Monthly Archives: August 2010

ယောဂီများအတွက် လက်ရာကောင်းတစ်ခု …

ယောဂီများအတွက် လက်ရာကောင်းတစ်ခု ယောဂီများ .. .. မကြာမီမှာ အဆင်ပြေရင် ယောဂီများလက်ထဲမှာ ဇော်ဂျီဖိုဝင်သားအကြောင်း စာအုပ်ကြီး အထူကြီးပဲ ရောက်လာမှာပါ။ မိမိပြောချင်တာက .. .. ဒီစာအုပ်ထဲကနေ ပညာယူပါ။ မြတ်စွာဘုရားမှ အမှုးပြုပြီး သူတော်ကောင်းတွေ အဆင့်ဆင့် မိုးကုတ်ဆရာတော်ဘုရားကြီး၊ ဆရာမြတ်ကြီးတို့ သွန်သင်ညွှန်ကြား ဆုံးမထားတဲ့ စကားတွေကို အခြေခံပြီး ရေးထားတဲ့ အကြောင်းအရာတွေ ပါပါတယ်။ ဒါကြောင့် ပညာယူပါ။ ပညာယူဖို့ ဖတ်ပါ။ အပြစ်ရှာဖို့ တော့မဖတ်စေချင်ဘူး၊ အပြစ်ရှာရင်တော့ အပြစ်တော့တွေ့မှာ – ဒါပေမယ့် … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ယောဂီများအတွက် စာရေးသူ၏ စာအုပ်အသစ်

ယောဂီများအတွက် စာရေးသူ၏ စာအုပ်အသစ် ယောဂီများ မကြာမီ ထုတ်ဝေဖြန့်ချိမယ့် `ကျွန်ုပ်လေ့လာမိသော ဇော်ဂျီဖိုဝင်သားနှင့် သိပ္ပံပညာ´ စာအုပ်မှာ .. .. ရှေ့တိုင်းနဲ့ အနောက်တိုင်း ဒဿနတွေကို ပေးထားတာ ပါပါတယ်၊ ဒီပြင် ကမ္ဘာနဲ့ မြန်မာ သိပ္ပံနဲ့ ဗုဒ္ဓဘာသာ တို့ရဲ့ ညှိနှိုင်းမှု အကြောင်းအရာလေးတွေ တင်ပြပေးထားတာပါ။ အဓိကကတော့ လူ့အသိပညာရဲ့ အထွတ်အထိပ်ပိုင်းဆိုင်ရာ ကြိုးစားရှာဖွေမှုတွေကို ဖော်ထုတ် ရေးသားထားပါတယ်။ ယောဂီများလည်း မိမိ သဘောထားကို သိပါတယ် .. .. ကမ္ဘာကို အထင်မသေးပါဘူး၊ … Continue reading

Posted in Buddhism, Frontpage | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ -58

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၅၈) သာသနာနဲ့ ပတ်သက်လို့ရှိရင် နိဗ္ဗာန်အကြောင်းပြောရမယ်၊ ရဟန္တာအကြောင်းပြောရမယ်၊ အရိယာအကြောင်းပြောရမယ်၊ ၀ိပဿနာ စစ်မှန်ကြောင်းပြောရမယ်၊ (၃၁)ဘုံကို ခြေကန်တဲ့အကြောင်း ပြောရမယ်။ ဒါမှ ဗုဒ္ဓဘာသာဟာ အမှန်အကန်လည်းဖြစ်တယ်၊ နက် လည်း နက်ရှိုင်းတယ်၊ လေးလည်း လေးစားလောက်တယ် .. .. အမှန်ရှာဖွေနေကြသောယောဂီများ .. အခြားသော တရားလိုက်စားသော ပုဂ္ဂိုလ်များ မသိတဲ့ အကြောင်းအချက် အချို့ကို ယောဂီများကို မကြာခဏ ဖော်ပြပေးပါတယ်။ အခုလည်း ဖော်ပြပါဦးမယ် .. .. အခြားယောဂီများက စိတ်နဲ့ဉာဏ်ကို … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , | Leave a comment

သတင်းကောင်း

သတင်းကောင်း ယောဂီများ .. .. သတင်းတစ်ခုပေးဖို့က မိမိကိုယ်တိုင် ရေးထားတဲ့ “ကျွန်ုပ်လေ့လာမိသော ဇော်ဂျီဖိုဝင်သားနှင့်သိပ္ပံပညာ” ဆိုတဲ့ စာအုပ် မကြာမီ ထွက်တော့မှာပါ .. .. ဒီကြေငြာကို ၂၉-၀၈-၂၀၁၀ (Sunday) မြန်မာအလင်း သတင်းစာ စာမျက်နှာ -၁၆ မှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ကျွန်တော်က သိပ္ပံနဲ့ ဗုဒ္ဓဘာသာကိုညှိထားတာ၊ ရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ ဒဿနပညာတွေကို ညှိထားတဲ့ သဘောပါပဲ။ သိပ္ပံပညာတိုးတက်တာလည်း မှန်ပါတယ် – အရမ်းတိုးတက်ပါတယ်။ လူ့အသိုင်းအ၀ိုင်းမှာ လူမှုရေးဗေဒမှာ အရမ်းကို … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၅၇)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၅၇) ယောဂီများ .. “Life is like a pendulum swinging between tears and laughter” လို့ သရုပ်ဖော် တင်ပြကြတယ်။ “ငိုခြင်းနဲ့ရယ်ခြင်းဟာ တလှည့်စီပဲ၊ အောင်မြင်ခြင်းနဲ့ မအောင်မြင်ခြင်းဟာလည်း တလှည့်စီ ဖြစ်တတ်တယ်” ဒီလိုပါပဲ .. .. အခါအခွင့်သင့်တဲ့အခါ နက္ခတ်ကြုံလို့ အကြောင်းအကျိုးညီရင် အောင်ပြီးတော့၊ မသင့်တဲ့အခါလည်း မအောင်ဘူးပေါ့နော် .. .. ဒီတော့ ဒါတွေကို ဖြတ်သန်းရင်းနဲ့ သွားရမှာဆိုတော့ ကိုယ်တရားရဖို့က … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

အာရုံကိုနိုင်အောင်တိုက်ခြင်း .. ..

အာရုံကိုနိုင်အောင်တိုက်ခြင်း .. .. လိမ္မာတဲ့ယောဂီများကလည်း ပေါ်ထွန်းနေတယ်၊ အာရုံကို တိုက်လိုသော ယောဂီများ ပေါ်ထွန်းနေတာကို သိရလို့ အရမ်းကို ၀မ်းသာတယ်။ ဒါဟာလိမ္မာတာပဲ။ အာရုံတွေကတော့ အဆင့်ဆင့်ရှိတာပေါ့လေ ကြမ်းတမ်းတဲ့အာရုံတွေကို နိုင်အောင်တိုက်ရပြီ၊ အလယ်အလတ်တန်းစား အာရုံတွေကို ဆက်တိုက်ရလို့ရှိရင် အနုစားအာရုံတွေ ကျန်တာပေါ့ နော်။ အနုစားအာရုံတွေလည်း တိုက်ရမှာပဲ။ တိုက်ရင်ကုန်ပါတယ် မတိုက်လို့ပါ၊ အလိုလိုက် အမိုက်စော်ကားဖြစ်နေတာ (Practice makes perfect) ပဲ။ သူတို့ကို ပေါ်ရင်တိုက်မယ်ကွာဆိုပြီး တိုက်ရတာပဲ။ မိမိက စိတ္တသင်္ခါရပေါ်ပုံနဲ့ ပေါ်ရင်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောဖူးသားပဲ။ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

မြတ်ဗုဒ္ဓသာသနာကမ္ဘာလွှမ်းစေဖို့

မြတ်ဗုဒ္ဓသာသနာကမ္ဘာလွှမ်းစေဖို့ ယောဂီများ မြတ်ဗုဒ္ဓသာသနာ ကမ္ဘာကိုလွှမ်းစေဖို့ ဆိုတာကတော့ သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး .. .. သာသနာကလည်း  (၂၅၀၀) ကျော်ခဲ့ပြီ – ကျွတ်မယ့် ပုဂ္ဂိုလ်တွေကလည်း အရမ်းနည်းသွားပြီ၊ ကမ္ဘာကလည်း သိပ္ပံမှသိပ္ပံဖြစ်နေတော့ ဗုဒ္ဓဘာသာက မှန်ပေမယ့် သိပ်မတိုးနိုင်ပါဘူး (ရိုးရိုးသားသား ပြောရတာ) သာသနာပြုတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း တကယ်သာသနာ မြေလှန် မပြုနိုင်ကြပါဘူး။ ၀တ္တရားရှိသလောက်နဲ့ လမ်းခုလတ်ကနေ ငြိမ့်ပြီးတော၊့ မှိန်းပြီးတော့ပဲ ရေစုန်မျှော၊ ဇိမ်ခံ၊ စားသောက်နေတာ များပါတယ်။ မလွယ်ပါဘူး မြေလှန်ပြီး သာသနာပြုဖို့ဆိုတာ … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

အာရုံကိုကျွန်ခံခြင်းမှလွတ်မြောက်လျှင် .. ..အဆက်

အာရုံကိုကျွန်ခံခြင်းမှလွတ်မြောက်လျှင် .. ..အဆက် ယောဂီများ အာရုံကိုတိုက်တဲ့အခါမှာ အထောက်အပံ့ ဖြစ်စိမ့်သောငှာ အနည်းငယ် လမ်းကြောင်းပေးမယ် .. .. ကဲ ဆိုကြပါစို့ တဏှာဟာဘာလဲ? ရင်ထဲမှာပေါ်လာတယ် တဏှာခံစားချင်တယ် ဘာလဲ?  အဲဒါ  သြော် … ဘာမှမဟုတ်ဘူး နှလုံးသွင်းမှားလို့ ဖြစ်လာတဲ့ တော်တော်ကြီးတဲ့ ဒုက္ခလေးတစ်ခုပါပဲ။ နှလုံးသွင်းမှားးတာကိုး၊ သူက ရုပ်နာမ်ကို ရုပ်နာမ်လို့ မသိဘူး။ တကယ်တော့ ဆိုကြပါစို့ ဥပမာ —- ၀ိဇ္ဇာမလေးတစ်ယောက်ကို မြင်တယ်ပဲ ပြောပါတော့ ဥပမာပြောတာပါ။ မြင်တော့ ကိုယ်က … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာများသိသင့်သောအကြောင်းအချက်များ

ဗုဒ္ဓဘာသာများသိသင့်သောအကြောင်းအချက်များ ယောဂီများ အခြားသော မှန်ကန်စွာ လက်တွေ့မကျင့်တဲ့ပုဂ္ဂိုလ်၊ မအောင်မြင်ဘူးတဲ့ ပုဂ္ဂိုလ်တွေ မသိတဲ့ အကြောင်း အချက်တွေ ၀ိပဿနာစခန်းမှာ ပြောပြမယ် .. .. ၁) အခြားသော ယောဂီတွေဟာ မှတ်တာနဲ့ ရှုတာ မတူဘူးဆိုတာ မသိကြဘူး။ မှတ်တာက သမထအလုပ်ပဲ (စိတ် အလုပ်) ရှုတယ်ဆိုတာ ၀ိပဿနာအလုပ် (ဉာဏ်အလုပ်) ဖြစ်တယ်။ ၂) ရှုတာကို ဉာဏ်နဲ့ရှုရတယ်၊ စိတ်နဲ့ မရှုရဘူး။ ၃) အဲဒီ ရှုတဲ့ရှုဉာဏ်က အရိယာဉာဏ်ဖြစ်ပြီးတော့ ဆရာလုပ်သူက ပေးရတယ်။ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ဗုဒ္ဓဘာသာ .. ရွှေ

ဗုဒ္ဓဘာသာ .. ရွှေ .. .. ဗုဒ္ဓဘာသာရွှေကို အကျင့်နဲ့မှ ရမှာမို့ အပြောနဲ့မရ၊ အဟောနဲ့မရ၊ စာနဲ့မရ၊ အကျင့်နဲ့မှသာလျှင် ရနိုင်ကြောင်း.. .. ယောဂီများ “ဗုဒ္ဓဘာသာဟာ ရွှေပဲ .. ..” မသိသူတွေ ကျော်သွားနေကြလို့ သိသူတွေက ဖော်စားလိုက်ရုံပဲ – ရုပ်နာမ်ကို အနိစ္စရှုပြီးတော့ နိဗ္ဗာန်ထဲ တိုးဝင်သွားရင် ချမ်းသာမှု လွတ်မြောက်မှု အေးငြိမ်းမှု စတဲ့ ဗုဒ္ဓဘာသာက ပေးတဲ့ရွှေကို ကိုယ်တိုင် ရရှိပိုင်နိုင် သုံးစွဲနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် လောကီပဲ … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာမှန်လျှင် .. ..

ဗုဒ္ဓဘာသာမှန်လျှင် .. .. “ဗုဒ္ဓဘာသာမှန်လျှင် နိဗ္ဗာန်ကို မသွားချင်ဘူး”လို့ မပြောကောင်းဘူး .. .. ဗုဒ္ဓဘာသာများကို တရားဟောလျှင် နိဗ္ဗာန်ရောက်ကြောင်းတရားလို့ ခေါင်းစဉ်တပ်တာ များပါတယ် ယောဂီများလည်း အသိပဲ .. .. နိဗ္ဗာန်ကို မြတ်စွာဘုရားက အရမ်းရောက်စေချင်လွန်းလို့ မဟာဂရုဏာတော်ထားပြီး ရင်ဝယ်သားလို သနားလို့ နိဗ္ဗာန်စံဖို့အတွက် ဟောတော်မူတာ။ နိဗ္ဗာန်ကလည်း အရမ်းကောင်းတာ ကိုယ်တိုင် ၀င်စားကြည့်တော့ လည်း ကောင်းသလားတော့ မမေးနဲ့ … နည်းနည်းမှန်းဆကြည့်ပေါ့ ရုပ်နာမ်မရှိဘူးလေ။ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ပဲ နိဗ္ဗာန်အကြောင်း ထိုးထွင်းဆင်ခြင်ပြီး … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

အာရုံကိုကျွန်ခံခြင်းမှ လွတ်မြောက်လျှင် .. ..

အာရုံကိုကျွန်ခံခြင်းမှ လွတ်မြောက်လျှင် .. .. မြန်မာပြည်မှာတော့ “Slave to Nature”  ဆိုတာမျိုးကို လက်မခံဘူး – ဒါကို လက်မခံတော့ ဘာအတွက် အထောက်အပံ့ ရသလဲဆိုတော့ “Freedom” အတွက် အထောက်အပံ့ရတယ်၊ “Power” အတွက် အထောက်အပံ့ရတယ်၊ “Sex” အတွက် အထောက်အပံ့ရတယ်၊ “Peace” အတွက် အထောက်အပံ့ရတယ်။ ဒါကြောင့် လွတ်မြောက်ခြင်း၊ တန်ခိုးပါဝါရှိခြင်း၊ အောင်မြင်ခြင်း၊ ငြိမ်းချမ်းခြင်းတွေ ရတယ် .. .. ဒေါက်တာချစ်ငယ်(ဒဿန) အာရုံကိုကျွန်ခံခြင်းမှ လွတ်မြောက်လျှင် .. … Continue reading

Posted in Buddhism, Frontpage | Leave a comment

လောကုတ္တရာနယ်ပယ်

လောကုတ္တရာနယ်ပယ် ယောဂီများ ဗုဒ္ဓဘာသာက လောကုတ္တရာနယ်ပယ်ကြီးကို ထိုးဖောက် အောင်မြင်ခဲ့ပြီ .. .. သိပ္ပံပညာလည်း မတတ်နိုင်ဘူး၊ ဘယ်သူမှ မတတ်နိုင်တဲ့ လောကုတ္တရာနယ်ပယ်တစ်ခုကို ဗုဒ္ဓဘာသာက ထိုးဖောက်ခဲ့ပြီ – နယ်ပယ်ကြီး တစ်ခုကို တွေ့ခဲ့ပြီ အဲဒါဟာ လောကုတ္တရာနယ်ပယ်ပဲ “The World Beyond” ပေါ့နော် .. အားလုံးသော ပုထုဇဉ်တွေဟာ လောကနယ်ပယ်ကိုပဲ ကျက်စားကြတယ် အားလုံးသော ပုထုဇဉ်တွေဟာ လောက နယ်ပယ်ကိုပဲ ကျက်စားကြတယ်၊ ဒါတောင်မကုန်နိုင်ဘူး။ အခု ဗုဒ္ဓဘာသာကတော့ လောကုတ္တရာနယ်ပယ်ဆိုတာ “The … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

တရားအားထုတ်လျှင် .. ..

တရားအားထုတ်လျှင် .. .. ယောဂီများလည်း အသိဖြစ်ပါတယ် – မိမိလည်း မကြာခဏပြောတယ်။ ဒါပေမယ့် ဒီစကားကို မိမိပဲ ပြောတယ်လို့ သိတယ် တစ်ခြားလူပြောတာတော့ ကိုယ်က မလေ့လာဖူးပါဘူး … တရားအားထုတ်လျှင် .. .. နောက်ရာက ကြည်လာတယ် လေးရာက ပေါ့လာတယ် ရှုပ်ရာက ရှင်းလာတယ် မဲရာက ဖြူလာတယ် လှုပ်ရာက ငြိမ်သွားတယ် ဒါဟာ တရားအားထုတ်ရင် ဖြစ်တတ်တဲ့ သဘာဝတွေပါ။ မိမိကတော့ တစ်ခြားမှာ ဒီလိုရှင်းရှင်းလေး ပြောတာတော့ မတွေ့ဖူးပါဘူး။ မိမိက … Continue reading

Posted in Buddhism, Frontpage | Leave a comment

အာရုံကြည်ခဲ့လျှင် .. ..

အာရုံကြည်ခဲ့လျှင် .. .. ယောဂီများ သူတော်ကောင်းများက မိန့်မှာတော်မူဖူးတယ် – ၀ိပဿနာဆိုတာ အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတွေ ကျင့်တတ်တယ်တဲ့။ မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း မိန့်တယ် – ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ၀ိပဿနာကျင့်တဲ့။ ဒီတော့ ယောဂီများဟာ မှန်ကန်တဲ့လုပ်ငန်းကို လုပ်နေတာ သာဓုခေါ်ပါတယ်။ မိမိလည်းကျင့်တာ မိမိကတော့ ထူးခြားတယ်လို့ ပြောရမှာပေါ့လေ။ ကျင့်တာကတော့ အသက်တစ်ဝက်ကျော် နေပြီဆိုတော့ အင်အားက တော်တော်ကောင်းနေပြီ။ ဒါကလည်း ထုတ်ဖော်ပြောရတာကတော့ ယောဂီများကို ဘ၀င်ကျအောင်လို့ပါ။ အဲဒီလောက် ကျင့်တဲ့အခါကျတော့ ထူးခြားတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment