Monthly Archives: December 2010

အမှန်သတင်းတစ်ရပ် .. ..

အမှန်သတင်းတစ်ရပ် .. .. ဒီခေတ်ဟာ “Age of Information” ခေတ်လို့ ပြောရမလို အမှန်အကန် သတင်းတွေကို ဖလှယ်ကြတဲ့ ခေတ်ပါပဲ။ ဒီအချိန်မှာ လက်တွေ့ စမ်းသပ်လို့ အကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်မယ့်သတင်းစကားတွေကို တစ်ဦးနဲ့တစ်ဦး ဖလှယ်ပြီးတဲ့နောက် ထပ်မံပြီး လက်တွေ့စမ်းသပ်လို့ အကျိုးတကယ်ရှိတယ်ဆိုရင် ဆက်လက် သုံးစွဲရတဲ့ ခေတ်ကြီးပေါ့ .. .. ဒီအခါမှာ အားလုံးဟာ အမှန်အကန်ကို လိုက်ရှာနေကြတယ် – အမှန်အကန်တွေ့ရင်လည်း သတင်းဖြန့်ချင် ကြတယ် – ဒါဟာ ဒီခေတ် လူသားတွေရဲ့ … Continue reading

Posted in Buddhism, Frontpage | Tagged , , | Leave a comment

အရိယာအကြောင်း .. ..

အရိယာအကြောင်း .. .. ခေတ်ကြီးကို တိုးတက်နေတယ်လို့ အများပြောကြတယ်။ သူ့ထက်ငါလည်း တိုးတက်အောင် အပြိုင် အဆိုင် ကြိုးစားနေကြတဲ့ ပုံပါပဲ။ အသုံးဝင်ရာ အသုံးဝင်ရာကို လိုက်စားကြတယ်။ အထူးသဖြင့် စီးပွားရေးတို့ အားကစားတို့ကို ကြိုးစားပြီး လိုက်စားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ကိုယ်လေ့လာ လိုက်စားတာ ကိုယ်တော်ကြတာပါပဲ။ ကွန်ပြူတာပညာဆိုရင်လည်း အရမ်းတော်နေကြပါပြီ။ မလေ့လာတဲ့ ပုဂ္ဂိုလ်ကတော့ ခေတ်နောက်ကျ ကျန်ခဲ့မှာပါပဲ။ ကိုယ်သန်ရာ ကိုယ်သန်ရာ လေ့လာလိုက်စားကြတာ .. .. ကျွန်တော်ကတော့ ပြဖို့ခက်တဲ့ သီလ၊ သမာဓိ၊ … Continue reading

Posted in Buddhism, Frontpage | Tagged , , | 1 Comment

စွမ်းအင်ဟူသည် .. ..

စွမ်းအင်ဟူသည် .. .. ဇော်ဂျီဖိုဝင်သားနဲ့ ပတ်သက်လို့ ပြောပြစရာလေးတွေ ရှိသေးတယ် .. .. ဆက်လက်ပြီး သိချင်ကြဦးမှာပဲ။ ဇော်ဂျီဖိုဝင်သားကတော့ စွမ်းအင်တစ်မျိုးပါပဲ၊ ဖမ်းရအရမ်းခက်တဲ့ သဘောပဲ။ ကျွန်တော် ဖမ်းကြည့်တာ တိုက်ဆိုင်တဲ့ “Frequency” မှာလို့ပြောရမှာပေါ့ မိသွားတယ်။ မိသွားတာနဲ့ ကျွန်တော် ရယူသိမ်းပိုက် ထားတာပေါ့။ အခုတော့ တိုက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း မျှဝေဖို့ စိတ်ကူးရတာနဲ့ ဒီအကြောင်းတွေကို နည်းနည်း ပွင့်ပွင့်လင်းလင်း ပြောလာရတာပါ။ ကျွန်တော် ရထားတာကတော့ နည်းနည်းကြာပါပြီ။ ထူးခြားတဲ့ စွမ်းအင်ပါပဲ။ ဖမ်းတတ်ဖို့ကတော့ … Continue reading

Posted in Buddhism, Frontpage | 2 Comments

မြင်ခြင်းကြားခြင်းနှင့်ဝိပဿနာ

မြင်ခြင်းကြားခြင်းနှင့်ဝိပဿနာ ဒီနေ့ ယောဂီတစ်ဦးက မေးတယ် .. .. မေး။    ။ မြင်တယ် ကြားတယ်ဆိုရင် သမထပဲလား? လို့ မေးတယ်။ ပြန်ဖြေလိုက်ရတယ် .. .. ဖြေ။    ။မြင်တယ် ကြားတယ်ဆိုတိုင်း သမထတော့ မဟုတ်ဘူး .. .. ဒီလိုဆိုရင် မြတ်စွာဘုရားရဲ့ ပုဗ္ဗေနိဝသဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ် တွေဟာ သမထလို့ စွပ်စွဲစရာ ဖြစ်သွားလိမ့်မယ်။ အဲဒီလို မပြောကောင်းဘူး။ မြတ်စွာဘုရား လက်ထက်တော်တုန်းက ရှင်အနုရုဒ္ဓါ ဆိုတာရှိတယ်၊ ရဟန္တာကြီးပဲ မြင်တာပဲ။ ရဟန္တာဆိုတော့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

လက်တွေ့ကျင့်ကြံမှု၏အတွေ့အကြုံများ

လက်တွေ့ကျင့်ကြံမှု၏အတွေ့အကြုံများ ဒီခေတ်ဟာ လက်တွေ့ခေတ် ဆိုရင်လည်း အများလက်ခံကြမှာပါ။ ကျွန်တော်ကလည်း ကံကောင်းလို့ တရားကို လက်တွေ့ ကျင့်မိတယ်။ ဒီတော့ လက်တွေ့ခေတ်မှာ ကျွန်တော်ကျင့်တဲ့ တရားတွေအကြောင်းက ပြောစရာ၊ ရေးစရာတွေက များတာပေါ့။ ကျွန်တော်ကလည်း ကျင့်သလားမမေးနဲ့ နှစ်ပေါင်း(၃၀)ကျော် (၄၀)၀န်းကျင် ကျင့်ခဲ့ဖူးတော့ အတွေ့အကြုံက အများကြီး ရတာပဲ။ ဥပမာ – ရှုတယ်ဆိုတာ ကျွန်တော် သိတယ်။ ရှုတယ်ဆိုတာ စိတ်နဲ့ ရွတ်တာမဟုတ်ဘူး။ ရှုတယ်ဆိုတာ ဥာဏ်ပညာနဲ့ ရုပ်နာမ်ရဲ့ အပျက်ကို ရှုတာ။ ဘာဖြစ်လို့ ရှုရသလဲဆိုရင် … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

အမှန်သစ္စာရှာဖွေသူဟူသည် .. ..

အမှန်သစ္စာရှာဖွေသူဟူသည် .. .. သစ္စာရှာဖွေသူဆိုတာ အမှန်ရှာဖွေသူပါပဲ .. .. သစ္စာသမားဟာ အမှန်သမားပဲ .. .. အမှန်ကိုသိပ်ကြိုက်တယ်၊ ဒါကြောင့်မို့ မှန်တဲ့ကိစ္စတွေမှာ သိပ်လည်း သတ္တိရှိတယ်၊ သိပ်လည်း ရဲရင့်တယ်၊ သိပ်လည်း ပြတ်သားတယ် – ဒီနေရာမှာ လူသာမာန်နဲ့ကို မတူဘူး။ သူတို့ကို မမှန်မကန်နဲ့ လာဆက်ဆံလို့ကတော့ သူတို့က သစ္စာရှာသူပီပီ သတ္တိရှိရှိ၊ တာဝန်သိသိ၊ တုန့်ပြန်မှာ No tags for this post.

Posted in Buddhism, Frontpage | Leave a comment

စွမ်းရည်သတ္တိထူး .. ..

စွမ်းရည်သတ္တိထူး .. .. အားလုံးကလည်း သိကြပါတယ်၊ ဒီခေတ်က ကျင့်တဲ့လူ စွမ်းကြစတမ်းပဲ .. .. တော်တော်များများကလည်း ကျင့်ကြတယ်၊ ဘာလို့လည်းဆိုတော့ သက်ဆိုင်ရာ စွမ်းချင်လို့ပဲလို့ ပြောရမှာပဲ။ စွမ်းတယ်ဆိုတာ အမျိုးမျိုးရှိတာပေါ့ – သက်ဆိုင်ရာမှာ ကျွမ်းကျင်နိုင်နင်း တော်ကြတာပေါ့။ ဘော်လုံးကျွမ်းကျင်တဲ့သူက ဘော်လုံးတော်တယ်၊ ကွန်ပြူတာ ကျွမ်းကျင်တဲ့သူက ကွန်ပြူတာ တော်တယ်၊ ဒီလိုပဲ “Concentration” ကျွမ်းရင်လည်း “Concentration” မှာ No tags for this post.

Posted in Buddhism, Frontpage | Leave a comment

သစ္စာဝါဒီမှန်လျှင် ဉာဏ်ပညာရှိရသည် .. ..

သစ္စာဝါဒီမှန်လျှင် ဉာဏ်ပညာရှိရသည် .. .. ဉာဏ်ပညာဟူသည် .. ..ဖြစ်လတ္တံ့သော အခြေအနေကို မြော်မြင်ဆင်ခြင် သိမြင်နိုင်ရမည်။ လောကသဘာဝကိုလည်းကောင်း၊ စိတ္တသဘာဝကိုလည်းကောင်း၊ ဓမ္မသဘာဝကိုလည်းကောင်း မြော်မြင်ဆင်ခြင်နိုင်ရမည်။ နိဗ္ဗာန်ကိုသိမြင်သည်မှာလည်း ဉာဏ်ပညာဖြစ်၍ ရုပ်နာမ်ဒုက္ခ၏ အပျက်ကိုမြင်သည်မှာလည်း ဉာဏ်ပညာပင် ဖြစ်သည်။ နိဗ္ဗာန်ကို ဉာဏ်ဖြင့်သာ မျက်မှောက်ပြုနိုင်သည်ဖြစ်၍ ဉာဏ်ပညာအင်အား ကြီးမားခိုင်ခံ့စေရန် ကျင့်ကြံရခြင်းသည် အကြောင်းဖြစ်သည်လည်း ဟုတ်သည်၊ အကျိုးဖြစ်သည်လည်း ဟုတ်သည်။ အကြောင်းဖြစ်သည်ဆိုရာဝယ် Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, လောကုတ္တရာ

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

အမှန်တကယ် အတွင်းအောင်မြင်သူ . . .

အမှန်တကယ် အတွင်းအောင်မြင်သူ အမှန်တကယ် အတွင်းအောင်မြင်သူမှသာလည်း လောကဓံကို ဖြတ်သန်းကျော်လွှားနိုင်မည် ဖြစ်သည်။ ကိလေသာသည် နည်းရာမှ များလာတတ်သေးသည်ဖြစ်ရာ လုံးဝချုပ်ငြိမ်းသွားမှ ကောင်းမည်ဖြစ်သည်။ လောကုတ္တရာ  – လောကမှ လွန်မြောက်ခြင်းတရားမှာ တော်ရုံတန်ရုံဇွဲနှင့်တော့ မဖြစ်နိုင်ချေ။ လွယ်လွယ်ကူကူနှင့် ဖြစ်နိုင်ကောင်းသော အရာလည်း မဟုတ်ချေ။ အထူးသဖြင့် သံသရာမှ မျိုးစေ့ခိုင်ခိုင်လုံလုံ ပါမှသာလျှင် အတော့်ကို ဇွဲနှင့်အသည်းနှင့် ကျင့်ကြံအားထုတ်ရန် လိုအပ်သည့် လောကုတ္တရာ ချမ်းသာဖြစ်သည်။ ချမ်းသာမှုမှာလည်း အထွတ် အမြတ်ဆုံးဖြစ်၍ ကျင့်ဆောင်ရာမှာလည်း Tags: Buddhism, Myanmar Posts, … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

သာသနာတော်မြတ်

သာသနာတော်မြတ် သာသနာတော်သည် ငြိမ်းချမ်းသာယာလွန်းလှသည်။ ဉာဏ်ပညာ၏ စိတ်ဝင်စားရာ ဖြစ်သည်။ သာသနာဆိုသည်မှာ မြတ်ဗုဒ္ဓ၏ အဆုံးအမများ တည်ရာဖြစ်၍ သစ္စာတရားအား နားမလည် စေနိုင်သော မောဟကို တိုက်ခိုက်ဖြိုဖျက် အောင်မြင်ခြင်း၌ တည်ရှိသည်။ ထို့ကြောင့်လည်း သာသနာသည် စင်ကြယ်သည်။ မွန်မြတ်သည်။ သန့်ရှင်းသည်။ အသိခက် သည်။ နက်နဲသည်။ သိမ်မွေ့သည်။ တိကျသည်။ ပြတ်သားသည်။ စစ်မှန်သည်။ Tags: Buddhism, Myanmar Posts, သာသနာ, အ၀ိဇ္ဇာ, အတ္တ

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ထိုးထွင်းမှုဒဿနအမြင် .. ..

ထိုးထွင်းမှုဒဿနအမြင် .. .. ထိုးထွင်းမှုဆိုသည်မှာ ကိုယ်ပိုင်ဉာဏ်နှင့် ပတ်သက်လေသည်။ စာရေးသူသည် မည်သည့် သိပ္ပံဒဿနပညာရှင်ကိုမှ မျက်ကန်းလက်ခံခြင်းမျိုး လက်မခံလိုပေ။ ပုဂ်္ဂိုလ်စွဲ မထားပေ။ ကိုယ်ပိုင်ဉာဏ်နှင့် ကိုက်ညှိ၍သာ လက်ခံလိုက လက်ခံခဲ့သည် ဖြစ်သည်။ လက်မခံလိုက ငြင်းဖျက်ပစ်လိုက်သည်သာဖြစ်သည်။ အိုင်စတိုင်း၏ နှိုင်းရသီဝရီကို စာရေးသူ ( အလွန်ဆုံး ) တစ်ဝက်မျှကိုသာ လက်ခံခဲ့လေသည်။ အကြောင်းမှာ ယင်းသီဝရီသည် No tags for this post.

Posted in Buddhism & Science, Frontpage | Leave a comment

Characteristics of Dhammma

တရားတော်ကို အားကိုးနိုင်ပါသည် .. .. ဗုဒ္ဓဘာသာ သူတော်စင်များသည် တရားတော်ကို အားကိုးနိုင်ကြပါသည် .. .. တရားတော်သည် စောင့်ရှောက်ပါသည်။ မြန်မာစကား၌ “တရားနတ်စောင့်သည်” ဟူသော စကားရှိသည်။ တရားကို တရားစောင့်သိခြင်းပင် ဖြစ်ပါသည်။ ပါဠိလို “ဓမ္မောဟ ဝေရက္ခတိ ဓမ္မစာရိ`ံ” အဓိပ္ပာယ်မှာ — အကြင်သူသည် တရားကိုစောင့်အံ့ ထိုသူအား တရားတော်က ပြန်လည်၍ စောင့်လိမ့်မည် ဟူသော သဘောပင် ဖြစ်ပါသည်။ ဒီတော့ တရားတော်က စောင့်ရှောက်မှာ လုံးဝသေချာသည်၊ ကိုယ်က ယုံကြည်နိုင်သည်၊ … Continue reading

Posted in Buddhism, Frontpage | Tagged , , | Leave a comment

Nibbana-3

နိဗ္ဗာန် အပိုင်း(၃) နိဗ္ဗာန်အကြောင်းကို အစဉ်အလာအားဖြင့် ပြောခဲကြသည် .. .. အကြောင်းမှာ နိဗ္ဗာန်အကြောင်း ပြောရာ၌ အမှားအယွင်း ရှိတတ်သောကြောင့် ဖြစ်သည်။ ၄င်းအပြင် နိဗ္ဗာန်အကြောင်း ပြောရသည်မှာ ခက်ခဲနက်နဲလှသည်။ ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက် ပန်းတိုင်ပင်ဖြစ်သည်။ ထို့ကြောင့် ခက်ခဲမည်ဆိုလည်း ခက်ခဲနိုင်သည်၊ နက်နဲမည်ဆိုလည်း နက်နဲနိုင်သည်၊ ဗုဒ္ဓဘာသာ သူတော်စင်များသည် လူတော်များဖြစ်ရာ လူတော်များ၏ ပန်းတိုင်မှာ ခက်ခဲနက်နဲမည်မှာ သဘာဝကျလေသည်။ သိပ္ပံပညာရှင်များ၏ ပန်းတိုင်သည်ပင်လျှင် မည်မျှ ခက်ခဲနက်နဲပါသနည်း ? သူတို့သည် အားလုံးကို ဖြေရှင်းနိုင်သော … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

Nibbana -2

နိဗ္ဗာန် အပိုင်း(၂) ဤခေတ်သည် မှန်ကန်ရဲရင့်သောခေတ်ဟု ယူဆနိုင်သည်၊ မှန်ကန်သော သတင်းများ အပေးအယူလုပ်ကြသည်။ ၀ိုးတိုးဝါးတားသမားများ ရေပန်းမစားသော ခေတ်ဖြစ်သည်။ ပြောလျှင် တိတိကျကျပြောပါ၊ သေသေချာချာပြောပါ၊ ခိုင်ခိုင်မာမာပြောပါ – ၀ါးတားတားနှင့် ကိုယ့်ထင်မြင်ချက်တွေ ရောပြောသော သတင်းများသည် နောက်ဆုံး၌ ပျက်ပြယ်ရသည်။ အတုအယောင်များသည် မကြာမီ အဖြေမှန်ပေါ်ကာ ကျဆုံးသွားကြသည်၊ မှန်သူသည် ရေရှည်ခံသည် – ထိုကဲ့သို့သော တိုးတက်နေသော ခေတ်ဖြစ်သည်။ လူသားတွေသည် မိမိလေ့ကျင့်ရာ မိမိစွမ်းကြသည်၊ တော်ကြသည် .. .. မိမိအနေနှင့်မူ အခြားအရာများ … Continue reading

Posted in Buddhism, Frontpage | Tagged , , | 2 Comments

Nibbana-1

နိဗ္ဗာန် အပိုင်း(၁) ကျွန်တော့်၌ မိတ်ဆွေများရှိသည် အခါအားလျော်စွာ ထိုမိတ်ဆွေများကို သတိရသည် .. .. ၄င်းတို့သည် နိဗ္ဗာန်ကို စိတ်ဝင်စားပုံရသည်။ ၄င်းတို့ကို သတိရသောကြောင့် ၄င်းတို့စိတ်ဝင်စားသော နိဗ္ဗာန်အကြောင်းကို အနည်းငယ် ပြောပြပေးလိုက်ပါသည် .. .. နိဗ္ဗာန်ဆိုသည်မှာ တဏှာမရှိရာ ဖြစ်သည်။ ဤသို့ပြောလျှင်လည်း ရသည် – အဘယ့်ကြောင့်ဆိုသော် “နိဝါန” မှ လာသည်ဖြစ်ရာ – “နိ” ဆိုသည်မှာ မရှိခြင်းဖြစ်၍၊ “၀ါန” ဆိုသည်မှာ တဏှာအစေးပင် ဖြစ်သည်။ ထို့ထက်ပို၍ ပြောရသော် … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Comments Off on Nibbana-1