Monthly Archives: April 2011

ဂါ​ရ​၀ြ​ပု​တယ်ဆို​တာ .. ..

ဂါ​ရ​၀ြ​ပု​တယ်ဆို​တာ .. .. အချို့သော စိတ်ဝင်စားသည့် စာဖတ်ပရိသတ်များ ဖတ်နိုင်ရန် မောင်သစ္စာ၏ မေးခွန်အား ဖြေကြားချက်များကို သိရှိနိုင်ရန် ဖော်ပြအပ်ပါသည် .. .. သို့ မောင်သစ္စာ (Website-administrators) များက တင်ပြလို့ ပြန်ကြားပေးလိုက်ပါတယ်။ ဉာဏ်မမီဘူးဆိုတာ အမှန်အကန်ပါပဲ။ မှန်ကန်တဲ့ ခံယူချက်ပါပဲ။ ဒါဟာ ယဉ်ကျေးလိမ္မာ နှိမ့်ချစွာပြောတဲ့ စကားမျိုးလို့ မယူဘူး။ အမှန်ပဲလို့ ယူတယ်။ ဟုတ်တယ် ဉာဏ်မမီဘူး၊ ဉာဏ်မမီတဲ့ အခါကျတော့ ဘယ်အရာကို ဂါရ၀ပြုရမယ်ဆိုတာ နားမလည်နိုင်ဘူးပေါ့။ တကယ်တော့ ထေရ၀ါဒမှာ … Continue reading

Posted in Buddhism | Tagged , , | 2 Comments

စိတ်နှင့်ဉာဏ် -၂

စိတ်နှင့်ဉာဏ် -၂ သစ္စာဝါဒီများ .. .. စိတ်နဲ့ဉာဏ်နဲ့ ကွဲပြားခြားနားချက်တွေတော့ တော်တော်လေးတော့ သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။ ဒီထက်ဒီ သဘောပေါက်ရင် ဒီထက်ဒီ ကောင်းလိမ့်မယ်။ ဥပမာ နိဗ္ဗာန်ကို စံဝင်တဲ့ အခါမှာ စိတ်မရှိဘူး။ ”ခန္ဓာနိရောဓော နိဗ္ဗာနံ” ဆိုတာ သိမှာပါ၊ ခန္ဓာမရှိဘူးပေါ့ ခန္ဓာမရှိဘူး ဆိုတော့ ရုပ်ခန္ဓာ နာမ်ခန္ဓာ မရှိဘူးဆိုတော့ နာမ်ခန္ဓာမရှိရင် စိတ်မရှိဘူးပေါ့။ ဒီတော့ စိတ်မရှိတော့ မသိတော့ ဘူးလား မေ့ဆေးပေးထားသလိုလား ဆိုတော့ ဒီလိုတော့ မဟုတ်ပါဘူး။ နိဗ္ဗာန်စံတာက … Continue reading

Posted in Buddhism | Tagged , , , , , , | 1 Comment

စိတ်နှင့်ဉာဏ်

စိတ်နှင့်ဉာဏ် သစ္စာဝါဒီများ .. .. စိတ်နဲ့ဉာဏ်ကို နည်းနည်းခွဲပြမယ် .. .. တကယ်တော့ အဘိဓမ္မာသမားတွေက သင်္ခတနဲ့ အသင်္ခတကို တတ်ကြတာပေါ့နော်။ စိတ်ကတော့ သင်္ခတပဲ။ ဉာဏ်ကတော့ အသင်္ခတပဲ။ လောကုတ္တရာ ကိုးပါးရှိတယ်လေ .. .. လောကုတ္တရာကိုးပါး – မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် ဆိုတာ။ Tags: Myanmar Posts, စိတ်, နိဗ္ဗာန်, သင်္ခတ, အသင်္ခတ, လောကုတ္တရာ

Posted in Buddhism | Tagged , , , , , | Leave a comment

တရားဆိုတာမသေမချင်းကျင့်ရမယ် .. ..

တရားဆိုတာမသေမချင်းကျင့်ရမယ် .. .. သစ္စာဝါဒီများ .. .. ကျွန်တော်သိတာတတ်တာ တွေကို ရေးပြပေးနေပါမယ်။ ဒါ ကျွန်တော့်ရဲ့ အလုပ်နဲ့ တာဝန်လို့ပဲ သဘောထားပါတယ်။ တရားရဖို့ ဆိုတာကတော့ ကျွန်တော်အသွန်သင်ခံရသလို ပြောရမယ်ဆိုရင်တော့ တစ်နှပ်စား မကြံဖို့ပါပဲ။ မသေမချင်း အားထုတ်မယ်လို့သာ သဘောထားလိုက်တော့ တရားက အဲဒီသဘောပါပဲ။ အဲဒါမှလည်း လမ်းစဉ်မှန်မှာ .. .. တစ်ချို့က ဘယ်လောက်စခန်းလေးကို ၀င်တယ်ဆိုပြီး ၀င်ပြီးတော့ .. .. ပြီးတော့ ပြီးသွားပြီ ဆိုတော့ ဒါဟာ မဟုတ်သေးဘူး။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်

နိဗ္ဗာန်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက် သစ္စာဝါဒီများ .. .. နိဗ္ဗာန်ကို ဘယ်အရွယ်က စတင်မြင်ဖူး ပါသလဲ ? ဆိုတဲ့ မေးခွန်းလေး ပေါ်လာတယ် – ကျွန်တော်ကတော့ သိပ်မှတ်မထားပါဘူး၊ ဒါပေမယ့် ကျွန်တော် အိမ်ထောင်ကျပြီးတဲ့နောက် ဆရာမြတ်ကြီးကို ဖူးတွေ့ရတော့ စပြီးကျင့်လိုက်တာ (၃၅)နှစ် ၀န်းကျင်လောက်ပဲ နေမှာပါ။ ငါးနှစ်လောက် ကျင့်တဲ့အခါမှာ မြင်သွားတဲ့သဘော ပါပဲ။ နိဗ္ဗာန်မြင်ရတော့ တော်တော်လည်း အံ့သြတယ်။ ကျွန်တော် ရိုးရိုးဝန်ခံရမယ်ဆိုရင် နိဗ္ဗာန်ဆိုတာ – “ဘာမှမရှိဘူး” လို့ ထင်ခဲ့တာပေါ့နော် .. .. … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

တွေ့မြင်သိနှင့်ထင်မြင်မှန်းဆအသိ

တွေ့မြင်သိနှင့်ထင်မြင်မှန်းဆအသိ သစ္စာဝါဒီများ နှစ်သစ်အခါကြီး ရက်ကြီးမှာ ‘အခါကြီး ရက်ကြီး’ ကိုပြောလို့ ၀ိပဿနာသမားက ပြောရသလား?? လို့ – ဆိုတဲ့ အတွေး ၀င်ချင်လည်း ၀င်နိုင်ပါတယ်။ ပြောရပါတယ် သစ္စာဝါဒီများ .. .. ‘အခါကြီး ရက်ကြီး’ ‘အခါလေး ရက်လေး’ ခွဲရသလား ပြောရင် – ခွဲရတယ်လို့ပဲ ပြောရလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သစ္စာဝါဒီများ တစ်ခုဆင်ခြင်ကြည့်ပါ .. .. မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားလောင်း ဘ၀က ဘုရားဖြစ်ဖို့အတွက် ဗောဓိပင်နဲ့ရွှေပလ္လင် မအောင်မြင်ခင်မှာ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အကြားအမြင် အသိအမြင်ကိစ္စဆိုင်ရာ နိဒါန်းတင်ပြချက်

အကြားအမြင် အသိအမြင်ကိစ္စဆိုင်ရာ နိဒါန်းတင်ပြချက်   သစ္စာဝါဒီများ .. .. ကျွန်တော် ဒီကိစ္စကို အကျယ်တ၀င့်တော့ မပြောသေးပါဘူး .. .. အကျဉ်းနဲ့ နိဒါန်းလောက် ပြောပြထားချင်တယ်။ လောကကြီးမှာ သီလ သမာဓိ ပညာနဲ့ ထိုးထွင်းဆင်ခြင် သိမြင်နိုင်တဲ့အရာတွေ ရှိပါတယ်။ ဒီလို ရှိနေပေမယ့် – အကြားအမြင် ယောင်ဝါးတွေက ပြောချင်ရာတွေ လျှောက်ပြောပြီး ဘောက်ချီးတွေဖြစ်နေတော့ လောကကြီးက အကြားအမြင်ဆိုရင်ကို နည်းနည်းစိတ်ပျက်တာပေါ့နော် .. .. ထင်တာတွေ မှန်းတုတ် ရမ်းတုတ် ဖြစ်နေတာကိုး။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

စိတ်ကို အသေးစိပ် သိမြင်သလား?

စိတ်ကို အသေးစိပ် သိမြင်သလား? တရားရှုတဲ့အခါ ရှုမှတ်တယ်လို့ ပြောတာထက် – ရှုသတ်တယ်လို့ ပြောတာကတော့ ပိုကောင်းတယ် .. .. ၀ိပဿနာရောက်လာရင် ‘မှတ်တာ’ ထက် ‘သတ်တာ’ ဖြစ်လာတယ်။ ကိလေသာကို သတ်တဲ့ သဘောပါပဲ။ ဒါမှ “ကိလေသေ မာရန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” ဆိုတဲ့ စာနဲ့လည်း ကိုက်တယ်။ ‘မှတ်တယ်’ ဆိုတော့ ကြက်တူရွေးမှတ် မှတ်နေရင် ၀ိပဿနာအဆင့် မရောက်ဘူးပေါ့နော် .. .. ဒီတော့ တရားက ရှုသတ်တယ်လို့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

တရားရအောင်ကျင့်လျှင် .. ..

တရားရအောင်ကျင့်လျှင် .. .. သစ္စာဝါဒီများ – တရားရနိုင်ခြင်း ကိစ္စနဲ့ ပတ်သက်လို့တော့ အမျိုးသမီးနဲ့ အမျိုးသား  ခွဲခြားမှု ရှိသည်ဟု မိမိမယူပါ။ အမျိုးသားသည်လည်းကောင်း၊ အမျိုးသမီးသည်လည်းကောင်း တရားရအောင် ကျင့်လျှင် ရနိုင်ပါသည်။ သာသနာတော် အတွင်းဖြစ်၍ မည်သူမဆို ရသင့်ရထိုက်သော ဂုဏ်ရည်ရှိက ရနိုင်ပါသည်ဟု နားလည်ပါသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှား မရှိတော့သော်လည်း မြတ်စွာဘုရား၏ အဆိုအဆုံးမတည်သော မည်သည့်အမျိုးသမီး မည်သည့်အမျိုးသား မဆို အရိယာ ဖြစ်နိုင်ပါသည်၊ ရဟန္တာ ဖြစ်နိုင်ပါသည်။ ယခုခေတ်တွင် အမျိုးသမီးများ အရိယာ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

မင်္ဂလာရှိသောစကားများ(၄)

မင်္ဂလာရှိသောစကားများ(၄) သစ္စာဝါဒီများ – သစ္စာဝါဒီများ သာဓုခေါ်လျှက်ရှိပါတယ် .. .. သာသနာအရိပ်မှာခို၊ မြတ်စွာဘုရား အရိပ်မှာခို၊ သစ္စာတရားရဲ့ အရိပ်မှာခိုပြီးတော့ – မြတ်စွာဘုရားရဲ့ တရားကို ကျင့်သုံးဆောက်တည် နှလုံးသွင်း ဆင်ခြင် ရှုသတ် ပွားများနေတာ၊ နေ့တဓူ တာဝန်ကျေပါတယ်။ သာဓုခေါ်ပါတယ်။ ဒီလိုပါပဲ – မိမိကိုယ်တိုင်လည်း မြတ်စွာဘုရားရဲ့ အရိပ်ကို ခိုပြီးတော့ သာသနာကို ပုခုံးပေါ်မှာတင်ပြီး ပူဇော် လှုပ်ရှားနေတာပါပဲ – မိမိဘ၀က ဒါပါပဲ . . . လူတွေကတော့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

မင်္ဂလာရှိသောစကားများ(၃)

မင်္ဂလာရှိသောစကားများ(၃) သစ္စာဝါဒီများ – အခါကြီးရက်ကြီးပေါ့နော် .. .. တရားနဲ့ ပတ်သက်လို့ ကဲ “Deal” တစ်ခု လုပ်မလား? သစ္စာဝါဒီများကလည်း တရားကျင့်ရမယ် – မိမိကလည်း တရား ကျင့်ပုံကျင့်နည်း ပြောပြပေးမယ် – တစ်ချို့ကလည်း အရိယာ ဖြစ်ချင်ကြတယ်။ ဖြစ်နိုင်ပါတယ် .. .. ယုံရင်ဖြစ်တာပဲ။ ဒီလိုပြောတော့ လွယ်လိုက်တာလို့ အောက်မေ့ရင် Tags: ၀ိပဿနာ, Buddhism, Myanmar Posts, Nibbana, စိတ္တာနုပဿနာ, နိဗ္ဗာန်, မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment