Monthly Archives: September 2011

မြတ်ပန်းမွှေးလှိုင်ကြူ -45

မြတ်ပန်းမွှေးလှိုင်ကြူ ရွှေစက်တော် ဒုတိယနေ့ အဓိဋ္ဌာန်ဝင်ခြင်း     “ရတနာမြတ်သုံးပါးမှ တပါး အခြား ကိုးကွယ်ရာ၊ ဆည်းကပ်ရာ ဘာတစ်ခုမျှ မရှိပြီ” ဟူသော အသိဖြင့် အဓိဋ္ဌာန်ဝင်မည် ဖြစ်သည်။   အချို့ကငွေကို၎င်း၊ ပကာသနကို၎င်း၊ သြဇာတိက္ကမကို၎င်း၊ ကိုးကွယ်ဆည်းကပ်ကြသည်၊ မမြင့်မြတ် သေးသော ကိုးကွယ်မှုပင်တည်း။ မြင့်မြတ်သော ကိုးကွယ်ဆည်းကပ်မှုမှာ-ရတနာမြတ်သုံးပါးကို အားကိုးအားထား ပြုခြင်းပင်ဖြစ်သည်။ “ဖြစ်ပေါ်လာသမျှသော ရုပ်နာမ်အပေါ် ရတနာမြတ်သုံးပါးအား ကိုးကွယ်ဆည်းကပ်မှုဖြင့် ဖြတ်ထုတ်ပယ်သတ် ပိုင်းဖြတ်မည်” ဤမည်သော ရည်ရွယ်ချက်ဖြင့် မှန်းချက်ပေါက်မြောက်အောင် တရားထိုင် အဓိဋ္ဌာန်ဝင်မည်ဟု … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -44

မြတ်ပန်းမွှေးလှိုင်ကြူ ရွှေစက်တော် ဒုတိယနေ့ ဆွမ်းခံထွက်ခြင်း ဆွမ်းခံထွက်ရာ မန်းချောင်းကို ဖြတ်ကူးရသည်၊ ချောင်းရေမှာ ကြည်လင်သဖြင့် တောင်ဆုတ်ခန့်ဟု မှန်းဆသော်လည်း ပေါင်လယ်လောက်ရောက် ရေအနက်ကို ဖြတ်ရသည်။ ဟိုတစ်ဖတ်ကမ်း ရောက်ပြီးမှ သင်္ကန်းရုံသည်။ ဖိနပ်ချွတ်ခဲ့ရာ ကျောက်စရစ်တုံးများကြောင့် ဖ၀ါးကြိမ်းသည်။ နောက်တစ်ကြိမ်တွင် ဆွမ်းခံထွက်လျှင် ဖိနပ်စီးခဲ့ပြီး ရွာထိပ်ရောက်မှချွတ်မည်။ ခိုးယူမည့်လူ မရှိချေ။ ဤမြေ ဤဌာနသည် အေးမြငြိမ်းချမ်း၏။ သင်္ကန်းလှမ်းပြီး ကျောက်တုံးဖိထား၊ ခရီးသွားပြန်လာမှ ယူရ၏။ ပျောက်ရှခြင်း လုံးဝမရှိ။ ကိုယ့်ပစ္စည်း ကိုယ်သာပိုင်သည်။ မဆိုင်ရာကို အလိုမရှိကြ။ ဆွမ်းခံချိန်မှာ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -43

မြတ်ပန်းမွှေးလှိုင်ကြူ ရွှေစက်တော် ဒုတိယနေ့ နံနက် အရုဏ်တက်တွင် ဘုရားဆီမီး ပူဇော်၍ ခဲဘွယ် ဘောဇဉ် ချိုချဉ် ရသာစုံတို့ဖြင့် ကပ်လှူပူဇော် ပါသည်။ ဉာဏ်ပညာများ ကြည်လင်ပြတ်သားလျက် ရှိသည်။ ရွှေစက်တော်၌ ရက်ရှည် သီတင်းသုံးနိုင်သည် ဖြစ်၍ အေးအေးဆေးဆေးနှင့် အကွက်စေ့စေ့ လုပ်ကိုင်ဆောင်ရွက်ရန် စိတ်ကူးကြံစီထားသည်။ တရား အလုပ်လုပ်ချိန် တရားသဘော စောကြောသုံးသပ်ချိန် ဝေယျာဝစ္စလုပ်ချိန်၊ အနာဂတ်အတွက် စီစဉ် အကြံထုတ်ချိန် စသည်တို့ကို ကန့်သတ် သတ်မှတ်ရန် အချိန်စာရင်း ရေးဆွဲထားရန်ဖြစ်သည်။ ဘုရားဝတ်ပြုသည်မှ အစ ကိုယ်လက်သန့်စင် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -42

မြတ်ပန်းမွှေးလှိုင်ကြူ ရွှေစက်တော်ပထမနေ့ ရှိတာတွေ မရှိအောင်လုပ်ခြင်း တရားအားထုတ်သောအခါ မိမိခန္ဓာအတွင်း အဇ္ဈတ္တ ဟဒယ၌ ရှိနေသည်များကို မရှိစေရန် ကျင့်ကြံပွားများ အားထုတ်ရသည်။ ရင်တွင်း၌ရှိနေသည့် ဒုက္ခတရားများကို ကုန်စင်အောင် အနိစ္စလက္ခဏာ တင်ရ၏။ ရှုတတ်ရ၏။ ရင်ထဲ၌ ရှိနေသည်များ ကုန်စင်သွား၍ မရှိတော့သည့်အခါ မရှိသည့် အရာရှိလာမည် ဖြစ်သည်။ ထိုအခါ ချမ်းသာလာမည် ဖြစ်တော့၏။ ဒုက္ခဆုံးလျှင် သုခပင်တည်း။ လိုရင်မှာ ချမ်းသာရန်ဖြစ်သည်။ ဒုက္ခဖြစ်နေ ရှိနေလျှင် မည်သည့်နည်းနှင့်မျှ ချမ်းသာနိုင်မည် မဟုတ်။ ထွက်၍ ပြေးစကောင်း သည်လည်းမဟုတ်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -41

မြတ်ပန်းမွှေးလှိုင်ကြူ   ငြိမ်းအေးစေလို မန်းစက်တော်ရိပ်ခို မန်းစက်တော်ရာဘုရားသို့ ဦးတိုက်ရောက်ရှိပါသည်။ အောက်စက်တော်ရာကို ယခုအခါ အင်္ဂတေ မွန်းမံပိတ်ဆို့ ဖုံးအုပ်ထားပါသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ရည်စူး၍ ဦးနှိမ်ချလိုက်ပါသည်။ ဤနေရာ ဤဌာနသို့ ဆရာမြတ်နှင့် ရောက်ခဲ့ဖူးသည်မှာ ကြာပါပြီ။ ထိုစဉ်ထိုကာလက ပွဲတော်ရက် ကျနေသဖြင့် လွန်စွာမှ စည်ကားသိုက်မြိုက် လှပါသည်။ ဈေးတန်းနှင့် တည်းခိုခန်းများမှာလည်း အပြည့်အသိပ် ဖြစ်ပါ၏။ ဘုရားဖူး ပရိသတ်မှာ ကြက်ပျံမကျ စည်ကားသိုက်မြိုက်လှပါသည်။ ဆရာမြတ်သည် အပင်ပန်းခံ၍ အဓိကရ ဌာနကြီးများသို့ ပို့ပေးချီးမြင့်တော်မူခဲ့ရာ ဤစက်တော်ရာ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -40

မြတ်ပန်းမွှေးလှိုင်ကြူ ရွှေစက်တော်ပထမနေ့ မကွေးမြသလွန်တွင် တရားအားထုတ်ပြီး ရွှေစက်တော်သို့ ကူးနိုင်ရန် မင်းဘူးမြိုးမှတဆင့် ငဖဲသို့ ကားဖြင့် ထွက်ခဲ့သည်။ လမ်းခရီး၌ ဆင်ဂေါင်း ပျော်ဘွယ် ပဒန်း ပတိမ်း စသောရွာများကို ဖြတ်သန်းခဲ့သည်။ ရွာတိုင်းလိုပင် စည်းရိုးထူထပ်စွာ ကာရံထားကြပေသည်။ ငဖဲမြို့တွင် တစ်ညကျိန်းမည်။ ထိုမှ နွားလှည်းဖြင့် ရွှေစက်တော်သို့ သွားရပေမည်။ ငဖဲမြို့သည် အလွန်သေးငယ်သောမြို့ (သို့မဟုတ်) ရွာကြီးတစ်ရွာမျှသာ ဖြစ်သည်။ ငဖဲမြို့နယ် တွင် ကောင်စီရုံးစိုက်ပြီး ရဲဌာန၊ ဆေးရုံ၊ ရုံးများရှိသော်လည်း ပတိမ်း ပဒန်း ရွာများနည်းတူ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ – 39

မြတ်ပန်းမွှေးလှိုင်ကြူ မကွေး မြသလွန်ရင်ပြင်တော်ပေါ်ဝယ် မိမိသည် ခန္ဓာဉာဏ်စိုက်၍ ပေါ်သလောက်လိုက်မည်ဟု အဓိဋ္ဌာန်ပြုလိုက်ပြန်သည်။ ခန္ဓာကိုယ်မှာ မပြတ်မလပ် ပယ်သတ်ပိုင်းဖြတ် ခဲ့ပြီးဖြစ်၍ ရှုသတ်ရန် ထုနှင့်ထယ်နှင့် မရှိလှပေ။ အငွေ့အသက်နှင့် ၀ိုးတ၀ါး မှုံဝါးဝါးမျှသာ တခါတရံ ကျန်ရှိသည်။ မိမိ၏ ဉာဏ်သည် မိမိ၏ ခန္ဓာ၌ ထိုးဖောက်ဝင်ရောက် လှည့်ကစား သွားသည်။ အောင်မြင်သည်ဟု ဆိုရပါမည်။ ချောချောချူချူပင် ဉာဏ်သည် ခန္ဓာအပေါ် အောင်နိုင်စိုးမိုးသွားသည်။ ဆရာမြတ်၏ ဂုဏ်ကျေးဇူးတော်အား အထပ်ထပ် အဖန်ဖန် ဆင်ခြင်မိပြန်သည်။ အမြော်အမြင် ကြီးမားပေစွ တကား။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မှန်ကန်တဲ့ သစ္စာတရား အကြောင်းတွေ .. ..

မှန်ကန်တဲ့ သစ္စာတရား အကြောင်းတွေ .. .. ဒေါက်တာချစ်ငယ်ရဲ့ ငယ်မူလက်ရာများဖြစ်တဲ့ ဉာဏ်ပန်းမွှေးလှိုင်ကြူ၊ မြတ်ပန်းမွှေးလှိုင်ကြူ တို့ကို တစ်ဖက်တစ်လမ်းက တင်ဆက်နေကြောင်း သိရပါတယ် .. ..  စာဖတ်ပရိသတ်ကြီးရှိလို့ ၀မ်းမြောက် ၀မ်းသာလည်း ဖြစ်ရပါတယ်။ တစ်ချိန်ကတော့ ဖြတ်သန်းခဲ့ရတာပေါ့ –  လောကီကိုလည်း စွန့်ခဲ့ရတာပေါ့၊ သားတစ်ယောက် သမီးတစ်ယောက်နဲ့ မိသားစု သုံးဦးကို စွန့်ပြီးနောက် သစ္စာတရားနောက် ကောက်ကောက် ပါအောင် လိုက်ခဲ့တဲ့ ဘ၀တစ်ခုပါပဲ။ လွယ်တော့ မလွယ်ဘူးပေါ့၊ လောကီကို အပြတ်စွန့်ပြီး လောကုတ္တရာထဲကို တက်လှမ်းကာ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -38

မြတ်ပန်းမွှေးလှိုင်ကြူ မကွေး မြသလွန်ရင်ပြင်တော်ပေါ်ဝယ် မြသလွန် ဘုရားခြေတော်ရင်းသို့ ၀ပ်စင်းခညောင်း နိုင်ပေပြီ။ မြတ်ဘုရား၏ သလွန်တော်တည်ရာဌာနမို့ သာတောင့်သာယာ ရှိလှပါပေသည်။ ဧရာဝတီ မြစ်ကမ်းနဖူးဝယ် တည်ငြိမ်တင့်မောဖွယ် ရပ်တည်တော်မူနေသော စေတီမြတ်၏ သပ္ပါယ်ပုံမှာ ဖူးမြင်သူအပေါင်းကို ကြည်နူးနှစ်သိမ့်စေနိုင်သည်။ န၀ဒေးကြီးက ဆိုခဲ့သည်။ `လူနတ်တံခွန်၊ စောဘုန်းရှင်လျှင်၊ ပုဂ္ဂန္တပ္ပ၊ တိုင်းသို့ကြွ၍၊ ဌာနတည်ဝယ်၊ ရက်ကိုးဆယ်လျှင်၊ စံပယ်ပျံ့ပျူး၊ ပျော်ခဲ့ဘူးသား၊ ကျေးဇူးများမြောင်၊ နှစ်ငါးထောင်လျှင်၊ မြဲနှောင်မြင့်ရှည်၊ တည်စိမ့်သည်ဟု၊ သုံးမည်လူ့ထိပ်၊ မြွက်ခဲ့ရိပ်က၊ ပတ်ချိပ်နီးဝေး၊ ထွန်းလျှံပြေးသည်၊ မကွေးမြသလွန်တကား´။ စာဖွဲ့ရသည့် စေတီမြတ်ပါပေ။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -37

မြတ်ပန်းမွှေးလှိုင်ကြူ ပုပ္ပါးတောင်မကြီးသို့ မန္တလေးမှ လောင်းလှူလိုက်သော ဆွမ်းကို မိတ္ထီလာကန်စောင်း၌ ဘုဉ်းပေးပြီးနောက် ကျောက်ပန်းတောင်းသို့ ခရီးဆက်ခဲ့သည်။ ကျောက်ပန်းတောင်းရောက်ချိန် နောက်ကျသဖြင့် တစ်ကြောင်း၊ ယောဂီကြီး ဦးရွှေ၊ သမီး ဒေါ်ခင်စောအေးတို့၏ ပင့်လျှောက် တောင်းပန်ချက်ကြောင့် တစ်ကြောင်း၊ ကျောက်ပန်းတောင်း မြို့လေးမှာပင် ကျိန်းစက်လိုက်သည်။ နံနက်တွင် ပုပ္ပါးတောင်မကြီးသို့ တက်မည်ဖြစ်ရာ ဦးရွှေသည် ကျောက်ပန်းတောင်း မြို့သားဖြစ်၍ ပုပ္ပါးနှင့် ရင်းနှီးလေရာ သင့်တော်မည့် အဓိဋ္ဌာန်ဝင်ရန် စခန်းများကို လိုက်လံပြသ ပေးပေသည်။ ကျောက်ပန်းတောင်းမြို့သည် ပုပ္ပါးနှင့် ၈ မိုင်ခန့် ကွာတွင်တည်ရှိပြီး … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -36

မြတ်ပန်းမွှေးလှိုင်ကြူ   ခိုနန်းရေယာဉ် လှိုဏ်ဂူမှ ရွှေစက်တော်သို့ သွားရာ လမ်းခရီးတွင် မိတ္ထီလာ၌ ခေတ္တနားသည် မိမိသည် လူတွေနှင့် စကားမပြောချင်သေး၍ တောထွက်ပြီး အဓိဋ္ဌာန်ဝင်ခြင်းဖြစ်သည်။ တောသို့ထွက်ရာ ၌ လမ်းခရီးတွင် ဖြစ်သလို သီတင်းသုံးသည်။ ကြိုတင်စီစဉ်မှုများ ထားရှိခြင်းကို မလိုလား။ တိုက်ဆိုင်ကြုံကြိုက် သလို နေထိုင်သွားလာရန် အလိုရှိသည်။ မိတ်ဆွေအရှာ ထွက်ခြင်းမဟုတ်။ တရားအရှာ ထွက်ခြင်းဖြစ်၏။ တရားရှာထွက်ခြင်း ဟုဆိုရာ၊ တရားရရာရကြောင်း နည်းလမ်းကောင်းကို ရှာဖွေရန် ထွက်ခဲ့ခြင်းမျိုးမဟုတ်၊ နည်းလမ်းကို သိပြီးဖြစ်သည်။ ထို နည်းလမ်းကျင့်စဉ်ကို … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -35

မြတ်ပန်းမွှေးလှိုင်ကြူ   လမ်းညွှန်ချက်     (၁) သုခအတုကို သုခအစစ် မဟုတ်သဖြင့် ဒုက္ခဟုသာယူပါ။ (ထိုအခါမှ ရာနှုန်းပြည့်သော သုခကို ရနိုင်မည်) (၂) ထိုသုခ အတုသည် ပျက်နေသည်။ ပျက်နေခြင်းကို ဟန့်တား၍မရ။ အနှစ်သာရ လိုက်ရှာသော် ပျက်နေသဖြင့် မပိုင်ဆိုင်အပ်ကြောင်းသာ ထပ်လောင်း၍ အသိဉာဏ်ထဲ၌ ဖြစ်ပေါ်လာသည်။ ထိုအခါ ပထမ သုခ၏ အပျက်ကို သိမြင် ထိုးထွင်းလိုက်သောဉာဏ် ပညာအမြော်အမြင် ဆင်ခြင်မှု စွမ်းပကားသည် သုခအစစ်ကို တည်ဆောက်ဖွဲ့စည်း ဖြစ်ပေါ်စေသော အဓိက လိုရင်း အနှစ်သာရ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

နာမ်ချုပ်သော် .. ..

နာမ်ချုပ်သော် .. ..   သစ္စာဝါဒီများ — နာမ်ဆိုတာ အကြောင်းမဲ့ ချုပ်တာတော့ မဟုတ်ဘူး၊ နာမ်ကို သတ်ရတာပေါ့နော် – နာမ်ကို ချုပ်အောင်သတ်နိုင်ရင် ဉာဏ်ပေါ်တယ် – အဲဒီဟာ လောကုတ္တရာဉာဏ်၊ လောကီဉာဏ် မဟုတ်ဘူး။ လောကုတ္တရာဉာဏ် ဆိုတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပေါ့၊ အရိယာရဲ့ဉာဏ်။ အဲဒီ အရိယာဉာဏ်ရရင် မဂ်ဉာဏ်က ဖိုလ်ဉာဏ်ကူးပြီး၊ ဖိုလ်ဉာဏ်က နိဗ္ဗာန်ကို ထိုးထွင်းသိလိုက်တယ်။ အဲဒီတော့ ဖိုလ်ဉာဏ်က သိလိုက်တာက အသင်္ခတဓာတ်၊ အနုတ္တရဓာတ် ဆိုတော့ နိဗ္ဗာန်ပေါ့ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -34

မြတ်ပန်းမွှေးလှိုင်ကြူ ဤလှိုဏ်ဂူသည် မိမိ၏ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ရင့်ကျက်မွန်မြတ်အောင် အထောက်အကူ ပြုခဲ့ပါ၏။ ဤတောတောင်သည် မြတ်သောမနော လိုက်လျှောညီထွေ ကျင့်တတ်စေပြီ။ ဤတောတောင်သည် ကိလေသာဖြင့် မြူဆွယ်ခြင်းမရှိ၊ ညှို့ခေါ်ခြင်းမရှိ၊ ရှင်း၏။ စင်း၏။ ရိုး၏။ တည်ငြိမ်ခန့်ညား ခမ်းနားထယ်ဝါ၏။ ခိုင်မာ၏။ လေးနက်၏။ အင်အားကောင်း၏။ လုပ်ကြံဖန်တီးမှု ဘာတစ်ခုမျှမရှိ။ ပရိယာယ်ေ၀၀ုတ် ကင်း၏။ အလိုလောဘ ဆိတ်သုဉ်း၏။ ငြိမ်ဆိမ်၏။ ငြိမ်း၏။ မိမိ ပကတိ အရှိသဘောအား စောကြောသူကို မနော်ဖြူဖြူ သဘောတူ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -33

မြတ်ပန်းမွှေးလှိုင်ကြူ လောကီညှီငွေ့၊ သီမဝေ့ဘဲ အလေ့အလာ၊ ပညာစခန်း တက်လှမ်းရာ၌၊ ကိုယ်တိုင်ကျင့် ကိုယ်တိုင်တွေ့၊ ကိုယ်တိုင်သိများကို ဘိက္ခုစရိုက်၊ အကြိုက်ထုံလေ့ နှလုံးမွေ့ ဓလေ့ယှဉ်သူများအတွက် ပေးဆပ်ပါမည်၊ ကျင့်၍မြင် Tags: Buddhism, Myanmar Posts, မြတ်ပန်းမွှေးလှိုင်ကြူ

Posted in Buddhism | Tagged , , | Leave a comment