Monthly Archives: November 2010

အဓိပ္ပာယ်ဖွင့်ဆိုသည်ဆိုရာ၌

အဓိပ္ပာယ်ဖွင့်ဆိုသည်ဆိုရာ၌ အဓိပ္ပာယ်ဖွင့်ဆိုသည်ဆိုရာ၌ သိပ္ပံပညာရပ်သည် နယ်သစ်ပယ်သစ်များကို ထိုးဖောက်စူးစမ်း လေ့လာရသည်ဖြစ်ရာ သဘာဝ၏ အသစ်အဆန်းဖြစ်သော အချက်အလက်များကို တွေ့ရှိ ပါက အနက်အဓိပ္ပာယ် ဖွင့်ဆိုအပ်သော စကားလုံးများကို သုံးနှုန်းတီထွင်ရလေသည်။ သိပ္ပံ နယ် ပယ်သည် စကားလုံးတိုင်းကို အနက်ဖွင့်ဆိုရသော နယ်ပယ်ဖြစ်လေသည်။ ဗုဒ္ဓဘာသာ၌ ဥပမာ … ( ၁ ) ဉာဏ် ( ၂ ) ရှုသတ်ခြင်း ( ၃ ) ဆင်ခြင်ခြင်း ( ၄ ) ထိုးထွင်းခြင်း … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်းဆိုင်ရာ သီအိုရီအကြောင်း

အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်းဆိုင်ရာ သီအိုရီအကြောင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းဆိုင်ရာ သီအိုရီအကြောင်းကို ပြောပါမယ်။ ဒီသီအိုရီကိုတော့ အသိပညာရှာဖွေလိုက်စားသူတိုင်း စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုတယ်ဆိုတာ စကားလုံးတစ်လုံးကိုဖြစ်ဖြစ်၊ မရှင်းလင်းသေးတဲ့ ဝေါဟာရတစ်ခုကိုဖြစ်ဖြစ် တူညီတဲ့အနက် ဖော်ဆောင် ပေးရတာဖြစ်ပါတယ်။ ဒီလိုပဲ လွယ်ကူအောင် ပြောရပါလိမ့်မယ်။ ဒီနေရာမှာ အဓိပ္ပာယ် ဖွင့်ဆိုချင်တဲ့ စကားလုံးရယ်၊ အဲဒီစကားလုံးနေရာမှာ အစားထိုးလိုတဲ့ အနက်ဖွင့်တဲ့ စကားလုံး တွေရယ် အုပ်စုနှစ်ခုရှိတဲ့ သဘောပါပဲ။ (ထပ်မံရှင်းပြပါဦးမယ်) မရှင်းလင်းသေးတဲ့ ( ဒါမှမဟုတ် ) ရှင်းလင်းရန် လိုအပ်နေတဲ့ စကားလုံးတွေနေရာမှာ ရှင်းလင်းတိကျတဲ့ … Continue reading

Posted in Buddhism, Frontpage | Leave a comment

နုပဿနာ လေးမျိုး .. ..

နုပဿနာ လေးမျိုး .. .. ဒေါက်တာချစ်ငယ်(ဒဿန)နှင့် ဒေါက်တာကျော်လင်းဦးတို့ မိသားစု ဆွေးနွေးသည်များကို ဆက်လက်ဖော်ပြလိုပါသည် .. .. ဒေါက်တာကျော်လင်းဦး၏ ဇနီးဖြစ်သူ ဒေါက်တာကြည်ကြည်မျိုးက အောက်ပါအတိုင်း မေးမြန်းပါသည် – ဒေါက်တာကြည်ကြည်မျိုး။       ။ဆရာကြီးရှင့် စိတ္တနုပဿနာ ရှုသတ်ရတာ ဝေဒနာနုပဿနာ ရှုရတာထက် ပို၍ခက်ခဲပါသလား ? ထိုမေးခွန်းကို ဤသို့ဖြေခဲ့သည် ဒေါက်တာချစ်ငယ်      ။         ။နုပဿနာ လေးမျိုးရှိတာ မှန်ပါတယ် – ကာယနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တနုပဿနာ၊ ဓမ္မာနုပဿနာ .. .. စသည်ဖြင့်ပေါ့။ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ဗုဒ္ဓစာပေဆုရ စာရေးဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန) နှင့် ဒေါက်တာကျော်လင်းဦးတို့ ဆွေးနွေးခန်း (3).. . .

ဗုဒ္ဓစာပေဆုရ စာရေးဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန) နှင့် ဒေါက်တာကျော်လင်းဦးတို့ ဆွေးနွေးခန်း (3).. . . မဟာအံ့ထူးကံသာဘုရားကြီး ဖူးမြော်အပြီးတွင် ဆရာကြီးဒေါက်တာချစ်ငယ်မှ လိုက်ပါလာသော အဖွဲ့အား ဤသို့ပြောကြားလေသည် .. .. ဘုရားဖူးလာကြတဲ့အခါ ကားပေါ်မှာ ဒီလိုပဲ စဉ်းစားမိတယ် .. .. ကိုယ်က ဘုရားဖူးလာတာ တစ်ချို့ကတော့ လျှောက်လည်ကြတာပဲ ဩ ဘုရားပေါ်မှာ နှလုံးသွင်းတွေဘာတွေ မတတ်ကြဘူး၊ ရောက်တတ်ရာရာပေါ့၊ ဒီအဖွဲ့ကတော့ ဘုရားတရားကို ဦးထိပ်ထားပြီးတော့ ဘုရားဖူးဖို့လာကြတယ်၊ တရားစကားတွေ ဆွေးနွေးကြ၊ ပြောကြတယ်၊ ဒါကတော့ … Continue reading

Posted in Buddhism, Frontpage | Tagged , , | Leave a comment

ဗုဒ္ဓစာပေဆုရ စာရေးဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန) နှင့် ဒေါက်တာကျော်လင်းဦးတို့ ဆွေးနွေးခန်း (2).. . .

ဗုဒ္ဓစာပေဆုရ စာရေးဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန) နှင့် ဒေါက်တာကျော်လင်းဦးတို့ ဆွေးနွေးခန်း .. . . ထိုစဉ် တစ်ချိန်လုံး စိတ်ပါဝင်စားစွာ နားထောင်နေသော ဒေါက်တာကျော်လင်းဦး၏ ညီမဖြစ်သူ မသူဇာတင်မှ ဤသို့ ၀င်ရောက်မေးမြန်းလိုက်လေသည် .. မသူဇာတင်      ။         ။ဆရာကြီးရှင့် သောတာပန်ဖြစ်တဲ့အခါ ကိုယ်တိုင်သိနိုင်ပါသလား? ဒေါက်တာချစ်ငယ်။       ။တရားထိုင်လို့တော့ကောင်းတယ်။ တရားရဲ့ ဆန့်ကျင်ဘက်ဆိုရင် သိပ်မလုပ်ချင်တော့ဘူး။ တရားအတွက်လုပ်မယ်ဆိုရင်လည်း စိတ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်တဲ့ ဆရာနဲ့တွေ့ရင်တော့ ပိုကောင်းတာပေါ့။ အရိယာတွေက အလုပ်လုပ်တဲ့အခါ ဘယ်လောက် ကြိုးစားကြိုးစား ၀ီရိယပဲရှိတယ်။ … Continue reading

Posted in Buddhism, Frontpage | Tagged , , | Leave a comment

ဗုဒ္ဓစာပေဆုရ စာရေးဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန) နှင့် ဒေါက်တာကျော်လင်းဦးတို့ ဆွေးနွေးခန်း .. . .

ဗုဒ္ဓစာပေဆုရ စာရေးဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန) နှင့် ဒေါက်တာကျော်လင်းဦးတို့ ဆွေးနွေးခန်း .. . . ဒေါက်တာချစ်ငယ်နှင့်အဖွဲ့ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရားကြီးသို့ သွားရောက်ပူဇော် ဖူးမြော်ရာတွင် လမ်းခရီး အစစအရာရာ ကုသိုလ်ပြုပံ့ပိုးခဲ့သော ဒေါက်တာကျော်လင်းဦးမှ လမ်းခရီးတစ်လျှောက် မေးမြန်းခဲ့သည်များကို ဆရာကြီးဒေါက်တာချစ်ငယ်မှ ဤသို့ ပြန်လည်ဖြေကြားခဲ့သည် .. .. ဒေါက်တာကျော်လင်းဦး။          ။ဆရာခင်ဗျား လူ့ဘ၀က လမ်းဆုံလမ်းမမှာ ရပ်နေရတာပဲတဲ့၊ ငရဲလည်းသွားလို့ရတယ်၊ နိဗ္ဗာန်လည်းသွားလို့ရတယ်။ နတ်ပြည်တို့ကျတော့ သွားလို့ မရဘူးဆိုတာ ဟုတ်ပါသလား? ဒေါက်တာချစ်ငယ် ။         ။နတ်ပြည်ကျတော့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

ပုဂ္ဂလဓိဋ္ဌာန်ကျသော စိတ်သိနှင့်ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်သိ (၂)

ပုဂ္ဂလဓိဋ္ဌာန်ကျသော စိတ်သိနှင့်ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်သိ (၂) မိမိ၏ အညစ်အကြေး မစင်ကြယ်သေးသော စိတ်သိ၏အလိုကို လိုက်ပါလျှင် အလိုလိုက်အမိုက် စော်ကားသကဲ့သို့ အတ္တကြီးသောအမြင် ငါတကော ကောသောအမြင်တို့ဖြင့် ပုဂ္ဂလိက ဆန္ဒစွဲအသိများ အားကောင်းလျက် ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်အမြော်အမြင်နှင့် ဆင်ခြင်သိနိုင်သော စွမ်းရည်သည် ဆိတ်သုဉ်းသွားတော့ပေမည်။ တစ်နည်းအားဖြင့် ထိုရုပ်နာမ်အဖို့ ဉာဏ်ပညာစခန်း တံခါးပိတ်သွား တော့မည်။ ရှုဉာဏ်ဆိုသည်မှာ ကိလေသာနှင့် ယှဉ်တွဲဖြစ်ပေါ်လာသော စိတ်၏ ဒုက္ခတရားလေး၏ အလိုကို အလွယ်တကူ မလိုက်မူ၍ ထိုဒုက္ခတရားလေး၏ ဖြစ်ရပ်အမှန်ကို ပညာသားပါပါ ထိုးဖောက်သုံးသပ် စိစစ်သော … Continue reading

Posted in Buddhism | Comments Off on ပုဂ္ဂလဓိဋ္ဌာန်ကျသော စိတ်သိနှင့်ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်သိ (၂)

ပုဂ္ဂလဓိဋ္ဌာန်ကျသော စိတ်သိနှင့်ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်သိ

ပုဂ္ဂလဓိဋ္ဌာန်ကျသော စိတ်သိနှင့်ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်သိ ပညာဟူသော ဝေါဟာရကို အသိနှင့်ပညာဟူ၍ နှစ်မျိုးခွဲခြားလိုက်ပါ။ အသိဆိုသည်မှာ သိလိုက် ခြင်းသက်သက်ဖြစ်သည်။ ပညာဆိုသည်မှာ အကြောင်းနှင့်အကျိုးကိုလည်းကောင်း၊ အကျိုးမှအကြောင်း သို့လည်းကောင်း စစ်တမ်းထုတ် ဆက်စပ်ဝေဖန် ဆင်ဖြင်ပိုင်းခြားနိုင်ခြင်း သဘောဖြစ်သည်။ အသိပညာဟူသည်မှာ အကြောင်းမှအကျိုးသို့လည်းကောင်း၊ အကျိုးမှအကြောင်းသို့ လည်းကောင်း ပိုင်နိုင်စွာမှတ်တမ်းထုတ်လျှက် ဟုတ်တိုင်းမှန်စွာ ဆက်စပ်မြော်မြင်ဆင်ခြင်၍ ဝေဖန်ပိုင်းခြားသိနားလည် ခြင်းဟု ဆိုလိုသည်။ အသိနှစ်မျိုးမှာ စိတ်သိနှင့်ဉာဏ်သိဖြစ်ကြပါသည်။ စိတ်သိဆိုသည်မှာ ပုဂ္ဂလဆန္ဒစွဲနှင့် တွဲနေသော အသိဖြစ်သည်။ ဉာဏ်သိဆိုသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်အမြော်အမြင်နှင့်ဆင်ခြင်၍ သိသောအသိ ဖြစ်သည်။ စိတ်သိသည် … Continue reading

Posted in Buddhism, Frontpage | Leave a comment

အသင်္ခတဓာတ်မြတ်သောနိဗ္ဗာန်

အသင်္ခတဓာတ်မြတ်သောနိဗ္ဗာန် အ၀ိဇ္ဇာတဏှာ၏ လွှမ်းမိုးမှုဒဏ်ခံရသဖြင့် ဒုက္ခဖြစ်နေကြရခြင်း ဖြစ်သည်။ အ၀ိဇ္ဇာဆိုသည်မှာ အမှန်ကို မသိခြင်း။ တဏှာဆိုသည်မှာ ဒုက္ခဖြစ်စေသည့်အရာကို လိုခြင်နေခြင်း။ သင်္ခါရ အစားထိုးသည်ဆိုရာ၌ ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုး လှည့်လည်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ အကြောင်းတရားကို မပယ်သတ်လျှင် အကျိုးတရားဖြစ်ပေါ်မည်။ အကျိုးတရားကို မလိုချင်ရ ကောင်းမှန်မသိလျှင် အကြောင်းခံပြီးဖြစ်လိမ့်မည်။ အကြောင်းမှအကျိုးသို့ အကျိုးမှအကြောင်းသို့ ပဋိစ္စသမုပ္ပာဒ် လှည့်လည်လျက်ရှိသည်။ ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းတွင် အကြောင်းကိုသတ်လျှင် အကျိုးမပေါ်နိုင်တော့။ အကျိုးကိုသတ်လျှင် အကြောင်းမခံရာကျသောကြောင့် အကျိုးထပ်မံ မဖြစ်နိုင်။ အကျိုးကိုလိုသဖြင့် အကြောင်းပြုသည်။ အကြောင်းပြုသည်ကို အကြောင်းပြုမှန်း မသိသောကြောင့် … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ကိုယ့်အလုပ် ကိုယ်လုပ်ပါ .. ..

ကိုယ့်အလုပ် ကိုယ်လုပ်ပါ ယောဂီတစ်ဦး၏အလုပ်သည် ကိလေသာလျော့ပါးစေရန်ပင်ဖြစ်သည်။ မိမိခန္ဓာထဲ၌သာ တရားကို ရှာရမည်။ ယောဂီတိုင်းသည် မိမိ၏ ရုပ်နာမ်ခန္ဓာ အဇ္ဈတ္တ၌သာ တရားကိုရှာရသည်။ ယောဂီတိုင်းသည် ကိုယ့်အလုပ်ကိုယ်လုပ်ရန် အဇ္ဈတ္တရှိ အညစ်အကြေးကိလေသာများ ခေါင်းပါး စင်ကြယ်စေရန် ရင်တွင်းအကုသိုလ်တရားများကို ဒုက္ခလက္ခဏာ၊ အနိစ္စလက္ခဏာ၊ အနတ္တလက္ခဏာ တို့ဖြင့် ဆင်ခြင်ရှုပွားနေရမည်သာဖြစ်ပေသည် .. .. ဟုတ်ရာမှန်ရာ အကျိုးရှိရာ တစ်စုံတစ်ခုကိုလုပ်ဆောင်ရန်ရှိသောအခါ ဟုတ်၏လော၊ အကျိုးရှိ၏လောဟု ဆန်းစစ်ရမည်။ ဟုတ်နေမှန်နေ အကျိုးရှိနေပါက မည်သူမည်ဝါ မည်သို့ပင်ထင်ကြ မြင်ကြ ပြောကြပါစေ ပြတ်ပြတ် သားသား … Continue reading

Posted in Buddhism | Leave a comment

E-Book will be available soon!

ကျွန်ုပ်လေ့လာမိသော ဇော်ဂျီဖိုဝင်သားနှင့် သိပ္ပံပညာ စာအုပ်ကို မြန်မာတပြည်လုံးသို့ ဖြန့်ချိလျှက် ရှိပြီး မကြာမီအချိန်တွင် ဤ www.chitnge.com website တွင် ebook အဖြစ် ဖတ်ရှုရမည် ဖြစ်ကြောင်း သတင်းကောင်းပေးအပ်ပါသည်။ လေးစားစွာဖြင့် Admin. No tags for this post.

Posted in Buddhism, Frontpage | 1 Comment