဖြစ်သည်။ ထိုသို့ အပျက်ရှုသောအခါ မည်သည့် အကျိုးထူးများ ရရှိနိုင်ပြီးနောက် ကိလေသာများ ကုန်ခန်းပြီး ရဟန္တာ ဖြစ်နိုင်ပါသနည်း။ ရှေးဦးစွာ ပေါ်စိတ်ကို အနိစ္စ ရှုသတ်သဖြင့် ရှုသောဉာဏ်သည် အင်အားကောင်းလာခြင်း အရှုခံ အပယ်ခံ အသတ်ခံ စိတ်တို့သည် ကိလေသာလျော့ပါးခြင်း တည်းဟူသော Tags: ၀ိပဿနာ, … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဗုဒ္ဓဘာသာရေးရာ နှင့် ဒဿနပညာစိတ်ဝင်စားဖွယ်ရာများ

ဗုဒ္ဓဘာသာရေးရာ နှင့် ဒဿနပညာစိတ်ဝင်စားဖွယ်ရာများ အတွေးအခေါ်ဝါသနာထုံသူ လူကြီးလူငယ်များအတွက် အထူးတင်ဆက်ပေးပါသည် .. .. အပိုင်း(၁) လူငယ်အချို့မှာ ဒဿနပညာကို စိတ်ဝင်စားကြသည်။ အနည်းငယ်မှာမူ ဗုဒ္ဓဘာသာကို စိတ်ဝင်တစား လေ့လာကြသည်။ ထိုလူငယ်များအတွက် မိမိလေ့လာထားသော အချက်အလက်အချို့ကို တင်ပြ အားပေးလိုသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးထုတ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဒဿနပညာသည် လောကီကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာမှာမူ လောကုတ္တရာအထိ တိုးမြှင့်ပေါက်မြောက် သည်။ အဓိကအားဖြင့် ဒဿနပညာ၏ ရည်ရွယ်ချက်မှာ အသိပညာ ချစ်မြတ်နိုးရာဖြစ်၍ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်ပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်သည်။ နိဗ္ဗာန်အကြောင်းကိုတော့မူ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -14

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ မန္တလေးမြို့ ခံကုန်း သင်္ချိုင်း၌ တရားအားထုတ်ခြင်း ခံကုန်း သင်္ချိုင်းဟုဆိုလျှင် မန္တလေးတောင်ကို အလယ်ဗဟိုထားကာ အုတ်စက်သင်္ချိုင်းနှင့် တစ်ဘက်တစ်ချက်စီ တည်နေပေသည်။ အုတ်စက်သင်္ချိုင်းသည် မန်းတောင်တော်၏ အရှေ့ဘက်၌ တည်ရှိသကဲ့သို့ ခံကုန်းသင်္ချိုင်းသည် မန်းတောင်တော်၏ အနောက်ဘက်ဟု ဆိုရပေမည်။ သို့သော ခံကုန်းသုသာန်မှာ မြောက်ဘက်သို့ အနည်းငယ် ယွန်းနေသည်။ မန်းတောင်၏ ရာဟုထောင့်ဟု ဆိုရမည်ကဲ့သို့ အနောက်မြောက်တွင် တည်ရှိနေလေသည်။ ကျွန်တော်သည် ဤသုသာန်သို့ နေ့လည်က ဂျစ်ကားနှင့် အခြေအနေ လာရောက် လေ့လာခဲ့သေးသည်။ ညဘက်တွင်မူ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -28

  နိဗ္ဗာန်သည် ဘာမှ မရှိဟုဆိုရာဝယ် နိဗ္ဗာန်သည် ဘာမှမရှိပါ။ သုညတကြီးမို့ ဘာတစ်ခုမှ မရှိပါဟု ဆိုရာ၌ ဘာမှမရှိ၊ ဘာတစ်ခုမှ မရှိဟုဆိုသော အနက်သဘောကို မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုပါမည်နည်း။ ဘာတခုမှ မရှိဟု ဆိုရာဝယ် ဒုက္ခနှင့် ပတ်သက်၍ ဘာတခုမှ မရှိခြင်းကို ဆိုလိုပေသည်။ ဒုက္ခမရှိလျှင် သုခတော့ ရှိသလားဟု မေးမြန်းနိုင်ပါသည်။ သုခရှိသည်ဟု ဖြေဆိုရပါလိမ့်မည်။ နိဗ္ဗာန်တွင် စိတ် ရုပ်တို့ ချုပ်ငြိမ်း ရုပ်သိမ်းသွားသည်ဖြစ်၍ မည်သို့ သုခရှိနိုင်ပါမည်နည်းဟု စောကြောနိုင်သည်။ နိဗ္ဗာန်တွင် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -13

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ မန္တလေးမြို့ တံတါးကျိုး သင်္ချိုင်း၌ တရားအားထုတ်ခြင်း             တံတားကျိုး သုသာန်သို့ သွားသောအခါမူ ကျွန်တော်သည် အေးအေးဆေးဆေးပင် ဖြစ်နေသည်။ တံတာကျိုးသုသာန်သည် မန္တလေးမြို့၏ အနောက်မြောက်ထောင့် အစွန်တွင်ရှိသည်။ ရေကြီးသောအခါ သုသာန်နှုတ်ခမ်းအထိ ဧရာဝတီ မြစ်ရေရောက်လျက် သာယာသော မြစ်ဆိပ်ကမ်းကဲ့သို့ ပဏာတဲ့လှသည်။ အခက်အလက်၊ အရွက်ထူထဲလှသော သစ်ပင်အုပ်ကြီးများသည် ကောင်းစွာ အရိပ်ကိုပေးလျက် လေလုံမိုးလုံ ခိုနိုင်အောင်ပင် ကြီးမားအုံ့ဆိုင်းလှတော့သည်။ ကျွန်တော်သည် Tags: Buddhism, Myanmar Posts, သင်္ချိုင်း

Posted in Buddhism | Tagged , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -27

ပျံ့မွှန်းမွှေးလှိုင်ကြူ\ နိဗ္ဗာန်ကို မျက်မှောက်ပြုနည်း * နိဗ္ဗာန်သည် ရုပ်နာမ်၏ ချုပ်ရာဖြစ်သည်။ * နိဗ္ဗာန်သည် ဒုက္ခကို လက်မခံပါ။ * ဒုက္ခသည် အလိုလို မချုပ်ပါ။ * သမုဒယကိုသတ်မှ ဒုက္ခသေပါသည်။ * နိဗ္ဗာန် မျက်မှောက်ပြုလိုသူသည် သမုဒယကို သတ်နိုင်ရပါလိမ့်မည်။ * သမုဒယ ရှင်သန်နေသေးသမျှတော့ နိဗ္ဗာန်နှင့် နီးစပ်နိုင်မည် မဟုတ်ပါ။ * ထိုသို့ဆိုသဖြင့် နိဗ္ဗာန် မျက်မှောက်ပြုနေခြင်း သည်ပင်လျှင် Tags: Buddhism, Myanmar Posts, ပျံ့မွှန်းမွှေးလှိုင်ကြူ

Posted in Buddhism | Tagged , , | Leave a comment

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -12

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ မန္တလေးမြို့ ဦးကော သင်္ချိုင်း၌ တရားအားထုတ်ခြင်း             ဦးကော သုဿန်သည် မန္တလေးနန်းတော် အရှေ့တောင်ယွန်းယွန်း အောင်တော်မူရပ်ကွက် မာန်အောင် ကျောင်းတိုက်မှတဆင့် မြို့ပြင်အရှေ့ဘက်သို့ ထွက်ရသည်။ သုသာန်၌ ညအခါ တရာထိုင်လျှင် သရဲတစ္ဆထက် လူဆိုးသူခိုး အထင်ခံရမည်ကို ပိုမို၍ ကြောက်ရကြောင်း သတင်းစကားရထားသည်။  ကျွန်တော်သည် မန္တလေး အနီးတ၀ိုက်ရှိ သုသာန်များကို မကြွင်းမကျန်ရအောင် အားထုတ်ဖူးလိုသော ဆန္ဒပြင်းပြသည်ဖြစ်၍ ထိုသုသာန်သို့ အောင်တော်မူမှ ဖြတ်၍သွားလိုက်သည်။ `          ဦးကောသုသာန်သည် Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -26

ပျံ့မွှန်းမွှေးလှိုင်ကြူ ခန္ဓာဇတ်သိမ်း လွတ်ငြိမ်းရာရှာ ရုပ်နာမ်ကို မုန်းလိုသူတို့သည် ရှေးဦးစွာ စိတ်နှင့် မမုန်းနှင့် ဉာဏ်နှင့်မုန်းပါဟု အကြံပြုလိုသည်။ ဉာဏ်မှာ မုန်းရန် အင်အားမပြည့်စုံသေးပါဟုဆိုလျှင် ဉာဏ်အင်အား မကောင်းမီ ဉာဏ်ဦးစီး၍ လုပ်ကြံမုန်းပစ်လိုက်ပါဟု တိုက်တွန်းလိုပါသည်။ လုပ်ကြံမမုန်းသေးသမျှ အစစ်အမှန် မုန်းတီးလာနိုင်စရာ အကြောင်းမရှိချေ။ အဘယ့်ကြောင့်ဆိုသော် ပုထုဇဉ်များအနေနှင့် တသံသရာလုံးက ချစ်ခင်လာခဲ့သောကြောင့်ပေတည်း။ ခန္ဓာဇတ်သိမ်း လွတ်ငြိမ်းရာ ရှာဖွေလိုသူတို့သည် Tags: Buddhism, Myanmar Posts, ပျံ့မွှန်းမွှေးလှိုင်ကြူ

Posted in Buddhism | Tagged , , | Leave a comment

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -11

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ အမရပူရမြို့ လင်းဇင်းကုန်း သင်္ချိုင်း၌ တရားအားထုတ်ခြင်း             ကျွန်တော့အား အတွင်းသိပုဂ္ဂိုလ်များက သမာဓိ တော်တော် ကောင်းနေသည်မို့သာ ဒီသုသာန်ကို သွားတာဖြစ်မယ်ဟု ကြိတ်၍ကောက်ချက်ချနေကြကြောင်း အပေါင်းအသင်းများထံမှ တစ်ဆင့်သိခဲ့ရသည်။ ထိုသို့ ကောက်ချက်ချသူများသည် လူဝတ်ကြောင်များမဟုတ်၊ သံဃာတော်များဖြစ်လျက် ရည်ညွှန်းသော သုသာန်မှာ လင်းဇင်းကုန်း သုသာန်ပင်ဖြစ်သည်။ လင်းဇင်းကုန်းသုသာန်ဆိုသည်မှာ ခရစ်ယာန်၊ မူဆလင်၊ မြန်မာ – သင်္ချိုင်း သုံးခုပေါင်းဆုံရာ အမရပူရ တောင်သမန် အင်းစောင်းတွင် တည်ရှိသည်။ ထိုအင်းစောင်းသည် တောင်သမန်အင်း ရေတက်သောအခါ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -10

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ မန္တလေးမြို့ အုတ်စက် သင်္ချိုင်း၌ တရားအားထုတ်ခြင်း အုတ်စက်သင်္ချိုင်းသည် မန္တလေးတောင် အရှေ့ဘက်မှ ဖြတ်၍သွားရသည်။ အနီးအနားတွင် စစ်တပ်ရှိသည်ဖြစ်၍ ကျွန်တော်ည တရားအားထုတ်မည်ဆိုသော သတင်းကို ကြိုတင်ပေးထားလိုက်သည်။ နာမည်ကြီးသော အုတ်စက်သင်္ချိုင်းသည် ဂူတို့ဖြင့်သာ အစီအရီ သပ်သပ်ရပ်ရပ် ပြည့်နှက်လျက်ရှိသည်။ ကျွန်တော်တွေ့မြင်ရသလောက်ဆိုလျှင် ရွှေမန်းတင်မောင်၏ ဂူနှင့် ၀င်းကလေးသည် ထူးထူးခြားခြား ဆန်းပြားနေသည်။ ထိုသင်္ချိုင်း၌ ကျွန်တော်၏ဦးလေး ဦးမောင်ကို၏ ဂူရှိသည်။ ထိုဂူကြီးလည်း ကြီးသည်ဖြစ်၍ တရားစတင်အားထုတ်ရန် အရွေးခံလိုက်ရသည်။ အနောက်ဘက် မလှမ်းမကမ်းတွင် မန္တလေးတောင်မှ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -25

  နှိုင်းနှိုင်းချိန်ချိန် သုခမိန်             တစုံတခုကို လုပ်ကိုင်ဆောင်ရွက်တော့မည် ရှိသောအခါတိုင်း နှိုင်းနှိုင်းချိန်ချိန် သုခမိန်သို့ ပညိနြေ္ဒ သိမ်မွေ့စေရန် အရေးကြီးပေသည်။ ဉာဏ်အမြော်အမြင် ချိန်ဆတွက်ချက်မှု မပြုဘဲ အရမ်းဆင်ကန်းတောတိုး မလုပ်ဆောင်သင့်ပေ။ လုပ်ဆောင်ရသော ကိစ္စတိုင်း၌ ရည်မှန်းချက်၊ ရည်ရွယ်ချက် ထားရှိရသည်သာ ဖြစ်လေသည်။ ရည်မှန်းချက်၊ ရည်စူးချက် မရှိဘဲ မည်သည့်ကိစ္စမှ အရမ်းလုပ်ကိုင်ဆောင်ရွက်ခြင်း မပြုသင့်ပေ။ မိမိ၏ လုပ်ဆောင်ချက်သည် မိမိ ရည်မှန်းချက်အတွက် ထိရောက်စွာ Tags: Buddhism, Myanmar Posts, ကမ္ဘာ

Posted in Buddhism | Tagged , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -24

ပျံ့မွှန်းမွှေးလှိုင်ကြူ အတွင်းအောင်မြင်ခြင်း             လူသည် အတွင်းအောင်မြင်ရန် အထူး အရေးကြီးလေသည်။ အတွင်းအောင်မြင် ပြီးစီးသွားလျှင် အပြင်အတွက် ပူပန်စရာ မလိုတော့ချေ။ အတွင်းသည် အနှစ်သာရပိုင်းဖြစ်၍ အပြင်သည် အသွင်သဏ္ဍန်ပိုင်း ဖြစ်သည်။ အနှစ်သာရပိုင်း အောင်မြင်ပြီးလျှင် အသွင်သဏ္ဍန်ပိုင်းအတွက် အကြောင်းပြုစရာ မလိုတော့ချေ။ အကြောင်းလဲ ပြုတော့မည် မဟုတ်တော့ချေ။ လူသည် အပြင်ကို မမှီခိုအပ်၊ အတွင်းအောင်မြင်နိုင်ရေးအတွက်သာ မှီခိုအပ်သည်။ အတွင်းသည် အောင်မြင်နိုင်ခဲ၏။ အတွင်းတကာ့ အတွင်းပိုင်းတို့တွင် စိတ်၏ ဟိုး အတွင်းပိုင်းကို အောင်မြင်နိုင်မှသာလျှင် အမှန်တကယ် Tags: … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -09

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ အပိုင်း(၆) ကျွန်တော့ဘ၀မှာ အောင်မြင်ခြင်းတွေဟာ အကြောင်းမဲ့ဖြစ်ပေါ်လာတယ်လို့တော့ မခံယူပေဘူး။ဘ၀မှာ ကျွန်တော်အောင်မြင်ဘူးပါတယ်။ အောင်မြင်တာတွေဟာ အကြောင်းခံတရား ပြည့်စုံလုံလောက်လို့ပဲလို့ နားလည်ခံစားမိပါတယ်။ အဓိကကတော့ မြတ်စွာဘုရားနဲ့ဆရာမြတ်ကြီး အရိယာသူတော်ကောင်းတွေရဲ့ မေတ္တာနဲ့ သာသနာ့ရဲ့အရိပ်ခိုမိလို့ အောင်မြင်တဲ့သဘောလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ ကျွန်တော်ဟာ သိတဲ့ကိစ္စတွေတော့သိတယ်။ ဥပမာ — သင်္ချိုင်းကုန်းမှာ Tags: Buddhism, Myanmar Posts, သင်္ချိုင်း

Posted in Buddhism | Tagged , , | Leave a comment

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -08

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ အပိုင်း(၅) စာရေးသူသည် ဆရာမြတ်ကြီးကို လွန်စွာ ချစ်ကြည်ညိုသည်။ ဤအကြောင်းကို ယောဂီ တော်တော်များများ သိနားလည်ထားကြပါသည်။ ဆရာမြတ်ကြီးနှင့် မိမိ၏ဆက်ဆံရေးကို တစ်ချို့ကလည်း စိတ်ဝင်စားကြသည်။ မိမိသည် ဆရာမြတ်ကြီးကို လွန်စွာ ချစ်ကြည်ညိုသဖြင့် ဘ၀ပေး ပုံအော လိုက်ခဲ့သည်။ သို့သော် ဆရာ့ထံ မရောက်သေးမီ ဆရာမြတ်ကြီးသည် သုဿာန်သင်္ချိုင်းများ၌ တရား ထိုင်တော်မူခဲ့သည်။ မိမိသည် ထိုအချိန်က တက္ကသိုလ်၌ ရစ်မြောနေပုံရသည်။ ဆရာမြတ်ကြီး အမှန်တကယ် ခန္ဓာဝန်ချတော်မူသွားသော အခါ မိမိသည် ကိုယ့်ကိုယ်ကို … Continue reading

Posted in Buddhism | Tagged , , | Leave a comment