Monthly Archives: March 2011

ဖြစ်ပျက်မြင်အောင်ကြည့် (၂)

ဖြစ်ပျက်မြင်အောင်ကြည့် (၂) ဖြစ်ပျက်မြင်အောင်ကြည့် ဆိုတာကတော့ တရားစကားပါပဲ .. .. ရုပ်နာမ်တွေ၊ (၃၁)ဘုံ ဆိုတာ ဖြစ်ပြီးပျက်တာပဲ ဘာမှ မရှိဘူး – ဒါတရားပဲ။ (၃၁) ဘုံကို အနှစ်ချုပ်ပါဆို ဖြစ်ပြီးပျက်တာပဲ၊ လူတွေက ဇာချဲ့နေကြလို့  အားလုံး သူသူကိုယ်ကိုယ် ဇာချဲ့နေကြလို့ – ဖြစ်ပြီး ပျက်တာပဲရှိတာ ဘာမှမရှိဘူး။ တစ်စုံတစ်ခုဟာ ဖြစ်ပြီး တစ်စုံတစ်ခုဟာ ပျက်သွားတာပဲ။ ဒါ ၀င်စားရင် သဘောပေါက်နိုင်ပါတယ် – ဖြစ်ပြီးပျက်တာပဲ။ လောကုတ္တရာနဲ့ နိဗ္ဗာန်ကလွဲလို့ရှိရင် အကုန်လုံးက … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

မ​ဂၤ​လာ​ရွိ​ေ​သာ​စ​ကားမ်ား (၂)

မင်္ဂလာရှိသောစကားများ (၂) သစ္စာဝါဒီများ – မြန်မာနိုင်ငံမှာ အမှန်တကယ် ကျင့်ကြံအားထုတ် အောင်မြင်တော်မူခဲ့တဲ့ ပုဂ္ဂိုလ်များ ပေါ်ထွန်းတော်မူခဲ့တယ်လို့ ပြောဖူးသားပဲ။ တကယ်ကျင့်တဲ့ အခါကျ တကယ်အောင်မြင်သွားတာ၊ ဒီအခါမှာ တကယ်မကျင့်တဲ့ ပုဂ္ဂိုလ်တွေက အံသြရတာပေါ့၊ ဥပမာ — လောကုတ္တရာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး အရိယာ ဖြစ်သွားလို့ရှိရင် အရိယာဉာဏ်ဟာ ရုပ်နာမ်မဟုတ်ဘူး။ ရုပ်နာမ်ကနေ သီးခြားလွတ်သွားတယ်၊ ဒါကို မကျင့်တဲ့ ပုဂ္ဂိုလ်က ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး။ ကျင့်တော့မှ နားလည်နိုင်မှာပါ။ Tags: Buddhism, Myanmar … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

မ​ဂၤ​လာ​ရွိ​ေ​သာ​စ​ကားမ်ား (၁)

မင်္ဂလာရှိသောစကားများ (၁) သစ္စာဝါဒီများ .. .. မင်္ဂလာရှိတဲ့ အခါကြီး ရက်ကြီးမှာ မင်္ဂလာရှိတဲ့ စကားတွေ ပြောချင်တယ်။ ရုပ်ရဲ့ အလွန်မှာ စိတ်ရှိတယ်၊ နာမ်ရှိတယ်ပေါ့၊ နာမ်ရဲ့ အလွန်မှာ ဉာဏ်ရှိတယ်။ ဉာဏ်ကျတော့ လောကုတ္တရာပေါ့နော် .. .. ဒီတော့ လောကရဲ့ အလွန်မှာလည်း လောကုတ္တရာရှိတယ်၊ (၃၁) ဘုံရဲ့ အလွန်မှာ နိဗ္ဗာန်ရှိတယ်၊ သင်္ခတရဲ့ ဟိုမှာဘက်မှာ အသင်္ခတရှိတယ်။ အသင်္ခတဆိုတော့ အနုတ္တရပေါ့နော် .. .. ဒါတွေက ရှိတာပဲ .. … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , , , , , | Leave a comment

ဖြစ်ပျက်မြင်အောင်ကြည့် .. ..

ဖြစ်ပျက်မြင်အောင်ကြည့် .. .. သစ္စာဝါဒီများ အခါကြီး ရက်ကြီးမှာ တရားဆင်ခြင်၊ တရားအားထုတ်ရင် သာဓုခေါ်နေပါမယ်။ တရားအားထုတ်တဲ့အခါ တဖြည်းဖြည်းနဲ့ ကြည်လင်တာတွေ၊ ပေါ့ပါးတာတွေ၊ ချမ်းသာတာတွေ တွေ့ရှိခံစားရမှာ အသေအချာ ဖြစ်ပါတယ်။ ဒါ တရားတော်မြတ်ရဲ့ အာမခံချက်ပါပဲ။ သစ္စာဝါဒီများ တရားအားထုတ်နေတော့ ဓမ္မာနုပဿနာတွေလည်း ရှုနေမယ်လို့ မျှော်လင့်မိပါတယ်။ ဓမ္မာနုပဿနာ ရှုတဲ့အခါကျတော့ Tags: Buddhism, Myanmar Posts, Vipassana, ဓမ္မာနုပဿနာ, နိဗ္ဗာန်, မိုးကုတ်ဆရာတော်ဘုရားကြီး

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ကြိုးစားခြင်းသည်အောင်မြင်ခြင်း

ကြိုးစားခြင်းသည်အောင်မြင်ခြင်း သစ္စာဝါဒီများ – ၀ိပဿနာကျင့်တယ်ဆိုတာ သိပ်ကောင်းတယ်။ သိပ်လည်း မြင့်မြတ်ပါတယ်၊ သိပ်လည်း သန့်ရှင်းစေတယ်။ ၀ိပဿနာဆိုကတည်းက အနိစ္စလက္ခဏာ တင်ရတဲ့ သဘောပါပဲ .. .. ဒီတော့ အများအပြားက မသိကြတာက တရားကို ဘာနဲ့ရှုမလဲ? ဆိုတာ မသိကြတာပါ။ မေးလိုက်ရင် “အိုးလိုလို ချိုးလိုလို” နဲ့ ဖြေကြတာပေါ့လေ – ဒါကတော့ ဆရာကောင်း သမားကောင်းနဲ့ မသင်ဘူးတာကိုး။ တကယ်တော့ ဘာနဲ့ရှုသလည်းဆိုရင် ဆရာကောင်း သမားကောင်းက Tags: ၀ိပဿနာ, Buddhism, Myanmar … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment

ကံဆိုသည်မှာ .. ..

ကံဆိုသည်မှာ .. .. စာရေးသူသည် ကံ အကြောင်းကို အနည်းငယ် တင်ပြလိုသည် .. .. စာရေးသူသည် “ကံကို မယုံကြသူများ –” ဆောင်းပါးကို ဖတ်မိရာ – (စာရေးဆရာမ အမည်ကို မဖော်ပြတော့ပါ) “ကံကိုယုံပြီးစောင့်မနေဘူး၊ ကြိုးစားမယ် ဒီဘ၀မှာ .. ..” စသည်ဖြင့် — ဖော်ပြထားလေသည်။ စာရေးသူအနေနှင့်မူ – ကံဆိုတာကို နားလည်အောင် ကြိုးစားသင့်သည်ဟု သဘောရသည်။ ဗုဒ္ဓဘာသာမှာ “မင်းတို့ ကံကိုယုံတဲ့အတွက်ကြောင့် ဘာမှမလုပ်နဲ့ ပျင်းနေကြ အိပ်နေကြ၊ … Continue reading

Posted in Buddhism, Frontpage | Tagged , | Leave a comment

ကွန်မြူနစ်ဝါဒ၏ ထိုးနှက်ချက်များ

ကွန်မြူနစ်ဝါဒ၏ ထိုးနှက်ချက်များ ဤလောကတွင် ဘုရားမရှိ တရားမရှိ ကွန်မြူနစ်များသည် လူသား မျိုးပြုတ်အောင် ဖျက်ဆီးနေကြသော သက်ရှိများဖြစ်သည်။ ဗုဒ္ဓဘာသာကို နလံမထူအောင် ထိုးနှက်သည်။ ဗုဒ္ဓဘာသာလိုက်စားလျှင် လူရာမ၀င်ရ၊ ခေါင်းမဖော်ရ၊ ခေါင်းငုံ့ခံရမည်၊ သူများ နှိပ်စက်သမျှ ခံရမည်ဟု ၀ါဒဖြန့်ကြသည်။ အချို့သော ဗုဒ္ဓဘာသာများသည် အတွေးအခေါ် တိမ်သဖြင့် ကွန်မြူနစ်များ၏ ထိုးနှက်ချက်များကို ယုံကြည်ကာ သူတို့ကပင် ထပ်မံ၍ ၀ါဒဖြန့်ပြန်သည်။ တရားသမားသည် မည်သူ့ကိုမှ ဘာမှမလုပ်ရ ခေါင်းငုံ့ခံရမည် အသေခံနိုင်လျှင် ပိုကောင်းသည်ဟု ယူဆကြသည်။ Tags: Communists, … Continue reading

Posted in Buddhism, Frontpage | Tagged , , | 1 Comment

မြတ်စွာဘုရားအလိုတော်ကျ –

မြတ်စွာဘုရားအလိုတော်ကျ – ၏သစ္စာဝါဒီများ .. .. ကျွန်တော်က အနှစ်(၄၀) ကျင့်ခဲ့တော့ နောက် ဆရာကောင်းနဲ့လည်း ဖူးတွေ့ခဲ့ရတော့ သိတာတွေသိတယ်လို့ ၀န်ခံဖူးတယ်။ သိတာတွေတော့ ရှိတာပေါ့ ဒါပေမယ့် ခက်တာက မသိတဲ့သူတွေကို ပြောဖို့ဆိုတာ တော်တော်ခက်တယ်။ သူတို့ဟာ အခြေခံကိုက အကုသိုလ်တွေနဲ့ နှလုံးသွင်းလာကြတာ။ ဒီတော့ အကုသိုလ် ဓာတ်ခံနဲ့ဆိုတော့ ကိုယ်က သိတာတွေ ပြောပြပေမယ့်လည်း သူတို့ နားပေါက်ဖို့တော့ မလွယ်ဘူး။ တကယ်တမ်းကျတော့ လောကမှာ မှန်တာကန်တာ ပြောသင့် ပြောထိုက်တာပဲ ပြောသင့်တာပေါ့၊ Tags: … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ရိုက်သွင်းသည် နှင့် ကူးစက်သည်ဆိုရာဝယ် –

ရိုက်သွင်းသည်နှင့်ကူးစက်သည်ဆိုရာဝယ် – ဗုဒ္ဓဘာသာများသည် သဘာဝအားဖြင့် ရိုးသားကြသည်၊ မြန်မာများသည်လည်း ထိုနည်းတူ ရိုးသားကြသည်။ အခါအားလျော်စွာ အသိပညာ လောကီ အနည်းငယ်တတ်သော မတတ်တတတ် ပုဂ္ဂိုလ်များက ရိုက်သွင်းသော သဘောထားများကို ရိုးသားသော မြန်မာများသည် အဟုတ်မှတ်၍ စွဲယူတတ်သည်။ ဥပမာ ဆိုပါစို့ — ကွန်မြူနစ်များသည် ဘုရား တရား မလိုက်စားအောင်၊ ဘုရား တရားကို မကိုးကွယ်အောင် – ဘုရား တရားလိုက်စားသူသည် အရာရာကို ငုံ့ခံရမည်ဟူ၍ ရိုက်သွင်းပေးလိုက်သည်။ ထိုအခါ မြန်မာတို့သည် ဟုတ်နိုးယောင်ယောင်နှင့် တရားလိုက်သောသူသည် … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

အသစ်ထွက်ရှိသော စာအုပ်မျက်နှာဖုံးပုံ

အသစ်ထွက်ရှိသော စာအုပ်မျက်နှာဖုံးကို ဖော်ပြပေးလိုက်ပါတယ်။ Mar 22, 2011 နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ စာအုပ်ကြော်ငြာ။ Admin.   No tags for this post.

Posted in Buddhism | Leave a comment

ကာလသုံးပါးမှလွတ်မြောက်ခြင်း

ကာလသုံးပါးမှလွတ်မြောက်ခြင်း သစ္စာဝါဒီများ .. .. သစ္စာဝါဒီများကို သတင်းတစ်ခုပေးမယ် – မိမိအနေနဲ့ နှစ်ပေါင်း(၄၀) ကျော် ကျင့်ကြံ အားထုတ်ခဲ့တာဆိုတော့ သိတာတွေ ရှိတယ်လို့ ၀န်ခံဖူးတယ်လေ- အဲဒါ တစ်ခု ပြောဦးမယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုတာ အဲဒါ ဖိုလ်ဉာဏ်ခေါ်တယ်၊ အဲဒီ ဖိုလ်ဉာဏ်နဲ့ မျက်မှောက်ပြုရင် ဖိုလ်ဉာဏ်ဟာ ရုပ်နာမ်ကနေ လွတ်တယ်။ ဖိုလ်ဉာဏ်ဟာ ရုပ်နာမ်က လွတ်တဲ့အတွက် ဖိုလ်ဉာဏ်ဟာ ကာလ သုံးပါးမှလွတ်တယ်။ (သစ္စာဝါဒီများ ဓမ္မစကြာမှာ တွေ့ချင်တွေ့ဖူးမှာပါ) ဖိုလ်ဉာဏ်ဟာ ကာလသုံးပါးမှ လွတ်တယ်၊ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ဓမ္မဓိဌာန်ကျသောအဆုံးအဖြတ်ဟူသည်

ဓမ္မဓိဌာန်ကျသောအဆုံးအဖြတ်ဟူသည် ယောဂီများ .. .. သူတော်ကောင်းကြီးတွေအကြောင်း ဆက်ကြအုံးစို့ .. .. စာရေးသူ ဘ၀နဲ့ချီပြီး တက္ကသိုလ်မှာ ဘ၀နဲ့ချီပြီး ဓမ္မဓိဌာန်ကျတဲ့ အမြော်အမြင်ကို လေ့လာခဲ့တယ်။ ဒါပေမယ့် မိမိ ကိုယ်တိုင်ကတော့ မတွေ့ခဲ့ဘူး။ ပုဂ္ဂလိက ဆန္ဒစွဲတွေနဲ့ ရောယှက်နေတဲ့ အမြင်တွေကိုတော့ သွန်သင်ခဲ့ရပါတယ်၊ ဒါပေမယ့် ဓမ္မဓိဌာန်ကျတဲ့ အမြင်ကို ပီပီပြင်ပြင် မတွေ့ခဲ့ရဘူး။ တက္ကသိုလ်က ထွက်လာပြီး ရဟန္တာကိုယ်တော်မြတ်ကြီးတွေကို ဖူးတွေ့ပြီး အဆိုအဆုံးအမ ခံယူတော့မှ ဓမ္မဓိဌာန်ကျတဲ့ အဆိုအဆုံးမတွေ၊ ဓမ္မဓိဌာန်ကျတဲ့ အဆုံးဖြတ်တွေကို နာကြားခွင့်ရတယ် … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

သိပ္ပံကိုဘာကြောင့်စိတ်ဝင်စားရတယ် .. ..၂

သိပ္ပံကိုဘာကြောင့်စိတ်ဝင်စားရတယ် .. .. အပိုင်း(၂) ဒီတော့ သိပ္ပံဟာ တော်တော်လေးတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမယ့် သိပ္ပံမှာ (Indirect Verifiability) ဆိုတာ ရှိတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ အခု အီလက်ထရွန် ကို ကျွန်တော်တို့ တိုက်ရိုက် မမြင်ရဘူးလေ။ မမြင်ရပေမယ့် အီလက်ထရွန် ရှိကြောင်းကို သွယ်ဝိုက် ပြီးတော့ သိရတယ်။ ဒါ သိပ္ပံမှာပေါ့နော် .. .. သိပ္ပံမှာလက်တွေ့ ဆိုပေမယ့် လက်နဲ့မတွေ့တာတွေ အများကြီးပဲ။ လက်နဲ့တော့ တွေ့လို့မရဘူး၊ သို့သော်လည်း … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

သိပ္ပံကိုဘာကြောင့်စိတ်ဝင်စားရတယ် .. ..

သိပ္ပံကိုဘာကြောင့်စိတ်ဝင်စားရတယ် .. .. သိပ္ပံနဲ့ပတ်သက်လို့တော့ ကျွန်တော်က အနည်းငယ် ဗဟုသုတရှိတာပေါ့နော် .. .. ကျွန်တော်က လေ့လာဖူးတာကိုး။ သိပ္ပံကတော့ ပထမဆုံး အများအားဖြင့် မျက်စိကျ ကြတာက – သိပ္ပံက စနစ်ရှိတယ် (Systematization) နောက် ကြိုတင်ပြော ဟောကိန်းထုတ်တယ်လေ၊ နေကြတ် လကြတ်တွေ (Predictability) ပေါ့နော်၊ နောက် ပုဂ္ဂလိက ဆန္ဒစွဲမှ ကင်းလွတ်အောင် ရုန်းထွက်ဖို့ ကြိုးစားတယ်၊ ဒါကို သူတို့ (Objectivity) လို့ ခေါ်တာပေါ့၊ နောက် သိပ္ပံရဲ့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ပါရမီပါလာလို့လေလား

ပါရမီပါလာလို့လေလား ကျွန်တော့ ဘ၀မှာ ကျွန်တော် မသိပဲနဲ့ မှန်ပြီး ကံကောင်းတဲ့ လုပ်ငန်းတွေ လုပ်ခဲ့မိတယ်၊ ဒါဟာ ပါရမီက တွန်းပို့ တာလားတော့ မသိဘူးပေါ့ ဘ၀တဆစ်ချိုးတွေမှာ ကျွန်တော်ဟာ ကံကောင်းစေမယ့် လုပ်ငန်းတွေ လုပ်လိုက်မိတယ်။ အဲဒါက ဒီဆရာမြတ်ကြီးထံမှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးပေါ့ ဘ၀ပေး နှစ်မြုပ်လိုက်ရတဲ့ သတ္တိပါပဲ။ ဒီတုန်းကတော့ ကျွန်တော်ဟာ ပညာရှိဆန်ဆန် လုပ်လိုက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က အဲဒီ ဆရာမြတ်ကြီး အဆိုအဆုံးမတွေကို ရချင်တယ်။ နောက်ပိုင်းတော့ ကျွန်တော်မှန်တာပေါ့။ ဘာကြောင့်တုန်း … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , | Leave a comment