Monthly Archives: June 2011

NIBBANA – 7

နိဗ္ဗာန် အပိုင်း(၇) ငယ်     ခင်ဗျားက ဘာကိုစိတ်ကူးယဉ်ချင်နေရတာလဲ။ နန်း     အော် – တရားတော်ကများ မျက်နှာလိုက်မလားလို့။ ငယ်     မျက်နှာတော့ လိုက်တာမဟုတ်ဘူးဗျ။ ဒါပေမယ့် မျက်နှာလိုက်တာ။ နန်း     ဘယ်လိုလဲဗျာ။ ခင်ဗျားဟာက နားလည်လွယ်အောင် လုပ်စမ်းပါ။ ငယ်     ပုဂ္ဂိုလ်စွဲနဲ့တော့ မျက်နှာမလိုက်ဘူးဗျ။ ဒါပေမယ့် ဓမ္မစွဲနဲ့တော့ ဦးစားပေးတယ်။ နန်း     ဓမ္မလမ်းစဉ်အတိုင်း ဓမ္မအားကောင်းရာဘက်ကို ဦးစားပေးတဲ့သဘောပေါ့။ ငယ်     ဟုတ်တယ်။ အဲဒီအတိုင်းဘဲ။ နန်း     ခင်ဗျားက ဓမ္မဓိဌာန်ကျတဲ့ အသိအမြင်တွေကို တော်တော်ခံယူတတ်နေပြီနဲ့တူတယ်။ ငယ်     ဟုတ်တယ်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 37

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၇) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) သိပ္ပံပညာ နှင့် ဗုဒ္ဓ၀ါဒ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဤဆောင်းပါးသည် ဓမ္မစာပေပညာရှင် တက္ကသိုလ်ဘုန်းဆင့် (မဟာဝိဇ္ဇာ) နှင့် ရုပ်ရှင်အောင်လံ မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်တစ်ဦး၏ အမေးအဖြေခန်း ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားစစ် တရားမှန်နှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူတို့အတွက် လွန်စွာမှ ကျေးဇူးများသော ဆောင်းပါးဖြစ်သည်။ မေး –   ဆရာ ကျွန်တော်တရားကျင့်ချင်တယ်။ ဘယ်လိုကျင့်ရမှာလဲ။ ဖြေ … Continue reading

Posted in Buddhism | Tagged , , , , , , , | 3 Comments

ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ .. ..

ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ .. .. တိုးတက်တဲ့ခေတ်ကြီးမှာ ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေကြားနေရတယ် .. .. ဒီခေတ်ကြီးက တိုးတက်နေတာ အားရစရာလည်း တော်တော်ကောင်းပါတယ်။ အားကစားဆို အားကစားမို့၊ ကွန်ပြူတာဆို ကွန်ပြူတာမို့၊ အနုပညာဆိုလည်း အနုပညာပေါ့လေ၊ စီးပွားရေးဆိုလည်း စီးပွားရေး၊ သိပ္ပံ ဆိုလည်း သိပ္ပံ အစစအရာရာ တိုးတက်နေတာ ဒီခေတ်ကြီးပါ။ တိုးတက်အောင်လည်း ကြိုးစားကြတယ်။ လက်တွေ့လည်း လုပ်ကိုင်ကြတယ်။ ဇွဲသတ္တိလည်း ရှိကြတယ်။ အဲဒီအချိန်မှာ ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ ဘောက်ချီးတွေ ကြားလာရတာ တော်တော်အံချော်တဲ့ အသုံးအနှုန်းတွေပဲ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

NIBBANA – 6

နိဗ္ဗာန် အပိုင်း(၆) နန်း     ကောင်းပါပြီ။ အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ခင်ဗျားတို့အဓိကက ဘာလုပ်ရတာလဲ။ ငယ်     တရားအားထုတ်ရတယ်လေ။ တရားရမှုနဲ့ ဆန့်ကျင်ဘက်တွေကို ရှောင်ရရှားရတိုက်ထုတ်ပစ် ရတယ်ပေါ့။ ဒါ အဓိကပါဘဲ။ နန်း     နုပဿနာလေးမျိုးထဲက ခင်ဗျားတို့က ဘယ်နည်းနဲ့ အားထုတ်တာလဲ။ ငယ်     လေးနည်းစလုံးဘဲ။ နောက်တော့ တဖြေးဖြေး နှစ်နည်းဘဲ အဓိကအားထုတ်တယ်။ အားထုတ်နည်း အတိ အကျကိုတော့ ခင်ဗျားလိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဆင်ခြင်နည်းဘဲ ဆွေးနွေးချင်တယ်။ အားထုတ် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 35

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၆) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) နိဗ္ဗာန်အကြောင်း သိကောင်းစရာ   နိဗ္ဗာန်သည် ဗုဒ္ဓဘာသာသူတော်စင်တို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်လေသည်။ ထို နိဗ္ဗာန်သို့ ၀ိပဿနာ ကျင့်စဉ်ဖြင့် သွားရလေသည်။ ၀ိပဿနာကျင့်ရာ၌ ဉာဏ်ပညာသည် အရေးကြီးလေသည်။ ဉာဏ်ပညာကို တည်ဆောက်ရာ၌ … (၁) ဘုရားတရားအပေါ် ယုံကြည်ခြင်း၊ (၂) တရားတော်ကို လေ့လာနာယူခြင်း၊ (၃) ထိုသို့လေ့လာထားသော တရားတော်တို့ကို မမေ့မလျော့ခြင်း နှင့် (၄) … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဟုတ်ရာမှန်ရာအကျိုးရှိရာ

ဟုတ်ရာမှန်ရာအကျိုးရှိရာ ဗုဒ္ဓဘာသာ၌ ဟုတ်ရာ မှန်ရာ အကျိုးရှိရာကို ပြောနိုင်ခွင့်ရှိလေသည်။ မဟုတ်ရာ၊ မမှန်ရာ၊ အကျိုးမဲ့ရာကိုမူ မပြောရချေ။ ဟုတ်မှန်နေလျှင် ဗုဒ္ဓဘာသာ၌ ပြောပိုင်ခွင့် ရှိလေသည်။ သုံးလောကထွတ်ထား မြတ်စွာဘုရား ကိုယ်တော်တိုင်သည်ပင်လျှင် ဟုတ်ရာ၊ မှန်ရာ၊ အကျိုးရှိရာကို မိန့်တော် မူဖူးလေသည် – “ငါအမြတ်ဆုံး၊ ငါအကြီးအကဲဖြစ်ဆုံး၊ ငါအအောင်မြင်ဆုံး” ဟူ၍လည်းကောင်း “တဏှာလက်သမား ယခုအခါ ခန္ဓာအိမ် မဖွဲ့နိုင်တော့ပြီ၊ နောက်ဘ၀ မရှိပြီ” ဟူ၍လည်းကောင်း ကြွေးကြော်တော် မူခဲ့ဖူးလေသည်။ ရဟန္တာများသည် အသီးသီး ဥဒါန်းကျူးတော် မူခဲ့ကြလေသည်။ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

Reply comments – 28-06-2011

စာဖတ်သူများအတွက် စိတ်ဝင်စားဖွယ်ရာ မေးခွန်းဖြေကြားချက်များကို post တစ်ခု အနေနှင့် တင်ပြပေးလိုက်ပါသည်။ လေးစားစွာဖြင့် Admin (www.chitnge.com) ———————————– Q1: လောကီကို မလို၍ လောကုတ္တရာကို စွန့်ရာ၌ လောကုတ္တရာ ရောက်သောအခါ စိတ်ကြီး ပါနေလျှင် မည်သို့မှ အချိုးမကျချေ – ဆိုတာလေးကို ကောင်းကောင်းသဘောမပေါက်လို့ ကျေးဇူးပြုပြီးကျွန်တော့်လို လူပြိန်းနားလည်အောင် ရှင်းပြပေးပါလို့မေတ်တာရပ်ခံအပ်ပါတယ်။ A: ….. စိတ်သည် လောကီ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ စိတ်သည် ခန္ဓာထဲမှာပါသည် ရုပ်နာမ်ထဲမှာပါသည်။ ရုပ်နာမ်ခန္ဓာသည် လောကီဖြစ်သည်၊ ထို … Continue reading

Posted in Buddhism | Leave a comment

NIBBANA – 5

နိဗ္ဗာန် အပိုင်း(၅) နန်း     ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ နောက်ပြီး ဘာဆက်ဆွေးနွေးချင်သေးလဲ။ ငယ်     ခင်ဗျားက ပွင့်ပွင့်လင်းလင်း ပြောစေချင်ပုံပေါက်လို့ ပြေပြတာနော်။ ကျွန်တော် ပြောနိုင်တဲ့အထဲမှာ အရိယာဖြစ်ချင်လျှင် ကျွန်တော့စာတွေ များများဖတ်။ နန်း     ဖတ်ပါတယ်ဗျာ။ ခင်ဗျားစာတွေကို အားလုံးဖတ်လို့ပြီးတောင်နေပြီ။ ခင်ဗျားကတောင် နောက်ကျနေသေး တယ်။ ငယ်     ဒါ — ကျွန်တော်ပြောတာ မဟုတ်ဘူးဗျ။ ဆရာသမားတွေ၊ သူတော်သူမြတ်တွေ မိန့်မှာတော်မူတာကို ပြန်ပြေပြတာ။ နန်း     ဒါ ကျွန်တော်သိပါတယ်။ ခင်ဗျားကိုယ်တိုင် ဒီလောက်မတတ်ဘူးဆိုတာ ကျွန်တော်သိပြီးသားဘဲ။ ငယ်     … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 34

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၅) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) ဓမ္မအောင်လံ ပညာဆိုတာ ဉာဏ်ကထွက်တာဘဲ။ ဉာဏ်ဆိုတာ ခန္ဓာကိုမြင်ရတယ်။ ခန္ဓာက ပညာကို မထုတ်နိုင်ဘူး။ (သို့မဟုတ်) တိုက်ရိုက်မထုတ်နိုင်ဘူး။ မြတ်စွာဘုရားက စက္ခုံဥဒပါဒိ၊ ဉာဏံဥဒပါဒိ ဟောပြီးမှ ပညာဥဒပါဒိလို့ ဟောတော်မူတယ်။ လူတော်တော်များများက ပညာနဲ့ သညာ၊ ပညာနဲ့ ၀ိဉာဏ် မကွဲကြရှာဘူး။ လွယ်တဲ့ ကိစ္စ တော့လည်း မဟုတ်ဘူး။ ပညာက အလင်းရှိတယ်။ Light, Bright, … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

NIBBANA – 4

နိဗ္ဗာန် အပိုင်း(၄) နန်း     ကျွန်တော့်ဘ၀မှာ ခင်ဗျားနဲ့ အခုလို ဆွေးနွေးရတာ လေးလေးနက်နက် ရှိလှပါတယ်ဗျာ။ ငယ်     ကျွန်တော်က ဒဿနသမားပဲလေ။ နန်း     အော် – ဟုတ်သားပဲ။ တစ်ခါတစ်ခါ ကျွန်တော် ဒီအကြောင်း မေ့မေ့နေမိတယ်ဗျာ။ ငယ်     မမေ့ပစ်ပါနဲ့ဗျာ။ ကျွန်တော်က တရားဝင်အောင်ခဲ့တာပါ။ နန်း     မေ့မပစ်ပါဘူးဗျာ။ ကျွန်တော်က မတော်တဆ မေ့မေ့သွားတာပါ။ ဒါနဲ့ ခင်ဗျားက သိပ္ပံဒဿနနဲ့ ဘွဲ့ယူခဲ့ တာဆို။ ငယ်     ဟုတ်ပါတယ်။ နန်း     ဒဿနပညာမှာ သိပ္ပံဒဿနလိုင်းရှိကြောင်း ကျွန်တော်ကတော့ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 33

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၄) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) အကြင်ဖြစ်ရပ်၌ အကြောင်းခံတရားရှိ၏ ဗုဒ္ဓဘာသာကို နိုင်ငံခြားသားများ နှစ်ခြိုက်မြတ်နိုးလေးစားရာ၌ ဤစကားရပ်တစ်ခု ပါဝင်သည်။ ၄င်းမှာ ကြောင်းကျိုးဆက်စပ်မှုတရားပင် ဖြစ်သည်။ “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” သူတို့အမြင်တော့ CAUSALITY နှိုင်းယှဉ်နိုင် ပေမည်။ အကြင်ဖြစ်ရပ်တစ်ခု၌ အကြောင်းခံတရားသည် ရှိ၏။ မြတ်ဗုဒ္ဓသည် ဖြစ်ရပ်ကိုလည်း ဟောသည်။ ဖြစ်ရပ် ၏ အကြောင်းခံတရားကိုလည်း ဟောတော်မူသည်။ ထို့နောက် ဖြစ်ရပ်တို့၏ ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

ဗုဒ္ဓဘာသာ၏မြင့်မြတ်ပုံ

ဗုဒ္ဓဘာသာ၏မြင့်မြတ်ပုံ ဗုဒ္ဓဘာသာသည် မြင့်မြတ်သော အကျင့်၌ တည်သည် .. .. ထို့ကြောင့် မြတ်စွာဘုရားကို မြတ်စွာဘုရားဟု ကြည်ညိုပူဇော်ရသည်၊ အမြတ်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာ၌  ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဆရာမြတ်စသော မြင့်မြတ်သော ကျင့်စဉ် ကျင့်ကြံအောင်မြင် အားထုတ်ကြသူများကို ပူဇော်ကြသည်။ မြတ်စွာဘုရား၏ တရားသည် သက်ရှိသတ္တ၀ါ အားလုံးအား ချမ်းသာစေသည်။ သမုဒ္ဒရာရေသည် ငန်သောအရသာ ရှိသကဲ့သို့ မြတ်စွာဘုရား တရားသည် နိဗ္ဗာန်တည်းဟူသော လွတ်မြောက်ခြင်းသို့ ပို့ဆောင်သည်။ နိဗ္ဗာန်သည် လွတ်မြောက်သည်၊ ချမ်းသာသည် – … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

ကမ္ဘာကိုသာသနာပြုရာတွင် .. ..

ကမ္ဘာကိုသာသနာပြုရာတွင် .. .. ကမ္ဘာကို သာသနာပြုရာတွင် စကားလုံး အသုံးအနှုန်းများ အရေးကြီးလေသည် .. .. ဥပမာ —- “နိဗ္ဗာန်၌ ဘာမှမရှိ” ဆိုသော စကားကို ၄င်းတို့သည် လွန်စွာမုန်းကြလေသည်။ အဘယ့်ကြောင့် ဆိုသော် ဘာမှမရှိသော အရာအတွက် ရှိသောကောင်းသော အရာတွေကို စွန့်လွှတ်ရမည် ဆိုသည်ကို ၄င်းတို့သည် မမှန်းဆနိုင်တတ်ချေ .. .. ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက် ပန်းတိုင်မှာလည်း ဘာမှမရှိသည့် အရာအတွက် စွန့်စွန့်စားစား လုပ်ကိုင်နေရသည် ဆိုသည်ကို တန်ဖိုးမထားတတ်နိုင်ချေ – … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

မြန်မာနှင့်ကမ္ဘာသာသနာပြုရာ၌ကွာခြားချက်များ

မြန်မာနှင့်ကမ္ဘာသာသနာပြုရာ၌ကွာခြားချက်များ ဗုဒ္ဓဘာသာသာ သာသနာပြုပုဂ္ဂိုလ်များ ဓမ္မကထိကများသည် မြန်မာနိုင်ငံ၌ တရားဟောရသော တာဝန်ကိစ္စ များ၌ လွယ်ကူသည်ဟု သုံးသပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ပရိသတ်များသည် ဟောသမျှကို သာဓုခေါ်ရန် အစဉ် ၀င်စားနေကြသည်။ မည်သည့်တရားဟောဟော ဓမ္မကထိက တစ်ဦးဦးက – “သတည်း” ဟု  အဆုံးသတ်လိုက်လျှင် “သာဓု .. သာဓု .. သာဓု” လို့ခေါ်ကြလေ့ရှိသည်။ ထို့ကြောင့် ဟိုးယခင်ခေတ်က ဆရာတော်တစ်ပါးသည် — “မြန်မာနိုင်ငံအား အင်္ဂလိပ်များက အုပ်ချုပ်လွှမ်းမိုး လေတော့သတည်း” ဟု ဟောရာ ပရိသတ်ကြီးက … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

NIBBANA -3

နိဗ္ဗာန် အပိုင်း(၃) ငယ်    မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်အကြောင်း အနည်းငယ် ပြောကြည့်ချင်တယ်ဗျာ။ နန်း     ပြောကြည့်ဗျာ။ ငယ်    တကယ့်မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတာ လောကုတ္တရာနဲ့ ယှဉ်တယ်။ နန်း     ဒီတော့ ! ငယ်    လောကုတ္တရာနဲ့ ယှဉ်တယ်ဆိုတော့ လောကီမှလွန်ရာဖြစ်တယ်။ ကျွန်တော် ခဏခဏ ပြောနေတယ်။ အပျက်မှ လွန်ရာဖြစ်တယ်။ နန်း     ဒါသိတယ်လေ။ ငယ်    အပျက်မှလွန်ရာဆိုတော့ ခန္ဓာမှ လွန်ရာဖြစ်တယ်။ စိတ်မှ လွန်ရာဖြစ်တယ်။ နန်း     ဒါ့ကြောင့် ! ငယ်    ဒါ့ကြောင့် ဖိုလ်ဉာဏ်နဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment